မြန်မာချစ်သူမိသားစုရဲ့ အသင်းဝင်တစ်ယောက် မေးလာလို့ တင်ပေးလိုက်ပါတယ်။
ဇူလိုင်မိုး : HUAWEI U8818 အတွက် root လုပ်နည်းလေးကိုတင်ပေးပါအုန်းလို့တောင်းဆိုပါတယ်။
ကျွန်တော် U8818 နဲ့ C8812 ROOT လုပ်နည်း အတူတူပဲမလို့ တွဲတင်ပေးလိုက်ပါတယ်။ အရင်ဆုံး အောက်မှာ Download ချသွားလိုက်ပါ။
Root လုပ်နည်း
- အားလုံးပြီးသွားရင်တော့ မိမိစက်မှာ မိမိဖုန်း Driver တင်ထားပါ။ ပြီးလျှင် USB Debugging ကို Enable လုပ်ဖို့အတွက် ဖုန်းရဲ့ Setting > Development > USB Debugging ကို အမှန်ခြစ်ပေးလိုက်ပါ။
- ပြီးလျှင် မိမိဖုန်းကို Power ပိတ်လိုက်ပါ။ ပြီးလျှင် Volume Down + Power ကို ဖိထားပေးပါ။ ဒါဆို Logo မှာပဲ ရပ်နေပါမယ်။ ခဏထားထားလိုက်ပါ။
- Super Click.rar ကို Extra Here လုပ်လိုက်ပါ။ အထဲမှာ Super Root ဆိုတဲ့ Folder ကို တွေ့ပါလိမ့်မယ်။
- အဲထဲမှာ install-superrecovery-windows.bat ဖိုင်လေးကို Run လိုက်ပါ။
- ခုနက Logo တက်နေတဲ့အတိုင်း USB ကြိုးဖြင့် မိမိဖုန်းကို ကွန်ပျူတာနှင့် ချိတ်လိုက်ပါ။
- ချိတ်ပြီးလျှင် ခုနက .bat File ကသူ့ကသူ လုပ်နေပါမယ်။ မလုပ်လျှင် Enter ခေါက်ပေးလိုက်ပါ။
- ခုနက အလုပ်လုပ်နေတာ ရပ်သွားရင်တော့ ကြိုးကိုဖြုတ်လိုက်ပါ။ ပြီးလျှင် Battery ကိုဖြူတ်ပြီး ပြန်တပ်လိုက်ပါ။
- ပြီးလျှင် Volume Up+ Power ကို ဖိထားလိုက်ပါ။ Android Logo လေးတက်လာပါမယ်။ ပြီးလျှင် Recovery Mode ထပ်တက်လာပါမယ်။
- Volume down+up ကိုအသုံးပြုပြီးReboot System Now ကို Power Button နှိပ်ကာ ရွေးပေးလိုက်ပါ။ Reboot ကျသွားပါမည်။
- ပြန်တက်လာပြီဆိုလျှင် မိမိဖုန်းရဲ့ Application List ထဲမှာ Superuser ဆိုတဲ့ Icon လေးရှိနေပါမယ်။ ဒါဆိုရင်တော့ Root လုပ်တာ အောင်မြင်သွားပါပြီ။
Myanmar Font သွင်းခြင်း
မြန်မာဖောင့်သွင်းဖို့အတွက် Myanmar Mobile Application Store ရဲ့ Product ဖြစ်တဲ့ Font Changer ကို အသုံးပြုသွားမှာပါ။ Font Changer.apk နဲ့ MyanDroid Soft Keyboard.apk ကို မိမိဖုန်းရဲ့ SD Card ထဲ ထည့်လိုက်ပါ။ ပြီးလျှင် နှစ်ခုလုံးကို Install လုပ်လိုက်ပါ။ Font Changer ကိုဖွင့်လိုက်ပါ။ Superuser Requested ! လို့မေးလျှင် Grant ကိုရွေးပေးပါ။ ပြီးလျှင် ဇော်ဂျီဖောင့်ပြောင်းရန် ဆိုတာကို နှိပ်လိုက်ပါ။ သူ့ကသူ Reboot လုပ်နေပါမယ်။ ခဏစောင့်လိုက်ပါ။ ပြန်တက်လာလျှင် မြန်မာလို မြင်ရပြီ ဖြစ်ပါတယ်။ စာရိုက်ဖို့အတွက် ဖုန်းရဲ့ Setting > Language & Keyboard > ထဲမှာ MyanDroid Soft Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။
ရမရ စမ်းချင်လျှင် Notepad ကို ဖွင့်လိုက်ပါ။ စာရိုက်မယ့်နေရာမှာ ခပ်ကြာကြာလေး ဖိလိုက်ပါ။ Input Method ပေါ်လာပါမယ်။ အဲမှာ MyanDroid Soft Keyboard ကို ရွေးပေးလိုက်ပါ။ ပြီးလျှင် စာရိုက်ကြည့်ပါ။ မြန်မာလို မြင်ရပြီ ဖြစ်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်။
အဆင်မပြေတာများရှိခဲ့လျှင် itmanaungkhinemoe@gmail.com သို့ဖြစ်စေ၊ dreamangle2020@gmail.com သို့ဖြစ်စေ MAIL ပို့နိုင်ပါတယ်။
အောင်ခိုင်မိုး
0 ကွန်မန့်ရေးရန်:
Post a Comment