Monday, June 18, 2012

ထိုင်းလူမျိုး ဒါရိုက်တာက လာမိတ်ဆက်တဲ့ နန်းဆုရတီစိုး



နန်းဆုရတီစိုး
နန်းဆု ခု ဂျာနယ်တွေအတွက် ဓာတ်ပုံရိုက်ပေးနေပါတယ်။ မန္တလေး၊ ပခုက္ကူနဲ့ ဟင်္သာတမြို့တွေမှာ ဖျော်ဖြေရေး ရှိတာကြောင့် ဇာတ်ကား ရိုက်ကူးမှုတွေက နားထားပါတယ်။

ပွင့်လင်းရာသီဆိုရင်တော့ ဂျာနယ်တွေအတွက် ဓာတ်ပုံရိုက်တာက အချိန် မအားတာကြောင့် ကိုယ်ရိုက်ပြီးသား ပုံတွေ ပေးဖြစ်ပေမယ့် အချိန်ရရင်တော့ သီးသန့်ဓာတ်ပုံ ရိုက်ပေးဖြစ်ပါတယ်။ မျက်နှာဖုံးပုံတွေ ရိုက်တဲ့အထဲက ထူးထူးခြားခြား ထိုင်းနိုင်ငံက ဒါရိုက်တာကြီးတစ်ယောက်က 8 DAYS ဂျာနယ်အဖုံးမှာ ရိုက်ထားတဲ့ နန်းဆုပုံကို ကိုင်ပြီး မြန်မာနိုင်ငံက မင်းသမီးဆိုပြီး လာရောက်မိတ်ဆက်တာ ခံရဖူးပါတယ်။

အလုပ်ကိစ္စက ဆွေးနွေးနေတုန်းပဲ ရှိသေးတယ်။ လုပ်ဖြစ် မလုပ်ဖြစ် နန်းဆု မဆုံးဖြတ်ရသေးပါဘူး။ ကိုယ့်ကို တခြားနိုင်ငံက ဒါရိုက်တာတစ်ယောက်က ခုလို ကိုယ့်ရဲ့ ပုံပါတဲ့ ဂျာနယ်နဲ့ လာရောက်မိတ်ဆက်တဲ့အခါ အတိုင်းမသိ ၀မ်းသာရပါတယ်။ ကိုယ်အချိန်ပေးပြီး ရိုက်ရကျိုးလည်းနပ်တာပေါ့။

တကယ်တမ်းကျတော့ ဂျာနယ်ပဲ ဖြစ်နေပါစေ ပုံက ကိုယ့်အတွက် သီးသန့် ရိုက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဖက်ရှင်ဆိုတာကလည်း နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတာဆိုတော့ ကိုယ်ရိုက်ပြီးသား အဆင်သင့်ရှိတဲ့ ပုံတွေသုံးဖို့ ပေးတာကျတော့ ပရိသတ်က ကိုယ့်ကိုမြင်တဲ့အခါ ရိုးအီနေတာမျိုး ဖြစ်တယ်လေ။ နန်းဆုကတော့ အချိန်ရရင် သီးသန့်ရိုက်ပေးဖြစ်တာ များပါတယ်။

MTM
8 Days Journal

0 ကွန်မန့်ရေးရန်:

Post a Comment