Sunday, April 29, 2012

သူဘယ်သူလဲ? .. ရှင်မဖြူကျွန်း နားက သဘာဝ ဓါတ်ငွေ့ လုပ်ကွက် ၂ ခုဟာ ဘင်္ဂလားဒေ့ရှ် ရေပိုင် နက်ထဲမှာ မပါ ၊

Inbox
x

ဦးဦး မှော်ဆရာ mrsorcerer9@gmail.com
9:03 AM (15 hours ago)

to O




သူဘယ်သူလဲ (သံဃာများအား ဦးဆောင်နှိမ်နင်းခဲ့သူ)
Posted: 27 Apr 2012 07:00 AM PDT
၂၀၀၇ခုနှစ်ကသံဃာနှင့်ဒီမိုကရေစီလှုပ်ရှားသူများအကြမ်းဖက်နိမ်နှင်းခံခဲ့ရသည့် ရွှေဝါရောင်တော်လှန်ရေး၏ မှတ်တမ်းတင် ဓာတ်ပုံ များကို အင်တာနက် စာဖတ်သူများအကြား ဖြန့်ဝေလေ့ရှိသည်မှာ မဆန်းပေ။


Face Book များတွင် ပျံ့နှံ့နေသော တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး၏ ၂ ပုံတွဲ ပုံ

သို့သော် ယခုအပတ် တနင်္လာနေ့ကမှ ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် တပ်မတော်သားကိုယ်စား လှယ် ၅၉ ဦးတွင် ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာများအား ဦးဆောင်နှိမ်နင်းခဲ့သူ တဦးဖြစ်သည့် ပဲခူးမြို့ အခြေစိုက် တပ်မ ၇၇ မှ ဗိုလ်မှူးကြီးတဦး ၏ ပုံကို လူမှုကွန်ရက် Face Book တွင် ဖြန့်ဝေလာရာ ရုတ်ချည်း ဆိုသကဲ့သို့ ပျံနှံ့သွားခဲ့သည်။

ယင်း ဗိုလ်မှူးကြီး ၏ လက်ရှိ လွှတ်တော်တွင်းဓာတ်ပုံ နှင့် ၂၀၀၇ ခုနှစ် ရန်ကုန်မြို့လယ် ဆူးလေ စေတီရှေ့တွင် အမိန့်ပေးပုံကို တွဲဆက်ထားပြီး ဖြန့်ဝေလိုက်ခြင်း ဖြစ်သည်။

အဆိုပါ စစ်အရာရှိကြီးသည် ရွှေဝါရောင်တော်လှန်ရေးအတွင်း တပ်မ ၇၇ လက်အောက်တွင် ဒု ဗိုလ်မှူးကြီးတာဝန် ထမ်းဆောင်နေပြီး ဆက်သွယ်ရေးစက်ကို ကိုင်ကာ တပ်များကို အမိန့်ပေးနေသူတဦး ဖြစ်ခဲ့ကြောင်း ယင်းဓာတ်ပုံနှစ်ပုံက ပေါ်လွင်ထင်ရှားနေစေခဲ့ သည်။

ရန်ကုန်မြို့ရှိ ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုကို နှိမ်နင်းရန် စစ်အစိုးရဟောင်းက တပ်မ ၇၇ နှင့် တပ်မ ၆၆ တို့ကို တာဝန်ပေးခဲ့ ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အဆိုအရ သံဃာ အပါး ၃၀ မှ ၄၀၊ အရပ်သား ၅၀ မှ ၇၀ သေဆုံးဖွယ်ရှိကြောင်း နှင့် လူ ၂၀၀ ခန့် အရိုက်အနှက်ခံခဲ့ရကြောင်း သိရသည်။

ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုအတွင်း ဂျပန်သတင်းထောက် ကန်ဂျီး နာဂါအိ လည်း လမ်းပေါ်တွင် ပစ်သတ်ခံခဲ့ရသည်။


