This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, May 15, 2014

ဆော့ဝဲ မလိုသော ဖိုင် ဖျောက်နည်း ( For Android Phone )....................








အသုံးဝင်မယ်လို့ ထင်ပါတယ်။ ပုံမှန် အတိုင်းဆို Android ဖုန်းတွေမှာ Gallery ကို ဖွင့်လိုက်တာနဲ့ ဓါတ်ပုံ
တွေ၊ ဗီဒီယို ဖိုင်တွေကို ထုတ်ပေး ပါလိမ့်မယ်...သင့်အနေနဲ့ မပေါ်စေချင်တဲ့ ဗီဒီယို ဖိုင်တွေ ရှိမယ်ထင်
ပါတယ်။

ပုံတွေ အပါအ၀င်ပေါ့...ဒီနည်းလမ်း အတွက် ဆော့ဝဲ မလိုပါဘူး ခင်ဗျာ...အောက်မှာ ပုံနှင့် တကွ ရှင်းပြ
ထားပါတယ်။ သတိ မထားမိလို့ပါ။ Viber မှာဆိုရင် user photo နဲ့ sharing photo တွေကို Gallery မှာ
မတွေ့ ရပါဘူး..File manager ကနေ viber ဖိုင်ထဲက user photo ဖိုဒါထဲ ၀င်ကြည့်ပါ။ .nomedia ဖိုင်
လေးရှိနေ ပါတယ်။ အဲဒါလေးကို ဖျက်ထုတ်လိုက်မယ်ဆိုရင် user photo ထဲက ပုံတွေ Gallery မှာတွေ့
ရပါမယ်...ဒါကြောင့်ဒီနည်းလေးမျှဝေလိုက်ပါတယ်။

ဘာမှလည်း လုပ်စရာ မယ်မယ်ရရ မရှိပါ။ မပေါ်စေချင်တဲ့ ဓါတ်ပုံ ဖိုဒါထဲဝင် ပြီး ဖိုင်လေး တစ်ဖိုင် တည်
ဆောက်ပေးလိုက် ရုံပဲဖြစ်ပါတယ်ခင်ညာ။

သင့် ဖုန်းထဲမှာ video ဆိုတဲ့ ဖိုဒါထဲမှာ ဗီဒီယိုဖိုင်တွေ ရှိပြီးတော့ သင့်က Gallery ကိုဖွင့်လိုက်ရင် ဒီ ဗွီဒီ
ယိုတွေ မပေါ်စေချင်ဘူး ဆိုပါစို့။ (ဓါတ်ပုံတွေရောပေါ့နော်)

1. ဖိုင်မန်နေဂျာ တစ်ခု ခုကနေ video ဖိုဒါထဲ ၀င်လိုက်ပါ။


2. ဖုန်းရဲ့ menu key ကိုနှိပ်ပြီး New ကနေ တစ်ဆင့် File ကို ရွေးပေး လိုက်ပါ။



ဒါဆိုရင် new file အတွက် နာမည်ပေးတဲ့ နေရာရောက် ပါလိမ့်မယ်။ ဖိုင်နာမည်ကို .nomedia လို့ ပေး
လိုက်ပါ။ စာလုံး မမှားနဲ့နော်။ .nomedia ပါ။

3. ပြီးရင် အိုကေ လိုက်ပါ။ .nomedia is created ဆိုတာလေး စောင့်ပေးပါ။



ဒါပါပဲ Gallery ကို restart ပြန်ဖွင့် လိုက်ပါ။ video file ပေါ် မလာတော့ပါ။ ဒီလို ပါပဲ ဓါတ်ပုံတွေ အတွက်
ဆိုလည်း ဓါတ်ပုံရှိနေတဲ့ ဖိုဒါထဲကို .nomedia ဆိုတဲ့ ဖိုင်လေးတစ်ခု တည်ဆောက်ပေးလိုက်ပါ။

ပုံတွေ Gallery မှာပြန်ပေါ် ချင်တယ် ဆိုရင် ဘာလုပ် ရမလဲဆိုတာ သိကြမှာပါနော်...

ဟုတ်ကဲ့ကျေးဇူးပါ

ပို့စ်ရေးသူ-HanWaiLinn(www.sayyoethe.blogspot.com)

https://www.facebook.com/hanwailinn.hanwailinn

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဆော့ဝဲ မလိုသော ဖိုင် ဖျောက်နည်း ( For Android Phone ) http://www.simon-vlog.com/2014/05/for-android-phone.html#ixzz31ibdbq4S
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

မန်မာနယ်ခြားစောင့်တပ်နှင့် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုတို့ ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တိုက်ပွဲဖြစ်ပွား ............


14 May 2014 11:22(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)


 ဘင်္ဂလား မြန်မာနယ်စပ်တွင် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့နှင့် အမည်မသိ လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကော့စ်ဘဇားနယူးတွင် ဖေါ်ပြသည်။

ယင်းပစ်ခတ်မှုသည် နံနက် ၆ နာရီခန့်မှ စတင်ပြီး ၇ နာရီတွင် ပြီးဆုံးကာ  နယ်စပ်မှတ်တိုင် အမှတ် ၃၇- ၃၈ အနီးတွင် ဖြစ်ပွားခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။

ပစ်ခတ်မှုဖြစ်ပွားခြင်းမှာ မှန်ကန်သော်လည်း မည်သည့်အဖွဲ့နှင့်ဖြစ်သည်ကို မသိရှိရသေးကြောင်း၊  ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့မှလည်း အနီးကပ် စောင့်ကြည့်နေကြောင်း ဘင်္ဂလားဒေ့ခ်ျ နယ်ခြား စောင့်တပ်မှ အရာရှိတစ်ဦးကပြောဆိုသည်ဟု သတင်းတွင် ဆက်လက်ဖေါ်ပြသည်။

ဘင်္ဂလားဒေခ်ျ့နှင့် မြန်မာနယ်စပ်တွင် တည်ရှိသည့် ဘင်္ဂလာဘက်ခြမ်း ဘိုင်ချာဘာရီရွာသားများက ညနေ ၃ အချိန်အထိ ပစ်ခတ်သံများ ကြားနေရသည်ဟု ပြောဆိုကြောင်းလည်း ယင်းသတင်းတွင် ဆက်လက် ရေးသားသည်။

၎င်းသတင်း ရရှိပြီးနောက် နယ်စပ်သို့ စုံစမ်းရာ တိုက်ပွဲ ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ပြီး အောင်သပြေနှင့် ဗန္ဓုလ ကျေးရွာအနီးတတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ယခုကဲ့သို့ နယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် မောင်တောမြို့တွင်လည်း လုံခြုံရေးများ တိုးချထား ကြောင်း မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

