Thursday, August 9, 2012

ပြုံးလိုက်ရအောင်(၂)


ရှာပုံတော်
ဓာတ်တိုင်ကို ပတ်၍ ကိုချူချာ တစ်ခုခုကို သဲသဲမဲမဲ ရှာနေသည်။ ဖြတ်သွားသူတစ်ယောက်ကမေးသည်။
“ဟေ့လူ……ဘာပျောက်လို့ ရှာနေတာလဲ……ညအချိန်မတော်ကြီး”
“ပိုက်ဆံ တစ်ရူဘယ်”
“ဒီနေ၊ရာမှာ ကျပျောက်တာလား”
“ဟင့်အင်း…..ဒီကနေ ငါးကိုက်လောက်အကွာမှာ”
“အဲဒါဆို ဘာဖြစ်လို့ ဒီမှာရှာနေရတာလဲ”
“ဒီမှာ အလင်းရောင်ရှိလို့”


ကြိုတင်ပြင်ဆင်မှု
ချူကာကော့ပြည်နယ်၏ မြို့လေးတစ်မြို့ရှိ အိမ်တစ်အိ
မ်တွင် မီးလောင်သဖြင့် မီးသတ်ကားများရောက်လာသည်။သို့သော် ရေစုပ်စက် ပျက်နေသည်။ မီးသတ်ပိုက်ကလဲနေရာအနှံ့အပေါက်တွေနဲ့ချည်း ဖြစ်သည်။ထို့ကြောင့် အိမ်ကြီးတစ်အိမ်လုံးပြာကျသွားသည်ကို ဒီအတိုင်း လက်ပိုက်ကြည့်နေလိုက်ကြရသည်။
နောက်တစ်နေ့တွင် မြို့နယ်ကောင်စီရုံးက အရေးပေါ် အစည်းအဝေးတစ်ခုကို ကျင်းပပြီး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်လေသည်။
မီးမလောင်မီ တစ်ရက်အလိုတိုင်းတွင် ရေစုပ်စက်နှင့် မီးသတ်ပိုက်များကို စနစ်တကျ စစ်ဆေးရမည်” ဟူ၏။
မေတ္တာ
မော်စကိုမြို့တွင် ဖြစ်သည်။
အဆောက်အဦးတစ်ခုအပေါ်မှ အုတ်ခဲတစ်ချပ်ကျလာရာ လမ်းသွားသူတစ်ဦး၏ ခေါင်းပေါ်တည့်တည့်ကျသည်။ရသောဒဏ်ရာ ပြင်းထန်သဖြင့် ပွဲချင်းပြီး သေသွားသည်။ လူများဝိုင်းလာပြီး မကျေမနပ်ပြောသည်။
လမ်းတောင် လွတ်လွတ်လပ်လပ်လျှောက်လို့မရတော့ဘူးးးးးအုတ်ခဲတွေ လူ့ခေါင်းပေါ်ကျသတဲ့…ဟင်းးးးတာဝန်ရှိသူတွေ ဒီတိုင်းလက်ပိုက်ကြည့်နေတော့မှာလား
လူအုပ်ထဲမှ တစ်ယောက်သည် သေသူကို ငုံ့ကြည့်ပြီး ပြောသည်။
“ကျွန်တော် သူ့ကို သိတယ် ။ ပါတီဌာနချုပ်က ဝန်ထမ်းတစ်ယောက်ပဲ ဗျ
လူအုပ်ထဲမှ မကျေနပ်သံ ပို၍ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာသည်။
အဲဒီ ပါတီဝန်ထမ်း ဆိုတဲ့ သူတွေ လွန်ကို လွန်လွန်းအားကြီးတယ် ၊ ဘယ်သွားသွား သူတို့ချည်းပဲ….အခုပဲကြည့်…..အုတ်ခဲတောင် လွတ်လွတ်လပ်လပ် ကျဖို့ နေရာမရှိဘူး”
ဒေါက်တာဂျက်
ဆေးကုမြန်သဖြင့် “ဒေါက်တာဂျက်”ဟု အမည်ပေးခံရသော ဆရာဝန်၏ ဆေးခန်းတွင်ဖြစ်သည်။အခန်းထဲသို့ အဘွားးကြီးတစ်ယောက် ဝင်လာသည်။
“ဒေါက်တာ ၊ ဒေါ်ဒေါ် အသားဝါးလို့ မရဘူးကွယ်”
“အဒေါ့်အသက် ဘယ်လောက်လဲ”
“၉၀ ပါ”
“ဒီအရွယ်ထိ ဝါးခဲ့ပြီးပြီပဲ..၊ကျေနပ်တော့ ၊ နောက်တစ်ယောက်”
ချာတိတ်လေး ဝင်လာသည်။
ကျွန်တော် ခဲတံ မျိုချလိုက်မိတယ်”
“ဖောင်တိန်နဲ့ရေး ၊ နောက်တစ်ယောက်”
ယောကျာ်းကြီးတစ်ယောက် ဝင်လာသည်။
ကျွန်တော်နားမကြားဘူး၊ကိုယ့်ဟာကိုယ် လေလည်တာတောင်မကြားရဘူး”
ဒေါက်တာဂျက် သူ့ကို ဆေးပေးလိုက်သည်။လူနာကမေးသည်။
“ဒီဆေးစားရင် ကျွန်တော် နားကောင်းကောင်း ကြားရမလားဟင်”
“ဟင့်အင်း ၊ လေလည်သံ ပိုကျယ်လာမယ်…”
ကိုယ့်ပစ္စည်းကိုယ်ယူ
သွားကုဆေးခန်းတွင် ဖြစ်သည်။
သွားဆရာဝန်က လူနာကို ပြောသည်။
ကိုက်နေတဲ့ သွားကို ကျွန်တော် နူတ်တော့မယ် ပြင်ထားပေတော့
လူနာသည် ကြောက်လန့်တကြားဖြင့် ကုလားထိုင်၏ လက်ကိုင်နှစ်ဘက်ကို တအား ကိုင်ထားသည်။
“ကိုင်း နှုတ်ပြီ”
“အားးးးးးးးးးးးးးးးး
နူတ်လိုက်သောသွားကို ဆရာဝန်ကို လူနာအား ကမ်းပေးသည်။
“ရော့……..နာနေတဲ့ ခင်ဗျားသွား”
လူနာကလဲ ကုလားထိုင်လက်ကိုင်တွေကို ဆရာဝန်ဘက် ကမ်းပေးသည်။
“ရော့….ဆရာ့ ကုလားထိုင်လက်ကိုင်တွေ”

ပြုံးရယ်ပျော်ရွှင်နိုင်စေ..

0 ကွန်မန့်ရေးရန်:

Post a Comment