Sunday, December 2, 2012

သင်၏အိပ်စက်ပုံ အနေအထားက ဖော်ပြနေသော သင့်ကိုယ်ရည်ကိုယ်သွေး


သင်၏အိပ်စက်ပုံ အနေအထားက ဖော်ပြနေသော သင့်ကိုယ်ရည်ကိုယ်သွေး

30 NOVEMBER 2012  

သင်ရဲ့ အိပ်စက်ပုံ အလေ့အထဟာ သင်ထင်တာ ထက်ပိုပြီး သင့် အကြောင်းကို ဖော်ပြနေနိုင်ပါတယ်။ အတွေ့ရများတဲ့ အိပ်စက်ပုံတွေကို ခန္ဓာကိုယ် ဘာသာစကား ကျွမ်းကျင် သူတွေက အကဲဖြတ်ပြီး ဒီလိုအိပ်စက်ပုံ အနေအထားတွေက သင်ဟာ ခေါင်းမာ သူလား၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင် သူလား၊ နေရာယူတတ်သူလား ဆို တာကို သဲလွန်စပေးနေကြောင်း ဆိုပါတယ်။
သန္ဓေသားအနေအထား အိပ်စက်တတ်သူလား
အိပ်တဲ့အခါ ဘောလုံးတစ်လုံးထဲမှာ ကွေးပြီး အိပ်သလို အိပ်တတ်သူလား။ လေ့လာမှုအရ လူတစ်ဝက်ကျော်ဟာ စောင်ခြုံပြီး သန္ဓေသားတစ်ဦးလို ကွေး ကာ အိပ်တတ်တယ်လို့ သိရပါတယ်။သန္ဓေ သားလို အိပ်စက်တာက သက်သောင့် သက်သာရှိပြီး စိတ်ပူပင်သောကတွေ လျော့ပါးသွားပါတယ်။
ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ
သန္ဓေသားလို ခန္ဓာကိုယ်ကို ကွေးပြီး အိပ်စက်တတ်သူတွေက နိုးနေတဲ့ အချိန် အတောအတွင်းမှာ အလွန်တာဝန် သိပြီး ကျေပွန်ကြပါတယ်။ သူတို့ရဲ့ နေ့စဉ်လုပ် ဆောင်ရမယ့် အလုပ်တွေအကြောင်းကို အလွန်အမင်း စဉ်းစားတတ် သူလည်း ဖြစ်ပါတယ်။
သစ်တုံးတစ်တုံး အနေအထား အိပ်စက်တတ်သူလား
လက်မောင်းနှစ်ဖက်ကို ခန္ဓာကိုယ် ရဲ့ ဘေးနှစ်ဖက်ချပြီး ဘေးစောင်းအနေ အထားအတိုင်း အိပ်စက်တတ်သူလား။ လေ့လာမှုအရ လူဦးရေ ၃၀ ရာခိုင်နှုန်း နီးပါးဟာ သစ်တုံးတစ်တုံးချထားသလို အိပ်စက်တတ်တယ်လို့ သိရပါတယ်။ ဒီလို အိပ်စက်ပြီး နိုးလာတဲ့အခါ တစ်ကိုယ်လုံးတောင့်တင်းနေပြီး အိပ်ရာ နိုးချိန်မှာ မသက်မသာခံစားရတတ်ပါ တယ်။ အိပ်နေတဲ့အချိန်မှာြွကက်သား တွေက သင့်တော်တဲ့ အနားရမှု မရှိလို့ပါ။
ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ
အေးဆေးတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပါတယ်။ မကြာခဏ တစ်ဦးတည်း သီးသန့်နေတတ်ပြီး သမားရိုးကျဘဝမျိုးမှာ နေတတ်ပါတယ်။
ဘေးစောင်းကွေးရင်း ဘေးချထားတဲ့ လက်တွေဆုပ်ကိုင်ကာ အိပ်တတ်သူလား
သင်က ဘေးစောင်း ပြီး လက်တွေကို ဆန့်တန်းကာ အိပ်စက်တတ်သူလား။ ဒီလိုအနေအထားနဲ့ အိပ်စက်သူက ၂၅ ရာ ခိုင်နှုန်းခန့် ရှိပါတယ်။
ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ
သူတို့ဟာ နံနက် အိပ်ရာနိုးတဲ့အခါ စိတ်ဓာတ်တက်ကြွနေတတ်ပါတယ်။ ဒါပေမဲ့ သူတို့က အိပ်မက်တွေမက်၊ စိတ်ကူးတွေယဉ်ကာ နေတတ်တာကြောင့် အချိန်ဖြုန်းမှန်းမသိ ဖြုန်းနေမိတတ်ပါ တယ်။
မှောက်လျက် အိပ်တတ်သူလား
ဗိုက်ကို အိပ်ရာနဲ့ ကပ်ပြီး လက်နဲ့ ခြေထောက်တွေကို ဘေးထုတ်ကာ အိပ် တတ်သူလား။ ဒီလို အိပ်တတ်သူက ၁၇ ရာခိုင်နှုန်းရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။
ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ
မှောက်ရက် အိပ်တတ်သူအများစုက အချိန်ကို စီမံခန့်ခွဲတတ်ကြပါတယ်။ ဘယ်တော့မဆို နေရာရအောင် ယူတတ်ပါ တယ်။ ဒါပေမဲ့ ဒီလို အနေအထားနဲ့ အိပ်တာက နိုးလာတဲ့အချိန်မှာ ခန္ဓာကိုယ်ကို သိပ်ပြီး သက်သောင့်သက်သာ မရှိစေပါဘူး။ ညဘက်မှာ အိပ်ရေးဝ၀ အိပ်ပျော် တတ်ကြပါတယ်။

