Sunday, June 17, 2012

လူအမျိုးစား (၄) မျိုး ။

လူ၏ စိတ်အတွေး နှင့်ပြု အမူကို အခြေခံပြီး လူကို ယေဘုယျအားဖြင့် လေးမျိုး ခွဲခြားထားပါသည်..။ ဒီအကြောင်းလေးကို မရေးမှီ ပြောချင်တာကတော့.. လူတိုင်းဟာ လူတွေနဲ့ ပဲ စကားပြောကြတယ်.... မိတ်ဖွဲ့ကြတယ်.. သူစိတ်ကိုမသိသလို သူဟာလည်း ကိုယ့်စိတ်ကို သိတဲ့ အခါမျိုးတွေ ရှိပါတယ်...။ ဒီစာအုပ်လေးက ကျွန်တော်အိမ်မှာ ရှာဖွေရလာတာပါ..။ ဒီအကြောင်းကို ဖတ်ပြီး တာနဲ့
ငါလူတွေအကြောင်းကို ကောင်းကောင်းသိသွားပြီ ဆိုတဲ့ စကားကို ပြောဖြစ်မှာမဟုတ်တော့ပါဘူး...။
၁ လိုရင်းသမား
၂ အမြစ်ဖော်သမား
၃ ပွင့်ပွင့်လင်းလင်းသမား
၎ လိုက်လိုက်လျောလျောသမား တို့ ဖြစ်ပါတယ်...။
ဒီစာအုပ်ကို ရေးသူက တော့ ဆရာအောင်ထွန်းဖြစ်ပါတယ်....၂၀၀၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ စာအုပ်တစ်အုပ်ပါ...။ ကျွန်တော်ဖတ်မိပြီး.. အနည်းအကျဉ်းကို.. ပြန်လည်ဖော်ပြရေးသားလိုက်ပါသည်...။
လက်တွေ့ဘ၀တွင် ထိုလူပုံစံတစ်မျိုးစီ သိသိသာသာ ပေါ်လွင် သောလူများနှင့် ကြုံတွေ့ရမည် ဖြစ်သကဲ့သို့ လူပုံစံ(၂) မျိုး ၊ (၃) မျိုး ရောထွေးနေသည့် လူများနှင့်လည်း ကြုံတွေ့ရမည် ဖြစ်ပါသည်..။
အဓိက အချက်မှာ ထို လူအမျိုးစား(၄)မျိုးကို ကြိုတင် သိရှိ နားလည်သဘောပေါက်ထားခြင်းဖြင့် မည်သည့်ပုံစံဖြင့် ကြုံတွေ့ရသည် ဖြစ်စေ မိမိ အနေနှင့် ရုတ်တရက် ရမ်းသန်း တုံ့ပြန်မိခြင်းမှ ရှောင်းရှားနိုင်မည်ဖြစ်ပါသည်..။ စိတ်အနှောင့်ယှက်ဖြစ်ရခြင်းမှ သက်သာမည်ဖြစ်ပါသည်..။
၁ ။ လိုရင်းသမား (Pragmatic)
အကြောင်းအရာ တစ်ခုခုနှင့် ပက်သက်ပြီး လိုရင်းအချက်ကို ထုတ်နုတ်ရသည့် ကိစ္စများတွင် အချက်အလတ် နည်းနိုင်သမျှ နည်းအောင် ထုတ်နုတ်သည့် သူများဖြစ်သည်..။ ဥပမာ- စာမျက်နှာ (၃၀၀) ရှိသော စာအုပ်တစ်အုပ်နှင့် ယင်းစာအုပ်မှ အနှစ်ချုပ်များ ထုတ်ထားသော စာမျက်နှာ (၃) မျက်နှာ ကြိုက်ရာရွေးပါဆိုလျှင်... ထိုသူသည် စာမျက်နှာ (၃) မျက်နှာကိုသာရွေးပါလိမ့်မည်..။ ထို (၃) မျက်နှာကို ပင် ၁ မျက်နှာ ဖြစ်အောင် ထပ်ချုံ့ပါလိမ့်မည်...။