“  မနေ့မနက်က နယ်မြေ ၁ မှာ တိုက်ပွဲဖြစ်တယ်လို့သိရတယ်။ ဘယ်အဖွဲ့ ဆိုတာတော့မသိဘူး။ အာရ်အက်စ်အိုလို့တော့ လူတွေ ပြောနေကြတယ်။ မြို့ထဲ မှာ လည်း ခြုံရေးတွေချထားတာ တွေ့ရတယ်။ နယ်တွေမှာလည်း လုံခြုံရေးတိုးချထားတယ်လို့ ကြားပါတယ်။”

နယ်စပ်တွင်တည်ရှိသည့် အောင်ဗလ ကျေးရွာသားတစ်ဦးက သူတို့ရွာလုံခြုံရေးနှင့် ပတ်သတ်ပြီး ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ ရွာမှာတော့ လုံခြုံရေးတပ်ဖွဲ့ အယောက် ၁၀ ကျော်ရှိတယ်။ ဒီဘက်မှာတော့ ပုံမှန်အတိုင်းပါ။ ထူးထူး ခြားခြားမရှိပါဘူး” ဟု ဆိုသည်။

ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် အသေအပျောက်တချို့ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မြန်မာ အာဏာပိုင်များမှ ယင်းပစ်ခတ်မူနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ဖေါ် ပြောဆိုမူ မရှိသေးကြောင်း သိရသည်။

မြန်မာ နယ်ခြားစောင့်တပ်နှင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လက်ကိုင်အဖွဲ့မှာ မည်သည့် အဖွဲ့အစည်း ဆိုသည်ကို အတိကျ မသိရသေးသော်လည်း မြန်မာအစိုးရအား လက်နက်ကိုင်တိုက်ခိုက်နေသည့် ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းတွင် ခိုအောင်းနေသော အာရ်အက်စ်အို အဖွဲ့ ဖြစ်နိုင်ကြောင်း နယ်စပ်တွင် နေထိုင်သူများက ပြောသည်။

မောင်အေး
(နိရဉ္စရာ- ၁၄ မေလ ၂၀၁၄)

Facebook ပေါ်မှာ ငွေရှာမယ် ..................


Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေ ပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။

ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ်ထင်ပါတယ်။ တကယ်လည်း မြန်မာပြည်အတွက် ထူးဆန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာ ဝင်ငွေရှာတာတော့ နိုင်ငံတကာ မှာ တော်တော်လေး ရေပန်းစားပါတယ်။ ဒီတော့ မြန်မာပြည် Facebook ကွန်ရက်မှာ ငွေမရှာခင် နိုင်ငံတကာမှာ Facebook အသုံးပြုပြီး ဘယ်လို ဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာပါတယ်။

Facebook မှာ ဝင်ငွေရှာနိုင်တဲ့ အကြမ်းဖျင်း နည်းလမ်း နှစ်ခု ရှိပါတယ်။ Developer နဲ့ Fan page နှစ်မျိုး ဖြစ်ပါတယ်။ Developer ကတော့ ရှင်းပါတယ်။ Facebook အသုံးပြုသူတို့ ဆော့ကစားလို့ ရမယ့် Application တစ်ခုခုလုပ်လိုက်မယ်။ ပြီးတော့ ယင်း Application ကို User အတော်များများက ယူဆော့ပါမယ်။ ဒီတော့ အခြား စီးပွာရေး လုပ်ငန်းရှင်များက ယင်း App စာမျက်နှာမှာ ကြော်ငြာထည့် လာတာမျိုး ဖြစ်ပါတယ်။ ရေပန်းအစားဆုံး App တွေသာ စီးပွားရေး တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။ Application ကိုလူတိုင်းလုပ်နိုင်ပါတယ်။

သို့ပေမယ့် ယင်းအတွက် Facebook ကို ငွေပေးဆောင်ရပါတယ်။ Application ဖန်တီးလိုသူများက https://developers.facebook.com/apps ဒီလခ့်မှာ ဝင်ရောက်ပြီး ပြုလုပ်ကြပါတယ်။ ဒါကလည်း မခက်ပါဘူး။ သို့ပေမယ့် မြန်မာပြည်ကနေတော့ Application လုပ်လို့ရမယ့် ပုံမပေါ်ပါဘူး။ ဒီအတွက် ငွေပေးဆောင်ရပါတယ်။ ပေးရတဲ့ ငွေပမာဏ နည်းပေမယ့် Facebook ဆီငွေရောက်အောင် ပို့ပေးမယ့် Paypal , eBay အစရှိသဖြင့် နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းတွေ မြန်မာပြည်မှာ မရှိလို့ပဲ ဖြစ်ပါတယ်။ ယင်း နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းစနစ်တစ်ခု သာ မြန်မာပြည်မှာ ရှိလာပြီဆိုရင် အွန်လိုင်းမှာ ရုန်းကန်နေတဲ့ မြန်မာ့ အင်တာနက်ကွန်ရက်ပေါ်က စီးပွားရေးလုပ်ငန်း များ၊ ဆော့ဖ်ဝဲ၊ Developer သမားများ ဒီထက်မက လမ်းပွင့်သွားနိုင်ပါတယ်။

ဒီတော့ ပြည်ပရောက် မြန်မာ များအတွက်တော့ ငွေဒီနည်းနဲ့ ရှာနိုင်ပါတယ်။ မြန်မာပြည်နေ Facebook အသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းနဲ့ လက်ရှိတော့ မရနိုင်သေးပါဘူး။ ကြားမှ တစ်ဆင့်ခံပေး မယ့် အေဂျင်ဆီတွေရှိတဲ့အတွက် ရတယ်ဆိုရင်တော့ တော်တော်လေး ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။

နောက်ထပ်ဝင်ငွေရှာနည်းကတော့ Fan Page ပဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာ Fan Page မှာ ဘယ်လိုငွေရှာသလဲဆိုတာကို အရင်လေ့လာရ ပါအုံးမယ်။ စာဖတ်သူအချို့ မြင်ဖူးပါလိမ့်မယ်။ နိုင်ငံတကာ Fan Page တွေမှာ အော်ဒါမှာဝယ်ယူလို့ရတာမျိုးတွေ ဖြစ်ပါတယ်။ မစ်စတာ ဘင်း- Official Fan Page မှာဆိုရင် သူ့ ရဲ့ ရုပ်ရှင်ခွေတွေ မှာလို့ရပါတယ်။ ဟမ်ဘာဂါဆိုင် Page တစ်ခုဆိုရင် အွန်လိုင်းကနေ တိုက်ရိုက်မှာယူနိုင် ပါတယ်။ သီချင်းအယ်လ်ဘမ်တွေလည်း သက်ဆိုင်ရာမှာ ဝယ်ရရနိုင်ပတယ်။ အစရှိသဖြင့် Application ကိုတွဲပြီး Fan Page ကို ကြားခံ ဈေးဆိုင်အဖြစ် အသုံးပြုပါတယ်။ ဒီတော့ ကိုယ့်မှာ စီးပွားရေး လုပ်ငန်း တစ်ခုခုရှိမှသာ ဒီလို လုပ်နိုင်တဲ့အပြင် အွန်လိုင်းအိတ်ချိန်းလည်း ရှိနေရပါအုံးမယ်။ မြန်မာပြည်နေ user များ အတွက် Facebook မှာငွေရှာဖို့ အတော်ခက်ခဲသွားပါပြီ။

