Sunday, April 29, 2012

ဒဏ်ရာပြင်းထန်စွာ ရရှိသည့် အသက် ၁၉ နှစ်အရွယ် အလုပ်သမားအမျိုးသမီးငယ်၏ လွန်စွာဆိုးရွားနေသော

C

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံ
စက်မှုဇုန်ရှိတရုတ်နိုင်ငံသားပိုင်ကုမဏီ ADK အထည်ချုပ်စက်ရုံ ဖယ်ရီကား
တိမ်းမှောက်ရာတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသည့် အသက် ၁၉ နှစ်အရွယ်
အလုပ်သမားအမျိုးသမီးငယ်၏ လွန်စွာဆိုးရွားနေသောကျန်းမာရေးအပေါ်
အဆိုပါအထည်ချုပ်ကုမ္ပဏီတာဝန်ရှိသူများက လျစ်လျူရှုထားကြောင်း သိရသည်။
ယင်းကုမ္ပဏီမှ အရှည် ၁၄ပေရှိ စက်ရုံဖယ်ရီကားကို မောင်းနှင်သည့် ဒရိုင်ဘာကိုကျော်မင်းဆိုသူမှာ ကားပေါ်တွင် အရက်ပုလင်းများတင်ပြီး အခြားအပေါင်းအသင်း အမျိုးအသား သုံး လေးယောက်ကိုပါ ဖယ်ရီကားပေါ်သို့ခေါ်တင်ကာမောင်းနှင်စဉ် ရှေ့မှ ကွန်တိန်နာယာဉ်ကို ၀င်တိုက်မိခြင်းဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ စက်ရုံအလုပ်သမားများ ၂၃ ဦးခန့် အနက်မှ
ကိုယ်ဝန် ငါးလရှိ အမျိုးသမီးတစ်ဦးအပါအ၀င် စုစုပေါင်း လေးဦးမှာ
ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်သူများမှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူများအနက် အသက် ၁၉ နှစ်အရွယ် မဝေေ၀လင်း ခေါ် မသူဇာလင်းမှာပြင်းထန်သောဒဏ်ရာများကို ရရှိပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ) အဖြစ် ဆေးကုသမှုကို ခံယူလျက်ရှိသည်။
“ယာဉ်တိုက်မှုဖြစ်ကတည်းက ရန်ကုန်ဆေးရုံကြီးကို ဝေေ၀လင်းတစ်ယောက်ကိုပဲ
တင်ခဲ့ပါတယ်။ ကျန်တဲ့ဒဏ်ရာရသူတွေကိုတော့ နီးစပ်ရာ အင်းစိန်ဆေးရုံမှာပဲ
ကုသပေးခဲ့ပါတယ်။ ဝေေ၀လင်းရဲ့အစ်မ အသက် ၂၉နှစ်အရွယ် မသန္တာလင်းကတော့အင်းစိန်ဆေးရုံကြီးမှာ သားအိမ်ကို ထုတ်လိုက်ရပါတယ်။ အခုတော့နားနေရတဲ့အနေအထားမှာပဲ ရှိပါတယ်။ လမ်းတောင်မလျှောက်နိုင်သေးပါဘူး”..
(မိသားစုဝင်ကပြောစကား)

