အမှတ်(၁) ရဲတပ်ဖွဲ့မှ ရဲအင်အား ၅၀ ခန့်သည် သံဃာတော်များအား တောင်းပန်ရန် စောင့်ဆိုင်းလျက်ရှိကြောင်းသိရ.....
၎င်းတို့ထဲမှ အမည် မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက
"ငါတို့က ဟိုမှာ လုံခြုံရေးကျတာမဟုတ်ပါဘူး၊ ဒါပေမယ့် ငါတို့တပ်ဖွဲ့ဝင်တွေ ဆိုတော့ ငါတို့ဘဲတောင်းပန်ပေးရမှာပေါ့" ဟု ပြောသည်။
၎င်းတို့သည် အနောက်ဖက်ကမ်းဖြစ်သည့် ဆားလင်းကြီးသို့ပင် မရောက်ဖူုး သူများပါရှိပြီး အကြမ်းဖက်မှုတွင် မပါဝင်ကြောင်းသိရသည်။ (1-12-2012)

မုံရွာမြို့
ရွှေစည်းခုံစေတီတော်ရှိ တင်ဝင်းထွန်း ဓမ္မာရုံတွင် ယနေ့မွန်းလွှဲပိုင်းက
ပြုလုပ်ခဲ့သော သြ၀ါဒခံယူပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ဦးစန်းယု၏ လျှောက်ထားချက် (အဆိုပါသြ၀ါဒခံယူပွဲသို့
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မုံရွာမြို့မှ တိုင်းရဲတပ်ဖွဲ့၊
ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့များမှ အင်အား ၁၂၀ ခန့်
တက်ရောက်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များမှာ ရာထူးအနိမ့်ဆုံး ရဲတပ်သားမှ
ရာထူးအမြင့်ဆုံး ရဲမှ
ူးကြီးအထိ ပါဝင်ကြောင်း သတင်းရရှိသည်။)
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းလက်ရှိဖြစ်ပေါ်နေသောအကြောင်းအရာများနဲ့ သာသနာရေးဆိုင်ရာလျှောက်ထားချက်ဖြစ်ပါသည်ဘုရား။
တပည့်တော်ကစစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့စခန်းမှရဲမှူးကြီးစန်းယုဖြစ်ပါသည်ဘုရား။
ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်စီမံကိန်းကိုအကြောင်းပြု၍ဖြစ်ပေါ်လာခဲ့သောသပိတ်စခန်းများကိုဥပဒေနှင့်အညီဆောင်ရွက်ခဲ့ရပါသည်။ ဆရာတော်၊
သံဃာတော်အရှင်မြတ်များ၏တပည့်ရဟန်းသံဃာတော်များ မတော်တဆထိခိုက်ဒဏ်ရာရရှိခဲ့ရခြင်းအပေါ် တပည့်တော်တို့ကစိတ်နှလုံးမချမ်းမြေ့ဖွယ်ရာဖြစ်ရပါသဖြင့်
ပဏာမအားဖြင့် ရှိခိုးတောင်းပန်လျှောက်ထားအပ်ပါသည်ဘုရား။
လက်ပန်းတောင်းတောင်စီမံကိန်းသည် ပြည်ပနိုင်ငံတစ်နိုင်ငံနှင့်တရားဝင်စာချုပ်ချုပ်ဆိုပြီးဆောင်ရွက်နေသောနိုင်ငံတော်၏စီမံကိန်းကြီးတစ်ခုဖြစ်ပါသည်ဘုရား။
