Thursday, August 9, 2012

မောင်တောမြို့ကို ဗုံးခွဲမည်ဟု သတင်းထွက်ပေါ် သက်ဆိုင်ရာမှ လမ်းများပိတ်ထား





D-nwe Oo
.....မောင်တောမြို့ အရေးကြီးသတင်း....
ယနေ့(၈-၈-၂၀၁၂)နေ့တွင် မောင်တောမြို့အား ဗုံးဖောက်ခွဲမည်ဟု သက်ဆိုင်ရာမှ သတင်းရရှိသောကြောင့် ဈေးအပါအ၀င် ကျန်ဆိုင်များအားလုံးကို ပိတ်ခိုင်းလိုက်ကြောင်းသိရသည်။ မြို့သူလူထုများအားလည်း မိမိတို့အိမ်မှလွဲပြီး အပြင်ကို မထွက် ကြရန်သတိပေးထားကြောင်းသိရသည်။ မောင်တောမြို့ခံတစ်ဦးအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် 'အရင်နေ့တုန်းကဆိုရ...
င် ကုလားတွေ ဈေးကိုလာဖွင့်ကြတယ်. ဒီ
နေ့ကျတော့ ထူးဆန်းတယ် မနက်ကတည်းက ကုလားတွေဈေးကိုမလာခဲ့ကြဘူး။ နောက်တော့ သက်ဆိုင်ရာက ဒီလိုမျိုးသတင်းရတယ်ဆိုပြီး ဈေးတွေပိတ်ခိုင်းပြီးတော့ လူတွေကို အတွင်းမှာပဲ နေခိုင်းတယ်။ အခုတော့လမ်းတွေကို သံဆူးကြိုးတွေနဲ့ ပိတ်ထားပါပြီ'' ဟု ပြောကြားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျွန်တော်တို့အားလုံး သတိထားရမှာပါ။ ကျွန်တော်ရတဲ့ သတင်းလေးကို မျှဝေပေးတာပါ။ ဆက်လက်ပြီးရတဲ့သတင်းတွေကို မျှဝေပေးပါအုံးမယ်....။

ဖေ့ဘုတ်မှ သတင်းတပုဒ်ပါ ။

 မာဃလုလင်

0 ကွန်မန့်ရေးရန်:

Post a Comment