Sunday, December 2, 2012

ပြည်ပနိုင်ငံများသို့ မိုဘိုင်းဖုန်း သယ်ဆောင် အသုံးပြုလိုပါက ဆက်သွယ်ရေးသို့ နှစ်ရက် ကြိုတင် အကြောငးကြားရမည်


Outbound စနစ်ဖြင့် ပြညတွင်းမှ မိုဘိုင်းဖုန်းများကို ပြည်ပနိုင်ငံများသို့ သယ်ဆောင် အသုံးပြုလိုပါက စမ်းသပ်ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးသို့ နှစ်ရက် ကြိုတင် အကြောင်းကြားရမည်ဟု သိရသည်။ အာဆီယံနိုင်ငံများ အပါအဝင် တရုတ်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံသို့ ပြည်တွင်းမှ မိုဘိုင်းဖုန်းများ သယ်ဆောင် အသုံးပြုနိုင်ရန် နိုဝင်ဘာလအတွင်း မြန်မာ့ဆက်သွယ်ရေးမှ စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရပြီး Outbound စနစ်ဖြင့် သယ်ဆောင် အသုံးပြုမှုကို ၂၀၁၃ ခုနှစ်၌ အပြည့်အဝ ဖွင့်လှစ်ပေးနိုင်ရန် မျှော်မှန်းထားရှိသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ပြောဆိုသည်။ “လောလောဆယ် ၂ ရက် ကြိုပြောမှ အဆင်ပြေမယ်။ တစ်ဖက်မှာ ညှိထားတာမျိုးက သေသေချာချာ မရှိသေးဘူး။ သယ်ပြီး သုံးတဲ့လူက အာရှဆိုရင်တောင် သိပ်ပြီး ပြဿနာ မရှိဘူး။ ဥရောပဘက်ဆိုရင် နည်းနည်းခက်တယ်။ သယ်ပြီး သုံးလို့ရတာကတော့ GSM ရော WCDMA ရော သုံးလို့ရပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။ Inbound စနစ်ဖြင့် ပြည်ပနိုင်ငံများမှ မိုဘိုင်းဖုန်းများကို ပြည်တွင်းသို့ သယ်ဆောင် အသုံးပြုခွင့်က၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း စတင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း၊ Outbound စနစ်ဖြင့် ပြည်ပသို့ မိုဘိုင်းဖုန်း သယ်ဆောင် အသုံးပြုခြင်းသည် လက်ရှိကာလ၌ Postpaid စနစ်ဖြင့် ဘီလ်ပေးဆောင်သည့် မိုဘိုင်းဖုန်းများ အတွက်သာ ဖြစ်ကြောင်း သိရသည်။
ကိုးကား – အင်တာနက်ဂျာနယ်

0 ကွန်မန့်ရေးရန်:

Post a Comment