ဒါဆို ဘယ်လိုလုပ်ရတော့မလဲ။ ကျောင်း ဆက်တက်ဖို့ ရန်ကုန်မှာ ရုန်းကန်နေသူများ ရှိပါတယ်။ မည်မည်ရရ ဘွဲ့ရှိမထားလို့ ကြုံရာ အလုပ်ဝင်လုပ်ပြီး ရန်ကုန်မှာ သောင်တင်နေသူများ ရှိပါတယ်။ ရန်ကုန်ရယ်လို့ မဟုတ်ပဲ မြို့ ကြီး၊ မြို့ ငယ်အသီးသီးမှာ ပညာတတ်ထားပေ မယ့် အံကိုက်မဖြစ်လို့ ဘဝရှုံးနေသူများ ရှိနေပါသေးတယ်။ ဦးနှောက်ယိုစီး မှုကိုသာ အပြစ်တင်ပြီး Facebook မှာ Like, Share, Comment လောက်နဲ့ပဲ ဘဝကို သာမန် အလုပ်လေး တစ်ခုနဲ့ အချိန်ကုန်ခံနေကြရပါတယ်။

ဘာမှမလုပ်တတ် မကိုင်တတ်လို့ Facebook မှာပဲ ခံစားချက်တွေ ထုတ်ဖော်နေသူများ ရှိပါတယ်။ Social Network မှာ သာမန်လူတွေထဲက လူလိုပဲ အချိန်ကုန်ခံဖို့ ဆုံးဖြတ်သူများလည် ရှိပါတယ်။ အခြားသူများက အလုပ်ခိုင်ခိုင်မာမာ၊ စီးပွားရေး ခိုင်ခိုင်မာမာ၊ ငွေကြေး ခိုင်ခိုင်မာမာရှိလို့ Facebook ကို အပျင်းပြေ အသုံးပြုကြတာ။ ပျော်စရာ အဖြစ် အသုံးပြုကြ တာ။ ဒီတော့ စားဝတ်နေရေး အဆင်မပြေသော၊ အလုပ်ထပ်လုပ်ရန်လို အပ်နေသော စာဖတ်သူများအနေဖြင့် Facebook မှာ ငွေရှာရန် စိတ်ကူးကြည့်ဖူးပါသလား။ တကယ် ငွေရှာလို့ ရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ငွေတိုက်ရိုက်ဝင်တာမျိုးမဟုတ်ပေမယ့် Facebook မှာတင်မဟုတ်ပဲ ပြင်ပမှာပါ ငွေဝင်လာမယ့် နည်းလမ်း ဖြစ်ပါတယ်။

Page တစ်ခုပြုလုပ်ခြင်း

စာဖတ်သူ ဘာကိုစိတ်ဝင်စားသလဲ။ စာဖတ်သူက ဘယ်ပညာနဲ့ ကျောင်းပြီး ထားသလဲ။ အင်ဂျင်နေယာလား၊ ဆရာဝန်လား၊ ရိုးရိုး ဘွဲ့ရသူလား၊ ဂိမ်း စိတ်ဝင်စားသူလား၊ သတင်းတွေ စပ်စုတက်သူလား။ အစရှိသဖြင့် မိမိကိုယ်ကိုယ် သုံးသပ်ပြီး အမည်တစ်ခုခုနဲ့ Page လုပ်ရပါမယ်။ ဥပမာ- အင်္ဂလိပ်လို သတင်းတွေကို ဖတ်ပြီး မြန်မာလိုပြန်ရေးကျင့်ရင်း သဘောကျတာတို့၊ ကဗျာရေးရတာ သဘောကျတာ၊ ရုပ်ရှင်အကြောင်း သဘောကျတာတို့၊ ဆောင်းပါးရေးတာတို့ အစရှိသဖြင့် ဝါသနာ အမျိုးမျိုး ရှိကြပါမယ်။

၂။ Page တွင် မိမိတတ်သမျှ၊ သိသမျှ၊ စိတ်ဝင်စားသမျှ မျှဝေတင်ပြခြင်း

သတင်းတွေ ဖတ်ပြီး ဘာသာပြန်ထားတယ်ဆိုပါစို့။ ပုံလေးတွေပါ Download ဆွဲရင်း တွဲတွဲတင်သွားလိုက်မယ်ဆို တဖြည်းဖြည်းနဲ့ သတင်းတွေ ပြည့်လာ ပါမယ်။ ကဗျာဆိုရင် ကဗျာတွေ ရေးလာလိုက်တာ တော်တော်လေး စုံလာပါမယ်။ ဟင်းချက်ဝါသနာပါသူဆိုရင် ဟင်းချက်နည်းအဆင့် ဆင့်တွေ ရေးရင်း ဟင်းအမယ်လေးတွေ မျှဝေရင်း Post တွေများလာပါ မယ်။ ဆောက်လုပ်ရေး အင်ဂျင်နေယာဆိုရင်လည်း အင်ဂျင်နေယာတို့ အတွက် အကျိုးရှိမယ့် စာတွေ၊ သတင်းတွေ၊ အဆောက်အအုံပုံတွေ၊ ဒီဇိုင်းတွေ မျှဝေမယ်။ Graphic ဒီဇိုင်နာသမားဆိုရင်လည်း မိမိရဲ့ ဖန်တီးချက်များကို Page မှာ မျှဝေရပါမယ်။

ရုပ်ရှင် နှစ်သက်သူကလည်း ရုပ်ရှင်ဆိုင်ရာ ဆောင်းပါးလေးတွေ၊ review လေးတွေကို မိမိသိသလိုလေးရေးတင်ပါမယ်။ သို့ပေမယ့် အားလုံးကို အမှန်အတိုင်းပဲ တင်ပြဖို့လိုအပ်လာပါတယ်။ ဒီလိုရေးသားတင်ဆက်တယ် ဆိုတာ မီဒီယာအလုပ်တစ်ခုကို လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ ကိုယ်က မှန်မှန်ကန်ကန်နဲ့ မိမိစိတ်ထဲရှိတာ၊ ဝါသနာပါရာ၊ စပ်စုမိရာကို မျှဝေရာဖြစ်ပေမယ့် အများဖတ်ဖို့ ဖြစ်တဲ့အတွက် မှန်ကန်နေဖို့ တော့ လိုအပ်ပါတယ်။ ဒါမှသာ အများက သိလာပြီး စိတ်ဝင်တစား လာကြည့်ကြမှာ ဖြစ်ပါတယ်။