လုပ်ငန်းများဆောင်ရွက်ရာဒေသရှိပြည်သူများနစ်နာမှုကိုဖြစ်ပေါ်ကြောင်းသိရှိရ၍နေရာအဆောက်အအုံ၊ကျောင်းကန်များတည်ဆောက်မှုများတွင်တာဝန်ရှိသူများေ
ဆာင်ရွက်ပေးသည်ဟုသိရှိရပါသည်ဘုရား။
သို့ရာတွင်အချိန်ကာလကြာလာသည်နှင့်အမျှ နိုင်ငံရေးအရောင်အသွေးများအဘက်ဘက်မှဝင်ရောက်လာကြပြီး စီမံကိန်းကြီးလုံးဝရပ်ဆိုင်းရေးအတွက် သံဃာတော်များ
ပါဝင်လာပြီး သပိတ်စခန်းဖွင့်၍ လုပ်ငန်းများရပ်ဆိုင်းအောင် အကြပ်ကိုင်ဆောင်ရွက်လာခဲ့ကြပါသည်ဘုရား။
သံဃာတော်အရှင်သူမြတ်တို့ဘုရား လက်ပန်းတောင်းတောင်စီမံကိန်းရပ်ဆိုင်းရေးနှင့်ပတ်သက်သောသပိတ်စခန်းများတွင်သံဃာတော်များပါဝင်လာခဲ့ကြခြင်းမှာ
ဒေသခံတောင်သူများ၏ လိုအပ်ချက်တွေကိုညှိနှိုင်းပြီးတော့ ဒီဒေသ၏သာသနိကအမွေအနစ်များကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပြီး သပိတ်စခန်းများတွင်ပါဝင်ခဲ့သောေ
ဒသခံပြည်သူလူထုများအနေဖြင့်လည်း သံဃာတော်များကိုအကာအကွယ်ပြုကာဥပဒေများကိုမျက်ကွယ်ပြုလာပြီးပြုလုပ်လာခဲ့ကြပါသည်ဘုရား။
၂၀၁၂ခုနှစ်နိုဝင်ဘာလ ၁၈ ရက်နေ့တွင်စတင်သော သပိတ်စခန်းများသည် နိုင်ငံတော်စီမံကိန်းလေးခုကိုဥပဒေမဲ့နှောင့်ယှက်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံပူးပေါင်းလုပ်ေ
ဆာင်တရားဝင်များရပ်ဆိုင်းခဲ့ရခြင်းကြောင့် နိုင်ငံတော်အတွက်ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရပါသည်ဘုရား။
မကြာမီကလက်ပန်းတောင်းတောင်စီမံကိန်းနှင့်ပတ်သက်သော လွှတ်တော်တွင်တင်ပြ ဆွေးနွေးပြီးလွတ်တော်ကလက်ခံပြီးစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့စည်း
ဆောင်ရွက်ရန်နှင့်အတည်ပြုခဲ့ပြီးဖြစ်ပါသည်။
အလားတူပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကိုယ်တိုင်သပိတ်စခန်းများသို့သွားရောက်၍ဆန္ဒဖော်ထုတ်သူများကိုတွေ့ဆုံပြီးနိုင်ငံတော်၏နစ်နာဆုံးရှုံးမှုများကိုရှင်းလင်းခဲ့
ပြီးဖြစ်ပါသည်ဘုရား။
သို့ပေမဲ့မမြင်နိုင်သောကိစ္စများတွင်ဒေသဆိုင်ရာ ဥပဒေအဖွဲ့ကလည်းနိုင်ငံတော် ၏စီမံကိန်းတရားဝင်ပြဌာန်းထားပြီးဖြစ်ပါသည်ဘုရား။
မရွှေ့ပြောင်းနိုင်သေးသောကျေးရွာသုံးရွာကိုမိမိတို့ဆန္ဒအရ လောလောဆယ်မပြောင်းရွေ့လိုကမပြောင်းရွေ့ဘဲနေနိုင်ကြောင်းအသိပေးပြီးဖြစ်ပါသည်။
