Thursday, August 9, 2012

ကုလား ဂါးဗားမန်း ဂွဂါးဗားမန်း



နေပြည်တော်မှာ သြဂုတ်လ ၈ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အစိုးရ တာဝန်ရှိ သူတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ ထုတ်ဖော်ကြေညာ မှတ်တမ်းတင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က တင်သွင်းလိုက်တဲ့ အဆိုကို ယမန်နေ့ လွှတ်တော် အစည်းအဝေးက ဆက်လက်ဆွေးနွေးမှု မလုပ်တော့ပဲ ပယ်ချလိုက်ပါတယ်။

ဒီအဆိုကို NLD အမတ်တွေပါမက အခြားပါတီအမတ်တွေအပြင် တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ စုစုပေါင်း ကိုယ်စား လှယ် ၁၃ ဦး ကလည်း ထောက်ခံပါလျှက်နဲ့ နောက်ဆုံး မဲခွဲ ဆုံးဖြတ်မှုမှာ ရှုံးနိမ့် သွားတာလည်းဖြစ်ပါတယ်။

ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်စေရေးအတွက် အဆင့်ဆင့် အစိုးရ အဖွဲ့ဝင်တွေ ရဲ့ ပြောင်းရွေ့ နိုင် သော ပိုင်ဆိုင်မှု ပစ္စည်း၊ မပြောင်းရွေ့နိုင်သော ပိုင်ဆိုင်မှု ပစ္စည်တွေ၊ ပြည်တွင်း ပြည်ပတွေ မှာ ပိုင်ဆိုင်တဲ့ အကျိုးစီးပွားတွေ ဒါတွေကို ထုတ်ဖော်ကြေညာမှတ်တမ်းတင်ဖို့ အဆိုတင် သွင်းခဲ့တာပါ။

ဆက်လက်ဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာမှ မဲပေးနိုင်သူ ၃၇၉ ဦး ရှိပြီး ၃၅၄ ဦး မဲပေးရာ ထောက်ခံမဲ ၆၈ မဲ ၊ ကန့်ကွက်မဲ ၂၇၁ မဲ နှင့် ကြားနေမဲ ၁၅ မဲ တို့ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ၀က်ဘ်ဆိုက်မှာ ဖော်ပြထား ပါတယ်။

ကန့်ကွက်မဲ အများစုမှာ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ပေးတဲ့ မဲတွေဖြစ်တဲ့ အကြောင်း လွှတ်တော် ကိုယ်စားလှယ် တဦး က ပြောထားပါတယ်။

ဒီလို ပယ်ချလိုက်တာဟာ သူတို့မှာ ပိုင်ဆိုင်တဲ့ ပစ္စည်း၊ အကျိုးစီးပွားတွေကို ပြည်သူကို ချပြဖို့ သတ္တိမရှိကြ တာကို လွှတ် တော် ထဲက မတရား စီးပွားရှာထားကြတဲ့ ကိုယ်စားလှယ်တွေက အလုပ်နဲ့ သက်သေပြ လိုက်တာလည်းဖြစ်ပါတယ်။

အခုလိုပယ်ချလိုက်တယ်ဆိုတဲ့သတင်းဟာ တောမီးပမာ ပျံ့နှံ့သွားပြီး သုံးသပ်ဝေဖန်သူတွေက ခပ်မြန်မြန်ပဲ တူညီတဲ့ တုံ့ပြန်သံ တခုထွက်လာပါတယ်။

ဒါကတော့ ခိုးသားများရဲ့ လွှတ်တော် ဟူသတည်း။

နိုင်ငံတော်ဘဏ္ဍာငွေတွေ အလွဲသုံးစားလုပ်ထားသူတွေ၊ မတရား အာဏာရောင်းစား၊ လုပ်ပိုင်ခွင့် ရောင်း ၀ယ်ဖောက်ကား ထားကြလို့ ရထားတဲ့ စည်းစိမ် ဥစ္စာတွေကို ဥပဒေအရ ကြေညာလိုက်ရင် သူတို့တွေဟာ ခိုးသားတွေဖြစ်တာ ပြည်သူတွေ တင်မက တလောကလုံးက လက်ပူးလက်ကျ သိသွားမှာ စိုးရိမ်လို့ပါတဲ့။

0 ကွန်မန့်ရေးရန်:

Post a Comment