Sunday, June 17, 2012

ဆုတောင်းမူ....။ ရဲရင့်ခေါင် ။


အချိန်တွေကုန်ဆုံးသွားတယ်
သိမ်းငယ်မူ အားငယ်မူတွေနဲ့
စစ်ဘေးသင့် ပြည်သူတွေ
ငတ်ပြတ်နေကြတဲ့ ပြည်သူတွေ
လူထဲက လူတွေထဲပင်မဟုတ်ပေလား...။
ဆာလာမွတ်သိပ်ခြင်း ကို
စိတ်မှာနှစ်ပြီး
တံတွေးကို ရေအဖြစ်မျိုးချ
ကလေးကျောပိုး
ဒုက္ခတွေကို
ခံခဲ့ရသူ အသိဆုံးပေါ့...။
ငိုကြ ကြွေကျ မြေခတဲ့ မြေရေ
သွေး မြေကျ လို့
ကမ္ဘာကြီးအရောင်တွေ ပေကုန်လေပြီ
တုန်ရီနေတဲ့ သက်ကြီးရွယ်အိုး
ပွင့်ကာစ ပန်းလေးတွေ
ငယ်ရွယ်တဲ့ ကလေးတွေ
လူငယ် လူကြီး လူလတ် အကုန်အစုံ
ကမ္ဘာတစ်ဝန်း
ငတ်ကြ ပြတ်ကြ ဒုက္ခရောက်ကြ
အမျိုးကြုံတွေ့ နေတာ
ဝဠ်ကြွေးလေလာ...။
စာနာထောက်ထား
လူချင်း ကိုယ်ချင်းစာလို့
သနား ကြင်နာ
လက်တွဲခေါ်လို့
နှစ်သိမ့်အားပေး
ပျော်ရွင်မူတွေကို
ပေးကြရမည် မဟုတ်လေလာ..။
ကမ္ဘာ တစ်ဝန်း ဖြစ်ပျက်နေသော
ဒုက္ခသည်အတို့
မရောက် မလာ နိုင်သူတွေအတွက်
မြင်နေရတာနဲ့ ပင်
ကြေကွဲ ၀မ်းနည်း
သင်တို့ အတွက်
လက်အုပ်ချီ ပြီး
ဆုတောင်းနေပါတယ် ..........။
ကျန်းမာ ချမ်းသာ
ဒီဒုက္ခမှ
လွတ်မြှောက်ကြပါစေ..........။ ရဲရင့်ခေါင် ။


0 ကွန်မန့်ရေးရန်:

Post a Comment