Sunday, June 17, 2012

ဝေးမယ်ဆိုရင် ..

Aung Thura Aye <ayeyarwady.thuraaye@gmail.com>




ရင်ထဲက နှလုံးသားကို နှုတ်
ဖျက်ဆီးပစ်ပေးပါ
ဝိဥာဉ်ကိုပါ အဝေးယူသွားပြီး
ရှင်သန်မှုကို အဆုံးသတ်ပေးပါ

အရင်က ..
တောက်ပတဲ့ မင်းကိုတွေ့ဖို့
ခက်ခဲတဲ့နေ့တွေ ဖြတ်ရင်း
ဘ၀ရဲ့ နေ့ ၊ ညတွေတိုင်း
မင်းရဲ့ အိပ်မက်နဲ့ အသက်ရှင်ခဲ့တယ်

မင်းကို မြင်လိုက်တိုင်း
ငါ့ရင်ခုန်သံ စည်းချက်တွေလွဲချော်ခဲ့ရသလို
မင်း ငါ့နာမည်ကို ခေါ်တိုင်းလဲ
လေထုထဲမှာ လွင့်မျောနေခဲ့ရတယ်

တစ်နှစ်ပြီးတစ်နှစ်
ဘ၀ရဲ့ နောက်ဆုံးအထိရည်ရွယ်ပြီး
ငါ့ရဲ့ နှလုံးသားနဲ့ စိတ်ဝိဥာဉ်က
မင်းကိုချစ်ခဲ့တယ်

ဒါပေမဲ့ ခုတော့ ..
တစ်စုံတစ်ရာက
တို့ကိုခွဲထားခဲ့တယ်
မရေရာမှုတွေနဲ့ မျှော်လင့်ချက်တွေက
ကြောက်ရွံ့ခြင်းတွေထဲမှာ ရှင်သန်ရင်းနဲ့ပေါ့

အမှောင်ထဲမှာ မျှော်လင့်ချက်မဲ့ခြင်းနဲ့
တို့နှစ်ယောက်ဝေးပြီ
ဘ၀ရဲ့ နာကျင်မှုတွေ ကင်းဝေးစေဖို့
မင်း ငါ့နှလုံးသားကို လုံးဝဖျက်ဆီးပေးလိုက်ပါကွာ ..။

Thura Aye
11 th June 2012.

Inline image 1

--
Wish you get successful life ..

Thura Aye

0 ကွန်မန့်ရေးရန်:

Post a Comment