Sunday, June 17, 2012

သောင်တင်သဘောင်္ကြောင့် ပိတ်နေသော ရန်ကုန်မြစ်ရေ လမ်းကြောင်း ပြန်ပွင့်ပြီ


သောင်တင်သဘောင်္ကြောင့် ပိတ်နေသော ရန်ကုန်မြစ်ရေ လမ်းကြောင်း ပြန်ပွင့်ပြီ
ကြယ်ငါးပွင့်သင်္ဘော သောင်တင်သဖြင့် ရန်ကုန်မြစ်ဝရေလမ်းကြောင်း ပိတ်ပင်ထားမှု ပြန်လည် ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဘိလပ်မြေတန်ချိန် တစ်သောင်းကျော် တင်ဆောင် လာသော မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလိုင်းမှ ကျိုင်းတုံ သင်္ဘော ရန်ကုန်မြစ် ၀ သံလျှက်စွန်းတွင် ဇွန်လ ၁၅ ရက်နေ့ နေ့လည် ၁ နာရီခွဲက သောင်တင်ခဲ့ရာ ယခုအခါ ယင်းသဘောင်္ကို ၂၄ နာရီ အတွင်း သောင်တင်မှုမှ ပြန်လည် လွတ်မြောက်အောင်ဆောင်ရွက်နိုင် ခဲ့ကြောင်း သိရ သည်။


"သဘောင်္က မနေ့က သောင်တင်ခဲ့တာပါ ၁း၃၀ ၀န်းကျင်လောက်ကပါ ၊ သောင်တင်တဲ့နေရာက elephant point မှာဖြစ်ပါ တယ်။ ရေလမ်းကြောင်းပေါ် တည့်တည့်ကြီး ပိတ်သွားတာကိုး ဒါပေမယ့် အခုတော့ပြန်ပွင့်သွားပါပြီ " ဟု ပြည်တွင်းရေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦး ကပြောကြား သည်။
 
Ref:Yangon Media Group

0 ကွန်မန့်ရေးရန်:

Post a Comment