Sunday, April 29, 2012

မျှော့ကုထုံး (Hirudotherapy)

မျှော့ကုထုံး (Hirudotherapy)
Posted by သက်တန့်ချို

ဥရောပ နိုင်ငံတွေမှာ မျှော့ကို ဆေးပညာဆိုင်ရာကုထုံး တစ်ရပ်အဖြစ်အသုံးပြုခြင်းဟာ လွန်စွာ ခေတ်စား လာခဲ့ပါတယ် ။ Hirudotherapy ဆိုတာ မျှော့တွေနဲ့ကုသတဲ့ ဆေးပညာ ကုထုံးတစ်ရပ်ကို ခေါ် ဆိုခြင်းဖြစ် ပါတယ် ။ ဒီကုသနည်းဟာ ဟိုးရှေးယခင်ကတည်းက အသုံးများခဲ့ပေမယ့် ယခုအချိန်မှာလည်း ဆက်လက်အသုံးပြုနေကြဆဲဖြစ်ပါတယ် ။

ဟိုးတုန်းကဆိုရင် လူနာတစ်ယောက်ဟာ မျက်နှာ နီရဲနေပြီး သွေးရောင်လွှမ်းနေပြီဆိုရင် ဆရာဝန်က ဒီလူနာရဲ့ ကိုယ်ထဲမှာ သွေးတွေ အလွန်အမင်းရှိနေတယ်လို့ယူဆပါတယ် ။ ဒါကြောင့် ပိုနေတဲ့ သွေးတွေကို စုပ်ထုတ်ဖို့အ တွက် မျှော့တွေ ကို အသုံးပြုကြပြီး လူ့ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှု စနစ်ကို ပုံမှန်ဖြစ်အောင် ပြန်လည် ထိမ်းညှိပေးပါ တယ် ။ Roman philospher နဲ့ အထူးကုဆရာဝန်တစ်ဦးဖြစ်တဲ့ Aelus Galenus ဟာဟစ်ပို ကရေးတီးရဲ့ humors theory ကိုယုံကြည်ပါတယ် ။ အဲဒီမှာ လူရဲ့ အတွင်းဓါတ်ခံ ဟာသဥာဏ်ဟာ ခန္ဓာကိုယ် ထဲက သွေးတွေ နက်မှောင်တဲ့ သည်းခြေရည်နဲ့ အ၀ါရောင် သည်းခြေရည်တွေဖြစ်တယ်လို့ဆိုပါတယ် ။ အဲဒီဟာသဓါတ်ခံတွေ မညီမျှတဲ့အခါ လူရဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာတွေ ထိခိုက်လာရပါတယ်တဲ့ ။ ဒါကြောင့် အ၀ါရောင်သည်းခြေရည်တွေများလွန်းတဲ့အခါ ညှို့မှိုင်းလွမ်းဆွေးသလိုဖြစ်နေပြီး အဲဒီအခြေအနေ မှာ သွေးတွေအလွန်မင်းများနေခြင်းဟာ မျှော်လင့်ချက်အသွင်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကို အများကြီးလွှမ်း မိုးမှုရှိပါ တယ်တဲ့ ။ သူတို့ပြောတာကတော့ ရိုးရာ traditional medicine နဲ့ နည်းနည်းဆင်တူနေပါတယ် ။
၂၀၀ ဘီစီ ခေတ်လောက်မှာ ဂရိ ဆရာဝန် နီကန်ဒါ ဆိုသူက Galen's သီအိုရီကို ယုံကြည်ပြီးတော့ မျှော့တွေကို ကုသတဲ့နေ ရာမှာ စတင်အသုံးပြုခဲ့တယ် ။ အရင်ဆုံးမျှော့တွေကို အသုံးမပြုခင်မှာ လူနာရဲ့အရေပြားကို ခွဲစိတ် ရာပေြးံပီး သွေးတွေထွက်စေပါတယ် ။ ပြီးတော့မှ ခွက်တစ်ခွက်ကို အဲဒီ ခွဲစိတ်ရာပေါ် တင်ပြီး လေ ဟာနယ်ဖြစ်စေခြင်းဖြင့် စုပ်ထွက်လာအောင်လုပ်ပါတယ် ။ နီကန်ဒါက တွေ့ရှိခဲ့ တာကတော့ မျှော့်တွေအသုံးပြုခြင်းဟာ ခွက်ကို လေဟာနယ်အဖြစ် စုပ်ယူစေခြင်းထက် ပိုပြီးလည်းလွယ် ကူတယ် ပိုပြီးလည်း ထိရောက်တယ်ဆိုတာပါပဲ ။

၁၂ ရာစု ရောက်လာတဲ့အခါမှာတော့ Abd-el-latif al -Baghdadi ဆိုသူက ခွဲစိတ်မှုပြီးတဲ့အခါ သန့်ရှင်းဖို့ အတွက် မျှော့ကို စတင်အသုံးပြုခဲ့ပါတယ် ။ သူဟာ ပိုလျှံနေတဲ့ သွေးတွေ ကို မျှော့တွေနဲ့စုပ် ယူစေခဲ့တယ် ။ အခုထိတိုင်အောင် သုံးနေကြဆဲပါပဲ ။ အထူးသဖြင့် သွေးတွေကို ခဲခြင်းကို ထိမ်းသိမ်းထားဖို့ microsurgery မှာ ဒီနည်းကို အသုံးပြုကြပါတယ် ။ ဒါ့အပြင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကို သွေးတွေပြန်လည် တွယ်ကပ်ခြင်း ကို ဖြေရှင်ဖို့အတွက် recontructive surgery မှာလည်း မျော့တွေက အသုံးဝင်ပါသေးတယ်ယ ။ ပုံသဏ္ဍာန်ကြည့် ရတာအသည်းယားဖို့ကောင်းပေမယ့် ဆေးပညာမှာတော့ အသုံးဝင်နေဆဲဖြစ်ပါတယ် ။
Source : http://www.bizarremedical.com/bizarre-medical-practices-hirudotherapy/

0 ကွန်မန့်ရေးရန်:

Post a Comment