Sunday, April 29, 2012

၈ျီအက်စ် အမ်ဖုန်း

၈ျီအက်စ် အမ်ဖုန်း
by Internet Journal
ကျေးလက်ဒေသရှိ မိုဘိုင်းဖုန်းလိုင်းအသုံးပြုလိုသူများသည် မိမိတို့ဒေသ၌ ဂျီအက်စ်အမ်ဖုန်းလိုင်းများ အသုံးပြု၍မရရှိမည်ကိုစိုးရိမ်ပူပန်လျှက်ရှိသည့်အတွက် အသုံးပြုနိုင်မည့်နယ်မြို့များကို မြန်မာ့ဆက်သွယ်ရေးမှ ထုက်ပြန်ကြေညာပေးသွားမည်ဟုသိရသည်။ ““မြို့ပေါင်း ၃၃၀ မှာ ၈ျီအက်စ် အမ်ဖုန်းသုံးလို့ရတယ်။ သုံးလို့မရတာဆိုလို့ မြို့ ၃ မြို့ပဲရှိတယ်။ အဲဒါ တွေကိုကြေညာပေးသွားမယ်”” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ၌ ဂျီအက်စ်အမ်ဖုန်းများအသုံးပြုနိုင်ဟု ကြေညာထားရှိသော်လည်း အချို့သောကျေးလတ်ဒေသများသို့ ဂျီအက်စ်အမ်ဖုန်းများသယ်ဆောင်သွားရာ၌ အသုံးပြု၍မရရှိသေးကြောင်း ဧရာဝတီတိုင်းဒေသ ကြီးသို့ ၈ျီအက်စ်အမ်ဖုန်းလိုင်းသယ်ဆောင်အသုံးပြုခဲ့သည့် ကုန်သည်တစ်ဦးကပြောသည်။ ““နည်းပညာသဘောအရပြောရင် ၈ျီအက်စ်အမ်ဖုန်းတွေဟာ တာဝါတိုင်ရဲ့ စက်ဝိုင်းပတ်ချာလည် ၁၀ မိုင်အတွင်းပဲအသုံးပြုလို့ရတယ်။ ဒါတောင်အများဆုံးပမာဏပဲ။ စီဒီအမ်အေဖုန်းလိုင်းတွေက တာဝါတိုင်ရဲ့ မိုင် ၂၀ ပတ်ချာလည်မှာအသုံးပြုလို့ရတယ်။ အဆောက်အဦးတွေ၊ တောင်တန်းအကာအကွယ်တွေမရှိတဲ့နေရာမှာဆိုရင် စီဒီအမ်အေက မိုင် ၂၀ ကျော်အထိသယ်ဆောင်အသုံးပြုလို့ရတယ်။ အချို့ကျေး လက်ဒေသတွေမှာ ဂျီအက်စ်အမ် အသုံးပြုလို့မရဘူးဆိုတာတာဝါ တိုင်ရဲ့ ၁၀ မိုင်ပြင်ပကိုရောက်ရှိနေကြလို့ပါ။ ဆက်သွယ်ရေးအနေနဲ့ တာဝါတိုင်များများတိုးချဲ့စိုက်ထူလာရင်တော့ အသုံးပြုလို့ရကြမှာပါ။ နေရာအနှံအသုံးပြုနိုင်အောင် တာဝါတိုင်တွေ တိုးချဲ့ထောင်ပေးမှလည်း အခုချပေးတဲ့ ဖုန်းလိုင်းတွေရောင်းအားပိုကောင်းမှာပါ”” ဟု မိုဘိုင်းနည်းပညာကျွမ်းကျင်သူတစ်ဦးကရှင်းပြသည်။ မြန်မာ့ဆက်သွယ်ရေးအနေဖြင့်မြို့ပေါင်း ၃၃၀ ၌ ၈ျီအက်စ်အမ် ဖုန်းလိုင်းများအသုံးပြုနိုင်ရန် စီစဉ်ထားသော်လည်း တာဝါတိုင်၏ ၁၀ မိုင်ပတ်ချာလည်အတွင်းရှိ ကျေးလတ်ဒေသများ၌သာ ဂျီအက်စ်အမ်ဖုန်းလိုင်းအသုံးပြုနိုင်ပြီး ကွန်ရက်ပြင်ပရှိ ကျေးလတ်ဒေသများမှာ ဂျီအက်စ်အမ်ဖုန်းလိုင်းကို အသုံးပြုနိုင်မည်မဟုတ်ပေ။ ဂျီအက်စ်အမ် ဖုန်းလိုင်းအသုံးမပြုနိုင်သည့် ဒေသများမှ မိုဘိုင်းဖုန်းလိုင်းအသုံးပြုလိုသူတို့သည် စီဒီအမ်အေဖုန်းလိုင်း ကိုသာ ၀ယ်ယူရန်စောင့်ဆိုင်းနေကြသော်လည်း မြန်မာ့ဆက်သွယ်ရေးအနေဖြင့် စီဒီအမ်အေဖုန်းလိုင်းများ ပြန်လည်ချထားပေးနိုင်မည့် အချိန်ကိုတိကျစွာထုက်ဖော်ပြောနိုင်ခြင်းမရှိသေးပေ။

0 ကွန်မန့်ရေးရန်:

Post a Comment