မိမိရဲ့ Personal အကောင့်မှာလဲ အရင်အတိုင်း Like, Share လုပ်နေရင်း၊ တစ်ဖက်ကလည်း မိမိရဲ့ Page ကို အမြဲစောင့်ကြည့် ပြီး Post လေးတွေ တင်ပေးရပါမယ်။ ဒီမှာ စာဖတ်သူက အခြား ပညာရေးလမ်းကြောင်းပေါ် မှာ လျှောက်နေသူဆိုရင် အချိန်ပေးမှုကို ကိုယ်တိုင် စီမံထားစေချင်ပါတယ်။ Page ကိုလည်း အမြဲ Active ဖြစ်အောင်လုပ်ရင်း၊ သာမန် လုပ်ငန်းဆောင် တာများလည်း မလစ်ဟင်းရပါဘူး။

ဒီလိုလုပ်လာတာ ၃ လလောက်ဆိုရင် တော်တော်လေး ထူးခြားလာပါပြီ။ ကိုယ့်မျှဝေသမျှသာ လာဖတ်သူများနဲ့ ထပ်တူကျရင် ၃လ တောင်မကြာပဲ ၁ လတည်းနဲ့တောင် လူသိများ ရပန်းစားလာနိုင်ပါတယ်။

ဒီမှာ စပြီးအကျိုးအမြတ်ရပါပြီ။ စာဖတ်သူက ကဗျာ Page လုပ်ထားတယ်ဆိုပါစို့။ တကယ်လည်း ခံစားချက်အပြည့်နဲ့ရေးထားတဲ့ ကဗျာတွေဆိုတော့ တော်တော်ကို ပေါက်နေပြီ ဆိုပါစို့။ ကဗျာစာအုပ်တိုက်များ၊ စာနယ်ဇင်းတိုက်များကို သိအောင် လုပ်ပါ။ စာမျက်နှာကို Print ထုတ်၍ ပြခြင်းသော် လည်းကောင်း၊ စာနယ်ဇင်းများ အီးမေးလ်သို့ မိမိဖန်တီးထားသောPage ရဲ့  Link ကိုပေးပို့ခြင်းဖြင့်သော် လည်းကောင်း သိအောင်လုပ်ရပါမယ်။ မိတ်ဆက်ရပါ မယ်။ တောင်းဆိုရ ပါမယ်။ တောင်းဆိုရမယ်ဆိုတာက မိမိတတ်ထားတဲ့၊ ဖန်တီးထားတဲ ပညာရပ်အတွက် သက်ဆိုင်ရာနယ်ပယ်မှာ ဝင်ရောက် လိုကြောင်း တောင်းဆိုနိုင်ပါတယ်။ ဥပမာ- သတင်းတွေ ဘာသာပြန်ပြီး Page လုပ်ထားတယ်ဆိုပါဆို့။ သတင်းမီဒီယာ တစ်ခုခုနဲ့ ချိတ်မိအောင် ကြိုးစားပြီး မိမိဖန်တီချက်များကို သိအောင် ပြရပါမယ်။ ပြီးတော့ မီဒီယာလောကမှာ ဘယ်လိုရပ်တည်ဖို့အခွင့်အရေး ရှိတယ်ဆို တာ တောင်း ဆိုနိုင်ပါတယ်။ အင်ဂျင်နေယာဆိုင်ရည် နည်းပညာများ မျှဝေရင်း၊ ရေးသား ထားတယ်ဆိုပါစို့ အင်ဂျင်နေယာဆိုင်ရာ သတင်းအချက်အလက်များ ပေးဖို့ ကြိုးစားနေတဲ့ မီဒီယာများကို ချိတ်ဆက်ပြီး မိမိဖန်တီးချက်များကို ပြရပါ မယ်။ ပြီတော့ မိမိအတွက် နေရာတစ်ခုခု ရရှိနိုင်ပါတယ်။

သို့ပေမယ့် စာဖတ်သူရဲ့ ဖန်တီးချက်ဟာလည်း ကောင်းမွန်နေ ဖို့လိုအပ်ပါ တယ်။ အများအမြင်မှာ အထင်ကြီးနေစေဖို့ လိုအပ်လာပါတယ်။ ယခုနောက်ပိုင်း မီဒီယာလုပ်ငန်းစုများ၊ စီးပွားရေး လုပ်ငန်းရှင်များဟာ Facebook ကိုတော်တော် အလေးထားလာပါပြီ။ Facebook ကိုအခြေခံပြီး အောင်မြင်နေတဲ့ သူတွေ၊ fan page တွေကို စောင့်ကြည့်နေ ပါတယ်။ မအောင်မြင်သေးတဲ့ မိမိစီးပွားရေးလုပ်ငန်း၊ မီဒီယာများ ကို အောင်မြင်လာအောင် ဖန်တီးပေးမယ် သူ လိုအပ်နေပါ တယ်။ အောင်မြင်ပြီးသားများကလည်း အင်အားပိုမိုတောင့်တင်းလာအောင် တကယ် အရည်အချင်းရှိတဲ့ Facebook ပေါ်က မြန်မာပြည်သားများကို ရှာဖွေနေကြပါတယ်။ Facebook ဟာ တကယ်ပဲ အားကိုးရတဲ့ Advertising နည်းလမ်းတစ်ခုပဲ ဆိုတာ သိလာကြပါပြီ။ ပရိုမိုးရှင်းတွေကို Facebook မှာပြုလုပ်နေကြပါပြီ။

အွန်လိုင်းမှာ စာဖတ်ပရိတ်သတ်အခိုင်အမာရ သွားတဲ့ ဆောင်းပါးရှင် တစ်ယောက်ဆိုရင် စာအုပ်ထုပ်ရတဲ့ အထိ အောင်မြင်သွားပါပြီ။ အခြား Professional လုပ်ငန်း ရှိနေသည့်တိုင် Facebook ကြောင့် တစ်ဖက်ကလည်း ဝင်ငွေရပြီး၊ အောင်မြင်ပါတော့မယ်။ သတင်းတွေ၊ ဆောင်းပါးတွေ ကိုယ်တိုင်ဖန်တီးသူ ကလည်း မီဒီယာလုပ်ငန်းတော်တော်များများမှာ ဝင်ရောက်လုပ်ကိုင်နေရပါပြီ။ အပျော်တမ်း ရေးသားရကနေ မီဒီယာကျင့် ဝတ်နဲ့ ညီညီ ရေးသားတင်ဆက်ပေးသူများ ဖြစ်လာကြပါတယ်။ အချို့ ကျ Facebook မှာအောင်မြင်ပြီး ဝဘ်ဆိုဒ်တွေ ပိုင်ဆိုင်ရရှိလာပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ဖို့ လမ်းစတွေ ပေါ်ပေါက်လာပါတယ်။ အချို့ ကျတော့ မိမိဖန်တီးထားတဲ့ ဒီဇိုင်းတွေကြောင့် ဒီဇိုင်းကုမ္မဏီများက ဖိတ်ခေါ်ပြီး အလုပ်ဆိုတာ ရှာစရာမလိုပဲ အလုပ်က လာရှာတာမျိုး အထိ ဖြစ်လာပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာမှာ မိမိ ဖန်တီချက်များကို အလွယ်တကူ ချပြလို့ရတဲ့ Facebook မှ မှတ်ကျောက်တင်ထားခြင်းဖြင့် ကြိမ်းသေ အသုံးဝင်ပါတယ်။ မိမိက အလုပ်တစ်ခုခုကို လျှောက်ရင် မိမိဖန်တီးထားမှု များကို ဘွဲ့လက်မှတ်နဲ့ ပြလို့ မလုံလောက်တော့ပါဘူး။ ဒီတော့ မိမိဖန်တီးထားတာတွေကို ပြရတောမှာ ဖြစ်ပါတယ်။ ဒီမှာ Facebook က တော်တော်လေး အသုံးဝင်ပါတယ်။ သို့တည်းမဟုတ် အခြားအလုပ်များ လုပ်နေရင်း ကိုယ်ဝါသနာပါရာကို Facebook မှာရေးနေရင်း အခြား အလွတ်တန်း အလုပ်တစ်ခုခုလည်း အလွယ်တကူ ရနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ အခြားအကျိုးထူးမြောက်များစွာလည်း ရှိနေပါသေးတယ်။ သို့ပေမယ့် ကောင်းကျိုးရသွားတဲ့ အရေအတွက်ဟာ အင်မတန် နည်းနေပါသေးတယ်။

