သပိတ်မှောက်သူများဖြိုခွဲခံရမှုတွင်
ဒဏ်ရာအများဆုံးရရှိခဲ့သည် မုံရွာမြို့ မဟာဇောတိကရာမကျောင်းတိုက်တွင်
နိုဝင်ဘာလ ၃၀ ရက်နေ့ (တန်ဆောင်မုန်းလပြည့်ကျော် ၂
ရက်နေ့)တွင်နှစ်စဉ်ကျင်းပပြုလုပ်လေ့ ရှိသည့် စာအောင်သံဃာတော်များအောင်လက်မှတ်ဆပ်ကပ်လှူဒါန်းပွဲတွင် နံနက်ပိုင်းဆွမ်းလောင်းလှူလေ့ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့်အစိုးရအဖွဲ့မှ ငွေကျပ်၁၇ သိန်းအကုန်အကျခံ လောင်းလှူမည့် ဆွမ်းလောင်းပွဲပျက်ခဲ့ကြောင်းသတ င်းရရှိသည်။
'"အခင်းဖြစ်ပြီး နောက်ရက်မှာပဲ မဟာဇောတိကရာမကျောင်းတိုက်အ၀င်ပေါက်တွေမှာ ဦးသာအေးနဲ့အဖွဲ့ လောင်းမယ့်ဆွမ်းအလှူကိုမကြွဖို့  ဆော်သြစာကပ်ထားတယ်။ မကြွရင် ဆွမ်းတစ်နပ်ပဲ မစားရမှာဖြစ်ပြီး သံဃာတော်တွေရဲ့အနာတွေ အပူတွေဟာ တစ်ရက်ထဲနဲ့မပျောက်ကင်းနိုင်ပါဘူးဘုရားဆိုတဲ
့ စာတွေကပ်ထားတယ်။ သံဃာတော်တွေကလည်း ဆွမ်းလောင်းမယ့်နေ့မှအားလုံး
သပိတ်မှောက်ဖို့ စီစဉ်ထားပြီး ကျောင်းတိုက်ထဲမှာရှိတဲ့
တိုက်အုပ်ဆရာတော်တွေက ငါ့ရှင်တို့ဆွမ်း အလှုခံမှာလားလို့မေးပါတယ်။ အားလုံးက
ဆွမ်းအလှူမခံပါဘူးလို့လျှောက်တင်ကြတော့
အစိုးရအဖွဲ့ကို အကြောင်းကြားပြီး ငွေ ကျပ် ၁၇ သိန်းတန် ဆွမ်း
အလှူပွဲမဖြစ်ခဲ့ပါဘူး။ စာအောင်သံဃာတော်တွေ အောင်လက်မှတ်ဆပ်ကပ်ပွဲတော့ဖြစ်ခဲ့ပါတယ်'" ဟု မဟာဇောတိကရာမတိုက်မှ သံဃာတော် တစ်ပါးကမိန့်ကြားခဲ့သည်။
မဟာဇောတိကရာမတိုက်မှပင့်ဖိတ်ထား ခြင်းခံရသည့်ဆရာတော် သုံးပါးသည်လည်း ဒီဇင်ဘာ လ ၁ ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားသောတောင်းပန် ပွဲဟု ဒေသခံများသိထားသော သြ၀ါဒခံယူပွဲသို့  လုံးဝလာရောက်ခြင်းမရှိကြောင်းသိ ရသည်။
သပိတ်မှောက်သူများဖြိုခွဲခံရမှုတ
'"အခင်းဖြစ်ပြီး နောက်ရက်မှာပဲ မဟာဇောတိကရာမကျောင်းတိုက်အ၀င်ပေ
အစိုးရအဖွဲ့ကို အကြောင်းကြားပြီး ငွေ ကျပ် ၁၇ သိန်းတန် ဆွမ်း အလှူပွဲမဖြစ်ခဲ့ပါဘူး။ စာအောင်သံဃာတော်တွေ အောင်လက်မှတ်ဆပ်ကပ်ပွဲတော့ဖြစ်ခ
မဟာဇောတိကရာမတိုက်မှပင့်ဖိတ်ထား
Posted in: ဆန္ဒပြပွဲ
0 ကွန်မန့်ရေးရန်:
Post a Comment