ရွှေမြန်မာမီဒီယာဂရု | Saturday, 1 December 2012
အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ တရုတ်မော်ဒယ် Wang Xiaomeng ဟာ
ရဲယူနီဖောင်း ၀တ်ဆင်ပြီး Sexy ပုံများရိုက်ကာ သူမရဲ့ Weibo account မှာ
တင်ခဲ့တဲ့အတွက် ဆိုင်းငံ့ထောင်ဒဏ် ကိုးလပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်လို
့Dailymail. News ရေးသားထားပါတယ်။
သူမရဲ့ ရဲတူညီဝတ်စုံဝတ်ဆင်ပြီး
ရမ္မက်နိုးကြွစေတဲ့ ပုံရိပ်များရိုက်ကူးခြင်းဟာ ရဲတပ်ဖွဲ့ဝင်များရဲ့
ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တာကြောင့် သူမ ပုံများကို မြင်တဲ့သူများဟာ
စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်လို့  သတင်းမှာဖော်ပြထားပါတယ်။
သူမရဲ့ ဘလော့ကို လာကြည့်တဲ့သူများဟာ
ထိုပုံကြောင့် စိတ်ဆိုးဒေါသထွက်ပြီး သူမရဲ့ ပုံများဟာလည်း အင်တာနက်မှာ
ပျံနှံ့ခဲ့ရပါတယ်လို့  ဆိုပါတယ်။
As a new cop in my hometown, I need to
learn the basics. As one of the flowers of the force, I am under
pressure. I have to eat and drink with government leaders every day. I
am using my flower status to dine with the leaders and win contracts for
projects and investments!" ဆိုပြီး" Wang Xiaomeng " ဟာ
ရေးထားခဲ့ပါတယ်တဲ့။
တင်ပြီးမကြာခင်မှာ
ဖျက်လိုက်ပေမယ့်လည်း တရားဥပဒေကတော့မရတော့ပါဘူးဆိုပြီး ဆိုင်းငံ့ထောင်ဒဏ်
ကိုးလပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

0 ကွန်မန့်ရေးရန်:
Post a Comment