“ယာဉ်တိုက်မှုဖြစ်ပြီးတော့ နောက်တစ်ရက်မှာပဲ စက်ရုံက ဆေးဖိုး ၃၅၀၀၀၀
တစ်ကြိမ်၊ ၉၇၀၀၀ တစ်ကြိမ် ရတယ်။ အဲဒါပြီးတော့ စက်ရုံက ၀န်ထမ်းတွေ
စုပေးတဲ့ငွေဆိုပြီးတော့ ၁၅၀၀၀၀ ရတယ်။ မတ်လ ၁၈ ရက်နေ့မှာ စက်ရုံမှ
တာဝန်ရှိသူက ဆေးဖိုး ၂၀၀၀၀ ပေးတယ်။ အလုပ်သမားတွေက ပေးတဲ့ငွေဆိုပြီး ၇၀၀၀၀တစ်ခါရတယ်။ အဲဒီနောက်ပိုင်းကတည်းက စက်ရုံက ဒီလူနာကို တစ်ယောက်မှလာမကြည့်ကြတော့ပါဘူး။ ၂၅-၄-၂၀၁၂ ရက်နေ့မှာတော့ စက်ရုံမန်နေဂျာဒေါ်စန္ဒာထွန်းနဲ့ နောက်နှစ်ယောက်ကလာပြီး ဆေးဖိုးပိုက်ဆံပေးဖို့
လုပ်ပါတယ်။ လူကြီးတွေလည်း မရှိသေးတာနဲ့ မယူလိုက်ပါဘူး”
(မိသားစုဝင်ပြောစကား)

“ကျွန်တော်တို့ က လည်း သိတာ နောက်ကျတယ် ။ တိုင်းရင်သားရေးရာ ၀န်ကြီးကိုပြောပြီး နောက်နေ့မှာပဲ စက်ရုံက လာသွားတယ်လို့ သိရတယ်၊ ကျွန်တော်တို့လည်းမရှိတာနဲ့ လူနာရှင်ကလည်း သိပ်နားမလည်တော့ ပိုက်ဆံထုတ်လိုက်ပေးတာကိုမယူလိုက်တာဖြစ်မယ်။ ကျွန်တော်တို့ စက်ရုံပိုင်ရှင်ဆီကိုထိ သွားဖို့လုပ်နေကြတယ်။ လူနာအခြေအနေက သိပ်မကောင်းဘူး။ တကိုယ်လုံး စုတ်ပြတ်နေတာပဲ”
(ကူညီဆောင်ရွက်ပေးနေသူ တစ်ဦး)

လူနာ မဝေေ၀လင်းမှာ ယာဉ်တိုက်မှုကြောင့် ဦးခေါင်းကွဲ၊ အဆုတ်
အသည်းများကို ထိခိုက်ကာ သရက်ရွက် စုတ်သွားပြီ၊ ဆီးအိမ်ကွဲသွားကြောင်း၊
ယင်းနောက် အူပိတ်ကာ တင်ပဆုံရိုးဒဏ်ရာနှင့် လက်ဝဲလက်မောင်း
ကျိုးခြင်း ဒဏ်ရာတို့ကိုရကာ ရန်ကုန်ဆေးရုံကြီး ICU တွင် အထူးဂရုစိုက်
ကုသနေရကြောင်း သိရသည်။
ယခုအခါ ၀မ်းဗိုက်ကို သုံးကြိမ်တိတိ ခွဲပြီးကုသပြီးဖြစ်ကြောင်း၊
သို့သော်လည်း လူနာရှင်များမှာ နယ်မှဖြစ်သည်ကတစ်ကြောင်း၊
ဆင်းရဲနွမ်းပါးသည်ကတစ်ကြောင်းကြောင့် ဆေးဖိုးဝါးခများ
အခက်အခဲတွေ့နေရကြောင်း သိရသည်။
အဆိုပါ ဖယ်ရီယာဉ်သည် လှော်ကား ၀ါးတရာအနီး လိပ်ကုန်းရွာတွင်နေထိုင်သော
ဦးမြင့်ဆွေပိုင် ယာဉ်ဖြစ်ပြီး ယာဉ်မောင်းသူမှာ ဦးမြင့်ဆွေ၏သားဖြစ်ကာ
ယခုအခါ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းသိရသည်။
အမှုကို အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဝင်းဌေးမှ တရားလိုပြုကာ ပုဒ်မ ၃၀၄ (က) /၃၃၈/၃၃၇/၂၇၉/၂၀၂တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Views: 405

0 ကွန်မန့်ရေးရန်:

Post a Comment