Facebook page ကို မိမိရဲ့ ပညာရပ် အထောက်အပံ့ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ အလုပ်အတော်များများက အတွေ့အကြုံရှိသူများကို ပိုမိုနှစ်သက်ကြပါတယ်။ ဘာမှအတွေ့ အကြုံမရှိသူများအနေနဲ့ မိမိတို့ ဘယ်လောက်ထိ တတ်တယ်ဆိုတာကို Page မှာတင်ပြထားခြင်းဖြင့် သက်သေပြနိုင်ပါတယ်။ ဘွဲ့လက်မှတ်မှာတင်မဟုတ်ပဲ မိမိဟာ တကယ်ပဲ တတ်မြောက်ပြီး ဒီလိုအကျိုးရှိရာတွေကို ပြန်လည်မျှဝေပေးနေပါတယ် ဆိုတာကို တင်ပြနိုင်ရင် အလုပ်ရှာရခက်တဲ့ အဖြစ်ဖို့မျိုးက အနည်းနဲ့ အများတော့ ကင်းဝေးမှာ ဖြစ်ပါတယ်။ မိမိက ဆော့ဖ်ဝဲနည်း ပညာရှင် တစ်ယောက် ဖြစ်တယ်ဆိုတာကို စာရွက်နဲ့တင်မဟုတ်ပဲ မိမိတင်ဆက်ပြ သထားတာတွေနဲ့ သက်သေပြနိုင်မှာ ဖြစ်ပါတယ်။ Facebook ရယ်လို့မှ မဟုတ်ပဲ Blogspot လုပ်ပြီးလည်း ထိုနည်းတူစွာ တင်ပြနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် စာဖတ်သူတို့ ဘယ်လောက်အချိန်ပေးသင့်သလဲ။ ရည်ရွယ်ချက်ကို Facebook မှာ ရေရေရာရာမရှိ ဟိုဟိုဒီဒီ ကြည့်ရှုနေရသူများ အတွက် ဖြစ်ပါ တယ်။ ဒီလို မိမိခံစားချက်တွေ၊ ဖန်တီးချက်တွေကို ဖန်တီးဖို့အတွက် ထူးထူးခြားခြား အချိန်ပေးစရာ မလိုပါဘူး။ တစ်ရက်မှာ မိမိအားတဲ့ တစ်နာရီသော်လည်းကောင်း၊ နှစ်နာရီသော်လည်းကောင်း အချိန်အခိုက် အတန့်အတွင်း ရေးသားတင်ပြရင်း ဆက်သွားနိုင်ပါတယ်။ ဒီတာ့ Facebook နဲ့ ဘယ်လိုငွေရှာမလဲ၊ ခေါင်းစဉ် Facebook ပေါ်မှာ ဘယ်လို အလုပ်ရှာမလဲ လို့တောင် ဖြစ်သင့်ပါသေးတယ်။ စာဖတ်သူတို့ သံသယဖြစ်နေပြီလို့ ယူဆပါတယ်။ ဒီလိုလုပ်လို့ တကယ်ဖြစ်နိုင်ပါ့မလားလို့ သံသယတွေ ဝင်နေလောက်ပါပြီ။

ယခုစာရေးသူဟာလည်း Facebook မှာ မိမိဝါသနာ ပါရာ သတင်း၊ ဆောင်း ပါးများအား ဘာသာပြန်တင်ပြရင်း အခြား လုပ်ငန်းဆောင်တာ များမပျက် ယွင်းပဲ ရန်ကုန်တွင် နေထိုင်စားသောက်ရန် လုံလောက်သော ဝင်ငွေတစ်ခု ရရှိခဲ့ ပါတယ်။ အပျော်တမ်းရေးရာကနေ မီဒီယာ လုပ်ငန်းကြီးများရဲ့  လက်တွဲခေါ်ဆိုမှုကြောင့် အခြေအနေကောင်း တစ်ခုရရှိနေပါပြီ။ မီဒီယာ လုပ်ငန်းတော်တော်များများမှာလည်း ဝင်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းမှု များ ရရှိခဲ့ဖူးပြီး လက်တွဲလည်း လုပ်ကိုင်ခဲ့ပါတယ်။ လက်တွဲလုပ်ကိုင်ရန် ကမ်းလှမ်းချက်များ ရရှိခဲ့ပါတယ်။ ၆ လကျော်အတွင်း ထူးခြားလာ မှုများက တစ်နှစ်ပြည့်နီးနီးမှာ ပို၍ အောင်မြင်သွားပါတယ်။ စာရေးသူက မီဒီယာကျောင်းဆင်းလည်း မဟုတ်ရပါ။ အိုင်တီ ကျောင်းဆင်းလည်း မဟုတ်။ တစ်ဖက်ကလည်း မိမိနှစ်သက်ရာ ဘာသာရပ်တစ်ခု အထူးပြု သင်ယူ လေ့လာနေဆဲသာ ဖြစ်ပါတယ်။ ကိုယ်ရည်သွေးခြင်း မဟုတ်ရပါ။ စာဖတ်သူ တို့ ဖြစ်ကောဖြစ်နိုင်ပါ့မလား ဟူသော သံသယ ကင်းဝေး စေရန် ဖြစ်ပါတယ်။

