Monday, June 18, 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၁၈.၆.၁၂ ) မှ ( ၂၄.၆.၁၂) ထိ တပတ်စာ ဗေဒင် ဟောစာတမ်း


ဆရာကြီးမင်းသိင်္ခ၏တပည့်  ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
အလုပ်အကိုင်တိုးတက်ခြင်း၊ လုပ်ငန်းသစ်လုပ်ရခြင်း၊ နေရာကောင်းရခြင်းဖြစ်နေမည်။အတောင်
ပါသောသတ္တ၀ါဝင်ခြင်း၊ သောကြာနံပစ္စည်းများဝင်ခြင်း၊ သစ်ပင်ပန်းမန်များစိုက်ရခြင်းဖြစ်တတ်သည်။
ထွက်ပြီးသောစက်ပစ္စည်းများပြန်ဝင်လာတတ်သည်။ ရွှေဝင်မည်။ လက်ဝတ်ရတနာကျောက်
ထွက်ပြုတ်တတ်သည်။ သတိထားပါ။ အလုပ်တွင်အထက်လူကြီးကြောင့်စိတ်ညစ်ရတတ်သည်။

ကျန်းမာရေး။ အပူလောင်တတ်သည်။
အချစ်ရေး။ မင်္ဂလာဆောင်ရတတ်သည်။ သို့သော်ရက်ပြောင်းရွှေ့ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရှောက်ယိုကပ်
လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆ ၄ ၃ ၃)
တနင်္လာသားသမီးများ၏ကံကြမ္မာ
အိမ်ပိုင်ကားပိုင်ဖြစ်မည့်အချိန်ဖြစ်နေသည်။ ငွေများစွာဝင်ကိန်းရှိသည်။ ကျေက်မျက်ရတနာဝင်ခြင်း၊
ရာထူးတက်ခြင်း၊ လစာတိုးခြင်းဖြစ်တတ်သည်။ လူမျိုးခြားကူညီမှုရမည်။ မိမိကဆွေမျိုးများကိုအကူ
အညီပြန်ပေးရလိမ့်မည်။ မြေကြောင့်စကားများရတတ်သည်။ မိမိကိုးကွယ်သောဘာသာရေးရုပ်ထုပုံ
ပျက်နေတတ်သည်။ အမြန်ဆုံးပြုပြင်ပါ။ လက်အောက်ငယ်သားကြောင့်၎င်း စာတစောင်ကြောင့်၎င်း
ဒုက္ခတွေ့တတ်သည်။သတိထားပါ။
ကျန်းမာရေး။ ချောင်းဆိုးခြင်း၊ နှာစေခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဖရုံယိုကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၂ ၇ ၇)
အင်္ဂါသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားခရီးသွားရခြင်း၊ အမိနိုင်ငံသို့အလည်အပတ်ပြန်ရခြင်းဖြစ်တတ်သည်။ အိမ်ပြောင်းရခြင်း၊
အခန်းပြောင်းရခြင်း၊ ပြုပြင်ရခြင်းများပြုလုပ်ရတတ်သည်။ ရွှေပြုပြင်ရခြင်း၊ ပြောင်လဲရခြင်း
ရွှေပျောက်ခြင်းဖြစ်တတ်သည်။ လူလိမ်ခံရခြင်း၊ လူလုခံရခြင်းဖြစ်တတ်သည်။ သခိုးခိုးခံရတတ်သည်။
စာရွက်စာတမ်းသတိထားပါ။ အရေးကြီးစာရွက်စာတမ်းကြောင့်စိတ်ညစ်ရတတ်သည်။
ငွေများအကျိုးမရှိကုန်ရတတ်သည်။
ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ သွားဒုက္ခပေးခြင်းဖြစ်နေမည်။
အချစ်ရေး။ ချစ်သူ / အိမ်ထောင်ရှင်မိမိထံမှထွက်သွားတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပဲနို့ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၇ ၄ ၄)
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းများဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ အိမ်ပိုင်ရခြင်းဖြစ်တတ်သည်။ ယခုအချိန်
အခါသည် ငွေရင်းပြီးစီးပွားမရှာသင့်သောအချိန်ဖြစ်သည်။ လက်ရှိအလုပ်ကိုသာဂရုတစိုက်
လုပ်ပြီးအေးအေးဆေးဆေးနေပါ။ ကံမရှိ ဥာဏ်ရှိတိုင်းမွဲ ဆိုသောစကားပုံလို ရှိတာတွေကုန်ပြီးကြွေး
တင်တတ်သည်။ ကားရှိလျှင်ကားထွက်တတ်သည်။  အသွားအလာနေအထိုင်အစစအရာရာ
သတိနှင့်နေထိုင်ပါ။