လွှတ်တော်တွင်း တွေ့ရသော တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး (ဓာတ်ပုံ - ဧရာဝတီ)

ပြီးခဲ့သည့်တနင်္လာနေ့ကကျင်းပဆဲလွှတ်တော်တွင်းရှိတပ်မတော်သားကိုယ်စားလှယ်များ ပြောင်းလဲခန့်ထားရာတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၈ ဦး၊ ဗိုလ်မှူးကြီး ၁၄ ဦး၊ ဒု ဗိုလ်မှူးကြီး ၃၇ တို့ဖြင့် အစားထိုးခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၄၄၀ ရှိရာ တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ၊ အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၂၂၄ ဦးရှိရာ တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး ပါဝင်သည်။ ယင်း တပ်မတော်သား ကိုယ်စားလှယ်များကို ကာကွယ်ရေး ဦးစီးချုပ် က တိုက်ရိုက် ခန့်အပ်ခြင်း ဖြစ်ကြောင်း သိရသည်။

Face Book စာမျက်နှာပေါ်တွင် အဆိုပါ ဗိုလ်မှူးကြီးနှင့် ပတ်သက်၍ ပြောဆိုဝေဖန်နေကြရာ သူဘယ်သူလဲဟု သိလိုနေကြသည်။

ရှင်မဖြူကျွန်း နားက သဘာဝ ဓါတ်ငွေ့ လုပ်ကွက် ၂ ခုဟာ ဘင်္ဂလားဒေ့ရှ် ရေပိုင် နက်ထဲမှာ မပါ
Posted: 27 Apr 2012 01:09 AM PDT

မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားခဲ့တဲ့ St. Martin ကျွန်း မြန်မာအခေါ် ရှင်မဖြူကျွန်း နားက သဘာဝ ဓါတ်ငွေ့ လုပ်ကွက် ၂ ခုဟာ ဘင်္ဂလားဒေ့ရှ် ရေပိုင် နက်ထဲမှာ မရှိပဲ၊ မြန်မာရေပိုင်နက်ထဲမှာသာ ရှိကြောင်း ကုလသမဂ္ဂ နိုင်ငံတကာ ရေပိုင်နက် တရားရုံး ITLOS က ဆုံးဖြတ်လိုက်ပါတယ်။

သဘာဝဓါတ်ငွေ့ လုပ်ကွက် A1 နဲ့ A3 ၂ ခုစလုံး ဟာ မြန်မာ့ရေပိုင်နက် အတွင်းမှာသာ ဖြစ်ပြီး ၂ခုပေါင်း ထွက်ရှိနိုင်တဲ့ သဘာဝဓါတ်ငွေ့ပမာဏ ဟာ ကုဗပေ ၆ တရီလီယမ် ရှိပါတယ်။ အဲဒီ လုပ်ကွက် ၂ ခုစလုံးမှာ အိန္ဒိယအစိုးရပိုင် GAIL India ကုမ္ပဏီက ရင်းနှီးမြှပ်နှံမှု ပမာဏ ၂၅ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

A1 လုပ်ကွက်ကို ရွှေလို့အမည်ပေးထားပြီး A3 လုပ်ကွက်ကို ရွှေဖြူလို့ အမည်ပေးထားပါတယ်။ လာမယ့် ၂၀၁၃ ခုနှစ်မှာ အဲဒီလုပ်ကွက် ၂ ခုကနေ တရက်ကို သဘာဝဓါတ်ငွေ့ ကုဗပေ သန်း ၂၀၀ တင်ပို့ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်းက အဲဒီ A1 နဲ့ A3 လုပ်ကွက်နားမှာ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် ပိုင်ဆိုင်မှု အငြင်းပွားပြီးစစ်ရေးအရတင်းမာလာခဲ့ရာမှာဘင်္ဂလားဒေ့ရှ်က ရေတပ်သင်္ဘောတွေ စေလွှတ်ခဲ့တဲ့အတွက် မြန်မာအစိုးရနဲ့ ပူးတွဲဖက်စပ်လုပ်နေတဲ့ ဒေ၀ူးကုမ္ပဏီ လုပ်ငန်းတွေ St. Martin ကျွန်းအနီးကနေ ရုပ်သိမ်းပေးခဲ့ရပါတယ်။
RFA Burmese
ကမ္ဘာ့ဘဏ် ရန်ကုန်မှာ ရုံးပြန်ဖွင့်တော့မည်
Posted: 27 Apr 2012 01:01 AM PDT
 
