Sunday, April 29, 2012

မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ရောဂါများ


ယနေ့သည် ခေတ်မှီသောနိုင်ငံတစ်နိုင်ငံဖြစ်လာသည်နှင့်အညီ ဖုန်းကိုင်ဆောင်သော ညီ၊အကို ၊အစ်မ ၊ညီမ များလည်း များပြားလာနေပါတယ်။ အဲလိုများပြားတဲ့အတွက် မိုဘိုင်းလ်ဖုန်းနဲ့ ပတ်သတ်လို့ဖြစ်နိုင်တဲ့အခြေအနေလေးတွေကို တင်ပြရခြင်းဖြစ်ပါတယ်။
ကင်ဆာဖြစ်နိုင်ခြေမိုပျား
မိုဘိုင်းလ်ဖုန်းသုံးစွဲခြင်းအားဖြင့် ဦးနှောက်အသားပိုကင်ဆာရောဂါ ( Brain Tumour ) အန္တရာယ်နှစ်ဆခွဲပိုပြီး တိုးပွားစေပါတယ်။ ဦးခေါင်းခွံပါးပြီး ဦးနှောက်အရွယ်အစားသေးငယ်သော ကလေးငယ်များတွင် မိုဘိုင်းလ်ဖုန်းကြောင့် ဦးနှောက်အသားပိုရောဂါ ဖြစ်နိုင်ခြေပိုပြီး
များကြောင်းဆွီဒင်နိုင်ငံတွင် တွေ့ရှိခဲ့ပါတယ်။  မိုဘိုင်းလ်ဖုန်းမကြာခဏ အသုံးပြုသူများတွင် ကင်ဆာဆဲလ်ကို ကာကွယ်ပေး
သည့် မယ်လ်တိုနင်ဟော်မုန်းများကို သိသိသာသာ ယုတ်လျော့စေကြောင်း အမေရိကန် သုတေသီများကတွေ့ရှိခဲ့ကြပါတယ်။
သတိပိုထားရမည့်အချက်များ
မိုဘိုင်းလ်ဒစ်ဂျစ်တယ်ဖုန်းများကို တစ်နေ့နှစ်နာရီပုံမှန်အသုံးပြုသူများသည် လည်ပင်းဘေးတစ်ဖက်တစ်ချက်စီရှိ
သနံရည်ဂလင်း တံတွေးဂလင်းများ၏ ယန္တရားများကိုပျက်စီးစေသော NONHODGKIN'S DISEASE ဖြစ်ပွားနိုင်
သည်။ ၁၉၉၈ခုနှစ်က မိုဘိုင်းလ်ဖုန်းကြောင့် ဦးနှောက်ကင်ဆာဖြစ်ပွားပြီး တရားစွဲဆိုမှုပေါင်း အနည်းဆုံရှစ်မှု အမေရိကန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည်။
ရောဂါဒဏ်ခံနိုင်ရည်နှင့် ဒီအင်န်အေကို ပျက်စီးစေနိုင်
  မိုဘိုင်းလ်ဖုန်းဓာတ်ရောင်ခြည်က လူ့ဆဲလ်အတွင်းရှိ ဒီအင်န်အေကို ဖျက်စီးပစ်နိုင်ကြောင်း သုတေသနပေါင်း
များစွာတွင် တွေ့ရှိပြီးဖြစ်သည်။ထိုပြင် မိုဘိုင်းလ်ဖုန်းများကြောင့် ကိုယ်ဝန်ဆောင်များ သန္ဓေသားလောင်းကိုထိ
ခိုက်ခြင်း ။ ဖုန်းဆက်ချိန်တွင် သွေးပေါင် 5mmHg မှ 10mmHg အထိ တက်တတ်သောကြောင့် ရောဂါခံရှိသူ
များအတွက် ဦးနှောက်သွေးကြောပြတ်ခြင်းနှင့် နှလုံးရောဂါ တို့ကို အချိန်မရွေးခလုပ်ဖြုတ်ချပစ်နိုင်သည်
   မိုဘိုင်းလ်ဖုန်းမှထွက်သော ဓာတ်ရောင်ခြည်ကြောင့် ကာမဂုဏ်အာရုံကိုအားပေးသော သွေးတွင်း တက်စတိုစ
တီးရုန်း ထုတ်လွှတ်မှုပိုနည်းသွားတတ်သည်။ မိုဘိုင်းလ်ဖုန်းမှ ဓာတ်ရောင်ခြည်သည် မာကျူရီကို သက်ဝင်လှုပ်ရှာ
စေပြီး  ဗဟိုအာရုံကြောမကြီးအစုအဝေးကို တိုက်ခိုက်ပြီး စိတ်ကြွရောဂါ၊ ပန်းနာရင်ကျပ်ရောဂါမှသည် အယ်လ်
ဇိုင်းမားရောဂါ စသည်အထိဖြစ်စေတတ်ကြောင်းလည်း တွေ့ရသည်။  ဆွီဒင်ဆယ်လူလာ ထုတ်လုပ်ရေးလုပ်ငန်း
တစ်ခုမှ ကြီးမှူးပြုလုပ်သော လေ့လာဆန်းစစ်မှုအရ  တစ်နေ့ငါးကြိမ်နှင့်အထက် မိုဘိုင်းလ်ဖုန်းခေါ်ဆိုသူသည် တစ်နေ့လေးကြိမ်အောက် မိုဘိုင်းလ်ဖုန်းခေါ်ဆိုသူထက် ခေါင်းကိုက်ဝေဒနာခံစားရမှု ၃.၆ ဆ ပိုများကြောင်း
တွေ့ရသည်။ လေ့လာဆန်းစစ်မှုများအရ  မိုဘိုင်းလ်ဖုန်းအသုံးပြုသူလူငယ်များတွင် မိုဘိုင်းဖုန်းဘေးထွက်ဆိုး
ကျိုးများပိုခံစားရတတ်ပါတယ်။ အသက် ၃၀ အောက်လူငယ်များတွင် မိုဘိုင်းလ်ဖုန်း၏ ဘေးထွက်ဆိုးကျိုး ခံစား
ရကိန်း သုံးဆ မှ လေးဆ အထိပိုရှိတတ်ပါတယ်။
       

0 ကွန်မန့်ရေးရန်:

Post a Comment