Sunday, April 29, 2012

မန္တလေး-မြစ်ကြီးနား ရထား မိုင်းခွဲ တိုက်ခိုက်ခံရ


Yangon-Burma-Myanmar-Circular-Railway-24
0
0

မဲပေးပါ


မန္တလေး မြို့ မှ မြစ်ကြီးနား မြို့  သို့  ထွက် ခွာ လာသည့် အထူး အဆန် ရထား သည် ဧပြီလ ၂၉ ရက် နံနက် ၁ နာရီ အချိန် တွင် မော်ဟန်  ဘူတား အနီး ဉ် မိုင်းဆွဲ တိုက်ခိုက် ခံရသည် ဟု FNG မှ သတင်း ရရှိ သည်။

အထူး အမြန်ရထား သည် မိုင်းခွဲ တိုက်ခိုက် ခံ ရပြီးနောက် ရထားတွဲ အား လုံး လမ်း ချော် တိမ်း မှောက် ပြီး  ရထား ပေါ် ပါ သူများ အသေ အပျောက် ရှိသည် ဟု သိရသည်။ ရထား မိုင်းခွဲ ခံရ မှု နှင့် တိမ်းမှောက် မှု ကို ဖြစ်စဉ် နှင့် အနီး ဆုံး ဘူတာ ဖြစ်သည့် မိုးညှင်း ဘူတာ မှ တာဝန် ရှိ သူ တစ်ဦး က FNG သို့  အတည် ပြု ပြောကြား သည်။

” ဟုတ်ပါတယ် မနက် ၁ နာရီ လောက် ဖြစ်သွား တာ ပါ။ မော်ဟန် က နေ တယ်လီဖုန်း နဲ့  ပြော ပါတယ်။ အဲဒီမှာ ရှန်တိန် တွဲ တွေ လဲ ရှိ တော့ အခြေခအနေ စိုးရိမ် ရတယ် ၊ လူအသေအပျောက် တော့ သေသေချာချာ  မသိသေး ပါ ဘူး တွဲ အားလုံး လမ်းချော်ပြီး မှောက် သွားတယ် ” မိုးညှင်း ဘူတာ မှ တာဝန်ရှိ သူ တစ်ဦးက ပြောသည်။

မြစ်ကြီးနား အမြန်ရထား မိုင်းခွဲ တိုက်ခိုက်ခံရခြင်းသည် KIA သူပုန်များ အခြေစိုက်ရာ လိုင်ဇာ မြို့  ကို မြန်မာ အစိုးရ တပ်များ အနီးကပ် စောင့် ကြည့် နေ ချိန် တွင်  ဖြစ်ပွား ခြင်း ဖြစ်သည်။

Posted by www.freedomnewsgroup.com

0 ကွန်မန့်ရေးရန်:

Post a Comment