Sunday, June 17, 2012
ရွှေမိ ရဲ့  တစ်ခန်းရပ် ပြဇာတ်
aqua teen
16
2
မဲပေးပါ
ခယောင်း၊       ၊မရွှေမိ သည် ကျောချမှန်း ဓားပြ မှန်း ပင် သိတော့ ၏ ။ ဓားပြ ၏ ချမှု ကား အလွန်ပင် နာလှ၏ ။
တစ်ခါတစ် ခါ သော် ရင်ထဲ၊  အသဲထဲ  ၊ ကျောထဲ က  ပင် စိမ့် ရလောင့် အောင် နာကျင်လွန်း
လှ ၍ “ အောင်မလေး ရှင့်” ဖြစ်ဖြစ် “ သေပါပြီ အရပ် ကတို့  နာလှပါ ပြီ ကျွန်မ ကို ကယ်ကြ ပါအုံး”
ဖြစ်ဖြစ် ကုန်းအော် ပြစ်လိုက်  ချင်သည်။
သို့ သော် လည်း မရွှေမိ ခင်ဗျာ  မအော်ရဲ သူ့ ကို တစ်ရွာ လုံး က အထင်ကြီးထား သမျှ မှာ
ခဲလေ သမျှ သဲရေကျ ဖြစ်မှာ စိုး၍ မအော်ရဲလှ ၊ရွှေ မိကား လုံးဝ ပင် အသံ မထွက်၊ ဓားပြလုပ်
သမျှ ကို အံကြိတ် ပြီးခံ လေတော့သည် သူ၏ 
ပျော့ ကွက် ၊ ညံ့ ကွက်  တို့  ကို အိမ်နီးနား ချင်း
တို့ သိသွား မှာ ကို သေမတတ်  ကြောက်လှသည်။
တစ်ချီ သော် ဓားပြ ကား ရွှေမိ တင်ပါး ကို ခပ်ပြင်းပြင်း ဆော် လိုက်သည် ။
ရွှေမိ သည် နာလွန်း သောကြောင့် လွှတ် ခနဲ  ပင် “ အမလေး သေ ပါပြီ ရှင့်” ဟု လန့် ဖျန့် ပြီး
အော်လိုက်သည် ။ ရွှေမိ ၏ အော်သံ ကြောင့် ဘေး ပတ်ဝန်း ကျင် အိမ် တို့ လှုပ်လှုပ်ရှား ဖြစ်လာ
သည့် အခါ ရွှေမိ ကားချက်ခြင်း ပင်  “ မြို့  ပေါ် တက်ပြီး ရုပ်ရှင် ရိုက် ဖို့  ကျင့် နေတာ ပါ ဟု
ဆိုလေတော့သည်။
ရွှေမိက ဆက်ပြီး မြို့ က ဒါရိုက်တာ က “အမလေး သေ ပါပြီ ရှင့်” ကို  တကယ် စိတ် ပါ လက်ပါ နဲ့ 
အော်ရ မယ် ဆိုလို့ လေ့ကျင့်နေ တာ ။ဘာ မှ မဖြစ် ပါဘူး 
ဟု ပြန် ပြော လေသည်။ အိမ်နီးချင်း များ
က လည်း ရွှေမိ ၏ ပြောစကား ကြောင့် စိတ် ချ သွား ကြသည်။
ဘုရားလူကြီး ဦးမှုန် ကရွှေမိ ဘာမှ မဖြစ်ပါ ဘူး ကွာ ။ မြို့ တက် ပြီး တောင် ရုပ်ရှင် ရိုက်ရ တော့ မှာ ဟု
ပြောရာငွေတိုး
ချေး စား သော ဒေါ်ကြီး ပြူးကား ချက် ခြင်း  ဆိုသလို ပင် ထောက်ခံ တော့ ၏ “ဟုတ်မယ် …
ကိုကြီး မှုန်… ရွှေမိ ကား အခု မြို့  က အဆက်  အသွယ် တွေ ရ ပြီး တော်တော် ကို့ လှလာ တယ် ။
ကျွန်မတို့   ရွာတော့ ရွှေ မိ ဓာတ်ရှင် မင်း သမီး ဖြစ်မှ ပဲ ကြံဖန် ဂုဏ် ယူရ
တော့ မှာ ပဲ ဟု  ဆိုလေသည်။
ထိုတစ်ည လုံး အဖို့  တော့ ရွှေ မိ မှာ ဓား ပြ ၏ နှိပ်စက် မှု ဒဏ် ကို လွတ်လပ် စွာ ပင် အော် ငြည်း ခွင့်
လိုက် စင် ရ သွား တော့ ၏ ။ “ ကြောက်ပါပြီ အကိုကြီး ရယ်” ဟု ရွှေမိ က  တစ်ချက် အော်လိုက် လျှင် ၊
အစော န ဓား ပြ ထင် ၍ ဓားဆွဲ တုတ်ဆွဲ ဖြင့် ထွက် လာသည့် ဗိန္တော ဆရာ ကြီး ဦးငတေ က ရွှေ မိ ဒီပုံ
စံ နဲ့  ဆို အကယ် ဒမီ ရနိုင် တယ် ဟုမှတ် ချက် ပြု ၏ ။
“ဖြေးဖြေး လုပ်ပါ ကျွန်မ သေ ပါတော့ မယ်” ဆိုသည့် အသံ နက်ကြီး ထွက်လာလျှင် တော့  ဆယ်အိမ်
ခေါင်း ရွေး
ချယ် ပွဲ ၀င်ပြိုင် ခဲ့ ဖူးသည့် ကိုပြူးကား “ရွှေမိ ရိုက်မှာ ဒရာ မာ ဆို တဲ့ ဇာတ်ထုပ်မျိုး ထင် တယ် ဟု
ထင်ကြေး ပေး လေ သည်။
ညလယ် ပိုင်း လောက် အရောက် တွင် ရွှေမိ ကား နာကျင်မှု ဒဏ် ကို ဘယ်လို မှ မခံ နိုင် တော့ ၍ အမှန်
တကယ် ပင်
“ အရပ် ကတို့ ရေ ကယ်ကြ ပါအုံး” ဟု   အော် လိုက် သည့် အခါ အင်္ဂလိပ် ခောတ် မျက်နှာဖြု
အရာ ရှိ အိမ် တွင်
ထမင်းချက်  လုပ်ခဲ့ ဖူးပြီး အခုတော့ နိုင်ငံခြား ရေဒီယို များ မှ လွှင့်ထုတ်သမျှ ကို  နေ့ 
နေ့ ညည ပင်
မလွတ် တမ်း နား ထောင်သည့်  အလက်ဇန္ဒား ဘပု ကား သူ ကြားဖူး နား ၀  ရှိ သည့်
အနောက်တိုင်း
ဓာတ်ရှင် ကားမှ မင်းသမီး တစ်ဦး ကို ကိုးကား ပြီး “မရီလင် မွှန်ယိုး အသံ တိုင်း ပဲ ” ဟု
ပင် ကောင်း ချီးပေး
လေ တော့ သည်။
0 ကွန်မန့်ရေးရန်:
Post a Comment