Sunday, June 17, 2012

မိုးထိ-မိုးမိရွှေတောင်ကြီးဒေသ ပျော်ရွှင် ရယ်မောသံများဖြင့်ဖြစ်တည်သွားခြင်း

မန္တလေးတိုင်းဒေသကြီး ၊ ရမည်းသင်းခရိုင်၊ မိုးထိ-မိုးမိဒေသ အသေးစားရွှေတူးဖေါ်ခြင်း အသေးစား လုပ်ကိုင် သူများအပါအ၀င်မှီခိုသူများ၊လုပ်ငန်းဆက်စပ်သူများ၊ပူးပေါင်းကာ အသေးစားရွှေတူးဖေါ်ခြင်း ဆက်လက် လုပ်ကိုင်နိုင်ရေး တောင်းဆိုချက်များအား အင်အား(၂၅၅)ခန့်ဖြင့် ရွှေမြင်တင်ဘုရားတောင်ခြေ တွင် စုရုံးဆန္ဒပြ လျက်ရှိရာ သက်ဆိုင်ရာမန္တလေးတိုင်းဒေသကြီး သတ္တုနှင့်သစ်တောရေးရာဝန်ကြီးနှင့် သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္မဏီမှ တာဝန်ရှိသူများပါဝင် အသေးစားရွှေတူးဖေါ် ဆက်လက် လုပ်ကိုင်ရန်ဆန္ဒပြသူများနှင့်နှစ်ဖက်ညှိနှိုင်းကြရာရွှေမိုင်းလုပ်ငန်းရည်ရှည်တူးဖော်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး သတ်မှတ်လုပ်ငန်းစဉ်များလိုက်နာရန် ညှိနှိုင်းမှုများဖြင့် အသေးစားရွှေတူးဖော်ရေး လုပ်ငန်း များမှ အကြီးစားတူးဖော်ထုတ်လုပ်နိုင်စေရန် အချိန်ကာလတစ်ခုသတ်မှတ်ညှိနှိုင်းချက်အား သဘောတူလက်မှတ် ရေးထိုးခြင်းကို ဇွန်လ(၁၄)ရက်ညနေ (၅)နာရီတွင် အသေးစား ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သူများဖက်မှ ဦးဆောင်ကိုယ်စားလှယ်(၇)ဦးနှင့် အမျိုးသားကြီးပွားတိုးတက်ရေးရွှေထုတ်လုပ်မှု အုပ်စုကုမ္မဏီဖက်မှ တာဝန်ရှိသူ (၃)ဦးတို့သည်သက်ဆိုင်ရာရမည်းသင်းခရိုင်၊အုပ်ချုပ်ရေးမှုး၊ခရိုင်တရားသူကြီး၊ခရိုင်ဥပဒေအရာရှိ၊ခရိုင်ရဲတပ်ဖွဲ့မှုး   တို့ရှေ့မှောက်တွင် အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ အထက်ပါသဘောတူညီမှုများကြောင့် နှစ်ဖက်  အဖွဲ့ဝင်များ၏ပျော်ရွှင်စွာရယ်မောသံများ၊ ဆုတောင်းမေတ္တာပို့သသံများဖြင့် နှစ်ထောင်းအားရစွာဖြစ်တည်ခဲ့ပြီး ညနေ(၇)နာရီ အချိန်တွင် ယခင်ဆန္ဒပြအင်းလုပ်သား (၂၃၅)ယောက်ကို မိုးထိ-မိုးမိရွှေတောင်ကြီးရှိရာသို့တီအီး ကားကြီး(၄)စီး  ဟိုင်းလပ် ကား(၆)စီးတို့ဖြင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္မဏီ အုပ်စုတို့မှ မော်တော်ယာဉ် များ.စီစဉ်ပေးပြီး ခရိုင်ရဲတပ်ဖွဲ့မှူးမှ ဦးဆောင်ကာ လုံခြုံရေးကားနှစ်စီးနှင့်အတူ လိုက်လံပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ မိုးထိ-မိုးမိဒေသ တည်ငြိမ်အေးချမ်းလျက်ပြည်သူများနှင့် အများပိုင်ကုမ္မဏီများ ညီညွတ်စွာဖြင့် နိုင်ငံတော်အင်အား ဖြစ်စေခဲ့ပြီဖြစ်သည်။

ရွှေမောင်မောင်

0 ကွန်မန့်ရေးရန်:

Post a Comment