Sunday, April 29, 2012

အောင်မြင်ခြင်းရဲ့နောက်ကွယ်မှာ စေ့စပ်သေချာမှုတွေရှိတယ်

အောင်မြင်ခြင်းရဲ့နောက်ကွယ်မှာ စေ့စပ်သေချာမှုတွေရှိတယ်
Posted by သက်တန့်ချို

ဘွဲ့ရပြီးနောက် Chuan နဲ့ Jing ဟာ ကုမ္မဏီတစ်ခုမှာ အတူတူအလုပ်ဝင်ခဲ့ကြတယ် ။ နှစ်ယောက်စလုံးဟာ အလုပ် ကို အလွန်ပဲကြိုးစားခဲ့ကြတယ် ။
နှစ်များစွာ ကြာပြီးတဲ့အခါမှာ ကုမ္မဏီသူဌေးက Jing ကို ရာထူးပေးခဲ့ပြီး Chuan ကိုတော့ သာမန် အရောင်း ၀န်ထမ်းဘ၀နဲ့နေစေခဲ့တယ် ။ တစ်နေ့မှာတော့ Chuan ဟာ ဘယ်လိုမှသည်းမခံနိုင်တဲ့အဆုံး သူဌေးဆီ သွားပြီး အလုပ်တင်စာ သွားတင်ပြီး စောဒကသွားတက်ခဲ့တယ် ။ သူဌေးဟာ အလုပ်ကိုကြိုးစားလုပ်တဲ့သူကို တန်ဖိုး မထားကြောင်း နဲ့ ကပ်ဖားယက်ဖား မျက်နှာချိုသွေးတဲ့ ၀န်ထမ်းကို သာရာထူး တိုးပေးကြောင်း ပြော ခဲ့တယ် ။
သူဌေးဟာ Chuan နှစ်ပေါင်းများစွာကတည်းက အလုပ်ကြိုးစားကြောင်းသိခဲ့ပြီးသားပါ ဒါပေမယ့် သူနဲ့ Jing တို့ကြား က မတူညီမှုတွေကို Chuan နားလည်စေဖို့အတွက် အောက်ပါအတိုင်းခိုင်းစေခဲ့တယ် ။
ဈေးကွက်ထဲမှာရှိတဲ့ ဖရဲသီးရောင်းတဲ့ လူရှိမရှိကို သွားရှာစေခဲ့တယ် ။ Chuan ဟာ သွားပြီး တွေ့ ကြောင်း ပြောခဲ့တယ် ။ သူဌေးက ဈေးဘယ်လောက်ရှိလဲမေးတယ် ။ Chuan က ဈေးကို တစ်ခေါက်ပြန် သွားပြီးမေးတယ် ။ ပြီးတော့ ပြန်လာပြီး တစ်ကီလိုဂရမ်ကို ဒေါ်လာ ၁၂ ကျပ်ရှိကြောင်း ပြန်ပြောခဲ့တယ် ။
သူဌေးက ပြောတယ် ။ မင်းကိုမေးတဲ့အတိုင်း Jing ကို ငါမေးပြမယ် ။ Jing ဟာ ဈေးကိုသွားတယ် ပြီးတော့ပြန် လာပြီးဖြေခဲ့တယ် ။ “ ဈေးထဲမှာ ဖရဲသီးရောင်းတဲ့ သူတစ်ယောက်ရှိပါတယ် ။ တစ်ကီလိုဂရမ်ကို ဒေါ်လာ ၁၂ ကျပ်ရောင်းပြီး ၁၀ ကီလိုဂရမ်ကို ဒေါ်လာ ၁၀၀ ရောင်းပါတယ် သူ့မှာ ရောင်းဖို့ ဖရဲဦး အလုံး ၃၄၀ ရှိပါတယ် ။ စားပွဲပေါ် မှာ ၅၈ လုံးတင်ထားပြီး တစ်လုံးစီက ၁၅ ကီလိုဂရမ်လောက်လေးပါတယ် ။ တောင်ပိုင်းကနေ လွန်ခဲ့တဲ့ ၂ ရက်လောက် ယူရောင်းတာပါ ။ လတ်ဆတ်နီရဲပြီး အရာသာ အလွန်ကောင်းပါတယ် ။
Chuan ဟာ အလွန်ကို အံ့အားသင့်သွားပြီး သူနဲ့ Jing တို့ကြားက မတူညီမှုကို နားလည်သွားခဲ့တယ် ။ သူ အလုပ် ထွက်စာမတင်တော့ပဲ Jing ဆီကနေ အရာရာကို သင်ယူဖို့ ဆုံးဖြတ်လိုက်တယ် ။
###########################
ဘ၀မှာ အအောင်မြင်ဆုံးလူတွေဟာ စေ့စေ့စပ်စပ် သေသေချာချာလုပ်တယ် ။ သူများတွေထက်ပိုတွေးတယ် ။ အနက်ရှိုင်းဆုံးကိုနားလည်တယ် ။ သင် မနက်ဖြန်လောက် သာမြင်နိုင်တဲ့အရာတွေကို အအောင်မြင် ဆုံးလူတွေ က နှစ်ပေါင်းများစွာ ကြိုတွေးပြီး မြင်တတ်ကြတယ် ။ နေ့တစ်နေ့နဲ့ နှစ်တစ်နှစ်ရဲ့ကွာခြားချက်က ၃၆၅ ကြိမ်ရှိပါတယ် ။ ကဲ အခု သင်ဘာလုပ်မလဲ ??
မူရင်း - Chuan and Jing joined a wholesale company together just after graduation. Both worked very hard.

0 ကွန်မန့်ရေးရန်:

Post a Comment