Monday, June 18, 2012

ဦးကျော်လှအောင်နှင့် ပတ်သက်၍နယ်စည်းမထားဆရာဝန်များအဖွဲ့ရှင်းလင်း




ရန်ကုန်၊ ဇွန်-၁၈
နယ်စည်းမထားဆရာဝန်များအဖွဲ့    (MEDECINS SANS FRONTIERES -HOLLAND (AZG))    မှ ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်လှအောင်သည် ရခိုင်ပြည်နယ်အတွင်း၌ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုရှိသည်ဟူသော သတင်းများနှင့်ပတ်သက်၍   AZG မှ ရှင်းလင်းပွဲတစ်ရပ် ဇွန် ၁၇ ရက် ယနေ့တွင်ပြုလုပ်ခဲ့သည်။

သက်ဆိုင်ရာမှ AZG ရှိ ရုံးခန်းများနှင့် ဂိုဒေါင်များအားကောင်းမွန်စွာဝင်ရောက်ရှာဖွေခြင်း ပြုလုပ်ခဲ့ပြီးဖြစ်ပြီး မသင်္ကာဖွယ်ရာ တစ်စုံတစ်ရာတွေ့ရှိခဲ့ခြင်းမရှိခဲ့ကြောင်း    AZG    မှ ဒုတိယဌာနေကိုယ်စားလှယ်   Ms. Vickie Hawkins  က ရှင်းလင်းပွဲတွင်ပြောသည်။

AZG မှ ၀န်ထမ်းများသည် မိမိတို့ စီမံကိန်းများ လုပ်ကိုင်လျက်ရှိရာ နိုင်ငံများ၏ ဥပဒေများအား လိုက်နာဆောင်ရွက်ရပြီး   AZG    မှလည်း လိုက်နာရမည့် စည်းကမ်းချက်များအား လက်မှတ်ရေးထိုး ထားစေကြောင်းသိရသည်။ အကယ်၍ ဖောက်ဖျက်ခဲ့ပါက စည်းမျဉ်းအတိုင်း အရေးယူမည်သာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ဦးကျော်လှအောင်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးသည်မှာမှန်သော်လည်း အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုရှိသည် မရှိသည်ကို အတည်ပြုပြောကြားခြင်းမရှိသေးကြောင်း သတင်းရရှိသည်။

ဦးကျော်လှအောင်သည်   AZG  ၏ စီမံရေးရာဌာနတွင် အလုပ်လုပ်လျက်ရှိသော ၀န်ထမ်းတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင်နေထိုင်သည့် မွတ်စလင်လူမျိုးတစ်ဦးဖြစ်ကာ   AZG   တွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ကြောင်း   AZG   မှ အတည်ပြုပြောကြားသည်။

by 7Day News Journal

0 ကွန်မန့်ရေးရန်:

Post a Comment