ကျန်းမာရေး။ အစားမှားခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားရခြင်း၊ အိမ်ထောင်ကျခြင်းဖြစ်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဇီးယိုကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၃ ၁ ၀)
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
ရေခြားမြေခြားနိုင်ငံရပ်ခြားခရီးသွားရခြင်း၊ ပြည်တွင်းပြည်ပ ခရီးနှစ်ခုလုံးသွားရတတ်သည်။ မြေ၀င်ခြင်း၊
ကြာသပတေးနံပစ္စည်းများဝင်ခြင်း၊ အလုပ်တွင်စီးပွားတက်မည်။ သို့သော်ခိုက်ရန်ဖြစ်တတ်သည်။
ကားဝင်ခြင်း၊ အဟောင်းမှ အသစ်ပြောင်းရခြင်းဖြစ်တတ်သည်။ ရပ်ဝေးမှနာရေးသတင်းကြားရတတ်သည်။
သင်တန်းတက်ရခြင်း၊ ပညာသင်ရခြင်းဖြစ်မည်။
ကျန်းမာရေး။ အမျိုးသားများ လေထိုးလေအောင့်ခြင်း၊ အမျိုးသမီးများသားအိမ်ရောဂါဖြစ်တတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါက်ပေါက်ဆုပ် ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၃ ၅ ၀)
သောကြာသားသမီးများ၏ကံကြမ္မာ
အလှူလုပ်ရခြင်း၊ ဆွေမျိုးသားချင်းထဲမှမင်္ဂလာဆောင်ခြင်းဖြစ်မည်။ ထီပေါက်ခြင်း၊ ထီပေါက်သကဲ့သို
့ငွေဝင်ခြင်း၊ နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများပြုလုပ်နေရမည်။ အထက်လူကြီး
ဆရာသမား၏ကူညီမှုရခြင်း၊ ရာထူးတက်ခြင်း၊ လစာတိုးခြင်း၊ လာဘ်လာဘ၀င်ခြင်းများဆက်
တိုက်ဖြစ်နေမည်။ ပျော်ရွှင်သောခရီးသွားရတတ်သည်။ ရွှေ၊ နာရီထွက်တတ်သည်။ အိမ်ပြုပြင်
ရတတ်သည်။ အလုပ်တွင်မှားတတ်သည်။သတိထားပါ။
ကျန်းမာရေး။ အဆုတ်အအေးပတ်တတ်သည်။
အချစ်ရေး။ စန်းပွင့်နေပါသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒိန်ချဉ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၀ ၃ ၃)
စနေသားသမီးများ၏ကံကြမ္မာ
နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ အမိနိုင်ငံသို့အလည်အပတ်ပြန်ရခြင်းဖြစ်တတ်သည်။ နိုင်ငံခြားနှင့်ပတ်
သက်သောလုပ်ငန်းများလုပ်နေရမည်။ စိတ်တိုင်မကျဖြစ်နေမည်။ အရေးကြီးစာရွက်စာတမ်း
ကြောင့်ပြဿနာဖြစ်နေတတ်သည်။ ငွေဝင်မည်။ ထွက်မည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ရန်ဖြစ်တတ်သည်။
မလုပ်ပါနှင့်မအောင်မြင်သေးပါ။ လုပ်သမျှအဆင်မပြေသောအချိန်ဖြစ်နေသည်။ စိတ်အေး
အေးထားပြီး ဘာသာရေးတတ်နိုင်သမျှလုပ်နေပါ။
ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်သောရောဂါဖြစ်ခြင်း၊ မျက်မှန်တပ်ရခြင်းဖြစ်တတ်သည်။
အချစ်ရေး။ မိမိကိုယ်တိုင်ဘာမှန်းမသိအောင်အလုပ်များနေသောကြောင့်အချစ်ရေးမစဉ်းစား
နိုင်အောင်ဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နို့ဆန်ပြုပ်ကပ်လှူဆုတောင်းပါ။
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ ထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်း ကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း- +6016 690 3513 , +6012 9133093
Facebook www.facebook.com/swezinwati

0 ကွန်မန့်ရေးရန်:

Post a Comment