ဇွန်

အေးချမ်းမွန်မှ   GOOD HEALTH တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : GOOD HEALTH

သင်ရဲ့ အိပ်စက်ပုံ အလေ့အထဟာ သင်ထင်တာ ထက်ပိုပြီး သင့် အကြောင်းကို ဖော်ပြနေနိုင်ပါတယ်။ အတွေ့ရ
များတဲ့ အိပ်စက်ပုံတွေကို ခန္ဓာကိုယ် ဘာသာစကား ကျွမ်းကျင် သူတွေက အကဲဖြတ်ပြီး ဒီလိုအိပ်စက်ပုံ အနေအထားတွေက သင်ဟာ ခေါင်းမာ သူလား၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင် သူလား၊ နေရာယူတတ်သူလား ဆို တာကို သဲလွန်စပေးနေကြောင်း ဆိုပါတယ်။
သန္ဓေသားအနေအထား အိပ်စက်တတ်သူလား အိပ်တဲ့အခါ ဘောလုံးတစ်လုံးထဲမှာ ကွေးပြီး အိပ်သလို အိပ်
တတ်သူလား။ လေ့လာမှုအရ လူတစ်ဝက်ကျော်ဟာ စောင်ခြုံပြီး သန္ဓေသားတစ်ဦးလို ကွေး ကာ အိပ်တတ်တယ်
လို့ သိရပါတယ်။သန္ဓေ သားလို အိပ်စက်တာကသက်သောင့် သက်သာရှိပြီးစိတ်ပူပင်သောကတွေ လျော့ပါးသွား
ပါတယ်။

ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ သန္ဓေသားလို ခန္ဓာကိုယ်ကို ကွေးပြီး အိပ်စက်တတ်သူတွေက နိုးနေတဲ့ အ
ချိန် အတောအတွင်းမှာ အလွန်တာဝန် သိပြီး ကျေပွန်ကြပါတယ်။ 
 
သူတို့ရဲ့ နေ့စဉ်လုပ် ဆောင်ရမယ့် အလုပ်တွေအကြောင်းကို အလွန်အမင်း စဉ်းစားတတ် သူလည်း ဖြစ်ပါတယ်။
သစ်တုံးတစ်တုံး အနေအထား အိပ်စက်တတ်သူလား လက်မောင်းနှစ်ဖက်ကို ခန္ဓာကိုယ် ရဲ့ ဘေးနှစ်ဖက်ချပြီး
ဘးစောင်းအနေ အထားအတိုင်း အိပ်စက်တတ်သူလား။ လေ့လာမှုအရ လူဦးရေ ၃၀ ရာခိုင်နှုန်း နီးပါးဟာ သစ် 
တုံး တစ်တုံးချထားသလိုအိပ်စက်တတ်တယ်လို့သိရပါတယ်။ဒီလိုအိပ်စက်ပြီး နိုးလာတဲ့အခါတစ်ကိုယ်လုံးတောင့်
တင်းနေပြီး အိပ်ရာ နိုးချိန်မှာမသက်မသာခံစားရတတ်ပါ တယ်။အိပ်နေတဲ့အချိန်မှာြွကက်သား တွေကသင့်တော်
တဲ့ အနားရမှု မရှိလို့ပါ။

ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ အေးဆေးတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပါတယ်။ မကြာခဏ တစ်ဦးတည်း
 သီးသန့်နေတတ်ပြီး သမားရိုးကျဘဝမျိုးမှာ နေတတ်ပါတယ်။ ဘေးစောင်းကွေးရင်း ဘေးချထားတဲ့ လက်တွေ
ဆုပ်ကိုင်ကာ အိပ်တတ်သူလား သင်က ဘေးစောင်း ပြီး လက်တွေကို ဆန့်တန်းကာ အိပ်စက်တတ်သူလား
။ ဒီလိုအနေအထားနဲ့ အိပ်စက်သူက ၂၅ ရာ ခိုင်နှုန်းခန့် ရှိပါတယ်။

ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ သူတို့ဟာ နံနက် အိပ်ရာနိုးတဲ့အခါ စိတ်ဓာတ်တက်ကြွနေတတ်ပါတယ်။ ဒါ
ပမဲ့ သူတို့က အိပ်မက်တွေမက်၊ စိတ်ကူးတွေယဉ်ကာ နေတတ်တာကြောင့် အချိန်ဖြုန်းမှန်းမသိ ဖြုန်းနေမိတတ်
ပါ တယ်။
 
 မှောက်လျက် အိပ်တတ်သူလား ဗိုက်ကို အိပ်ရာနဲ့ ကပ်ပြီး လက်နဲ့ ခြေထောက်တွေကို ဘေးထုတ်ကာ အိပ် တတ်
သူလား။ ဒီလို အိပ်တတ်သူက ၁၇ ရာခိုင်နှုန်းရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။
 
 ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ မှောက်ရက် အိပ်တတ်သူအများစုက အချိန်ကို စီမံခန့်ခွဲတတ်ကြပါတယ်
။ ဘယ်တော့မဆို နေရာရအောင် ယူတတ်ပါ တယ်။ ဒါပေမဲ့ ဒီလို အနေအထားနဲ့ အိပ်တာက နိုးလာတဲ့အချိန်မှာ ခန္ဓာကိုယ်ကို သိပ်ပြီး သက်သောင့်သက်သာ မရှိစေပါဘူး။ ညဘက်မှာ အိပ်ရေးဝ၀ အိပ်ပျော် တတ်ကြပါတယ်။
   
 
GOOD HEALTH 

0 ကွန်မန့်ရေးရန်:

Post a Comment