Monday, June 18, 2012

ရခိုင်အရေး အတွက် အမေရိကန်နှင့် တောင်ကိုးရီယားတွင် ဆန္ဒပြ


ခိုင်မောင်ဦး (မလေး)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများနှင့် ပတ်သက်ပြီး ဆန္ဒဖေါ်ထုတ်ပွဲများကို အမေရိကန်နှင့် တောင်ကိုးရီယား နိုင်ငံတို့တွင် ပြုလုပ်ခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စုတွင် နယူးယောက်မြို့တော် ဗဖလိုးမြို့ရှိ မြန်မာ တိုင်းရင်းသားများ စုပေါင်း၍ ဗဖလိုးမြို့ မြို့တော်ဝန်ရုံးရှေ့တွင် ဇွန် လ ၁၆ ရက် အမေရိကန် စံတော်ချိန်နေ့လည် ၁၂ နာရီ အချိန်တွင် ကြွေးကြော်သံများ ကြွေးကြော်ပြီး စတင်ခဲ့သည်။

ဆန္ဒပြ ခေါင်းဆောင်တဦးဖြစ်သူ ကိုနေတိုးကျော်မှလည်း ဆန္ဒပြရသည် ရည်ရွယ်ချက်ကို အခုလို ပြောသည်။

“တဖက်နိုင်ငံက ခိုးဝင်လာတဲ့ သူတွေက သူတို့ကို သူတို့ ရိုဟင်ဂျာလို့ အမည်ခံပြီး ရခိုင် ပြည်နယ် ထဲက ဒေသခံ ပြည်သူတွေကို အကြမ်း ဖက် သတ်ဖြတ်မှု၊ မီးရှိုးဖျက်ဆီးမှု စတဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ပြုလုပ်နေကြတယ်။ ဒါဟာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အချုပ် အ ခြာအာဏာကို စော်ကားတာ ဖြစ်တယ်။ ဒါကြောင့် ဗဖလိုးရောက် မြန်မာ တိုင်းရင်းသား တွေက စုပေါင်း ဆန္ဒ လာပြတာ ဖြစ်ပါ တယ်။ သူတို့ဟာ မြန်မာပြည်ထဲက တိုင်းရင်းသား မဟုတ်ဘူးဆိုတာကိုလည်း ဗဖလိုးမြို့တော်ဝန်မှတဆင့် အမေရိကန် အစိုးရထံသို့ အိပ်ဖွင့် ပေးစာ တ စောင် ကိုလည်း ပေးပို့ ခဲ့ပါတယ်” ဟု ကိုနေတိုးကျော်မှ ပြောသည်။

ဆန္ဒပြဦးဆောင်သူ တဦးဖြစ်သူ ကို ခိုင်မင်းဇံကလည်း အခုရေးဟာ ရခိုင်အရေး တခုတည်းမဟုတ်ပဲ ပြည်ထောင်စု မြန်မာ နိုင်ငံ အရေး ဖြစ် ကြောင်း ဒါကြောင့် အမျိုးသားရေး တာဝန်တရပ်အနေနဲ့ အားလုံး ၀ိုင်းဝန်းပြီး ခုခံ ကာကွယ် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

အလားတူ ဆန္ဒပြပွဲ တစ်ရပ်ကို တောင်ကိုးရီယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာ သံရုံးရှေ့တွင် မြန်မာ တိုင်းရင်းသားများက ဇွန်လ ၁၇ ရက် နေက ပြု လုပ်ခဲ့သည်။ ဆန္ဒပြပွဲတွင် ယခု ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြဿနာများကို အစိုးရအနေဖြင့် အမြန်ဆုံး ဖြေရှင်းပေး ရန် တောင် ကိုးရီးယားရောက် မြန်မာ တိုင်းရင်းသားများက တောင်းဆိုခဲ့ကြသည်။

သူတို့ တောင်းဆိုခဲ့သည့် အချက်များနှင့် ပတ်သက်ပြီး ဦးဆောင်သူတဦးဖြစ်သူ ကိုအောင်လင်းနိုင်က နိရဉ္စရာသို့ ယခု ကဲ့သို့ ပြောသည်။

“ အကြမ်းဖက်သမားတွေရဲ့ ရက်စက်စွာ သတ်ဖြတ် မီးရှို့ လုယက်တာတွေကို ထိရောက်စွာ အရေး ယူပေးဖို့၊ မြန် မာနိုင်ငံ အနှံ့ တဖက်နိုင်ငံမှ ခိုးဝင်လာတဲ့ နိုင်ငံခြားသားတွေကို စီမံချက်ချပြီး စစ်ဆေးအရေးယူ နှင်ထုတ်ပေးဖို့၊ ရိုဟင် ဂျာဟာ တိုင်းရင်းသားလူမျိုး မဟုတ်ကြောင်း အ တိအလင်း ကြေငြာပေးဖို့နဲ့ ဆုံးရှုံးပျက်စီးသွားတဲ့ အိုးအိမ်နေရာတွေကို သက်ဆိုင်ရာ က အမြန်ဆုံး ကူညီထောက်ပံ့ စီစဉ်ပေးဖို့အချက် တွေ ကိုတောင်းဆို ခဲ့ပါ တယ်။”

ဆန္ဒပြပွဲတွင် မြန်မာတိုင်းရင်းသား စုစုပေါင် ၈၀ ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး တောင်းဆိုသူများက ရခိုင်ပြည်နယ်နှင့် ရခိုင် လူမျိုးများကို ကာကွယ်ပါ စသော ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒပြ တောင်းဆို ကြသည်ဟု သိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment