Sunday, April 29, 2012
ပုံပြင်ထဲကမိန်းကလေးလို ဆံနွယ်ရောင်းပြီး အိမ်ဝယ်နိုင်သူ...
ရာပွန်ဇယ်လ် (ဂရင်းညီနောင်ပုံပြင်ဇတ်လမ်းများထဲက ဇတ်ကောင်မိန်းကလေး )ဟုချစ်စနိုးအမည်ပေးထား
သည့် မိန်းကလေးဟာ ပုံပြင်ထဲကလိုပင် သူမ၏မိသားစုအား ၎င်းတို့ မျှော်လင့် တောင့် တနေကြည့် နေထိုင်
ခဲ့ ပါတယ်....
အသက် ၁၂ နှစ်အရွယ်ရှိ နာတာရှာမိုရာအက်စ်ဒီ အန်ဒရာဒီ ဟာ အရှည် ၅ပေ ၂ လက်မရှိတဲ့ ဆံနွယ်စုကြီး
ကိုပထမဦးဆုံးအကြိမ်အဖြစ် ဖြတ်ပေးခဲ့ ရတုံးက ၀မ်းနည်းငိုကြွေးခဲ့ ရပါတယ်...
ဒါပေမယ့် ဂရင်းညီနောင်ပုံပြင်ဇတ်လမ်းများထဲက ဆံပင်ရှည်ကြောင့် နာမည်ကျော်ခဲ့ ရတဲ့ ဇတ်ကောင်မိန်း
တော့ ပြတင်းပေါက်မရှိတဲ့ ၊ အခန်းကျဉ်းလေးထဲမှာပဲ အိပ်စက်နေထိုင်ခဲ့ ရတာဖြစ်ပါတယ်...
 အယင်တုံးကဆိုယင် ဒီဆံပင်အုပ်ကြီးဖြီးရတာတင် ၁ နာရီခွဲလောက်ကြာပါတယ်...
တာလင် ၃၀၀၀ ( ဒေါ်လာ ၄၅၀၀ ) ရခဲ့ လို့ သူမအတွက် မင်းသမီးတစ်ပါးလို နေနိုင်တဲ့ အခန်းတစ်ခါးအပါ
အ၀င် မိသားစုအတွက်ပါ နေအိမ်တစ်လုံးရရှိဖန်တီးနိုင်ခဲ့ ပါတယ်....
ဘရာဇီးနိုင်ငံသူကလေးဟာ ယခင်က သူမရဲ့ ဆံပင်ရှည်ကြီးကိုသန့် ရှင်းရေးလုပ်ဖို့ ၊ ခေါင်းလျှော်ဖို့ တစ်ပတ်
လျှင် အချိန် ၄ နာရီလောက်ပေးရပြီး နေ့ စဉ်ခေါင်းဖြီးတာကပင် ၁ နာရီခွဲလောက်ကြာမြင့် လေ့ ရှိပါတယ်..
အခုအခါမှာတော့ သာမန်ကုပ်ဝဲဆံပင်ပုံဆံဖြတ်ပြစ်လိုက်ခဲ့ တာမို့ ခေါင်းလျှော်ချိန် ၅ မိနစ်သာကြာမြင့် ပါ
တော့ တယ်...
ဆံပင်ရှည်နဲ့ နာတာရှာ...
" ဆံပင်ညှပ်ဆိုင်သွားပြီးဖြတ်တုံးကဆိုယင် ပထမတော့ သမီးငိုနေခဲ့ ရပါတယ်...ဆံပင်တိုပုံစံကိုလည်း
ကြိုက်မိမှာ စိုးမိပါသေးတယ်...ပြီးတော့ ဆံပင်ရောင်းရငွေလည်း အမှန်တစ်ကယ်အဲဒီလောက်ရပါ့ မလား
လို့ လည်းစိုးရိမ်မိပါတယ်... 
အခုတော့ ဆံပင်ညှပ်လိုက်တာဟာ သမီးအတွက် ဘ၀အသစ်တစ်ခုစလိုက်သလိုပါပဲ... အယင်ကဆိုယင် ဆံ
ပင်ရှည်ကြီးနဲ့ အပြင်ထွက်တိုင်းတစ်ယောက်ယောက်ကများ သမီးဆံပင်ကိုဆွဲပြီး ညှပ်ပစ်လိုက်မလားလို့ အ
မြဲပဲစိုးရိမ်နေခဲ့ မိပါတယ်... ဒါပေမယ့် အခုတော့ အယင်က (အဲဒီဆံပင်ရှည်ကြီးကြောင့် ) မလုပ်နိုင်တာတွေ
တော်တော်များများ လုပ်လို့ ရပါပြီ...
သမီးအခုဆိုစက်ဘီးစီးလေ့ ကျင့် နေပါပြီ... ကမ်းခြေကိုလည်း ဆံပင်တွေရေစိုမှာစိုးရိမ်စရာမလိုပဲ ရေသွား
ကူးနိုင်ပါပြီ..." လို့ သူမကပြောပြခဲ့ ပါတယ်....
အခုတော့ ဆံတို ဂုတ်ဝဲနဲ့ လွတ်လပ်ပေါ့ ပါးသွားပါပြီ...
သူမရဲ့ မိခင်ဖြစ်သူကတော့ " ကျွန်မသူ့ ကို ဘယ်တော့ မှဆံပင်တွေဖြတ်ပြစ်ဖို့ ဖိအားပေးခြင်းမရှိခဲ့ ပါဘူး...
သူမဘာသာသူမ အဲဒီဆံပင်ရှည်ကြီးကြောင့် အကျဉ်းသားတစ်ယောက်လိုဖြစ်နေခဲ့ ရပြီး တစ်ခြားသက်တူ
ရွယ်တူမိန်းကလေးတွေလို သွားလာနေထိုင်ချင်နေခဲ့ တာပါ..." လို့ ပြောကြားခဲ့ ပါတယ်...
သူမတို့ မိသားစုဟာ အခုတော့ သူမရဲ့ ဆံပင်ရှည်ကြီး ငြိတွယ်မှာမစိုးရိမ်ရတော့ ပဲ အိမ်ကပန်ကာလည်းဖွင့် 
နိုင်တော့ မှာဖြစ်ပါတယ်...
0 ကွန်မန့်ရေးရန်:
Post a Comment