စာရေးသူထက် အဆပေါင်းများစွာ အကျိုးထူး ချွန်ပြီး အောင်မြင် နေသော မြန်မာပြည် မှ Facebook user များလည်း အမြောက်အများရှိပါတယ်။ မီဒီယာ လုပ်ငန်းကိုသာ မဆိုလို။ အခြား မိမိကျွမ်းကျင်ရာ နယ်ပယ်အလျောက် တင်ပြချက်ကို အခြေခံပြီး ပြင်ပလော ကမှာ ကောင်းကောင်းကြီး ပြန်လည် အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ယခုစာက Facebook ကိုအပျော်တန်း၊ အပျင်းပြေသုံးနေသော အခြား Professional များအတွက် မဟုတ်ရပါ။ တကယ်ပဲ အလုပ်ရှာရခက်ပြီး၊ အွန်လိုင်းမှာ မရေမရာ ဖြစ်နေသူများအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ပညာအရည်အချင်း ရှိသောလည်း ရွံ့ နွံတွင်းမှ ပတ္တပြားကဲ့ သို့ မြှုပ်နေ သူများအတွက် ဖြစ်ပါတယ်။ တတ်စွမ်း သလောက်ကြိုး စားသော်လည်း အရာမရောက်သေးသူများ အတွက် လည်း ဖြစ်ပါတယ်။ တကယ်ပဲ Facebook ကိုအကျိုးရှိရှိ အသုံးချ လို့ ကျောင်းကျိုးပေါင်း များစွာ ဖြစ် ထွန်းလာဖို့ ဆန္ဒပြု ရေးသားလိုက်ရပါ တယ်။

လေးစားစွာဖြင့်

အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/science-tech/internet/40688-ံhow-to-find-money-on-facebook.html

သူနဲ့ရတဲ့ ကိုယ်ဝန်ရှိလာလို့ ချစ်သူကို သတ်ခဲ့တဲ့ အထက်တန်းကျောင်းသား .................

Posted by: Ko Myo on Wednesday, May 14, 2014 Categories:
ဒီနေ့လည်း စိတ်မကောင်း ဖြစ်စရာ သတင်းတစ်ပုဒ် ဖတ်လိုက်ရလို့ World-Myanmar News ပရိသတ်လ ည်း သိပြီး သတိထားရှောင်ကျဉ်နိုင်ဖို့ ပြန်တင်ပေးလိုက်ပါတယ်။



အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်က အထက်တန်းကျောင်းသား တစ်ဦးကိုတော့ သူ့ရဲ့ အမြွှာကိုယ်ဝန်လွယ်ထားတဲ့ အသက် ၁၆နှစ်အရွယ် ချစ်သူကို ဓါးနဲ့ ထိုးသတ်ခဲ့တဲ့အတွက် ဖမ်းဆီး ထားပါတယ်။ ကိုယ်ဝန်သည် မိန်းကလေး Arrijana Hill ကိုတော့ သူမနေအိမ်ဖြစ်တဲ့ တက္ကဆက်ပြည်နယ်၊ ပီးယားလန်း၊ East Cedar Hollow Drive မှာရှိတဲ့ အိမ်အမှတ် ၃၂၀၀၀ မှာ သေဆုံးနေကြောင်း တွေ့ရှိခဲ့ပါ တယ်။

သံသယရှိသူကို မနေ့က အင်္ဂါနေ့ နေ့လည်ပိုင်းမှာ Pasadena Memorial အထက်တန်းကျောင်းမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အမှုကျူးလွန်ချိန်မှာ သူဟာ ဆယ်ကျော်သက် အရွယ်ပဲ ရှိသေးတာကြောင့် သူ့ရဲ့ နာမည်ကိုတော့ ဖော်ထုတ်ပြောဆိုထားခြင်း မရှိပါဘူး။ ဖမ်းဆီးပြီးနောက်မှာတော့ Brazoria County Juvenile Detention Center (လူငယ် ပြုပြင် ထိန်းသိမ်းရေး စခန်း) မှာ ထားရှိတယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသမီးငယ်ရဲ့ ကိုယ်ဝန်ကို စစ်ဆေးတဲ့အခါမှာတော့ သူမ ဗိုက်ထဲက ကလေးနှစ်ဦးရဲ့ ဖခင်ဟာ သံသယရှိသူ အထက်တန်းကျောင်းသား ဖြစ်နေတယ်လို့ သိရပါတယ်။

အဆိုပါ ကျောင်းသားကို Pasadena Memorial ကျောင်းမှာ ဖမ်းမိခဲ့ပေမယ့် သူရော သေဆုံးသူ မိန်းကလေး တို့ နှစ်ဦးစလုံးဟာ Dawson အထက်တန်းကျောင်းမှာ တက်ရောက်ခဲ့ကြတယ်လို့ ပြောပါတယ်။ မိန်းကလေး ကိုယ်ဝန်ရှိနေတာကိုတော့ သူမရဲ့ မိခင်က လွန်ခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ ကတည်းက သိရှိခဲ့တယ်လို့ ပြောပါတယ်။ သူမတို့ နေထိုင်ရာ ပတ်ဝန်းကျင်ဟာ အဆင့်အတန်းရှိသူတွေသာ နေထိုင်တဲ့ ရပ်ကွက် ဖြစ်တယ်လို့လည်း သိရပါတယ်။

သံသယရှိသူ ကျောင်းသားရဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော် ပြောဆိုခြင်း မရှိသလို၊ ဘယ်ပုံဘယ်နည်းနဲ့ သတ်ခဲ့တယ်ဆိုတာကိုလည်း မသိရသေးပါဘူး။ မိန်းကလေး မသေဆုံးခင် အချိန်အထိ သူမကျောင်း ဘော်လီဘော အသင်းအတွက် ပါဝင်ကစားပြီး အသင်း အုပ်ချုပ်သူ ဖြစ်တယ်ကြောင်း သိရပါတယ်။ သူမဟာ ပြုံးရွှင်ချိုသာသူ ဖြစ်တယ်လို့ သူမကို သိသူတိုင်းက မှတ်ချက်ပေးကြပါတယ်။ သူမရဲ့ အလောင်းကို တွေ့ပြီး လေးရက်မြောက်မှာတော့ သူမရဲ့ဈာပနအတွက် လူပေါင်း ရာချီ စုဝေး တက်ရောက်ကြကြောင်း သိရပါတယ်။



World-Myanmar News (world-myanmar.com) မှ ဆီလျော်အောင် ပြန်ဆိုသည်။
ref: dailymail.co.uk
World-Myanmar News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

၄၂ လက်မမြင်ကွင်းထိ ရရှိနိုင်သော Projector ဖုန်းအမျိုးအစားသစ်တစ်မျိုး ဈေးကွက်ဝင်ရောက် ..............