ဆုံးဖြတ်ချက်ချရမည့် ကိစ္စများတွင် အချက်လတ်များအပေါ် ကိုသာအခြေခံကာ ဆုံးဖြတ်ချက်ချတက်ကြပါသည်..။စိတ်ခံစားမူများနှင့် ပက်သက်ပြီး ဆုံးဖြတ်ချက်ချလေ့မရှိပါ...။ခပ်မြန်မြန် ခပ်သွက်သွက် ဆုံးဖြတ်လေ့ရှိကြပါသည်..။ အချိန်ပတ်သက်ပြီးမူ အချိန်ကိုမဖြုန်းတီးလိုကြပါ..။အချိန်ကို တန်းဖိုးထားကြပါသည်...။ အပန်းဖြေခရီးထွက်ခြင်း... ပျော်ပွဲစားထွက်ခြင်းတို့ကို အချိန်ဖြုန်းတီးမူဟု ယူဆသူများဖြစ်ကြပါသည်..။ ထိုင်စောင့်ရခြင်းမျိုးကို အလွန် မုန်းတီးကြပါသည်..။အချိန်နှင့်အမျှ တစ်ခုခုလုပ်ကိုင် တိုးတက်နေမှ ကျေနပ်သူများဖြစ်ကြပါသည်..။အချိန်ကုန် သက်သာစေရန်.. ခေတ်မှီ အီလတ်ထရောနစ် ပစ္စည်းများကို ၀ယ်ယူသုံးစွဲတက်ကြပါသည်..။ တယ်လီဖုန်း အလိုအလျောက်ဖြေကြားစက် ၊ဆယ်လူလာဖုန်း...၊ကွန်ပျူတာ စသည်တို့ကို ၀ယ်သုံးပြုလေ့ရှိကြပါသည်..။
ပြောဆို၊ပြုမူ၊နေထိုင်ရာတွင် စနစ်တကျ တည်တည်တံတံ ပြောဆိုပြုမူ လုပ်ကိုင်နေထိုင်လေ့ရှိကြပါသည်..။ အလုပ်ကို အလုပ်နှင့် တူအောင်လုပ်ကြပါသည်..။ အလုပ်ချိန်ကို လေးစားကြပါသည်..။ အလုပ်ချိန်တွင် ကိုယ်ရေးကိုယ်တာ ကိစ္စများကိုလုပ်လေ့မရှိပါ..။အလုပ်နှင့် လူမူရေးကို တစ်ကဏ္ဍစီ ခွဲခြားထားလေ့ရှိကြပါသည်...။
အားကစားနှင့် ပက်သက်ပြီး ဘေးမှ ထိုင်ကြည့်ရသည်ကို မနှစ်သက်ပါ..။ ကိုယ်တိုင်ပါဝင်ကစားရသည်ကို ပိုမိုနှစ်သက်ကြပါသည်..။ စိတ်ကူး ၊ အာရုံတို့ မကြာခဏ ပြောင်းလေ့ရှိကြပါသည်..။
လွမ်းမိုးလိုခြင်း ကိစ္စတွင်မူ လည်းကောင်း တို့၏ ကိုယ်ပိုင်အယူအဆ၊ ယုံကြည်ချက် စသည်တို့ကို သူတစ်ပါးအပေါ် လွမ်းမိုးစေလိုကြပါသည်..။ လွမ်းမိုးအောင်လည်း ပြောဆို လုပ်ကိုင်လေ့ရှိကြပါသည်..။
လုပ်ရဲ ကိုင်ရဲ ပြောရဲ ဆိုရဲသူများ အလုပ်ကို ဦးစားပေး တန်းဖိုးထားသူများ၊ အလုပ်နှင့် လူမူရေးကို ခွဲခြားထားသူများ ဖြစ်ကြပါသည်..။
၂။ အမြစ်ဖော်သမား (Analytical)
စူးစမ်းလိုစိတ်၊ သိလိုစိတ် အလွန်ပြင်းပြသူများ ဖြစ်ကြပါသည်..။ အသေးစိတ်ကို စိတ်ဝင်စားကြသူများ ဖြစ်ပါသည်..။ စိတ်ခံစားမူနှင့် ဆုံးဖြတ်လေ့မရှိကြပါ..။ သို့သော် ( လိုရင်းသမား)များကဲ့ သို့  မြန်မြန်သွက်သွက် မဆုံးဖြတ်တက်ကြပါ..။အချတ်လတ် အထောက်အထားများစွာကို စိတ်ကျေနပ်လောက်အောင် စုဆောင်းရယူလေ့ ဆန်းစစ်လေ့လာပြီးမှ အချိန်ယူဆုံးဖြတ်တက်လေ့ရှိသည်.။
ထိုကြောင့် အတင်းပြော အတင်းရောင်းတက်သောအရောင်းသမားများ ၊ ပွဲစားများ၊ အလျင်အမြန် ဆုံးဖြတ်ပြုမူ လုပ်ကိုင်တက်သူများကို အယုံကြည် သိပ်မရှိကြပါ..။
အချိန်ကိုတန်းဖိုးထားသည့်အရာတွင်... လိုရင်းသမားများ ကဲ့သို့ပင်ဖြစ်ပါသည်..။ အချိန်ကို အလဟသ အဖြစ်မခံလိုကြပါ..။လိုရင်းသမားများ ကဲ့သို့ပင် အချိန်ကုန်သက်သာစေမည့် ခေတ်မှီ အီလက်ထရောနစ် ကရိယာတန်ဆာပလာများကို ဆောင်ထားတက်ကြပါသည်..။
အားကစားနှင့်ပက်သက်လျှင် မူ လူပ်လူပ်ရှားရှားနှင့် အများပါဝင်သော အားကစားမျိုးကို မနှစ်သက်လှပါ.။ စစ်တုရင် အားကစားမျိုးကို နှစ်သက်သဘောကျလေ့ရှိသည်..။
အာရုံစူးစိုက်ရသည့် ကိစ္စများတွင် ကြာရှည်အာရူံစူစိုက်တက်ကြသည်...။ တစ် ပတ် ၊ ဆယ်ရက်ကြာသော သင်တန်းများ၊ ဟောပြောပွဲများကို မငြီးငွေ့ပဲ စိတ်ပါဝင်စားစွာ တက်ေ၇ာက်နိုင်သူများ ဖြစ်ကြပါသည် ။တက်ေ၇ာက်ပြီးလျှင် လိုရင်းအချက်မည်မျှ ပါသည်ကိုလည်းကောင်း၊ တန်သည်မတန်သည်ကို လည်းကောင်း ဝေဖန် ဆန်းစစ်လေ့ရှိကြသည်..။
လွမ်းမိုးလိုခြင်းကိစ္စာများတွင် သူတို့၏ ကိုယ်ပိုင်အယူဆ၊ အတွေးခေါ်၊ လုပ်နည်းကိုင်နည်းများကို သူတစ်ပါးပေါ် လွမ်းမိုးအောင် ကြိုးစားလေ့မရှိကြပါ..။အထူးသဖြင့် လူအများကို အုပ်ချုပ်ရခြင်း၊ပြင်ပလူများနှင့် ဆက်သွယ်လုပ်ကိုင်ရခြင်းများကို မနှစ်သက်လှပါ..။ ဘာသိဘာသာနေတက်ကြပြီး... တိုက်ရိုက်၊တဲ့တိုး၊ ပြောဆို ၊လုပ်ကိုင်လေ့မရှိကြပါ။
၃။ ပွင့်ပွင့်လင်းလင်းသမား(Extrvert)