တရားဥပဒေစိုးမိုးရေးနှင့်အညီ နိုဝင်ဘာလ(၂၇)ရက် ည(၁၁)နာရီနောက်ဆုံးထား၍သပိတ်စခန်းများမှဖယ်ရှားပေးရန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင်
ထုတ်ပြန်ကြေညာခဲ့ပါသည်။ တရားဝင်သတ်မှတ်ထားသောအချိန်ထက် (၂၇)နာရီနောက်ဆုတ်ကာပြောင်းရွေ့ရန်နာရီဝက်တစ်ကြိမ် ကြေညာခဲ့ပါသည်။
(၂၉)ရက်နေ့နံနက်(၃)နာရီတွင် ၁၅မိနစ်စီခြား၍သုံးကြိမ်သုံးခါထုတ်ပြန်ကြေညာခဲ့သည်။ တပည့်တော်တို့အနေနဲ့တရားဥပဒေစိုးမိုးရေးနှင့် စီမံခန့်ခွဲမှုအာဏာတည်ရေး
အတွက်(၂၉.၁၁.၂၀၁၂)ရက် နံနက်(၃)နာရီတွင်တပည့်တော်တို့ကို ဥပဒေနှင့်အညီ
အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုအသုံးပြု၍ ထိခိုက်မှုများနည်းနိုင်သမျှနည်းအောင်နောက်ဆုံးအဆင့်အနေဖြင့်
ထိန်းသိမ်းဆောင်ရွက်မှုများပြုလုပ်ခဲ့ရပါသည်ဘုရား။
တပည့်တော်တို့တပ်ဖွဲ့အနေဖြင့် အကြိမ်ကြိမ်သတိပေးမေတ္တာရပ်ခံခဲ့ပါသည်။ မီးသတ်ကားဖြင့်ရေပက်ခြင်း၊ မျက်ရည်ယိုဗုံးသုံးခြင်းဖြင့်သာ ဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့ရပါသည်ဘုရား။
တပည့်တော်တို့အနေနဲ့ ဥပဒေအရလိုက်ပါဆောင်ရွက်ခဲ့ရပါသည်။ တပည့်တော်တို့တပ်ဖွဲ့ဝင်များသည်တရားဥပဒေစိုးမိုးရေးတည်ငြိမ်ရေးကိုဆောင်ရွက်ခဲ့ရသူများဖြ
စ်ပါသည်။ သို့ပါ၍ ဒီအရေးကိစ္စကိုတာဝန်အရဆောင်ရွက်ခြင်းဖြစ်ပါသည်ဘုရား။
သို့ပါ၍တပည့်တော်တို့အနေဖြင့်ဆရာတော်များ၏သားရဟန်းသံဃာများကိုထိခိုက်နစ်နာစေရန်ရည်ရွယ်ခြင်းမဟုတ်ကြပါဘုရား။
ဆရာတော်ကြီးများကိုယ်တိုင်သာသနာနှင့်မအပ်စပ်သည့်အလုပ်များကို မလုပ်ကိုင်ကြရန်သြ၀ါဒပေးခဲ့ကြပါသည်ဘုရား။
သာသနာတော်ကိုစောင့်ရှောက်တော်မူကြသည့် သံဃာတော်များဖြစ်သည့်အတွက် ယခုလိုထိခိုက်နစ်နာမှုများကိုအလွန်အင်မတန်စိတ်နှလုံးမချမ်းမြေ့ဖြစ်ရပါသည်ဘုရား။
ဗုဒ္ဒဘာသာဝင်များဖြစ်ကြသည့် ဆရာတော် သံဃာတော်ကြီးများကိုမှဲ့ တစ်ပေါက်မစွန်းထင်းစေချင်သောဆန္ဒရှိကြပါသည်ဘုရား။
တပည့်တော်တို့၏တာဝန်ရှိမှုကို မေတ္တာတရားရှေ့ထား၍ခွင့်လွှတ်ပေးကြပါရန်ရှိခိုးတောင်းပန်ရင်း နိဂုံးချုပ်အပ်ပါသည် ဆရာတော်ကြီးများဘုရား။
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

0 ကွန်မန့်ရေးရန်:
Post a Comment