Posted by: Ko Myo on Wednesday, May 14, 2014 Categories:


Projector အနေဖြင့် ကြည့်ရှုနိုင်သည့် ဟန်းဆက်ကို Samsung မှ ပထမဆုံးတင်သွင်းခဲ့ကြောင်း သိရသည်။ ယခုဝင်ရောက်လာသည့် ၄၂ လက်မ မြင်ကွင်းထိရရှိနိုင်သော Projector ဖုန်းအမျိုးအစား သစ်မှာ Brand အမှတ်တံဆိပ်အသစ်ဖြစ်သည့် Magic On မှ တင်သွင်းဖြန့်ချိတာဖြစ်ကြောင်း သိရသည်။

၎င်းဖုန်းမှာ Magic On အမှတ်တံဆိပ် Ayane QS4 မော်ဒယ် ဖုန်းအမျိုးအစားသစ်ဖြစ်ပြီး စကရင် အရွယ် အစား ၄ လက်မ WVGA IPS ရှိမှာဖြစ်သည်။ GSM, WCDMA ဆင်းကဒ်များ ထည့်သွင်းအသုံးပြုနိုင် မှာ ဖြစ်သည်။ Resolution အနေဖြင့် 480×640 အထိ အထောက်အပံ့ပေးထားမှာဖြစ်သလို RAM 1GB ပါဝင်မှာ ဖြစ်သည်။ Processor အနေဖြင့် 1.2 GHz Dual Core အမျိုးအစားကို အသုံးပြုထားမှာဖြစ်သည်။ ဖုန်းတွင် Tripod Stand တစ်ခုပါဝင်မှာဖြစ်သလို Air Remote တစ်ခုလည်း ပါဝင်မှာဖြစ်သည်။ Remote ကို Bluetooth ဖြင့် ချိတ်ဆက်အသုံးပြုရမှာဖြစ်ပြီး Remote ၏ နောက်ကျောဘက်တွင် စာရိုက်နိုင်သည့် ကီးဘုတ်တစ်ခုလည်း ပါဝင်မှာဖြစ်သည်။ ဖုန်းကို Bluetooth Device ချိတ်ဆက်နိုင်သည့် Speaker, Headset အပြင် Bluetooth အမျိုးအစား (၅) မျိုးကို ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်သည်။

၄၂ လက်မမြင်ကွင်းတွင် Full HD Resolution ကို အပြည့်အဝ ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်းကို တာဝန်ရှိသူမှ ပြောကြားခဲ့သည်။ အလင်းထုတ်လုပ်မှုအနေဖြင့် 35 Lumens အထိ ရရှိမှာဖြစ်သည်။ Android Version အနေဖြင့် 4.1.2 Jelly Bean ကို အထောက်အပံ့ထားနိုင်မှာ ဖြစ်သည်။ ကင်မရာ အနေဖြင့် Dual Camera ပါဝင်မှာ ဖြစ်သလို 5MP Rear Camera နှင့် VGA Front Camera တို့ ပါဝင်မှာ ဖြစ်သည်။ Sensors စနစ်အနေဖြင့် Gravity, Ambient & Proximity Sensor များ ပါဝင်မှာဖြစ် သည်။ Remote ကို အားသွင်းအသုံးပြုရမှာဖြစ်သလို Projector အသုံးပြုနေစဉ်အတွင်း မှာလည်း အားသွင်းထားနိုင်မှာဖြစ်သည်။ Projector အကွာအဝေးအနေဖြင့် ၁၀ ပေ ပတ်လည်အတွင်း အသုံးပြုနိုင်မှာဖြစ်သည်။ ဖုန်းကို အာမခံအနေဖြင့် ၁ နှစ်ပေးထား မှာဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ၂၆၀၀၀၀ ကျပ်ရှိမှာဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Global Mart Trading Co.,Ltd ဖုန်း- ၂၂၈၆၇၈ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။

ဝေဝေ
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အတိမ်းအစောင်းမခံတဲ့ ကချင်ငြိမ်းချမ်းရေး..............


