Thursday, August 9, 2012

ပီဖင်းဂိုးနဲ့ ဂျီတော့ခ် ဘာကွာခြားသလဲ



ဂျီတော့(ခ်)ဟာ IM (Instant Messaging Tool) လေးတစ်ခုပဲ ဖြစ်ပါတယ်။ ဂျီတော့(ခ်)ဟာ အင်တာနက် အသုံးပြုနေသူ အချင်းချင်းသာ တိုက်ရိုက် ဆက်သွယ်ပြောဆိုလို့ ရတယ်။ ဂျီတော့(ခ်)ကနေ တယ်လီဖုန်းကို ခေါ်ဆိုလို့ မရသေးပါဘူး။ ဂျီတော့(ခ်) တစ်ခုထဲမှ မဟုတ်ပါဘူး၊ Yahoo Messenger, MSM (Microsoft Messenger) တွေဟာလည်း အင်တာနက် အသုံးပြုသူ အချင်းချင်းသာ ဆက်သွယ်လို့ရတဲ့ IM တွေပဲ ဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံရပ်ခြားက လူတစ်ယောက်ကို စကားပြောချင်ရင် အဲဒီသူကလည်း အင်တာနက်လိုင်းပေါ်မှာ ရှိနေဖို့ လိုအပ်ပါတယ်။ ပီဖင်းဂိုးလို VOIP စနစ်ကတော့ တစ်ယောက်ကသာ အင်တာနက်လိုင်းပေါ်မှာ ရှိနေရင် သူခေါ်ချင်တဲ့သူကို အင်တာနက်ကနေ တိုက်ရိုက် သူ့ရဲ့ဖုန်းကို လှမ်းခေါ်လို့ ရတာမျိုးပါ။ Gtalk လို IM တွေအနေနဲ့ တစ်ေ
ယာက်နဲ့ တစ်ယောက် ဆက်သွယ်ချင်ရင် အသုံးပြုတဲ့ ID တစ်ခုကို သိဖို့ လိုအပ်ပါတယ်။ ပြီးရင် ကိုယ်ခေါ်ချင်တဲ့သူက ကိုယ့်ကို လက်ခံဖို့ (Accept) လည်း လိုအပ်ပါတယ်။ ပီဖင်းဂိုးကတော့ ကိုယ်ပြောချင်တဲ့သူရဲ့ ဖုန်းနံပါတ်ကို တကယ့်ဖုန်းလိုပဲ ရိုက်ထည့်ပြီး ခေါ်ဆိုရုံပါပဲ။ ဒီလို အင်တာနက်ကနေ တယ်လီဖုန်းကို တိုက်ရိုက်ခေါ်ဆိုနိုင်တဲ့အပြင် Gtalk လိုပဲ ပီဖင်းဂိုး အသုံးပြုသူ အချင်းချင်းလည်း Instant Messaging အနေနဲ့လည်း အသုံးပြုလို့ ရပါသေးတယ်။ Internet-Internet စကားပြောလို့လည်း ရတယ်။ Chatting လုပ်လို့လည်း ရတယ်။ ဒီလို ပီဖင်းဂိုးကနေ အခြားပီဖင်းဂိုး အကောင့်ကို တိုက်ရိုက် ခေါ်ဆိုတာမျိုးကျတော့ အခမဲ့ ဖြစ်ပါတယ်။ တယ်လီဖုန်းလိုင်းကို ခေါ်ဆိုမှသာ ပိုက်ဆံပေးရပါတယ်။ အင်တာနက် ချိတ်ဆက်ထားတဲ့ တယ်လီဖုန်းတွေဆိုရင် ကွန်ပျူတာမလိုဘဲ တယ်လီဖုန်းကနေပဲ ပီဖင်းဂိုးကို အသုံးပြုပြီး ဆက်သွယ်တာမျိုးလည်း ရှိပါတယ်။ http://voipservices.ning.com/

0 ကွန်မန့်ရေးရန်:

Post a Comment