Thursday, August 9, 2012

Windows 8 စာမေးပွဲ ဖြေဆိုနိုင်ပြီ



By Internet Journal
Microsoft ၏ အရေးကြီး ခြေလှမ်းသစ်တစ်ခုဖြစ်သည့် Windows Operating System အသစ် Windows 8 ကို ယခုနှစ် ၂၀၁၂ နောက်ဆုံး သုံးလပတ်မတိုင်မီ သုံးစွဲသူများလက်ဝယ်သို့ ရောက်ရှိစေရမည် ဟု ကြေညာထားသကဲ့သို့ ယခင် ၂၀၁၂၊ စက်တင်ဘာလ (၁၇) ရက်မှာမှ ဖြေဆိုခွင့်ရမည့် 70-687: Configuring Windows 8 စာမေးပွဲကို ဇူလိုင်လလယ်မှ စတင်၍ Myanmar Knowledge တွင် ဖြေနိုင်ပြီဖြစ်ကြောင်း သိရသည်။

MCTS အနေဖြင့် MCITP Desktop Support Technician အထိ အောင်လက်မှတ်ပေးမည့် 70-687: Windows 8 စာမေးပွဲကို Beta Exam အဆင့်မှစ၍ ဝင်ရောက်ဖြေဆိုခွင့် ရနေပြီဖြစ်ကြောင်း စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



“၆၈၇ က MCSA အထိ သွားဖို့ သေချာပါတယ်။ Client Desktop ဖြစ်မလား၊ Enterprise Desktop ဖြစ်မလားဆိုတာ မကြာခင် သိရတော့မှာပါ။ OS ကို Release မလုပ်သေးဘူးဆိုပေမယ့် စမ်းသပ်နိုင်ဖို့ Microsoft က Download ပေးထားပါတယ်။ Exam Objective,Topic နဲ့ Skills Measured Area ကိုလည်း ကြေညာထားပြီးဖြစ်တဲ့အတွက် အခက်အခဲမရှိ ဖြေနိုင်မှာပါ။ Beta ဖြစ်နေတဲ့အတွက် အောင်လက်မှတ်ကိုတော့ Candidate တွေရဲ့ တုန့်ပြန်မှုကိုယူပြီး အမှတ်ပေးစနစ်ကို တည်ဆောက်တဲ့အတွက် လွယ်တာများတတ်ပါတယ်။ အရင် 2 for 1 ပရိုမိုးရှင်းကာလမှာ Windows 7 ဖြေပြီးအောင်ထားပြီးသူတွေ အခမဲ့ Voucher Code နဲ့ လာဖြေမယ် ဆိုရင် ငွေကြေးတစ်စုံတစ်ရာမှ ထပ်ပေးနေစရာ မလိုတော့ပါဘူး” ဟု စင်တာမှ တာဝန်ခံမန်နေဂျာက ရှင်းပြသည်။

အသေးစိတ် အချက်အလက်များကို ဖုန်း-၀၉-၇၃၀၁၉၈၆၅၊ ၀၁၁၂၉၂ ၇၀၁ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment