Sunday, June 17, 2012

ပြည်သူတွေရဲ့ငြိမ်းချမ်းရေးသည် အစိုးရအဓိက တာဝန်ဖြစ်



မိမိတို့ မြန်မာနိုင်ငံ ပြည်ထောင်စုကြီးတွင် ကိုယ့်တိုင်းရင်းသားညီအကိုမောင်နှစ်များ စနစ်ဆိုးတခုကြောင့်အယူအဆအတွေအခေါ်များနှင့်အုပ်ချုပ်ရေးဆိုင်ရာမှားယွင်းမှု့ကြောင့် ဒုက္ခဆင်းရဲရောက်ကြရပါတယ်။စစ်ပွဲများကို ဆင်နွဲနေရသည်။မိမိတို့ တိုင်းပြည် ၏လူမျိုးစုနွယ်များ မပျောက်ပျက်စေရန်၊ ထိမ်းသိမ်းစောက်ရှောက်သင့်ပါတယ်။ယခုအခါတိုင်းပြည်တွင် ခြစားသကဲ့သို့
နယ်စပ်ဒေသဆိုင်ရာ လူဝင်မှု့ကြီးကြပ်ရေးဆိုင်ရာ၊ တိုင်းဒေသနယ်စပ်ဒေသများ ကို လုံခြုံရေးစောင့်ကြပ် တာဝန်ယူခဲ့ကြသည့် စစ်ဘက်ဆိုင်ရာ အကြီးအကဲများ နှစ်ပေါင်းများစွာ ကပင်ပေါ့ဆစွာ လုပ်ကိုင်ဆောင်ရွက်မှု့များကြောင့် ရခိုင်ဒေသ တွင် လူမျိုးခြားများကျူးကျော်ဝင်ရောက်ခြင်း၊နှစ်ရှည်ကြာနေထိုင်လာခြင်းကြောင့်၊ယခုအခါ ပြသနာကြီးထွားလာခဲ့ပါသည်။
ရခိုင်ပြည်နယ်တွင် ကုလားလူမျိုးများရောထွေးနေထိုင်နေခြင်း၊ ကချင်ပြည်နယ်ဒေသများတွင်လည်း တရုတ်များရောထွေးနေထိုင်နေခြင်း၊ကျွန်တော်တို့ တိုင်းပြည်စည်းရိုးများသည် အဖက်ဖက်တွင်လုံခြုံမှု့မရှိပါ။
ထိုသို့သောနယ်စပ်များတွင် လုံခြုံမှု့ မရှိသလို၊ မလိုအပ်သောနေရာများတွင် လုံခြုံရေးတင်းကြပ်ခြင်း၊ လိုအပ်သောနေရာများတွင်လုံခြုံရေးဆောင်ရွက်မှု့များသည် စနစ်မကြခြင်းများ ၊ မမှန်ကန်ခြင်းများကြောင့်၊တိုင်းပြည်တခုလုံးခြုံငုံ ကြည့်လျှင်များစွာမှပင် ဖရိုဖရဲနိုင်လှပါသည်။ ချင်းပြည်နယ်၊အန္ဒိယနယ်စပ်များလည်း ထိုကဲ့သို့ပင်။
  သတင်းအချက်အလက်များ ယခုအခါ ပိုမိုလျှင်မြန်စွာ သိရှိလာရသည်ဆိုသော်လည်း မိမိတိုင်းပြည်တွင်
မည်သည့်နေရတွင် ဘာဖြစ်နေသည်။ ဖြစ်ပေါ်လာသည့်ပြသနာအကြောင်းအရာများကို မည်သို့ ဖြေရှင်းမည် ။ သဘာဝဘေးဒဏ်များမှ အစ ကြိုတင် ပြင်ဆင်ထားခြင်းများသော်လည်းကောင်း၊
လက်ရှိဖြေရှင်းချက်များကိုသော်လည်းကောင်း၊ လက်တွေ့ကြကြ မြန်ဆန်စွာလုပ်ဆောင်နိုင်ရန်အထူးလိုအပ်လှပါသည်။ နည်းစနစ်များကို ပြုပြင်ရန်လိုပါသည်။
  လက်ရှိ ရခိုင်ပြည်နယ်တွင်ဖြစ်နေသောပြသနာများသည် နှစ်ပေါင်းများစွာနောက်လှန်ကြည့်စရာမလိုလောက်အောင်ရှင်းပါ
သည်။ မြန်မာနိုင်ငံကို လွယ်ကူစွာဝင်ရောက်နေထိုင်နိုင်တယ်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာနေထိုင်တာထက်စာယင်၊ မြန်မာပြည်ဖက်မှာနေထိုင်လျှင် မျော်လင့်စရာတွေရှိတယ်။ အနေချောင်တယ်။ ဒါကြောင့် ဘင်္ဂလီတွေဟာ ပြောင်းလို့ရသလောက် တစစပြောင်းပြီးနေထိုင်လာတယ်။
မြေလွတ်မြေရိုင်းတွေမှာ ရှင်းလင်းနေထိုင်လုပ်ကိုင်စားသောက်ယင်း၊ မြန်မာစာအက္ခရာ စာတွေနဲ့ စကားကို
သိသူတွေဆီကနေ မှတ်သားကြတယ်။ ရခိုင်တိုင်းရင်းသားများကလည်း သူ့ဖာသူအေးအေးလူလူနေထိုင်ကြတယ်။ထိုသို့နေရာကနေ နှစ်ကြာလာတော့ ဘင်္ဂလီတွေလူဦးရေတိုးပွားလာသလို အသိအမြင်လေးရလာတော့ မြို့တက် အခွင့်အရေးရလာအောင် နည်းနည်းခြင်းကြိုးစားလာရာကနေ၊များများအခွင့်အရေးအရေးတွေရအောင်ကြိုးစားလာကြတယ်။
မြို့ပြတွေမှာ စီးပွားရေးအောင်မြင်သွားတဲ့ ဘင်္ဂလီ များဟာ ၊မြို့ပြတွေမှာ အနီးဆုံးစစ်တွေလိုမြို့မှာ နေရာရအောင်လုပ်ကြတယ်။ လူဝင်ဆန့်အောင်လုပ်ကိုင်နေထိုင်တယ်။ငွေလမ်းခင်းတယ်။ အဖြည်းတော့အခွင့်အရေးတွေတောင်းဆိုလာတဲ့အဆင့်တွေရောက်ရှိလာကြတယ်။
ယခုလိုပြသနာများကြီးထွားလာရခြင်းကို ကွင်းကွင်းကွက်ကွက်မြင်နိုင်ပါတယ်။
ပြည်မတွင်းကိုဝင်ရောက်ပြီးပညာသင်ကြားခွင့်ရခဲ့တဲ့မူစလင် ဘင်္ဂလီတွေဟာ မြန်မာပြည်တွင်ဆက်လက်ရပ်တန့်မနေခဲ့ပဲ ကမ္ဘာ့နိုင်ငံကြီးများအထိ ဆက်ခြေဆန့်ခဲ့တာကို
လေ့လာရင်မြင်နေရမှာဖြစ်ပါတယ်။ မြန်မာပြည်ကနေပညာသင်ပြီး အမေရိကားမှာနေထိုင်နေသူ မြန်မာပြည်အမည်ခံ အမေရိကန်နိုင်ငံသားတဖြစ်လည်းတွေပြည်ပတိုင်းပြည်တွေမှာ အများကြီးရှိနေပါတယ်။ယနေ့မှာ သူတို့တွေဟာ အမျိုးတူတွေကို သူတို့လိုပဲလွတ်မြောက်အောင် အစွမ်းကုန်ကြိုးစားနေကြပါတယ်။
ဒီနေရာမှာတော့ ပညာတတ်တွေဖြစ်လာကြပြီဆိုတော့ လူသားအခွင့်အရေးဆိုင်ရာတွေနဲ့တိုက်ပွဲဝင်လာကြပြီဖြစ်ပါတယ်။
ဒီလိုအနေအထားတွေထိ ရောက်မလာအောင်မိမိတို့ တိုင်းပြည်ခြံစီးရိုးကြီး လုံခြုံရေးနှင့်၊ ပြတ်သားစွာ မည်သို့ဆောင်ရွက် ကိုင်တွယ်မည်နည်း။ ကိုယ့်အမျိုးသား တိုင်းရင်းသားလူမျိုးစုများကို မည်သို့ကာကွယ်စောက်ရှောက်မည်နည်းကို တိုင်းပြည်အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ အရည်အချင်းရှိရှိဆောင်ရွက်မှု့များအပေါ်များစွာမူတည်ပါတယ်။
အမြန်ဆုံးတိုင်းပြည်အတွက်လုပ်ဆောင်ရမည့်လုပ်ဆောင်ချက်များဖြစ်ကြောင်းလည်းတိုက်တွန်းလိုပါတယ်။
သာမန်အကြမ်းဖက်မှု့ ရဲ့နောက်ကွယ်မှာ ကြီးမားသော လူမျိုးရေး၊ အမျိုးသားရေး၊ တိုင်းပြည်အချုပ်အချာထိပါးလာရေးဖြစ်လာနိုင်တယ်ဆိုယင်မြန်မာပြည်ဖွားတိုင်းရင်းသားများလက်ခံမည်ဖြစ်ကြောင်း
တင်ပြလိုက်ပါတယ်။(ပြည်သူ့အော်သံ)

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးလဲ တနှစ်ကျော်ခဲ့ပြီ ။ စစ်ရဲ့ ရလာဒ်တွေဖြစ်တဲ့ အိုးအိမ်ပျက်စီးမှုတွေ ၊ စစ်တလင်းထဲက သေတွင်းထဲမှာ စတေးလိုက်ရတဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့  အသက်ပေါင်းများစွာ ၊ ကျောင်းပျောက်နေတဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေရဲ့  ဘဝ ၊ မိဘပျောက်နေတဲ့ လူမမယ် ကလေးငယ်တွေရ့ဲ ဘဝ ၊ ကုစားဘို့ခက်တဲ့ စိတ်ဒဏ်ရာတွေ စသည် စသည် များကို နှစ်ဖက်ခေါင်းဆောင်ကြီးလဲ သိကြမည်လို့ အကြွင်းမဲ့ ယုံကြည်နေပါသည် ။
           
 
          ဒီအရာတွေကို ကုစားနိုင်မဲ့ ဆေးက တစ်မျိုးပဲ ရှိပါသည် ။ ငြိမ်းချမ်းရေး ဆိုတဲ့ ဆေးလောက်
ဘယ်ဆေးမှ မကောင်းနိုင်ပါ ။ဒီဆေးကို နှစ်ဘက်ခေါင်းဆောင်များ သောက်ဖို့လိုနေပါသည် ။ 
 သောက်ရမဲ့ အချိန်လဲ ရောက်နေပါပြီ ။ မဖြစ်မနေလဲ သောက်ရမည် ဟု ယူဆပါသည် ။
                  
            စစ်ရဲ့  ဆိုးကျိုးတွေကို ကုစားဘို့ ပြည်သူများက တတ်အားသရွေ့  ကူညီနေကြတဲ့ အစိုးမဟုတ်တဲ့ အဖွဲ့အစည်းတွေ ၊ ဂျာနယ်လစ်တွေ ၊ အနုပညာရှင်တွေ ၊ ပရဟိတ အဖွဲ့ တွေ ၊ နိုင်ငံရေးပါတီတွေ  စတဲ့ လူမှုကွန်ယက်အဖွဲ့  တွေက ပြည်သူတွေနဲ့ တစ်ကွ ငြိမ်းချမ်းရေးကို တောင်းဆိုနေကြပါပြီ ။ပြည်သူတွေက ငြိမ်းချမ်းရေးလမ်းမကြီးကို ဖောက်နေကြပါပြီ ။
                     
           ပြည်တွင်းစစ်ကြီး ရှည်လေ ဒုက္ခသည်တွေရဲ့  အသက်ဟာ တိုလာလေ ပါပဲ ။သူတို့လေးတွေ ရဲ့  ဘဝတွေဟာ နှစ်ဖက်ခေါင်ဆောင်တွေရဲ့  လက်ထဲကို ရောက်နေပါပြီ ။ဒါကြောင့်မို့ ဒီအချိန်ဟာ နှစ်ဖက်ခေါင်းဆောင်တွေရဲ့  ဦးနှောက် နဲ့ နှလုံးသားကို မှတ်ကျောက်တင်မဲ့ အချိန် ဖြစ်နေပါတယ် ။
          ဒါကြောင့်မို့ မှတ်ကျောက်အတင်ခံနိုင်ဘို့ ငြိမ်းချမ်းရေး လမ်းမပေါ် မှာ နှစ်ဖက်ခေါင်းဆောင်များ လျှောက်လှမ်းဖို့ ဖိတ်ခေါ်ရင်း . . . .
   ပြည်သူတွေနဲ့ တိုင်းရင်းသားတွေရဲ့  ကိုယ်စား . . . . .
                                                                             zawmoehetet

0 ကွန်မန့်ရေးရန်:

Post a Comment