လာမယ့် ဇွန်လအတွင်း မြန်မာနိုင်ငံမှာ ရုံးပြန်ဖွင့်မယ်လို့ ကမ္ဘာ့ဘဏ် က ဒီကနေ့ ကြေညာလိုက်ပါတယ်။

ရန်ကုန်မှာဌာနေကိုယ်စားလှယ်အသစ်တစ်ယောက်နဲ့အတူရုံးပြန်ဖွင့်၊၀န်ထမ်းတွေခန့်ပြီး မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးရေးအစီအစဉ်သစ်တစ်ရပ် ချမှတ်နိုင်အောင် လိုအပ်တဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေ စတင် ကောက်ယူစုဆောင်းမယ်လို့ ကမ္ဘာ့ဘဏ် ရဲ့ အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ ဒု ဥက္ကဋ္ဌ Pamela Cox က ပြောပါတယ်။

ဒါပေမဲ့ မြန်မာ အစိုးရ က ကမ္ဘာ့ဘဏ် နဲ့ တခြားအဖွဲ့အစည်းတွေကိုပေးချေစရာ ရှိနေတဲ့ အကြွေးတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ ကိစ္စလည်း ရှိနေတယ်လို့ ဆိုပါတယ်။

မိမိတို့ရဲ့ အဓိက ပန်းတိုင်က မြန်မာပြည်သူတွေကို ကူညီဖို့ဖြစ်ပါတယ်၊ မြန်မာ ဟာ ပြင်ပကမ္ဘာ နဲ့ နှစ်ကာလ ကြာရှည် အဆက်ပြတ်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် လူထုဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာပြဿနာတွေ အတွက် အစိုးရ နဲ့အတူ ဆောင်ရွက်နိုင်ဖို့ မဟာဗျူဟာ တစ်ရပ် ပြင်ဆင်နေပါတယ်၊ ဒါတွေ အပြည့်အ၀ မဆောင်ရွက်နိုင်သေးခင်မှာ အကြွေးကိစ္စ ရှင်းဖို့လိုပါတယ်လို့ Pamela Cox က ပြောဆို ပါတယ်။

မြန်မာအစိုးရဟာ ကမ္ဘာ့ဘဏ် ကို အမေရိကန်ဒေါ်လာ ( ၃၉၃ ) သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB ) နဲ့ တခြားဌာနတွေအပေါ် ဒေါ်လာ သန်းငါးရာလောက် ပေးချေစရာ ရှိနေပါတယ်။ မြန်မာ အစိုးရဟာ အကြွေး မဆပ်တဲ့အတွက် ကမ္ဘာ့ဘဏ်က ၁၉၈၇ ခုနှစ်ကစပြီး အစီအစဉ်တွေ ရပ်ဆိုင်းခဲ့ပါတယ်။

ကမ္ဘာ့ဘဏ် ရဲ့ အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ ဒု ဥက္ကဋ္ဌ Pamela Cox ဟာ ဇွန်လအတွင်း မြန်မာနိုင်ငံ ကို သွားရောက်မှာဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ အလုပ်အကိုင်ဖန်တီးရေး စတဲ့ ကိစ္စ တွေကို စူးစိုက် ဆောင်ရွက်သွားဖို့ ဆန္ဒရှိကြောင်းလည်း
ပြောဆိုပါတယ်။
RFA Burmese



0 ကွန်မန့်ရေးရန်:

Post a Comment