Sunday, April 29, 2012

သားအိမ်ကင်ဆာဖြစ်ပွားမှုနှုန်း ဥရောပတွင်မြင့်တက်လာနေ..........


အင်္ဂလန် နိုင်ငံ ကင်ဆာ သုတေ သန ဌာနမှ ထုတ်ပြန် ခဲ့သည့် စစ်တမ်း အရ ၂၁ ရာစု အဦးပိုင်း မှ စတင်ကာ သားအိမ် ကင်ဆာဖြစ်ပွားမှုရာခိုင်နှုန်းသည် ဥရော ပတဝန်းမြင့်မားလာနေကြောင်း သိရ သည်။ ၁၀ စုနှစ် တစ်ခုကြာလေ့လာ တွေ့ရှိမှုအရ ရောဂါဖြစ်ပွားမှု ရာခိုင် နှုန်းသည် ၂၀ ရာခိုင်နှုန်း ပမာဏမျှ မြင့်မားလာနေကာ နှစ်စဉ်အဆိုပါ ကင်ဆာကြောင့် အမျိုးသမီး ၁၉၀ဝ ခန့်သေဆုံးနေရကြောင်းလည်း အဆိုပါ စစ်တမ်းမှဖော်ပြလာပါသည်။ အင်္ဂလန် တဝန်းတွင်ပြုလုပ်ခဲ့သည့် စစ်တမ်းအရ မူ အမျိုးသမီး ၁ သိန်းတွင် အဆိုပါ ကင်ဆာကြောင့်သေဆုံးသူ (၃ ဒသမ ၁) ရာခိုင်နှုန်းရှိခဲ့ရာမှ (၃ ဒသမ ၇) ရာခိုင်နှုန်းသို့ တိုးမြင့်လာကြောင်း၊ အမျိုးသမီးထုအား ဥပါဒ်အပေးဆုံး မရ ဏရောဂါဆိုးတစ်ရပ်ဖြစ်နေသည်ကို စိုး ရိမ်ဖွယ်တွေ့ရှိရကြောင်းလည်း စီအင် အင်က ဖော်ပြထားပါသည်။ အဓိက အချက်တစ်ချက်မှာ ကိုယ်အလေးချိန် လွန်ကဲစွာများပြားလာပြီး အဝလွန်လာ လျှင် ဂရုပြုရမည်ဖြစ်ကြောင်းလည်း ကင်ဆာသုတေသနဌာနချုပ်မှ ဒေါက် တာဆာရာကီရွန်ကဆိုပါသည်။
မှတ်ချက်။         ။ဝင့်သီရိ၏ health care ဂျာနယ် မှကောက်နှုတ်ထားပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment