This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Friday, December 14, 2012
ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ
သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေ အနေကမောက်က မဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်
ရောဂါများပိုမိုဖြစ်တတ်သည်။ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာအားကိုးရသည်။ကိုယ်တွင်းအရည်လေင် ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏအိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ
ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င် သည်။ ဆောင်းရာသီပြီးလျှင်နွေရာသီရောက်လေသည်။ သဘာဝလော ကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။
လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်း ချက်ကျကျလှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။
ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်
ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန် (အလယ်တန်းအောက် ကလေးသူငယ်များသည်ရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်အိပ်နိုင်လျှင်ကောင်း၏)
ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်
နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်
နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်
နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်
(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။ လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်ေ သွးကြောေ ရာဂါ၊သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ် သည်။ ထို့ကြောင့်အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)
နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်
နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်
နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)
နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါလေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)
ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)
ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်
ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏ အလှုပ်ရှား ဆုံးအချိန်
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)
(ပါမောက္ခ ဒေါ်ခင်ဖြူ)
*** B ပိုး C ပိုး သမားတွေ အတွက် သတင်းကောင်း ***
ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။
စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။
အခု သူကျန်းကျန်းမာမာပါပဲ။
*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။
ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . *
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)
ဝိဇ္ဇာမျက်လုံး တားရော့ ဟောကိန်းများ
စနေသားသမီးများအတွက်
ဒေါင်းရန်  - MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန်- GOOGLE READER
တနင်္ဂနွေသားသမီးများအတွက်
ဒေါင်းရန်  -MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန်- GOOGLE READER
တနင်္လာသားသမီးများအတွက်
ဒေါင်းရန်  -MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန်- GOOGLE READER
အင်္ဂါသားသမီးများအတွက်
ဒေါင်းရန်  -MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန်- GOOGLE READER
ဗုဒ္ဓဟူးသားသမီးများအတွက်
ဒေါင်းရန်  -MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန်- GOOGLE READER
ကြာသပတေးသားသမီးများအတွက်
ဒေါင်းရန်  -MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန်- GOOGLE READER
သောကြာသားသမီးများအတွက်
ဒေါင်းရန်  -MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန်- GOOGLE READER
 ဆရာမင်းသိင်္ခ၏ တပည့်ရင်းဆရာဟိန်းတင့်ဇော် ဆိုဒ်မှ ကူးယူဖော်ပြပါသည်...
ဗေဒင်လေ့လာလိုသူများလည်း သွားရောက်လေ့လာနိုင်ပါကြောင်းသတင်းကောင်းပါးလိုက်ပါတယ်...
ကရင့်ရိုးရာ ကြေးဖားစည်
ကရင်ဘာသာအားဖြင့် “က္လိုအိုဝ်တ္လာအိုဝ်” ဟုခေါ်သည့်
ကရင်ရိုးရာ ကြေးဖားစည်သည် ကရင်ရိုးရာ ယဉ်ကျေးမှု၏
အရေးကြီးဆုံး ပြယုဂ်များတွင် တစ်ခု အပါအ၀င် ဖြစ်သည်။
အလားတူ စည်များကို တရုတ်၊ မွန်ဂိုလ**ယားနှင့် အခြား
အရှေ့တောင်အာရှ ဒေသများတွင် ပျံ့ နှံ့ စွာ တွေ့ ရသည်။
စည်အမျိုးအစား ငါးမျိုးရှိရာတွင် တစ်မျိုးမှာ
ကရင်ဖားစည် ဖြစ်သည်။
ဖားစည်တွင် လုံးရှည်ပုံ ကိုယ်ထည် ရှိသည်။
မျက်နှာပြင်သည် အနည်းငယ်ကျယ်ပြန့် ပြီး
အလယ်ဗဟိုရှိ ကြယ်ကို ၀န်းရံထားသော စုဆုံစက်ဝိုင်း သဏ္ဍာန်မျိုးစုံဖြင့် တန်ဆာဆင်ထားသည်။ မျက်နှာပြင် ထောင့်စွန်းဝန်းကျင်တွင်
လေး သို့ မဟုတ် ခြောက် အရေအတွက် ရှိသော ဖားများ
အကွာအဝေး တူညီစွာ ရှိကြသည်။
ဖားစည်အားလုံးသည် အရွယ်အစား အမျိုးအမျိုး ပြောင်းလဲမှုရှိပြီး
၎င်းတို့ကို သေးငယ်သော လက်ကိုင်နှစ်ခုဖြင့် သယ်ဆောင်ကြသည်။
ဖားစည်၏ မူလအစကို မည်သူမျှ သေချာ မသိပါ။ ကရင်ရိုးရာ
အဆိုအရမူ တစ်နေ့သ၌ ဖူးမော်ထော်ဟု ခေါ်သော
ကရင်အဘိုးတစ်ယောက်သည် သူ့ထံသို့ ဦးတည်လာသော
မျောက်ရိုင်း တစ်အုပ်ကို တွေ့ ရသည်။
အသက်အန္တရယ်ကို ကြောက်ရွံ့ သောကြောင့် သူလည်း
သေချင်ဟန်ဆောင်လိုက်သည်။ ၎င်းအချင်းအရာကို
တွေ့မြင်ရသောအခါ အသုဘ အခမ်းအနားအတွက် အုပ်စုထဲမှ
မျောက်များကို စည်ပြန်ယူခိုင်းလေသည်။ နောက်ဆုံးတွင်
မျောက်များသည် ဖါးစည်(၃)မျိုး ရွှေရောင်၊ ငွေရောင်နှင့်
အဖြူရောင်ဖားစည်များကို ယူဆောင်လာကြသည်။ စည်များကို
တီးခတ်စဉ်အတွင်း ဖူးမော်ထော်က ထထိုင်လိုက်ရာ
မျောက်များက လန့် ပြီး ထွက်ပြေးသောကြောင့်
အဖြူရောင်ဖားစည်သည် ရေထဲသို့  ပြုတ်ကျသွားတော့သည်။
ဖူးမော်ထော်သည် ကျန်ရစ်သော ဖားစည်များကို
ကရင်လူမျိုးများထံ ယူဆောင်လာပြီးချိန်မှစ၍ ၎င်းတို့ သည်
ကရင်လူမျိုးတို့ ၏ အမြတ်နိုးဆုံး အရာများ ဖြစ်သွားကြသည်။
ထိုအချိန်မှစ၍ ဖားစည်များကို ဂုဏ်ပြုသောအားဖြင့်
နှစ်စဉ်နှစ်တိုင်း “က္လိုထူးဂေါ်”နှင့် က္လိုခွါ့ ဆေး”ပွဲတော်ကို
နှစ်ပေါင်းများစွာ ကျင်းပခဲ့သည်။
credit@ဖားစည်သံ
Shooting Game ကြိုက်သူများအတွက်..Dead Space v1.1.39 (Android Game)
အ၇မ်းကိုကောင်းတဲ့ Game တစ်ခုပါ.......PC Gamer တော်တော်များများကတော့သိမှာပါ......
နာမည်ကျော် Shooting Game ထဲမှာ...Dead Space  လည်းပါ ပါတယ်......
အခုကတော့.Android အတွက်ပါ........
ရုပ်ထွက်နဲ့.အသံက..ထင်မှတ်မထားလောက်အောင်....ကောင်းမွန်ပါတယ်.......
ကျွန်တော့်ဖုန်း..က Android Version 2.3.6 ရှိပါတယ်......Galaxy S Advance ပါ......
အဲ့ဒီ့ဖုန်းမှာတော့.....ကောင်းကောင်းဆော့လို့ရပါတယ်.......
တခြားဖုန်းတွေလည်းရမှာပါ..........
apk နဲ့ Data ကို.နှစ်ဖိုင်ဆီခွဲတင်ပေးထားပါတယ်.......
ကြိုက်တဲ့ Link ကနေဒေါင်းပါ......
ဒေါင်းပြီးရင်......apk ဖိုင်ကို Install လုပ်ပါ...
ပြီးရင်မဖွင့်ပါနဲ့ဦး......Data ဖိုင်ကိုဖြည်လိုက်ပါ.အထဲက..ဖိုင်တစ်ဖိုင်ထွက်လာပါလိ့်မ်မယ်.....
ထွက်လာတဲ့ဖိုင်ကို......sd card/Android / data ထဲထည့်လိုက်ပါ......
ပြီးရင်တော့.......ဆော့လို့ရပါပြီ......
အဆင်ပြေပါစေ..........ကျွန်တော်လည်းဆော့နေတုန်းပါ  :)
             Download ပြုလုပ်ရန်
နည်းပြ ၀င်းဂါး နှင့် လက်ထောက် စတိဗ်ဘိုး တို့ အကြား စိတ်ဝမ်းကွဲပြားမှု ရှိလာနိုင်
အာဆင်နယ် အသင်း ကစားသမားများ အနေဖြင့် အသင်း၏ နည်းပြ ဖြစ်သူ အာစင်ဝင်းဂါး နှင့် လက်ထောက် နည်းပြ ဖြစ်သူ စတိဗိဘိုး တို့ အကြား လက်ရှိ ဖြစ်ပေါ် နေသော အခြေအနေ များကြောင့် စိတ်ဝမ်းကွဲမှု ဖြစ်ပေါ် လာနိုင်ခြင်းအား စိုးရိမ် နေရကြောင်း The Sun သတင်းစာမှ ဖော်ပြ သွားခဲ့သည်။
ယခုနှစ် နွေရာသီ ကာလအတွင်း တွင် အာစင်ဝင်းဂါး ၏ လက်ထောက်နည်းပြ အဖြစ် ကာလကြာရှည် တာဝန်ယူခဲ့သူ ပတ်ရိုက်စ် မှာ နည်းပြ ဘ၀မှ အနားယူ သွားခဲ့ပြီးနောက်တွင် အာဆင်နယ် အသင်း အနေဖြင့် ဘိုး အား ၀င်းဂါး ၏ လက်ထောက် နည်းပြ အဖြစ် တာဝန်ပေး ခန့်အပ် ခဲ့သည်။
ယခုနှစ်တွင် ရောက်ရှိ လာခဲ့သော ဘိုး မှာ ခံစစ် အားသန်သည့် နည်းပြ တစ်ဦး ဖြစ်ပြီး ဘောလုံး ရာသီ အစတွင် အာဆင်နယ် အသင်း မှာ လက်ထောက်နည်းပြ ဘိုး ၏ ခံစစ် နည်းစနစ်များကြောင့် ပေးဂိုး အနည်းငယ် သာ ခွင့်ပြု ခဲ့ရသည်။ သို့သော် နည်းပြ ၀င်းဂါး ၏ နည်းဗျူဟာမှာ ဘောလုံး ပိုင်ဆိုင်မှု အား အသားပေးလိုသည့် အတွက် ဘိုး ၏ ခံစစ် နည်းဗျူဟာ နှင့် မကိုက်ညီ ခဲ့ပဲ နောက်ပိုင်း ပွဲစဉ်များတွင် ရလဒ်များ ဆိုးရွား လာခဲ့ပြီးနောက် ၀င်းဂါး နှင့် ဘိုး တို့ အကြား စိတ်ဝမ်းကွဲ နိုင်သည် ဟူသော သတင်းများ အာဆင်နယ် အသင်း အတွင်းပိုင်းတွင် ထွက်ပေါ် လာခဲ့သည်။
ထွက်ပေါ်လာသော သတင်း အရင်း အမြစ် တစ်ခု၏ အဆိုအရ “အာဆင်နယ် အသင်းရဲ့ နည်းပြ နှစ်ဦး အကြား ဆက်ဆံရေး က အကောင်းစားကြီး မဟုတ်တာ အသေအချာပါပဲ။ လက်ရှိမှာ အာဆင်နယ် အသင်းသားတွေဟာ နည်းပြ ၀င်းဂါး ဘက်မှာ ရှိနေတယ် ဆိုပေမယ့် အသင်းရဲ့ နည်းပြ နှစ်ဦး အကြား စိတ်ဝမ်းကွဲမှုကိုတော့ မဖြစ်လိုပါဘူး။ ဘိုး ဟာ ခံစစ် ကို အားပြု ပြီး ကစားတဲ့ အခင်းအကျင်းကို သဘောကျ တာပါ။ ဒါပေမယ့် အာဆင်နယ် အသင်းဟာ အရင် ကထဲက ဘောလုံး ပိုင်ဆိုင်မှု အသားပေး ပြီး လှလှပပ ကစားတဲ့ ကစားဟန်ကို ကျင့်သုံး လာခဲ့တာပါ။ ဒါကြောင့်လည်း နည်းပြ ၂ ယေက် အကြား အခက်အခဲ တွေ ဖြစ်လာနိုင်ပါတယ်” ဟု သုံးသပ် ဖော်ပြ သွားခဲ့သည်။
Source:TheSun(myanmarstriker)-မှကူးယူဖော်ပြပါသည်
ဧဒင်ဥယျာဉ်တွင်ဘောလုံးဝါသနာရှင်မျာရှိပါကအားကစားကဏ္ဍတွင်ရေးသားနိုင်သည်
အရေအတွက်ပေါ်လေ့လာပြီးမည့်သည့်အသင်းကိုအဘယ်ကြောင့်ကြိုက်ရသည့်
အကြောင်း-ကိုယ်ပိုင်ဆောင်းပါများရေးသားနိုင်ပါကပြိုင်ပွဲများကျင်းပရန် စိစဉ်ထားပါသည်
Web Design ပညာရပ်တွေကို လေ့လာသင်ယူနိုင်မယ့် အကောင်းဆုံး Tutorial Website ၁၀ ခု
          Web Design နဲ့ ပတ်သက်လို့ လေ့လာသင်ယူနိုင်တဲ့ ၀က်ဘ်ဆိုက်တွေ အွန်လိုင်းမှာ များစွာရှိနေပါတယ်။ အဆိုပါ ၀က်ဘ်ဆိုက်တွေကနေတစ်ဆင့် နိုင်ငံတကာမှာရှိတဲ့ Web Developer တွေဆီက ပညာရပ်တွေ မျှဝေရရှိနိုင်မှာဖြစ်သလို၊ မိမိရဲ့ ကျွမ်းကျင်မှု အရည်အသွေးကိုလည်း ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို Web Design Tutorial ၀က်ဘ်ဆိုက်တွေထဲက ထိပ်တန်း ၁၀ ခုတော့-
1. W3Schools
          W3Schools ကတော့ Web Design လောကရဲ့ ထိပ်တန်းဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ မသိသူ မရှိလောက်ဖြစ်တဲ့အထိ အောင်မြင်ပြီး၊ Web နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို ဆည်းပူးလေ့လာနိုင်မှာ ဖြစ်ပါတယ်။ Tutorial, Exam တွေ ပြည့်ပြည့်စုံစုံရှိပြီး Web Design ကို လေ့လာလိုသူများအတွက် အကောင်းဆုံး ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်လိပ်စာကတော့ www.w3schools.com ပဲဖြစ်ပါတယ်။
2. Opera Web Standard Curriculum
          Opera ရဲ့ Developer Page တစ်ခုဖြစ်တဲ့ Opera Web Standard Curriculum ကတော့ ဒုတိယနေရာက အကောင်းဆုံး Learning Website  တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ W3Schools နဲ့ပုံစံတူ ဆိုက်တစ်ခုဖြစ်ပြီး၊ Web Design နဲ့ ပတ်သက်တဲ့အခြေခံ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်လိပ်စာကတော့ http://dev.opera.com ပဲဖြစ်ပါတယ်။
3. Google Code University
          ဒီဝက်ဘ်ဆိုက်မှာတော့ HTML, CSS နဲ့ JavaScript တွေကို အခြေခံကစလို့ စနစ်တကျ လေ့လာသင်ယူနိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။ အခြေခံ ၀က်ဘ်ဆိုက် တည်ဆောက်ခြင်းအပိုင်းကို Video Tutorial တွေနဲ့ လေ့လာနိုင်မှာဖြစ်ပြီး၊ Web Design ဘာသာရပ်ကို စတင်လေ့လာသူများနဲ့ အသင့်တော်ဆုံး ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ လိပ်စာကတော့ www.code.google.com ဖြစ်ပါတယ်။
4. Threehouse
          Threehouse ကတော့ Video Base ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ လေ့လာနိုင်မယ့် ဘာသာရပ်တွေကတော့ HTML, JavaScript, iOS App တွေဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ရဲ့ အားသာချက်ကတော့ Interface အလွန်ရိုးရှင်းပါတယ်။ မိမိလေ့လာလိုတဲ့ အကြောင်းအရာတစ်ခုချင်းစီရဲ့ Video File တွေကိုရယူနိုင်မှာ ဖြစ်သလို၊ တိုက်ရိုက်လည်း ကြည့်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်လိပ်စာကတော့ www.teamtreehouse.com ဖြစ်ပါတယ်။
5. Lynda.com
          Lynda ဟာလည်း Treehouse ၀က်ဘ်ဆိုက်လိုမျိုး Video အခြေပြုသင်ကြားမှု ဌာနတစ်ခုဖြစ်ပါတယ်။ ဘာသာရပ်များစွာကို လေ့လာနိုင်မှာဖြစ်သလို Web Design နဲ့ပတ်သက်လို့လည်း ပြည့်စုံတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Lynda ဟာဆိုရင် ၁၉၉၅ ခုနှစ်ကတည်းက ပေါ်ထွက်ခဲ့တဲ့ ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပြီး၊ စာအုပ်၊ Video Tutorials အပါအ၀င် လေ့လာစရာ Data တွေ ပြည့်စုံတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ လိပ်စာကတော့ http://lynda.com ဖြစ်ပါတယ်။
6. Don't Fear the Internet
          နာမည်အလန်းစားနဲ့ ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ဒီဇိုင်းတွေနဲ့ ပတ်သက်လို့တော့ ၀င်ရောက်လေ့လာသင့်တဲ့ ဆိုက်တစ်ခုဖြစ်ပြီး၊ တိုတောင်းတဲ့ Video Tutorial တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ HTML နဲ့ CSS တွေအပြင် PHP နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပါ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ လိပ်စာကတော့ www.dontfeartheinternet.com ဖြစ်ပါတယ်။
7. Mozilla School of Webcraft
          Online Learning Community တစ်ခုဖြစ်တဲ့ Mozilla School of Webcraft ဟာဆိုရင်လည်း ထိပ်တန်းစာရင်းဝင် ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ Peer to Peer University ရဲ့ Online Learning Center တစ်ခုဖြစ်ပြီး၊ PHP, HTML, CSS အကြောင်းတွေကို လေ့လာသင်ကြားနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ ကျွမ်းကျင်မှု အရည်အသွေးကို ဆန်းစစ်နိုင်မှာလည်း ဖြစ်ပါတယ်။ လိပ်စာကတော့ www.p2pu.org ဖြစ်ပါတယ်။
8. Netmagazine
          Netmagazine ကတော့ HTML, CSS, JavaScript နဲ့ jQuery အကြောင်းတို့ကို လေ့လာနိုင်မှာဖြစ်ပါတယ်။ Web Design နဲ့ပတ်သက်လို့ အခြေခံကစပြီး Professional Level အထိ ဆက်လက်လေ့လာသွားနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။ လိပ်စာကတော့ www.netmagazine.com ဖြစ်ပါတယ်။
9. Smashing Magazine
          အကောင်းမွန်ဆုံးသော Web Design Resource များစုစည်းနေတဲ့ နေရာတစ်ခုဖြစ်တဲ့ Smashing Magazine ဟာလည်း ထိပ်တန်းစာရင်းဝင် ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကနေ Web Design နဲ့ ပတ်သက်တဲ့ Video Tutorials တွေ၊ အကြံပြုချက်တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ အခြေခံအတွက်တော့ အကြောင်းအရာနည်းပါးပြီး Intermediate Level ကနေ Professional Level အထိလေ့လာနိုင်မှာဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ရဲ့ လိပ်စာကတော့ www.smashingmagazine.com ဖြစ်ပါတယ်။
10. Codeacademy
          နာမည်ကြီး ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Codeacademy ဟာလည်း Web Design နဲ့ ပတ်သက်တဲ့ ထိပ်တန်းဝက်ဘ်ဆိုက် ၁၀ ခုစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ Code တွေနဲ့ ပတ်သက်လာရင် ပြီးပြည့်စုံတဲ့ ဆိုက်တစ်ခုအဖြစ် လူသိများပြီး၊ အွန်လိုင်း သင်ကြားမှုဆိုင်ရာ ဌာနတစ်ခုလည်းဖြစ်ပါတယ်။ လိပ်စာကတော့ www.codeacademy.com ဖြစ်ပါတယ်။
လေ့လာသင်ယူနိုင်မယ့် ၀က်ဘ်ဆိုက်လေးတွေကို ဂျူနိုလေး ဖတ်နေကျ အင်တာနက် ဂျာနယ်ထဲကနေပဲ ကူးယူပြီးဖော်ပြပေးလိုက်ပါတယ်.... လေ့လာသင်ယူဖို့ကတော့ သူငယ်ချင်းတို့ကိုယ်တိုင် လုပ်ဆောင်မှရမှာမို့ ..
ရနိုင်တဲ့အချိန်လေးမှာ ပျင်းရိမနေပဲ လေ့လာကြပါလို့ တိုက်တွန်းပါရစေနော်....
ကွန်ပျူတာသုံးနေသော သူငယ်ချင်းများ အတွက် Picasa Software
ဒီတစ်ခါ ကွန်ပျူတာသုံးနေသော သူငယ်ချင်းများ အတွက် Picasa Software လေး လက်ဆောင် ပေးချင်ပါတယ်။ သိတဲ့သူတွေ များနေပါပြီ မသိသေးတဲ့ သူငယ်ချင်းများ အတွက်ပါ။ ဒီ Software လေးက မိမိရဲ့ စက်ထဲက ဓာတ်ပုံတွေကို တစ်နေရာထဲမှာ အလွယ်တကူ စုပေးထားတဲ့ Software လေးပါ။ ဒီကောင်လေးက ဓာတ်ပုံတွေ ပြင်တာ အလင်းအမှောင် ချိန်တာတွေ ဓာတ်ပုံပေါ်မှာ နာမည်ရေးချင်သူတွေ ဓာတ်ပုံအများကြီးကို တစ်ပုံတည်း ဖြစ်အောင်လည်း လုပ်လို့ရတယ်။
ပြီးတော့ ဒီကောင်လေးနဲ့ စလိုက်ရှိုးလေး လုပ်ပြီး youtube ပေါ်တင်လည်း ရတယ်။ ကင်မရာနဲ့ ချိန်ပြီး ဓာတ်ပုံရိုက်မယ် ဆိုလည်း အဆင်ပြေတယ်။ ဒီ Software လေးနဲ့ ဓာတ်ပုံကို ကြည့်လို့လည်း ကောင်းတယ်။ ကွန်ပျူတာထဲက ပုံတွေကြီးကြီး သေးသေး ဆွဲကြည့်လို့လည်း ကောင်းတယ်။
တစ်ခြား ကောင်တွေနဲ့ မတူဘူး အားလုံးအတွက် အဆင်ပြေတယ် သုံးရတာလည်း အရမ်းလွယ်တယ်။ ခက်တာတွေ မပါဘူး ကွန်ပျူတာ စသုံးတဲ့ သူငယ်ချင်းများ အတွက် ကလိဖို့ကောင်းတဲ့ ဆော့ဝဲလေး တစ်ခုပါ။ ဘာကီးမှ မလိုဘူး ဖရီးပေးတယ်။ ထွက်တာက ကြာနေပီ အဟောင်းထဲက တောင်းထားတဲ့ သူငယ်ချင်းတွေ အတွက် တင်ပေး လိုက်တာပါ။ Windows XP/Vista/7 သုံးလို့ အဆင်ပြေတယ်။လိုရင်တော့ အောက်မှာ ဆွဲသွားပြီး စက်ထဲ အင်စတော လုပ်ပြီး ကလိပေတော့ဗျာ ....
http://www.nayzawlin.com/search/label/Software
http://lusoelaymg.blogspot.kr ဆိုဒ်မှ ကူယူဖော်ပြပါသည်
Windows 8 တွင် မြန်မာဖောင့် ထည့်နည်း
ဒီတစ်ခါတော့ Windows 8 အသုံးပြုသူများအတွက် zawgyi-one font အသုံးပြုနည်းလေး ပြောပြပါ့မယ်။ အရင်ဆုံးကျွန်တော်ပေးထားတဲ့ လင့်လေးတွေကနေ zawgyi font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင်  winrar ဖို်င်လေးကိုဖြေလိုက်ပါ။ ပထမဖိုင်ထဲမှာ  setup ဆိုတာလေးကို အရင် install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ ဒါဆိုရင်ပထမ အဆင့်ပြီးပါပြီ။ 
ဒုတိယအဆင့်က control panel ထဲဝင်ပြီး Language setting ကိုပြင်ဖို့လိုပါတယ်။ 
အဆင့်(၁) Control panel ကိုသွားဖို့ကရိုးရိုးလေးပဲ။ Desktop ပေါ်ကို right click ထောက် personalize ကိုကလစ်ပေးပါ။  ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။  Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။
အဆင့်(၂) အဲဒီမှာ Advaced settings ဆိုတာကို လကစ်ပေးပါ။
အဆင့်(၃) Override for default input method  ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L  ဆိုတာလေးကို ရွေးပေးပါ။  ဒါဆိုရင် zawgyi  font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။
To download  (For zawgyi-keyboard)  >> Mediafire
To download  (For IEZawGyiGtalkfont) >> Mediaifre
အားလုံးကိုလေးစားလျက်.....
ဗဟုသုတတိုးပွားကြပါစေနော်.....
ဇနကတော့ အွန်လိုင်းပင်လယ်မှာ ဆက်ပြီးလက်ပစ်ကူးလိုက်ဦးမယ် ကောင်းတဲ့အရာလေးတွေဆို ဆယ်ပြီး မျှဝေပေးပါ့မယ်နော်။  :) :) :)
သူငယ်ချင်းတို့ ရဲ့ Like အား ကွန်မက်အားနဲ့  ဆက်လက်ပြီး အွန်လိုင်းပင်လယ်ပြင်မှာ လက်ပစ်ကူးဖို့ အားအင်ပေးပါနော်....:) :)
window 8 အတွက် နည်းလမ်းအချို့  (လက်ပစ်ကူးလာတာပါ :P )
ကျွန်တော်တို့ windows 8 ကို password ပေးချင်သူများအတွက် လုပ်နည်းအဆင့်ဆင့် ကိုပြောပြပါ့မယ်။  မသိသေးသူများအတွက်ပါ။   
အဆင့်(၁) အရင်ဆုံး Desktop ရဲ့ ဘယ်ဘက်ခြမ်းထိပ်ကို Mouse pointer ရွှေ့ပါ။ ပြီးရင် Start ကိုကလစ်ပေးပါ။ 
အဆင့်(၂)  Start screen ပေါ်လာတဲ့အခါမှာ  မိမိ နာမည်ရှိတဲ့နေရာ ဘယ်ဘက်ထိပ်က နာမည်ကို ကလစ်ပေးပါ။ 
အဆင့်(၃) နောက် screen တစ်ခုမှာ Users ကိုရွေးပေးပြီ Create  a password ကို ကလစ်ပေးပါ။
အဆင့်(၄) နောက်တစ်ခုမှာ password ပေးပါ။ ဒီနေရာမှာတစ်ခုသတိထားရပ့ါမယ်။ နောက်ဆုံးအကွက်မှာက အပေါ်က ပေးထားတဲ့ password ကို ပြန်ရိုက်လို့မရပါဘူး ။ သူက လှည့်ကွက်ပေါ့ဗျာ။ Password hint ဆိုပေ့မယ့်။ ယောင်ပြ hint တာဖြစ်ပါတယ်။ new password နဲ့ password hint က တူလို့မရပါဘူး။  ပြီးရင် Next ကို နှိပ်ပါ။ ဒါက windows 8 မှာ security တစ်ခုမြှင့်လိုက်တာပါ။  password မသိတဲ့သူတစ်ယောက်လာဖွင့်ပြီဆိုရင် wrong password ပြပြီးတော့ hint password ကိုပြထားပါတယ်။ hint password ဆိုတာက အတုကြီးလေ  ဘယ်လိုမှဖွင့်လို့မရဘူးပေါ့။ 
အဆင့်(၅)  ပြီးရင် Finish ပေးလိုက်ပါ။ ပြီးပါပြီ။ 
Windows 8 activator
Windows 8  အသုံးပြုတဲ့သူငယ်ချင်းများ Activator လေးတင်ပေးလိုက်ပါတယ်။ Windows 7 တုန်းကလိုပဲ ဒီတိုင်းလေး  install လုပ်လိုက်ရင် active ဖြစ်သွားပါပြီ။ ထုံးစံအတိုင်း  install လုပ်ပြီးရင်တော့ restart ကျမှာပေါ့ဗျာ။ windows ပြန်တက်လာတဲ့အခါ တွေ့သမျှ ok သာပေးလိုက် အဆင်ပြေသွားလိမ့်မယ်။
To download >> Mediafire 
To download >> Adrive
Windows 8 မှာ snipping tool အသုံးပြုခြင်း
ကျွန်တော်တို့  windows 7 မှာလို snipping tool  အသုံးပြုချင်သူများအတွက် ဘယ်နားမှာ ရှာရမှန်းမသိသေးသောသူများအတွက်ပြောပြပ့ါမယ်။ အရင်ဆုံး Desktop ရဲ့ဘယ်ဘက်ထိပ်ထောင့်ကို mouse pointer လေးရွှေ့ပါ။ အဲဒီမှာ search ဆိုတာလေးကိုကလစ်ပေးပါ။ Apps screen လေးပေါ်လာပါ့မယ်။ တွေ့ပြီဆိုရင် mouse က roller လေးကို လှိမ့်ပြီးတော့ လိုချင်တာကို ရှာလို့ရပါတယ်။ ဒါမှမဟုတ်လည်း အောက်နားလေးက buttom လေးကို left click လေးဖိပြီး ရှာလို့ရပါတယ်။ snipping tool ကို တွေ့ပြီဆိုရင် ကလစ်ပေးလိုက်ပါ။ မကြာခဏအသုံးပြုသူများအတွက်က Task bar မှာတစ်ခါတည်းတင်ထားလိုက်ပါ။ ခုနက snipping tool လေး ပေါ်လာပြီဆိုရင် Task bar ပေါ်က snipping tool လေးပေါ်ကို right click ထောက်ပါ။ pin this program to taskbar  ဆိုတာကို ကလစ်ပေးလိုက်ပါ။ အဲဒါဆိုရင် ခဏခဏယူစရာမလိုတော့ဘူးပေါ့။ snipping tool ဆိုတာက Desktop ပေါ်မှာ မိမိလိုချင်တဲ့ အပိုင်းလေးကို ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။
ဒါက ကျွန်တော် မကြာခဏသုံးနေကျမို့ snipping tool လေးကို ညွှန်းလိုက်ခြင်းဖြစ်ပါတယ်။ တခြား တခြားသော program လေးတွေကိုလည်းယူသုံးချင်ရင် အဲဒီထဲမှာရှိတဲ့အကြောင်း အဓိက ပြောချင်တာပါ။
Realtek
Windows 8 အသုံးပြုသူများအတွက် windwos 7 က realtek ကိုပြန်သုံးလို့မရပါဘူး ။ အခုကျွန်တော်တင်ပေးထားတာလေးက win 7 မှာရော win 8 အတွက်ပါ အသုံးပြုလို့ရပါတယ်။ Realtek ဆိုတာက  ကျွန်တော်တို့ ကွန်ပျူတာ cup ပုံးမှာ အရှေ့ဘက်ခြမ်းမှာ နားကြပ် ထိုးတဲ့အပေါက်လေးတွေ သိတယ်ဟုတ်။ တစ်ချို့စက်တွေမှာက realtek ကို  install မလုပ်ဘဲနဲ့ အဲဒီရှေ့ နားကြပ်ထိုးတဲ့ အပေါက်က အလုပ်မလုပ်ပါဘူးခင်ဗျာ။ အဲဒါကြောင့် အသုံးပြုပါတယ်။ (sound manager) အသံကို လိုအပ်သလို ထိန်းညှိဖို့ပေါ့။ ပြီးတော့ ငယ်ငယ်တုန်းကလို မိုက်ခဲချင်တဲ့သူ များကလည်း realtek ကိုအသုံးပြုပါတယ်။ ကွန်ပျူတာမှာ သီချင်းဆိုဖို့ပေါ့ဗျာ။ မိမိဆိုတာကို sound box ကနေပြန်ကြားစေဖို့ပေါ့။ ကာရာအိုကေဆိုတာ ကိုပြောပါတယ်။  ကာရာအိုကေဆိုနည်းကို ပို့စ်တစ်ခုအနေနဲ့ တင်ပေးပါ့မယ်။ အခုလောလောဆယ်တော့ Realtek လိုချင်သူများအောက်မှာ ဒေါင်းလိုက်ပါ။ အော်မေ့တော့မလို့  realtek ကို install လုပ်ပြီးရင် ဘယ်ဘက်ထောင့် အောက်နားလေးမှာ speaker ပုံလေးနဲ့ တခါတည်းမပေါ်ပါဘူး။ C program ထဲမှာသွားပြီး click ပေးမှာ ပေါ်လာပါလိမ့်မယ်။  Windows 8 မှာပဲဖြစ်တာပါ။ 
To download >> Mediafire
ဝင်းဒိုးတင်ပြီးပြီးချင်း ဘယ်နားလေးကနေ My computer ကို desktop ပေါ်မှာ တင်ရမှန်းမသိ သူများအတွက်
ကဲဒါက ဝင်းဒိုးတင်ပြီးပြီးချင်း ဘယ်နားလေးကနေ My computer ကို desktop ပေါ်မှာ တင်ရမှန်းမသိ သူများအတွက် ပြောပြပေးပါ့မယ်။ Desktop ပေါ်ကို right click ထောက် Personalize ဆိုတာကို ကလစ်ပေးပါ ။ ညာဘက်ထိပ်မှာ Change desktop icons ဆိုတာကို ကလစ်ပေးပါ ။အဲဒီမှာ box တစ်ခု ကျလာပါ့မယ်။  Desktop ပေါ်မှာ မိမိ ပေါ်ချင်သော icons များကို အမှန်ခြစ်ပေးပါ။ ပြီးရင် Apply and ok ပေးပါ ။ ဒါဆိုရင် ရပါပြီ ။အောက်မှာ ပုံးလေးနဲ့ ပြထားပါတယ်။
ဘယ်ရလိမ့်မလဲ ဇနက  က  ကိုစိုး ဆီက လက်ပစ်ကူးလာတာ :P
ဗဟုသုတတိုးပွားကြပါစေနော်.....
ဇနကတော့ အွန်လိုင်းပင်လယ်မှာ ဆက်ပြီးလက်ပစ်ကူးလိုက်ဦးမယ် ကောင်းတဲ့အရာလေးတွေဆို ဆယ်ပြီး မျှဝေပေးပါ့မယ်နော်။  :) :) :)
သူငယ်ချင်းတို့ ရဲ့ Like အား ကွန်မက်အားနဲ့  ဆက်လက်ပြီး အွန်လိုင်းပင်လယ်ပြင်မှာ လက်ပစ်ကူးဖို့ အားအင်ပေးပါနော်....:) :)
မုဆိုး=သားကောင် သားကောင်=မုဆိုး(ဖြစ်ရပ်မှန်)
အေးချမ်းသာယာပြီးစန္ဒာလမင်းကြီးသာတဲ့ဆောင်းညတစ်ညမှာ ကျွန်တော်တို့ သူငယ်ချင်း၆ယောက် တောလိုက်ထွက်ကြသည်။ ထိုနေရာကား
 မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ် နယ်စပ်ဖြစ်သည့် နန့် ပန်တပ် တောင်တန်းဟုခေါ်သော နန့် ပန်တပ်ရွာအနီးရှိတောင်ကြီးတစ်တောင်ပေါ်ဖြစ်သည် တောင်၏နာမည်မှာမဲ
လုံးတောင်ဟုခေါ်ဝေါ်ကြလေသည် မဲလုံးတောင်ဟုခေါ်ဝေါ်ခြင်းမှာတစ်ခါကမောင်မဲလုံးအမည်ရှိကောင်လေးတစ်ယောက်သည် ထိုတောင်ပေါ်တွင် ၀ါးခုတ်ရင်းဝါးထိုးမိရာပွဲချင်းပြီးသေဆုံးသောကြောင့်မဲလုံးကိုအစွဲပြုပြီးမဲလုံးတောင်ဟု
 ခေါ်ဆိုကြလေသည် ။
ညနေချမ်းတစ်ည ကျွန်တော်တို့ တောလိုက်ထွက်ရာတွင် ယုန်-တောကြောင်များထောင်သော ပိုက်(ပိုးချည်ဖြင့်ရက်လုပ်ထားသောပိုက်ကွန်တစ်မျိုး) မောင်းကွင်း- သုတ်ကိုင်း-များနဲ့အတူ တူမီး(လက်လုပ်သေနတ်)၃လက် ဓါတ်မီးအပြည့်စုံဖြင့် ကျွန်တော်တို့  မဲလုံးတောင်သို့ ထွက်ခဲ့ကြသည် လမ်းတွင်စနောက်ပျော်ပါးစွာဖြင့် တောင်စွယ်ကနေ၀င်ချိန်ကိုကြည်နူးစွာကြည့်ရင်းညနေပိုင်းသို
-စောလင်းထွေးတို့ ကတစ်ဖွဲ့  ငမဲ-၀င်းနိုင်-ဇာနီမင်းတို့ ကတစ်ဖွဲ့ ဖြစ်သည် ပိုက်တွေလိုက်ထောင်ပြီးတော့နာရီကြည့်လိုက်တော့၉နာရီပင်ခွဲစပြုနေပြီဖြစ်သည် ကျွန်တော်တို့ တဲထိုးထားသောနေရာပြန်ရောက်တော့ ငမဲတိုံအဖွဲ့ကပြန်ရောက်နှင့်ပြီသူလှည်းပြောလာသည်။
ငမဲ=ဝေးငနောင်ကြာလှချည်လားကွ ကျွန်တော်=ဟုတ်တယ်ကွာ
ငါတို့ နေရာတွေချဲပြီးလိုက်ထောင်နေလို့ 
ဝင်းနိုင်=ဘယ်နေရာတွေထောင်တာလည်းဟ ကျွန်တော်=ဟိုအနောက်ဘက်မြှောင်ကကတွတ်ပင်နဲ့ညောင်ကြပ်ပင်မှာကြာသွားတယ်ကွ
ဇာနိမင်း=အေးမင်းတို့ မို့ အဲဒီနားသွားကွာ(စိုးရိမ်သံဖြင့်) ကွိန်တော်=ဘာလို့ လည်းကွ ဝေး ဒါတောနော်ရှောက်မပြောနဲ့
စောလင်းထွေးက တော်ပါပြိကွာထားလိုက်ပါတော့အခုဘာချက်ထားလည်း ၀င်းနိုင်=ဘာမှမချက်ထားဘူးမီးဖိုပေါ်မှာထမင်းရှိတယ် ဟင်းကတော့အိမ်ကယူလာတဲ့ငါးခြောက်နဲ့အမဲသားကြော်သာစားပေတော့ ထိုအချိန်တွင် အိုက်ထွန်းကဟာကွာမင်းတို့ တော့ထဲလာတာအမဲသားထည့်လာတယ် ဟုတ်လား????????????????ဇာနီမင်း=ဟုတ်တယ်လေကြာက်ဥလည်းပါတယ် ဘာဖြစ်လို့ လည်း
အိုက်ထွန်း=ဘာမှမဖြစ်ပါဘူးကွာ တောတောင်ဆိုတာကြက်ဥနဲ
ကျွန်တော်=တော်ပြီဘာပြောမနေနဲ့ တော့သူတို့ ကလူသစ်ဘဲကွာထားလိုက်ပါ တောတောင်းလာတာဘဲ ဘာမဖြစ်လောက်ပါဘူး
ဒီလိနဲ့ စကားစတွေရပ်သွားကြသည် ကျွန်တော်တို့ တွေထမင်းစားပြီးတော့ဆေးလိပ်သောက်ကြရင်း ကျွန်တော်စကားစပျိုးလိုက်သည်
ဒီညတောကောင်တွေကိုပစ်ဖို့ ဘယ်လိုအဖွဲ့ ခွဲကြမလည်းဘယ်သူတွေကတစ်ဖွဲ့ လည်း
ဝင်းနိုင်ကငါနဲ့ ဇာနီမင်းနဲ့ ငမဲနဲ့ တစ်ဖွဲ့ သွားမယ်ကွာ ကျွန်တော်=အေးရတယ်လေ မင်းတို့ ကတူမီး၂လက်ယူသွား
တစ်ခုတော့ပြောလိုက်မယ်နော် အမှတ်(သွေးဟုဆိုလိုသည်=တောထဲတွက်သွေးဟုမထွက်ရပါ)
ဘဲရရင်အချက်ပြဆက်မလိုက်နဲ့ ငါတို့ တူတူလိုက်မယ် ဇာနီိမင်းအေးပါကွာသိပါတယ်
ကျွန်တော်+စိုးလင်းထွေး+အိုက်ထွန်းတို့ ကတစ်ဖွဲ့ ထွက်လာသည် အိုက်ထွန်း=ငါတို့ ဝက်သေမြောင်ဘက်သွားကြမယ်ဘယ်လိုလည်းအရင်
၁ခေါက်ကလည်းအဲဒီမှာအကောင်ကြီးတွေတွေ့ တယ် စိုးလင်းထွေး=အေးဝေးငနောင်သွားကြမလား ကျွန်တော်=အေးသွားကြမယ်လေ ကျွန်တော်တို့ တွေစိတ်တူညီစွာဝက်သေမြောင်ဘက် ထွက်လာခဲ့လေသည်
၁နာရီနီးပါးလျောက်သောအခါဝက်သေမြောင်သို့ ဆိုက်မြိုက်စွာရောက်လာပါသည် အိုက်ထွန်း=ဝေးငါတို့ ညောင်ကြပ်ပင်ဘက်သွားကြမယ်အဲဒီအပေါ်ကဆိုရင်
 လွပ်လွပ်လပ်လပ်ပြစ်လို့ ရတယ် ကျွန်တော်+စိုးလင်းထွေး=အေးသွားကြတာပေါ့ကွာ ကျွန်တော်တို့ တောကောင်စောင့်ရင်းည၁၂နာရီခွဲလောက်တွင်
 ကြမ်းတမ်းသောတောတိုးသံတစ်ခုကိုကြားလိုက်ရသည် ကွန်တော်ကဓါတ်မီးကိုသေချာကိုထားသလိုစိုးလင်းထွေးကလည်းသေချာကိုင်ထားသည် ။
အိုက်ထွန်းကတော့တူမီးပေါ်ကမောင်းတင်ပြီးသားခွင်ကြနေပြီဖြစ်သည် ကျွန်တော်တို့ စောင့်နေရင်း၅မိနစ်လောက်ကြာတော့ သတ္တ၀ါတစ်ကောင်ပေါ်လာသည် ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးကြီးလိုက်တဲ့ဝက်တောင်းကြီးဗျာ သင်းကွဲဝက်ပေါ့ ၀က်သိုးကြီး ဂုတ်ကအမွေးတွေကလည်းလရောင်အောက်မှာထောင်နေတာပင်ကြက်သိးထချင်စရာ အိုက်ထွန်းကသေနတ်ကို သေချာစွာချိန်ပြီးမှ အောက်ပြန်ချလိုက်သည် ကျွန်တော်တို့ မိးထိုးပေးမယ်လုပ်တော့သူကလက်နဲ့ အချက်ပြသည်မထိုးဖို့  ကျွန်တော်တို့ လက်တွေညိမ်သွားသည် တောဝက်လည်း=
လူးအိုင်(သဘာဝဆားဓါတ်ပေါက်နေသောမြေ)ပေါ်တွင်ကျေနပ်စွာလျက်ပြီးထွက်ခွာသွားလေသည် ။
ကျွန်တော်ကအိုက်ထွန်းကို မင်းဘာလို့ မပစ်တာလည်း အပေါ်စီးကအသာကြီးပစ်ရတာကို စိုးလင်းထွေး=ဟုတ်တယ်ကွာမင်းမပစ်လိုက်ဘူး
အိုက်ထွန်း=မင်းတို့ သာပစ်ခိုင်းနေဟိုကငါ့သေနတ်ကြည်ထွက်တာနဲ့ ကနေမှာ စွယ်ပိတ်ဖြစ်နေပြီကွ ကျွန်တော်သဘောပေါက်သွားသည် စွယ်ပိတ်သောတောဝက်တစ်ကောင်သည်ကြည်မထွက်ကြောင်းသတိပြုမိလေသည် အချိန်ကတစ်စစနဲ့ ညနက်ပိုင်းသို့ ရောက်လာသည် ဟိုးအရှေ့ ဘက် ကတောင်စွယ်ကနေဒိုင်းဆိုတဲ့အသံကဆူညံသောတစ်ခုအဖြစ်ကြားလိုက်သည် ။
နောက်၁၀မိနစ်လောက်တွင်မီးအနီရောင်မီးကြည်လင်းလာသည် ကျွန်တော်တို့ တွေဘာမှမစဉ်းစားတော့ အပင်ပ်ါကဆင်းပြီးထိုမိုးရောင်ရှိရင်အပြေးနှင်မိလေသည် ကို့ အနားတွင်လူပါမပါဆိုတာပင်မသိတော့ကို့ အတွေးနဲ့ ကိုစိုးရိမ်မှုတွေနဲ့ ပြေးမိလေသည် ထိုတောင်ကုန်းထက်ရောက်တော့ ဇာနီမင်းကမျက်စိကြောင်တောင်စွာဖြင့်ကျွန်တော်တို့ ကိုငူငူကြည့်နေလေသည် စကားပြောနေသည်ဟုယူဆရသော်လည်းစကားမထွက် ငမဲကိုကြည့်လိုက်တော့ မျက်ရည်စတွေနဲ့ ကျွန်တော်တို့ ကိုတွေ့ တော့ပိုဆိုးလာသည် ကျွန်တော်မျက်စိလည်ကာကြည့်မိသည် ၀င်းနိုင်ပျောက်နေသည်
ဝေး=ဘယ်မှာလည်းဟိုတစ်ယောက်(တောထဲတွင်နာမည်မခေါ်သင့်သောကြောင့်)ကျွန်တော်မေးလိုက်သည်။
ဇာနီမင်း=ငါ................သူ့ ကို....................မှားပစ်လိုက်မိတယ်;;;;;;;;;;;;;သူသွေးတွေနဲ့ လျိုထဲဆင်းပြေးသွားပြီ
အိုက်ထွန်း=ဟေအမှတ်တွေထားခဲ့ရင်လိုက်ရှာမယ်လေထကွာအချိန်ဆွဲမနေနဲ့  ကျွန်တော်တို့ မစဉ်းစားနိုင်တော့ပါ သွေးကြရာတစ်လျောက်အပြေးလိုက်မိကြသည် တစ်နေရာေ၇ာက်တော့သွေးကွက်ရာပျောက်သွားသည် အမှတ်တွေပျောက်သွားပြီ သေချာကြည့်ကြပါဦး ဟောတွေ့ ပါပြီ တစ်နေရာတွင်လဲကြနေသော သတ္တ၀ါတစ်ကောင် ကြည့်လိုက်တော့လူမဟုတ်တာသေချာသည် သွားကြည့်တော့ အိုက်ထွန်းက ဝေးနောက်ဆုတ် စိတ်မချနဲ့ သူပြောလို့ မဆုံးသေးပါ..................ဝေါင်းးးးးးးးးးးးးးးးးးးးးးးးးးးးး.
...ထိုသတ္တ၀ါရဲ့ လက်သည်းချွန်မြမြကကျွန်တော့ပံခုံးကြွက်သားတွေကိုဖဲ့ ထုတ်ပစ်လေပြီ ထိုသို့ လုံးထွေးနေချိန်တွင်အိုက်ထွန်းကတိကျစွာဖြင့် ပစ်လိုက်သည်          ဒိုင်းးးးးးးးးးးးးးးးးးးးးးးးးးးးးကျွန်တော်လည်းလဲကျသွားသည် ထိုအကောင်လည်းလဲကျသွားလေသည်
ထိုအကောင်လှဲကြမသေချာကြည့်မိသည် ကျားနက်ကြီးတစ်ကောင်ပါလား ကျွန်တော်အသက်မသေသည်ပင်ကျေးဇူးတင်ရမည်လို ထိုအချိန်တွင်ဝင်းနိုင်ကိုသတိရမိသည် သူကဆေးကျောင်းတက်နေသည့်ကျောင်းသားမဟုတ်ပါလား..................ဝေးဟိုတစ်ယောက်ကိုရှာရမယ် ဒီကောင်ကိုအမှတ်နဲ့ သေချာသိမ်းခဲ့မနက်မှလာယူမယ် ကျွန်တော်တို့ လူစု ၀င်းနိုင်ကိုရှာဖွေကြသည်မတွေ့ မီးထွန်းတော့လည်းပြန်မထွန်း ၀ူး.၀ါးအော်တော့လည်းတောင်ရဲ့ ရိုက်ခက်သံကလွဲလို့ တိတ်ဆိတ်နေသည် မထူးတော့ပြီ မနက်အာရုံပင်လာတော့မည်မဟုတ်ပါလား တာသို့ ခဏပြန်ကြရအောင်ကွာ ၁နာရီ၂နာရီလောက်နေမှပြန်ရှာကြတာပေါ့ ကျွန်တော်သိနေသည် ။
ကျွန်တော်မဟန်တော့ပါ သွေးတွေကလည်းတော်တော်ထွက်နေသေးသည် တဲပြန်ရောက်တော့မီးဖိုမီးပြန်ထိုးသူကထိုး ရေနွေးတည်သူကတည်ဖြင့်စဉ်းစားတွေးတောနေကြသည် အတွေးတွေကတော့ကျွန်တော်ထင်သည် ၀င်းနိုင်ဆီသာရောက်နေကြမည် ။
ကျွန်တော်လည်းဝင်းနိုင်ဆီသာစိတ်ရောက်နေမိသည် ။သိပ်မကြာပါ တောတောင်ရဲ့ ပင့်တင်သံတစ်ခုကြားလိုက်ရသည် ဒိုင်း...........အကုန်လုံးခေါင်းထောင်သွားကြသည် ၀င်းနိုင်သာဖြစ်လိမ့်မည်ဆိုတာသာတွေးတောနေကြသည် အချက်ပြမီးတွေသာပြနေရသည်လူမသွားနိုင်တော့ မနက်၎နာရီခွဲလောက်တွင် အ၀တ်စားတွေစုတ်ပြတ်သတ်ကာသွေးအလူးလူးပေနေသောဝင်းနိုင်ပြန်ရောက်လာသည် ပခုံးထက်တွင် ချေပျိုလေးတစ်ကောင်တော့ထမ်းလျက် တဲပြန်ရောက်တော့သတိပါလစ်သွားသည် ကျွန်တော်တို့ နိုင်းလို့ မရတဲ့ ပျော်ရွှင်ခြင်းနဲ့ ပျော်မိသည်။
သူ .ကိုသေပြီဟု ယူဆထားသည်မဟုတ်ပါလား........သူငယ်ချင်းအသက်ရှင်လျက်ပြန်လာသည်လေ ဇာနိမင်းဆိုလျင်ဝင်းနိုင်ကိုသွားသွားကိုင်ကြည့်လျက် မျက်ရည်တွေဖြိုင်ဖြိုင်ကြနေသည် ၀င်းနိုင်သွေးထွက်တဲ့နေရာကြည့်မိတော့ကျွန်တော့လိုဘဲ ပခုံးတွင်ဒါဏ်ရာနဲ့  ဘာဖြစ်မှန်းပင်မသိပါ..................................
သူသတိရလာတော့မနက်၁၁နာရီပင်ထိုးနေပြီ ၀င်းနိုင်=ဟရောင်တွေဘာဖြစ်နေကြတာလည်းကွ ကျွန်တော်တို့ ကိုမေးနေသည်။
ကျွန်တော်ကမင်းကိုမနော့ကဇာနီမင်းသေနတ်နဲ့ ပစ်မိတယ်ဆိုဘယ်ထိသွားလည်း
ဝင်းနိုင်=ဘာပြောတယ်ကွ ငါအပေါ့သွားချင်လို့ ဆိုပြီးသူတို့ ကိုပြောသွားတယ်လေကွာ အဲဒီမှာအပေါ့စွန့် ရင်းမဲမဲမြင်လို့ လိုက်သွားတာတော်တော်အဝေးရောက်မှန်းမသိရောက်
သွားတယ် ရောက်တဲ့နေရာသေချာကြည့်မှ သဖန်းတောရောက်နေတယ် အဲဒိမှာငါ့ကိုအကောင်တစ်ကောင်အလစ်ဝင်တိုက်လို့ ငါလုံးထွေးရင်းဒါဏ်ရာ၇လာတာ သူလုံးထွေးသည်ပြောမှသတိရကြသည် ငမဲကငါတို့ညကပစ်တဲ့ အကောင်သွားထမ်းကြမယ် မင်းတို့ ၂ယောက်ကနားကြပေါ့ကွာ ကျွန်တော်လည်းတဲနဲ့ သိပ်မဝေးလှတာမို့ ၎ယောက်ဆိုလောက်ပါတယ်လေ ဆိုပြီးလိုက်မသွားပါ ခဏနေတော့ငမဲပြန်ရောက်လာသည် ဝေးခဏလိုက်ခဲ့ ကြတဲ
  ဟိုရောက်တော့ညကအပင်တွင်အမှတ်သားလုပ်ခဲ့ကြတာတွေ့ သည် သူတို့ ကညကဒီမှာအကောင်ထားခဲ့တာနော် ကျွန်တော်=ဟုတ်တယ်လေ အခုဘာမှမ၇ှိပါလားကွသေချာကြည့်မိသည် ဘာမှရှိမနေပါ ကျွန်တော့အမှတ်သားကိုသေချာကြည့်သည်မှန်ပါသည်မမှား ဒါဆိုဘာလည်းတွေးတောမရပေ နေ့လယ်ရောက်တော့ကျွန်တော်တို့ ပြန်ဖို့ လုပ်ကြသည် ပိုက်တွေလိုက်သိမ်းကြတဲ့ ၃ယောက်လည်းပြန်လာသည် ယုန်၂ကောင်နှင့်တောကြောင်တစ်ကောင်ပါလာသည် အဲဒါလေးကိုင်ရင်ချီပျိုမလေးကိုထမ်းရင်းပြန်လာကြသည် ၀င်းနိုင်နဲ့ ကွန်တော်ကဘာမှယူမပြန်ပါ အပြန်လမ်းမျာတော့အတွေးတွေကိုစီနဲ့ ကျားတစ်ကောင်လုံးဘယ်ပျောက်သွားလည်းပေါ့ .................................................
ဝင်နိုင်ကလည်းပြောသည် သူ့ ကိုဝင်လုံးတာမဲမဲကြီးဆိုတာပင်
နန်းပန်တက်ပန်ရောက်တော့မှရွာခံသူငယ်ချင်းတွေလူကြီးတွေကပြောကြသည် မဲလုံးတောင်ကိုသွားတာအသက်မသေဘဲပြန်လာတာမင်းတို့ တစ်ဖွဲ့ ဘဲရှိသေးသည်တဲ့ 
ကျွန်တော်တို့ အကောင်ပျောက်တဲ့ နေရာမေးကြည့်တော့မဲလုံးကိုမြုတ်ထားတဲ
 နောက်တော့ပယောဂမှန်းသိသဖြင့် ဆရာပင့်ပြီးပြရာသူကမဲလုံးဖြစ်ကြောင်းသူ့ အပိုင်တွင်သူ့ ထံခွင့်ပြုချက်မယူ
သဖြင့်ကိုထင်ပြရာ ယခုသူဝင်နေသောကလေးကသေနပ်ဖြင့်ပစ်သဖြင့်ပြန်ပြေးခဲ့ကြောင်း  
    ထို့ နောက် ကျွန်တော့ပခုံးတွင်ဒါဏ်ရာရစေချင်းမှာထပ်မလုပ်အောင်အသိပေးတာဖြစ်ပြီးညာ
တာစွာလုပ်ကြောင်းပြောပြီးအမျှပေးဝေခိုင်းကာထွက်သွားသည် ----
-ကြက်ဥနဲ့ အမဲသားသူယူလာလို့ ဖြစ်သည်ဟုစိတ်ထဲစွဲကာခံစားနေရသော
ဇာနီမင်းလည်းနောက်၂လ၃လလောက်တွင်အိမ်မှာကွယ်လွန်သွားရှာလေသည် ကျွန်တော်တို့ တွေအသိရလိုက်ပါသည် ကျွန်တော်တို့ မုဆိုးမဟုတ်ပါသားကောင်တွေပြန်ဖြစ်နေကြရသည်လေ'''''''''''''''''''''''''''
ကျွန်တော်တောင်းဆုပြုလိုက်ပါတယ် သူငယ်ချင်းဇာနီမင်း မုဆိုးကသားကောင် သားကောင်ကမုဆိုးဖြစ်မဲ့ ဘ၀ကင်းဝေးပါစေလို့ 
အလွမ်းသခင်
မိုးကြိုးသွားက ပေးသောအမာရွတ်
ပုံမှာ မြင်တွေ့ရတာကို တက်တူးလို့ ထင်ချင်စရာ ရှိပါတယ်။ သို့ပေမယ့် ယင်းဟာ တက်တူးမဟုတ်ပဲ မိုးကြိုးပစ်လို့ ရတဲ့ အမာရွတ် ဖြစ်ပါတယ်။
အင်္ဂလိပ်လိုတော့ Lichtenberg figure လို့ခေါ်ပါတယ်။ အမြဲတမ်း မဟုတ်ပေ မယ့် မိုးကြိုးအပစ်ခံရရင် ရတတ်တဲ့ အမာရွတ်အများစုက ပုံမှာ မြင်တွေ့ ရတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။ တက်တူးထိုးထားသလိုပဲ အပွင့် ပွင့် တွေနဲ့ လှနေ ပါတယ်။ မိုးကြိုးအပစ်ခံရပြီး ကံကောင်းလို
့ အသက် ရှင် သွားတဲ့ လူနာတွေ ဆီကနေ မှတ်တမ်း တင်ထားတဲ့ အမာရွတ် ဖြစ်ပါတယ်။
မိုးကြိုးသွားရဲ့  ပြင်းတဲ့အပူချိန်နဲ့ လျှပ်စစ်ကြောင်းကြောင့် အရေအပြား ပေါ် မှာ သွေးစီးကြောင်းလို ထင်ကျန်ခဲ့တာ ဖြစ်ပါတယ်။ အချို့ က ပျောက်ပေမယ့် အချို့ ကတော့ အမာရွတ် အနေနဲ့ တစ်သက်လုံး ထင်သွား တယ်လို့ ဆိုပါ တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Lichtenberg figure- မိုးကြိုးသွားက ထိုးပေးလိုက် တဲ့ (တက်တူး) အမာရွတ်ကတော့ ယခုလို လှပနေတာကို မြင်တွေ့ ရပါတယ်။
---
Ref: wiki
http://www.innewsmyanmar.com/2012/12/blog-post_4845.html
ရိုမီယိုရဲ.ဒုတိယမြောက်
သတို.သမီး
( ( ( ၀ဋ်နာ ကံနာ ) ) )
ထိုင်နေခဲ့တယ် အလင်း ရဲ့ တစ်ဖက်
အမှောင် ကိုပဲတွယ်တာမိခဲ့တယ်။
ဘာတစ်ခုမှ မသိချင်ပဲ
အရာရာကို ဖောင်ခတ်ထားမိ
နေ၀င်လာရင်ပဲ အသိစိတ်က
ရင်ခုန် လှိုက်မောလာတယ်
စောင့်စားရင်း နဲ့ အသက်ရှင်ခဲ့
ညတွေ ညတွေ
အမှောင်ကမ္ဘာ မှာ
ဒဏ်ရာ ကို ဆေးကုရင်း
ငြီမ်းချမ်းမှု ရှာဖွေခဲ့
ထိုစဉ့့်
အလင်းတန်း တစ်ခု
အမှောင် ကို ကျောခိုင်းဖို့
လက်ယှက်ခေါ့်
အလင်းရောင် ကို မတိုးဝံတာ
ဝဋ်နာ ကံနာ တစ်ခုပဲတဲ့။
တာယာဂျလေဘီ
“ရဲ၊ ဆေးရုံ၊ ကုလားတို့ ပေါင်းပြီး အိမ်ဖော်မလေး မနှင်းနှင်းလှိုင်အမှုပိတ်ပစ်ဖို့ ကြံစည်နေ
မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ၅-၁၁-၂၀၁၂ ရက်နေ့က ဆေးကုသမှုခံယူနေသော မကွေးမြို့၊ ကန်ဖျားရွာမှ အိမ်ဖော်မလေး မနှင်းနှင်းလှိုင်(၁၂)နှစ်နှင့် ၎င်း၏အစ်မ မတင်တင်ဌေး (၁၄)နှစ်(လူနာစောင့်) တို့ အမှုကို ကုလားမိသားစုမှ ငွေသိန်းသုံးဆယ်ကျပ်ပေးပြီးလူမသိသူမသိ ပိတ်ပစ်ဖို့ ကြံစည်မှုတစ် ရပ် ဖြစ်ပေ
ါ်ခဲ့သည်။
ဖြစ်စဉ်မှာ ညီနောင်စတီးဆိုင်ပိုင်ရှင် မိသားစုက မနှင်းနှင်းလှိုင်တို့ ညီအစ်မနှစ်ယောက်၏ မိခင်ဒေါ်ခင်မာရီကို တိတ်တဆိတ်စည်းရုံးပြီး ကြေအေးလက်မှတ်ထိုးခိုင်းခြင်းဖြစ် သည်။ ကြေအေး လက်မှတ်ထိုးဖို့အတွက် ငွေကျပ်သိန်းသုံးဆယ် ပေး၍ စည်းရုံးကြောင်းသိရသည်။ ကျူးလွန်သူ အစန်း(ခ)ဖတ်တီး(ခ)မုဆိတ်၏ မိခင်ကြီးမှာ အစန်းထောင်ကျသွားလျှင် စိုးရိမ်သောကရောက်၍ အသက်သေဆုံးသွားနိုင်သည့်အတွက် အကူအညီတောင်း အသနားခံကာ တောင်းပန်ကြသော ကြော င့် ဒေါ်ခင်မာရီက လက်မှတ်ထိုး၍ ကြေအေးပေးလိုက်ခြင်း ဖြစ်ကြောင်းသိရ၏။
အမှတ်(၈)ရဲစခန်းမှ အမှုစစ် ဦးလှဦးကလည်း ဆေးစာမကျသေး၍၎င်း၊ တရားရုံးမတင်ရသေး၍၎င်း၊ အမှုပိတ်၍ရသည်ဟုဆိုကာ ကျူးလွန်းခံရသူ ကာယကံရှင်ကို အသိမပေးဘဲ မိခင်ကြီးကို ကြေအေးလက် မှတ်ထိုးခွင့် ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
ထို့သို့ ကာယကံရှင်ကို အသိမပေးဘဲ ကြေအေးလက်မှတ်ထိုးခိုင်းသည့် ကိစ္စကြောင့် အမှတ်(၈) ရဲစခန်းမှ စခန်မှူးနှင့် ပါဝင်ပတ်သတ်သူများကို တိုင်းရဲတပ်ဖွဲ့က စစ်ဆေးအရေးယူဖို့ ပြင်ဆင်နေကြောင်း၊ ဘယ်ပုံဘယ်နည်း အရေးယူမည်ကို မသိရသေးကြောင်း၊ ကာယကံရှင်မပါဘဲ မိခင်တစ်ယောက်တည်း သဘောနှင့် ကြေအေးခွင့်ရနိုင်ကြောင်းသိရသည်။
၅-၁၁-၂၀၁၂-ရက်နေ့မှ စ၍ ၄င်းအမှုကို ဦးဝီရသူစိတ်ဝင်စားခဲ့ကြောင်း၊ ခိုကိုးရာမဲ့သော အညတရ မိသားစု ဖြစ်၍ ဝိုင်းဝန်းကူညီဖို့ တိုက်တွန်းခဲ့ရာ ယခုဆိုလျှင် အလှူရှင်များစွာ ပေါ်ထွန်းလာ ခဲ့ကြောင်း၊ ဆေးရုံဆင်းလျှင် စားစရိတ်၊ နေစရိတ်၊ အမှုရင်ဆိုင်စရိတ်စက ကုန်ကျမှုများကို ကူညီဖို့နှင့် အလုပ်အကိုင် ရှာဖွေပေးသည့် အဆင့်ထိ ကူညီမည်ဖြစ်ကြောင်း ကတိစကားပြော အားပေးခဲ့ကြောင်း သိရသည်။
ဆေးရုံအုပ်ကြီးနှင့် ဆေးရုံတာဝန်ခံ ဆရာဝန်ကြီး ဦးဌေးဦးတို့၏ ကုလားမိသားစုကို တံခါးမရှိ ဓားမရှိ ဝင်ခွင့်ပေးထားခြင်း၊ ဗမာများကို ပိတ်ပင်ထားခြင်း၊ ဗမာများကို တွေ့ခွင့်ပေးလျှင်လည်း နည်းမျိုးစုံတင်းကြပ်၍ အစောင့်အကြပ်များ ချထားခြင်း၊ ခြိမ်းခြောက်ဟိန်းဟောက်လွှတ်ခြင်း၊ အမှတ်(၈)ရဲစခန်းမှူးမှ “ပစ္စည်းကိုင်ခိုင်းတိုင်း တရားစွဲလို့မရဘူး၊ သက်သေရှိလား၊ သက်သေမရှိဘဲ လာမပြောနှင့်” စသည်ဖြင့် ကုလားဘက်မှ အကာအကွယ်ပေးကာ ဗမာများကို ချိုးနှိပ်ပစ်ခြင်းတို့မှာ ရဲ၊ ဆေးရုံနှင့် ကုလားတို့ ပူးပေါင်း၍ မြန်မာအချင်းချင်း မရိုင်းပင်းပဲ ဝိုင်းဝန်းညှဉ်းပန်း နေကြောင်း သိသာစေပါသည်။
ယခု အမှုကြေအေးဖို့အတွက် ကုလားမိသားစုမှ ငွေကျပ်သိန်းတစ်ရာကျော် ကုန်ကျခံရ မည် ဖြစ်ကြောင်း၊ ကလေးမလေးအတွက် သိန်းသုံးဆယ်ဆိုလျှင် တစ်ခြားဌာနများအတွက်လည်း သိန်းသုံးဆယ်အောက် လျှော့မည်မထင် ကြောင်း၊ ဌာနဆိုင်ရာအရာရှိတစ်ယောက်က မှတ်ချက်ပြုပြော ကြားခဲ့ပါသည်။
သွေးမတော်သားမစပ်ဘဲ ဝိုင်းဝန်းထောက်ပံ့ကူညီလှူဒါန်း စောင့်ရှောက်လျှက်ရှိသော ရဟန်းရှင် လူ ပြည်သူများ၏ မျက်နှာကို မထောက်ထား သမီးဖြစ်သူမျက်နှာကို မငဲ့ညှာဘဲ ငွေသိန်းသုံး ဆယ်နှင့် ကြေအေးခဲ့သော မိခင်ဒေါ်ခင်မာရီမှာ ငိုပြသူကို သနားအားနာခြင်း၊ ငွေကြေးချို့တဲ့ခြင်းတို့ ကြောင့် ဖြစ်ကြောင်း၊ ဝေဖန်ပြောဆိုနေကြလျှက် ရှိကြပါသည်။
(လူထုသတင်းထောက်(၉၆၉)
ဆရာတော်ဦးဝီရသူ(မစိုးရိမ်) ဆိုဒ်မှ ကူးယူဖော်ပြသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံး တစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
လက်ပံတောင်း မီးလောင်ဗုံး ဘယ် ကလာသလဲ ?
 ကာတွန်း - အော်ပီကျယ်
လင်းသန့် ~ 
လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ သပိတ်စခန်းတွေကို မြန်မာအစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုးခွင်းမှုကြောင့် သံဃာတော်တွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တချို့ပါ မီးလောင်ဒဏ်ရာတွေနဲ့ မြင်မ ကောင်းအောင် ဖြစ်ခဲ့လို့ မြန်မာနိုင်ငံ မြို့ကြီးတချို့မှာ ဆန္ဒပြမှုတွေ ဆက်တိုက်လို ဖြစ်လာခဲ့ပါတယ်။ 
လက်ပံတောင်းတောင်အရေး အကြမ်းဖက် ဖြိုခွဲမှုကြောင့် မီးလောင်ဒဏ်ရာရ သံဃာတပါးဖြစ်တဲ့ ဦးတိက္ခဉာဏဟာ ဒီကနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဆေးကုသမှု ခံယူဖို့ ရောက်လာခဲ့ပါပြီ။ 
ဒဏ်ရာရသံဃာတော်တွေကို ဆေးကုသရေးအတွက် ရွှေည၀ါဆရာတော်မှလည်း လှူဒါန်းငွေများ ကူညီပေးထားပြီး ပြည်ပတွင် ဆေးကုသရေးအတွက် အကူညီများ လိုအပ်နေသေးတယ်လို့ ဒဏ်ရာရ သံဃာတွေကို အကူအညီပေးနေတဲ့ အဖွဲ့က ဆရာတော် ဦးဝိမလက မိန့်ကြားပါတယ်။ 
အခြားသံဃာတော် ၄ ပါးမှာ မန္တလေး ဆေးရုံကြီးတွင် ဆေးကုသ ခံယူနေဆဲဖြစ်ပြီး နိုင်ငံကူးလက်မှတ် မရရှိသေးဘူး လို့ အဆိုပါ ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။ 
မီးလောင်ဒဏ်ရာရခဲ့ကြတဲ့ သံဃာတော်တွေရဲ့ ဓာတ်ပုံတွေလည်း အင်တာနက် လူမှုစာမျက်နှာတွေ မှာ နေ့စဉ်ဆိုသလို မြင်တွေ့ရပြီး အတော် စိတ်မသက်မသာ ဖြစ်ကြရတာပါ။ 
အခုလို မီးလောင်ဒဏ်ရာတွေရခဲ့တာဟာ မြန်မာအစိုးရတာဝန်ရှိသူတချို့ ပြောနေတဲ့ မျက်ရည်ယိုဗုံးသုံးပြီး ဖြိုခွဲခဲ့တယ် ဆိုတာ လက်မခံနိုင်ကြသူတွေက များပါတယ်။ ဒေါက်တာခင်မောင်ညိုကလည်း ဖော့စ်ပရပ်စ် ဓာတုပစ္စည်းပါတဲ့ မီးလောင်ဗုံးလိုမျိုး နပန်းဗုံးကို သုံးစွဲခဲ့ပုံရတယ်လို့ မှတ်ချက်တွေပေး ကြပါတယ်။  
အလားတူ လူတော်တော်များများနဲ့ မျက်ရည်ယို ဗုံးနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိခဲ့ဖူး သူတွေကလည်း   မျည်ရည်ယိုဗုံးသုံးခဲ့တယ်ဆိုတာ လက်မခံကြပါဘူး။ 
ပြည်တွင်းရှိ ဆေးပညာရှင်တချို့နဲ့ ပြည်ပရောက် မြန်မာဆေးပညာရှင်တချို့ကလည်း သံဃာတော်များရဲ့ ဒဏ်ရာအခြေအနေတွေကို ကြည့်ပြီး ဓာတုဗေဒ ပစ္စည်းတခုခုပါဝင်တဲ့ ဗုံးတမျိုးမျိုးသုံးခဲ့တာဖြစ်မယ်လို့ မှတ်ချက်ပေး ပြောနေကြပါတယ်။
အစိုးရတာဝန်ရှိသူတွေကလည်း မျက်ရည်ယိုဗုံးကိုဘဲ သုံးခဲ့တာသာဖြစ်တယ်လို့ ဆက်လက်ပြောဆိုနေတဲ့ အတွက် ထိုနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်က ၀မ်ပေါင်ကုမ္ပဏီဝန်းထဲကနေ လုံခြုံရေးတပ်ဖွဲ့တွေက မီးသတ်ပိုက်တွေနဲ့ထိုးပြီး နောက်ပိုင်း မီးလောင်စေတဲ့ ဗုံးနဲ့ပစ်ခွင်း ဖြိုခွဲလိုက်တာကြောင့် အဆိုပါ ဗုံးဟာ တရုတ် ၀မ်ပေါင် ကုမ္ပဏီကများ ထုတ်ပေးလိုက်သလားဆိုတဲ့ မေးခွန်းတွေက ဆင့်ကဲပေါ်ပေါက်လာခဲ့ပါ တယ်။ 
ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးမှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ လီကျင့်ဟွာက လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ သပိတ် စခန်းတွေကို မြန်မာအစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုးခွင်းတဲ့ မီးလောင်ဗုံးဟာ တရုတ်နိုင်ငံရဲ့ ၀မ်ပေါင် ကုမ္ပဏီက ပေးခဲ့တာ မဟုတ်ဘူးလို့ ပြောခဲ့တာကို မှတ်မိကြမယ် ထင်ပါတယ်။ 
ဒါဆို သံဃာနဲ့ ဒေသခံ အမျိုးသမီးနဲ့ ကလေးငယ်တွေပါ မီးလောင်ဒဏ်ရာတွေဖြစ်စေခဲ့တဲ့ သပိတ်စခန်း ဖြိုခွင်းမှုမှာ သုံးစွဲခဲ့တယ်လို့စွပ်စွဲခံနေရတဲ့ မီးလောင်ဗုံးကို ဘယ်သူက ပေးလိုက်သလဲဆိုတာတော့ ဥက္ကဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်တာဝန်ပေးယူထားတဲ့ လက်ပံတောင် စုံစမ်းရေး ကော်မရှင်လည်း ခေါင်း စားရတော့မယ့်ကိန်း ဆိုက်ရောက်နေပါတယ်။ 
လက်ပံတောင်း ကော်မရှင်ကိုတော့ သမ္မတ ဦးသိန်းစိန်က ဖွဲ့ပေးခဲ့တာပါ။
အာဆီယံ-အိန္ဒိယ နယ်စပ် ဖြတ်ကျော် ကားမောင်းပွဲ မြန်မာရှစ်ဦး ပါဝင်
မန္တလေး၊ ဒီဇင်ဘာ ၁၃
အိန္ဒိယ နိုင်ငံနှင့် အာဆီယံ နိုင်ငံများကို ဖြတ်သန်း သွားလာနိုင်သည့် လမ်းကြောင်းတွင် ကျင်းပ သည့် ဒုတိယ အကြိမ် ကားမောင်းပွဲ (ASEAN – INDIA CAR RALLY 2012) တွင် မြန်မာနိုင်ငံက ရှစ်ဦး ပါဝင်ခဲ့ကြောင်း အိန္ဒိယ ကောင်စစ်ဝန်ရုံး ထံမှ သိရသည်။
အဆိုပါ ကားမောင်းပွဲတွင် စုစုပေါင်း ကား၃၁စီး မောင်းနှင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှ တစ်ဆင့် မြဝတီမြို့သို့ ဒီဇင်ဘာလ ၁၁ ရက်တွင် ရောက်ရှိပြီး မန္တလေး မြို့တော်သို့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နေပြည်တော်မှ တစ်ဆင့် ရောက်ရှိလာကြောင်း အင်ဒိုနီးရှား နိုင်ငံမှ နိုဝင်ဘာ ၂၆ ရက်နေ့တွင် စတင် ထွက်ခွာလာပြီး စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံမှ ဖြတ်သန်း သွားပြီး အိန္ဒိယနိုင်ငံ ဂိုဟာတီမြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း အဆိုပါ ရုံးထံမှ သိရသည်။
“ဒီဇင်ဘာ ၁၄ ရက်နေ့ မနက် ၇ နာရီ ၃၀ မိနစ်မှာ မန္တလေး တောင်ဘက် ကျုံးလမ်း ကနေ ကလေး မြို့ကို စတင် ထွက်ခွာမှာပါ၊ ကလေး ကနေ တမူး နယ်စပ်က တစ်ဆင့် အိန္ဒိယ နိုင်ငံကို ဝင်မယ် ဟု ၄င်းက ဆိုသည်။
ယင်းကားမောင်း ပွဲတွင် မြန်မာနိုင်ငံမှ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဝေဠုကျော်၊ မေသဉ္စာဦး၊ ဆုပန်ထွာ၊ ကိုပေါက် တို့ ပါဝင်ခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
Kotoke Gyi shared Popular Journal's photo.
အာဆီယံ- အိန္ဒိယ ကားပြိုင်ပွဲ (၂၀၁၂) ပြိုင်ပွဲ မြန်မာ
 အသင်းမှ သရုပ်ဆောင်ဝေဠုကျော်
Photo - K0M
အာဆီယံ- အိန္ဒိယ ကားပြိုင်ပွဲ (၂၀၁၂) ပြိုင်ပွဲ မြန်မာ
အသင်းမှ သရုပ်ဆောင်ဝေဠုကျော်
Thursday, December 13, 2012
ကနေဒါကုမ္ပဏီက ကိုယ်ပျောက်ဝတ်ရုံ တီထွင်
invisible
ကနေဒါနိုင်ငံရှိ Hyperstealth Biotechnology ကော်ပိုရေးရှင်းမှ ရေဒါဖြင့် ထောက်လှမ်း၍မရနိုင်သော ကိုယ်ပျောက်ဝတ်ရုံအား တီထွင်လိုက်ကြောင်း သိရသည်။ အဆိုပါဝတ်ရုံသည် ပတ်ဝန်းကျင်ရှိ အလင်းလှိုင်းများကို ညွှတ်ကွေးစေပြီး ဝတ်ဆင်ထားသူအား လုံးဝမြင်နိုင်ခြင်း မရှိပေ။ ဟယ်ရီပေါ်တာဇာတ်လမ်းထဲမှ မှော်ဝတ်ရုံနှင့်တူသော အဆိုပါဝတ်ရုံသည် ဂူဂဲ၏ night-vision ဖြင့်ပင် ထောက်လှမ်းနိုင်စွမ်းမရှိဟု တီထွင်သူများကဆိုသည်။
Copy from - planet.com
invisible
ကိုယ်ပျောက်ဝတ်ရုံသည် ပေါ့ပါး၍ ကင်မရာ၊ ဘက်ထရီ၊ အလင်းပေးမှုများ မလိုအပ်ပဲ အသုံးပြုနိုင်သည်ဟု သိရသည်။ ယင်းဝတ်ရုံကို နေ့ဘက်တွင် မမြင်နိုင်သကဲ့သို့ ရေဒါဖြင့်ထောက်လှမ်း၍လည်းမရနိုင်ကြောင်း Hyperstealth Biotechnology ကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ် မစ္စတာ ကရာမာက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ ယင်းဝတ်ရုံ၏ အသုံးဝင်ပုံကိုသာ ကြေညာမည်ဖြစ်ပြီး ဝတ်ရုံ၏ မည်သည့် အသေးစိတ် အချက်အလက်ကိုမျှ ထုတ်ဖော်ပြောကြားသွားမည်မဟုတ်ဟု ကုမ္ပဏီပိုင် website တွင် ရေးသားထားသည်။
http://www.dailymail.co.uk/sciencetech/article-2245935/The-camouflage-fabric-make-soldiers-INVISIBLE-Company-claims-Pentagon-backing-miracle-material.html
ပေါက်ဖော်ကြီးတို့ တိုင်းပြည်မှာ တနေ့ကို ခွေးအကောင်ရေ ၁၁၃၇ ကောင် ခန့်သတ်ဖြတ်ရောင်းဝယ်မှု လုပ်ကြတယ်တဲ့
လူနဲအနီးစပ်ဆုံးအတူနေသတ္တ၀ါထဲမှာ ချစ်စရာအကောင်းဆုံးကတော့ ခွေး ကြောင် တွေဘဲပေါ့ facebook ပေါ်မှာဆီုလဲ ခွေးလေး ကြောင်လေး    တွေရဲ့ ပုံတွေကို ချစ်စနိုးနဲ့တင်ကြတယ်  အတူနေ  အတူသွား   အတူအိပ်ကြ တယ် သူတို့  စီလုတ်   တွေကကတော့ မက်မက်သက်သက် သတ်ဖြတ် စား ကြတယ်တဲ့တကမ္ဘာလုံး    နိုင်ငံတော်တော်များများ (အောက်မှာဖေါ်ပြထားသည် ) ခေွး ကိ...
ချိုင်းနာဒေလီသတင်းမှာတော့ တိရိ စ္ဆာန်အကောင်ငယ် များ    ကာကွယ်စောင့်လျှောက်ရေးအသင်း(CSAPA) က ထုတ်ပြန်ကြေညာချက်မှာ တနေ့ကို  ခွေးအကောင်ရေ    ၁၁၃၇ ကောင်  ခန့်သတ်ဖြတ်ရောင်းဝယ်မှု  လုပ်ကြတယ်တဲ့
1 By region
Nerwork ကိုလေ့လာလိုသူများအတွက်...Networking Edition 1 (E-book)
Software ကိစ္စတွေပြီးတော့.......Network တွေဘက်လှည့်ရအောင်...
ဒီစာအုပ်မှာ...Networking ဆိုတာ..ဘာလဲဆိုတာကနေ...ပြီးတော့...စရှင်းပြထားပါတယ်.....
အခြေခံ..ကနေ..စပြီးရှင်းပြထားတာကြောင့်..နားလည်လွယ်ပါတယ်......
N.E ဆိုတဲ့..အလုပ်ကလည်း....နိုင်ငံခြားမှာ...လစာအရမ်းကောင်းပါတယ်....
စိတ်ဝင်စားရင်တော့....ဒေါင်းလိုက်ပါ...
                  Download ပြုလုပ်ရန်
ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်
ယခုတစ်ကြိမ်တွင်တော့ ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အကြောင်း တင်ပြချင်ပါသည်။
သူသည် လွန်ခဲ့သေ
ာနှစ်ပေါင်းနှစ်ရာကျော်မှ ပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုလျှင် အံ့သြကြမည်ထင်ပါသည်။
ထို့ထက်ပို၍ သူသည် ကုန်းဘောင်ဆက်၏မင်းမျိုးမင်းနွယ်ဖြစ်ကြောင်းပြောလျှင် ပို၍အံ့အားသင့်ကြပေလိမ့်မည်။
ကနောင်မင်းသားများလားဟု မေးစရာရှိပါသည်။ မဟုတ်ပါ။
ကျွန်တော်တင်ပြမည့်ပုဂ္ဂိုလ်မှာ ဘိုးတော်ဘုရား(ဗဒုံမင်း)၏သားတော် မက္ခရာမင်းသားကြီးဖြစ်ပါသည်။
မက္ခရာမင်းသားကြီးသည် ငယ်စဉ်ကတည်းကသွက်ချာပါဒလေငန်းရောဂါရှိသူဖြစ်ပြီး အခြားမင်းသားများကဲ့သို့ နန်းတွင်းရေးကို စိတ်မ၀င်စားခဲ့ဘဲ နိုင်ငံနှင့်လူမျိုးအတွက် နှလုံးရည်နှင့်အလုပ်အကျွေးပြုရန် ပညာရေးနယ်ပယ်တွင် သူ့ဘ၀ကို မြုပ်နှံခဲ့သူဖြစ်ပါသည်။
သူသည် ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပါဋ္ဌိသက္ကတဘာသာရပ်ကျမ်း (၂၃၄)ကျမ်းခန့် စုဆောင်းကာ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။
နောက်ပိုင်း အနောက်တိုင်းသားများ နန်းတွင်းသို့ဝင်ထွက်လာကြသောအခါ ထိုသူတို့နှင့် တွေ့ဆုံနှီးနှောပြီး အင်္ဂလိပ်စာသင်ယူရာမှတဆင့် သိပ္ပံပညာကို စိတ်ဝင်စားလာသည်။ သင်္ချာဘာသာရပ်ကိုကား အထူးဝါသနာပါသည်။
ထိုခေတ်က မြန်မာတို့သည် အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်များကို မတတ်မြောက်ကြသေး၊ ခေတ်မမီကြသေးပေ။
ထို့ကြောင့် မင်းသားကြီးသည် မြန်မာများခေတ်မီစေရေးအတွက် မြှော်တွေးကာ အစွမ်းကုန်ကြိုးပမ်းရန် စိတ်ပိုင်းဖြတ်ခဲ့ဟန်တူပါသည်။
ထို့နောက်သူသည် အင်္ဂလိပ်ကုန်သည် ချားလိန်းထံမှ (Ree's Encyclopedia) စွယ်စုံကျမ်းကြီးကို ၀ယ်ယူရရှိခဲ့ရာ အထူးတလည်လေ့လာဆည်းပူးခဲ့သည်။
ထိုကျမ်းကြီးသည် အနောက်တိုင်းခေတ်သစ်အတတ်ပညာ၊ စာပေ၊ ဗဟုသုတများကို AမှZအထိ စုပေါင်းပြုစုထားသေားကျမ်းကြီးဖြစ်ရာ မင်းသားကြီးသည် ထိုကျမ်းကြီး၏ အကျိုးအာနိသင်များကို သိမြင်လာပြီး မြန်မာများ ခေတ်နှင့်ရင်ပေါင်တန်းနိုင်စေရန် ထိုကျမ်းကြီးမှ အကြောင်းအရာများကို မြန်မာများသိရှိစေလိုသောစေတနာဖြင့် ချားလိန်း၏အကူအညီယူကာ စတင်ဘာသာပြန်ဆိုပါသည်။
သို့သော်ကျမ်းကြီးမှာ အုပ်ရေ၄၅အုပ်အထိရှိသောကြောင့် နှစ်ပေါင်းများစွာဘာသာပြန်ဆိုမှ ပြီးစီးမည်ဖြစ်ကြောင်းတွက်ဆမြီး သူဘာသာပြန်ဆိုနေစဉ်အတောအတွင်း မြန်မာများအင်္ဂလိပ်စာ လေ့လာနိုင်စေရန် အကြံထုတ်ဟန်တူပါသည်။
ထို့ကြောင့် မင်းသားကြီးသည် သူ့အားဆေးကုသပေးသော ဒေါက်တာပရိုက်၏အကူအညီနှင့် ဒေါက်တာဂျပ်ဆင်ဆိုသူ ပြုစုခဲ့သော အင်္ဂလိပ်အဘိဓာန်ကို စတင်ဘာသာပြန်ဆိုပါသည်။
နောက်ပိုင်း ဒေါက်တာပရိုက်ပြန်သွားသောအခါ ချားလိန်းနှင့် ပူးပေါင်းပြီး ဘာသာပြန်ဆိုရန်အားထုတ်ခဲ့ရာ နောက်ဆုံးတွင် ပထမဆုံးသော အင်္ဂလိပ်-မြန်မာအဘိဓာန်ဖြစ်သော လိန်း-မက္ခရာအဘိဓာန် ထွက်ပေါ်လာခဲ့ပါသည်။
မြန်မာနိုင်ငံကို ယခုမှရောက်ဖူးသည့် စာပေပညာရှင်မဟုတ်သော အင်္ဂလိပ်ကုန်သည်တစ်ဦးနှင့် အင်္ဂလိပ်စာနှင့်အဘိဓာန်ကို ယခုမှ မြင်ဖူးသော မြန်မာမင်းသားတစ်ပါးတို့သည် မူလပြုစုသူ ဒေါက်တာဂျပ်ဆင်က ရှစ်နှစ်ကြာပြုစုခဲ့ရသော အဘိဓာန်ကို ငါးနှစ်နှင့် ဘာသာပြန်ဆိုနိုင်ခဲ့သည်မှာ အံ့ချီးဖွယ်ရာပင်ဖြစ်ပါသည်။
ထိုခေတ်အခါက အင်းဝနေပြည်တော်ရောက် အနောက်တိုင်းသားများ အလေးစားဆုံးပုဂ္ဂိုလ်မှာ မက္ခရာမင်းသားကြီးဖြစ်ကြောင်း ၄င်းတို့၏မှတ်တမ်းများအရ သိရှိရပါသည်။
မင်းသားကြီး၏စာကြည့်ဆောင်၌ အပူအအေးတိုင်းသော သာမိုမီတာနှင့် လေဖိအားတိုင်းသော ဘာရိုမီတာတို့ပင် ရှိပါသည်။
မင်းသားကြီးသည် ကမ္ဘာလုံးသည်ဟူသော အယူအဆကို လက်ခံသူလည်းဖြစ်ပါသည်။
မင်းသားကြီးသည် လောဂရစ်သမ်ဂဏာန်းသင်္ချာကိုလည်း ကောင်းစွာတတ်မြောက်ပြီး အနောက်တိုင်းနက္ခတ္တဗေဒနှင့် ပထ၀ီဝင်ကိုလည်း လေ့လာလိုက်စားခဲ့ပါသည်။
နောက်ဆုံးကံတော်ကုန်ချိန်အထိ အနောက်တိုင်းခေတ်သစ်သိပ္ပံပညာရပ်အများအပြားကို လေ့လာလိုက်စားခဲ့သူလည်းဖြစ်ပါသည်။
ထို့ပြင် ထိုခေတ်အခါက အာရှတိုက်မှ ဒိပ်ဒိပ်ကြဲပညာရှင်သုတေသီများသာ အသင်းဝင်ခွင့်ပြုသော ဘင်္ဂလားအာရှဆိုင်ရာဝိဇ္ဇာသိပ္ပံသုတေသနအသင်းကြီးမှ ဂုဏ်ထူးဆောင်အသင်းသားသိပ္ပံပညာရှင်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါသည်။
မင်းသားကြီးသည် မင်းတုန်းမင်းနန်းမတက်ခင် အသက်၅၇နှစ်အရွယ်၌ ကံတော်ကုန်ခဲ့ပါသည်။
အသက်၅၇နှစ်ဆိုသည်မှာ အသက်ကြီးပြီဟုမဆိုနိုင်သောကြောင့် နှမြောစရာကောင်းလှပါသည်။
ကနောင်မင်းသားကြီးနှင့်လက်တွဲအလုပ်မလုပ်နိုင်ခဲ့သည်က ပိုပြီးနှမြောဖို့ကောင်းပါသည်။
သူပြုစုခဲ့သော အဘိဓာန်စာအုပ်မှာ ယခုထိ မပျက်စီးဘဲ ကျန်နေသည်မှာ နှစ်အုပ်သာရှိကြောင်း ဆိုပါသည်။
တစ်အုပ်မှာ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော်၊ ကွန်ဂရက်စာကြည့်တိုက်တွင်ဖြစ်ပြီး ကျန်တစ်အုပ်မှာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အမျိုးသားစာကြည့်တိုက်တွင် ရှိကြောင်းသိရပါသည်။
ထို့ကြောင့် မက္ခရာမင်းသားကြီးအား ကမ္ဘာမှ အသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အဖြစ် ကျွန်တော်အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုကာ တင်ပြလိုက်ရပါသည်။
အားလုံးကိုလေးစားစွာဖြင့်
မင်းအရိပ်
ကိုးကားစာရင်း
-မောင်သန်းဆွေ(ထားဝယ်) - ကုန်းဘောင်ရှင်းတမ်း
-ဇေယျ - မြန်မာ့မျက်ပွင့်
-မင်းယုဝေ - ပထမမြန်မာများ
-မင်းသုဝဏ် - လိန်း-မက္ခရာ စေတနာ (ဆောင်းပါး)
FWD Mail