ထိုသူများသည်.. ပတ်ဝန်းကျင်ကို စိတ်ဝင်စား၊ အလေးထားကြသူများဖြစ်ကြပါသည်..။ ပြောပြောဆိုဆို ရယ်ရယ်မောမော၊ ဟေးလားဝါးလား နေတက်ကြသူများ ဖြစ်ကြပါသည်..။ ထိုကဲ့သို့ နေနေရလျှင် ကျေနပ်နေကြသူများ ဖြစ်ကြပါသည်.။ ထိုအခြေနေမှ အကျိုးမြတ်ရသည်၊ မရသည်ကို သိပ်အဓိက မထားကြပါ..။
ဆုံးဖြတ်ချက်ချရာတွင် အချက်အလက်များကို အခြေခံလေ့လာရှိကြသော်လည်း စိတ်လူပ်ရှားခံစားမူများ ရောစပ်ပါဝင်တက်ပါ သည်.။ ခပ်မြန်မြန် သွက်သွက်ဆုံးဖြတ်လုပ်ကိုင်ကြသူများ ဖြစ်ကြပါသည်..။
အချိန်နှင့်ပက်သက်ပြီး နှမြောတွန့်တိုမူ မရှိလှပါ ။ အချိန်ကို ပိုပြီး ထိရောက်စွာ အသုံးချစေနိုင်သည့် ကိရိယာ အသစ်အဆန်းများကိုသိပ်မခင်တွယ်ကြပါ..။
အားကစားနှင့် ပက်သက်လျင်မူ ပါဝင်ကစားရသည်ထက်ဘေးမှ အားပါးတရ အားပေးရခြင်းကို နှစ်သက်ပါသည်..။ဘောလုံးပွဲ၊ဘောလီဘောပွဲ စသည်မျိုးဖြစ်သည်..။
အလုပ်လုပ်ကိုင်ရာ အလုပ်ကိုင်ဇယားများ ဂရပ်များ ကို အသုံးပြုပြီး လုပ်ကိုင်ရခြင်းကို မနှစ်သက်ကြပါ.။ အသေးစိတ်ကိုစိတ်မ၀င်စားပါ။မလုပ်ပါ။အဓိက အပိုင်းကိုသာ လုပ်ပြီး အသေးစိတ်အပိုင်းကို သူများကို လွဲပြောင်းပေးပြီးလုပ်ကိုင်စေလေ့ရှိသည်..။ရုံခန်းတွင် အချိန်ပေးထိုင်နေရခြင်း..၊စာရွက်စာတမ်းများနှင့် အလုပ်လုပ်ရခြင်းမျိုးကို မနှစ်သက်ကြပါ..။ ပြင်ပလောကတွင် သွားလာ၊ပြောဆို လုပ်ကိုင်ရခြင်းကို နှစ်သက်ကြပါသည်..။ရုတ်တရက်ပေါ်ပေါက်လာသော ကိစ္စကို ထပြီးလုပ်ကိုင်ရခြင်းကို နှစ်သက်ကြပါသည်..။ စိတ်ခံစားမူ ပြင်းထန်၊ မြန်ဆန် သူများဟု ယေဘုယျ သတ်မှတ်နိုင်ပါသည်..။ အာရုံစူးစိုက်မူ အချိန်တိုတောင်းကြပါသည်..။
လိုရင်သမားများကဲ့သိုပင် သူတို့၏ ကိုယ်ပိုင်အယူဆ ယုံကြည်ချက် စသည်တို့ကို သူတစ်ပါးအပေါ် လွမ်းမိုးစေလိုကြပါသည်..။အဆွယ်ကောင်းသူများလည်းဖြစ်ကြပါသည်..။သိပ်အားမနာတက်ကြပါ..။လုပ်ရဲ ၊ကိုင်ရဲ ပြောရဲ ဆိုရဲ စိတ်လူပ်ရှားတက်ကြွသူများဟုယေဘုယျ သတ်မှတ်နိုင်ပါသည်...။
၎။ လိုက်လိုက်လျောလျော သမား (Amiable)
ထိုသူများသည်.. အေးအေးဆေးဆေး ဆက်ဆံတက်ကြပါသည်..။ ဖြေးဖြေးတွေးပြီး နှေးနှေး ဆုံးဖြတ်တက်ကြပါသည်... ။ သနားကြင်နာစိတ်များပြီး သံယောဇဉ်ကြီးကြပါသည်..။ အားနာလွန်တက်ကြပါသည်..။သူများအပေါ်လွမ်းမိုးလေ့မရှိကြပါ..။ စိုးရိမ်စိတ်များတက်ကြပါသည်..။ အနိုင်မယူတက်ကြပါ..။
ဖိအားပေး ပြောဆိုလုပ်ကိုင်သူများကို မနှစ်သက်ကြပါ...။ ကိုယ်တိုင်ဦးစီးခေါင်းဆောင်နေရာမှ မလုပ်ကိုင်လိုကြပါ..။ လူအများကို အုပ်ချုပ်ရခြင်း၊ ပြင်ပလူများနှင့် ဆက်သွယ်လုပ်ကိုင်ရခြင်းမျိုးကို မနှစ်သက်ပါ..။ အချိန်ဇယားကို အဓိက လိုက်နာခြင်းမျိုး မရှိလှပါ..။
အထက်တွင်ဖော်ပြခဲ့ပြီး သော လူ(၄) မျိုးအနက် မိမိသည် ဘယ်လို လူအမျိုးစားမျိုးတွင် ပါဝင်သည် ကိုအဖြေထုတ်ကြပါ..။ တစ်မျိုးစားတည်း သိသိသာသာ ဖြစ်သည်ဟုဆိုလျှင် မှတ်သားထားပါ..။တစ်မျိုးသာမက ရောထွေးနေသည်ဟု အဖြေထွက်လျှင်လည်း မည်သည့် အမျိုးစားများ ရောထွေးနေသည်ကို မှတ်သားထားပါ..။
မိမိ တွေ့ကြုံဆက်ဆံရမည့် သူများကိုလည်း ထိုနည်းတူစွာ အမျိုးစား သတ်မှတ်ကြည့် ပါ..။မည်သည့်ပုံစံသမားသည် ဘာကိုကြိုက်ပြီး ဘာကိုမကြိုက်သည်ကို သိနှင့်ပြီး ဖြစ်သောကြောင့် ကိုယ်က သတင်းဦးရထားသူ ဖြစ်နေပါလိမ့်မည်..။ ကိုယ်က အသာစီးအခြေနေဖြစ်ပါလိမ့်မည်..။သူအလိုက် သူအကြိုက်ကို လိုက်သင့်သလောက်လိုက်နိုင်မည်...။ကိုယ့်အကြိုက် ကိုယ်အလိုက်ကို သူပြုပြင်သလောက် ပြုနိုင်လိမ့်မည်...။ သူစရိုက်ကိုလည်း မိမိအကြိုက် ပုံစံဝင်လာအောင် အထိုက်အလျောက် ကိုယ်ကကြိုးစား ပြုပြုနိုင်မည်ဖြစ်ပါသည်...။
ယခု လူ လေးမျိုး ကို သိရှိနားလည် သဘောပေါက်ထားပြီး ဖြစ်ရာ ထိုကဲ့သို့ မကျေးမချမ်း ခံစားရမူများကို များစွာဖြေဖျောက်နိုင်မည်ဖြစ်သည်..။ ကိုယ့်ကို တမင် ခွတိုက်နေခြင်းမဟုတ် ၊ သူ့သဘာဝက ထိုကဲ့သို့ ဖြစ်နေသည်ဟု သိထားရခြင်းကပင်လျှင် လွန်စွာ စိတ်လက် သက်သာစေပါလိမ့်မည်...။
စာဖတ်ပရိတ်သတ်အားလုံး ရွင်လန်းချမ်းမြေ့ကြပါစေနော်....။ ရဲရင့်ခေါင် ။
မူရင်းရေးသားသူ- ဆရာအောင်ထွန်း

0 ကွန်မန့်ရေးရန်:

Post a Comment