ကျဆုံးသွားသော ကေအိုင်အေ စစ်သားတဦး၏ သွေးစွန်းသော လက်နက် (ဓာတ်ပုံ – Steve Tickner)
ပူလောင်တဲ့ နေရောင်အောက်မှာ သေနတ်ကိုယ်စီလွယ်ထားတဲ့ လူငယ်နှစ် ယောက်ရဲ့ ပခုံးထက်က ရွှေရောင်ကြယ်ပွင့် တွေက နေရောင်အောက်မှာ ဝင်း လက်လို့ နေပါတယ်။
မတူညီတဲ့ လက်မောင်းတံဆိပ်တွေ တပ်ထား တဲ့ သူတို့နှစ်ယောက် တယောက်နဲ့တယောက် တွေ့ ဆုံ လိုက်ချိန်မှာ အပြုံး ကိုယ်စီနဲ့ နှစ်ယောက်စလုံးကြား က ဆုံမှတ်တခုဆီ လျှောက်လာပြီး သူတို့ကိုယ်ဆီ ကိုင်ထားတဲ့ သေနတ်တွေကို နောက် ပစ် လွယ်လိုက် ရင်း လက်ဆွဲ နှုတ်ဆက်လိုက်ကြပါတယ်။
စကားတွေ ဖောင်ဖွဲ့ရင်း လူငယ်တယောက်က ဘောင်းဘီထဲကနေ တရုတ်နိုင်ငံထုတ် စီးကရက်ဘူး ကို ထုတ်တော့ ကျန်လူငယ် က မီးညှိပေးပါတယ်။ မီးညှိပေးသူကိုလည်း စီးကရက် ကမ်းလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ အချက်ပေးသံတခု ပေါ်လာတဲ့ အတွက် လူချင်းခွာကာ တာဝန်ချိန်ပြန်ယူဖို့ နောက် ပစ်လွယ်ထားတဲ့ သေနတ်တွေကို သတိအနေအထား နဲ့ ပြန်ကိုင်လိုက်ကြပါတယ်။
တာဝန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရပ်လိုက်ပြီ ဆိုတာနဲ့ သူတို့နှစ်ဦးရဲ့မျက်နှာမှာ ဘာခံစားမှု ဘာ အပြုံးမှ မရှိတော့ပါဘူး။ ခုန အခြေအနေနဲ့ ဆန့်ကျင် ဘက်ဖြစ်သွားပြီး သေနတ်ပြောင်းတွေက တဖက်ကို တဖက် လှည့်ထားကြပါတယ်။ သူတို့ဟာ ရပ်တည်ပုံ ချင်း၊ ယုံကြည်ချက်ချင်း မတူကြတဲ့ တာဝန်ကိုယ်စီနဲ့ လူငယ် အရာရှိ နှစ်ယောက်ပါ။ တယောက်က အစိုးရ တပ်လို့ လူတွေခေါ်ကြတဲ့ မြန်မာ့တပ်မတော်က လူငယ်တဦး ဖြစ်ပြီး ကျန်တယောက်ကတော့ ကချင် လွတ်လပ်ရေး တပ်မတော် လို့ခေါ်တဲ့  KIA က လူ ငယ်တဦးပါ။
KIA  ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် မြစ်ကြီးနားကို ပထမဆုံး လာရောက် ဆွေးနွေးချိန်မှာ မြစ်ကြီးနားနဲ့ လိုင်ဇာကို ပိုင်ခြားထားတဲ့ နမ်စာရံချောင်း တဖက်တ ချက်ဆီမှာ လုံခြုံရေး တာဝန်ယူ ထားကြတဲ့ သူတို့ နှစ် ယောက်ဟာ ငယ်စဉ်က ကျောင်းအတူတူတက်ခဲ့ကြ သူတွေ ဖြစ်ပေမယ့် ကြီးပြင်းလာတဲ့ အချိန် မှာတော့  KIA နဲ့ မြန်မာစစ်တပ် ဆန့်ကျင်ဘက် တပ်တွေမှာ ရောက်ရှိ နေသူတွေ ဖြစ်ပါတယ်။
“ကျနော်နဲ့သူက မန္တလေးမှာ ကျောင်းတူတူ တက်ခဲ့တယ်။ ဂ၊ ၉၊ ၁၀ (တန်း) ဘော်ဒါဆောင် နေခဲ့ကြတာ။ ခုတင်ကပ်ရက်၊ လောင်စိန် ၂ ကောင် ပေါ့။ ကျောင်းမှာ ဆရာမတွေက ကချင်-ဗမာ မျောက်လောင်းလို့ ခေါ်ခဲ့ကြတယ်။ အခုတော့ ကျနော် တို့နှစ်ယောက်က မတူတဲ့ဘက်မှာ ရောက်နေတယ်။ အထက်အမိန့်နဲ့ စစ်တိုက်ရတိုင်း ကျနော်ကတော့ ဆုတောင်းတယ်။ ကျနော့်ကျည်ဆန်၊ သူ့ကျည်ဆန်တွေ နှစ်ယောက်တွေ့ ချိန်မှာ မထွက်ပါစေနဲ့လို့ ဆုတောင်း နေရတယ်” လို့ နမ်စာရံ ချောင်းကို ကြည့်ရင်း မြန်မာ့ တပ်မတော်ဘက်က အရာရှိက ဆိုပါတယ်။
KIA  ဘက်က ကချင်အရာရှိကလည်း “ကျနော် တို့မှာ ရွေးစရာ မရှိဘူးလေ။ ဘယ်သူသိမှာလဲဗျာ၊ တကယ့်ဘဝတွေကို။ သူရော ကျနော့်လိုပဲ။ လူတွေ အများကြီးပါ။ ယုံကြည်ချက် ကိုယ်စီနဲ့ ဆိုပေမယ့် သူ့ကိုလည်း ကျနော်မပစ်ချင်ဘူး။ မြင်စေချင် ပါတယ်။ စစ်မတိုက်ရဘူးဆို နှစ်ဖက်လူတွေက ရယ်လိုက်မော လိုက်။ ဘယ်လိုကံလည်း မသိပါဘူး။ ကျနော်တို့ ငြိမ်းချမ်းချင်ပြီ။ အရင်ကလို ညဘက်အဆောင်ကနေ ခိုးထွက်၊ ဆေးလိပ်ခိုးသောက်၊ ဟာသတွေပြော၊ ဂစ်တာတီး တဲ့ဘဝကို ပြန်လိုချင်တယ်” လို့ ပြောပါတယ်။
အမိန့်ပေးမှုတွေအောက်မှာ တိုက်နေကြတဲ့ ဒီစစ်ပွဲကို ခေါင်းစဉ်တွေ အမျိုးမျိုးတပ်၊ ဆင်နွှဲနေကြ တာကြောင့် သူတို့နှစ်ဦး ဟာ အချိန်မရွေး သူတို့ကိုယ် စီ ကိုင်ထားတဲ့ သေနတ်ပြောင်းဝတွေမှာ တယောက် အသက်ကိုတယောက် ခြွေယူ ရနိုင် ပါတယ်။ စစ်မ တိုက်ချင်တော့ဘူးလို့ သံတူဆိုခဲ့ကြတဲ့ ဒီလူငယ်နှစ်ဦး လိုပဲ ဘဝပေါင်းများစွာဟာ စစ်ပွဲ တွေကြောင့် အမုန်း တရားတွေ ကြီးစိုးလာခဲ့ပါတယ်။
“ဘယ်သူက တိုက်ချင်မလဲ။ အမိန့်ဆိုတော့ မနာခံလို့လည်း မရဘူး။ တိုင်းပြည်ကို ကာကွယ်ဖို့ အတွက် စစ်ထဲဝင်တာပါ။ ကိုယ့်အသက် သေမယ့် ကိစ္စ ဘယ်စစ်သားက တိုက်ချင်မလဲ။ အိမ်ပစ်၊ မိဘ ပစ်ပြီး နေရတယ်။ ကိုယ့်ချင်းချင်းတွေ တိုက် နေရတာ ဘယ်တိုက်ချင်မလဲ။ ဘာတွေ ဘယ်လိုကြောင့် အခု ထိ ငြိမ်းချမ်းရေး မရတာလဲ မသိဘူး။ ကျနော်ကတော့ စစ်ပွဲ ဆိုမုန်းတယ်။ ကိုယ့်ချင်းချင်း တိုက်နေရတာ ပိုမုန်းတယ်။ စစ်သား စစ်မတိုက်ရ မနေနိုင်ဘူးဆိုတာ မှန်သင့်သလောက် မှန်တယ်။ ဒါပေမယ့်ဗျာ အရင်က လို ကိုယ့်နိုင်ငံတွက်ဆို တော်သေးတယ်။ အခုက ကိုယ့်ချင်းချင်း တိုက်နေရတာ စိတ်ပျက် လာပြီ” လို့ အစိုးရတပ် အရာရှိလူငယ်က ရင်ဖွင့်ပါတယ်။
သေနတ်သံတွေ၊ ဗုံးဆံတွေကြား၊ ထမင်း ငတ် တလှည့်၊ ပြတ်တလှည့်၊ ခြေသလုံး အိမ်တိုင်ဘဝနဲ့ စစ်ပြေးဒုက္ခသည်အဖြစ် ပြေးလွှားနေရသူတွေကို လည်း မမြင်တွေ့ချင်တော့သလို စစ်ပွဲတွေကြားထဲမှာ တိုက်ခိုက်ရင်းနဲ့ ဘဝကို ကုန်ဆုံးမှာ ကို လည်း မဖြစ် ချင်တော့ဘူးလို့ သူကဆိုပါတယ်။ ကျဆုံးနေရ၊ ဒဏ် ရာရနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သက်တဲ့ အနိဋ္ဌာရုံ မြင်ကွင်းတွေကြောင့် နှစ်ဖက် ပိုအမုန်းပွား ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“ဘာပဲပြောပြောပါ။ ကိုယ့်လူတွေ ထိတယ်၊ နာတယ်၊ ကျတယ်ဆို ဘယ်သူပဲဖြစ်ဖြစ် မုန်းတာပေါ့။ ကျနော်တို့က စစ်မှန်တဲ့ တန်းတူ ညီမျှရေးအတွက် တိုက်တယ်။ သူတို့ဘက်ကကျတော့လည်း သူတို့ရပ် တည်မှုပေါ့။ ဘယ်လိုရှိလဲ မသိဘူး။ ကျနော်တို့ တွေ့ ချိန်မှာတော့ ဘာအကြောင်းမှ မပြောဖြစ်ဘူး။ ယုံ ကြည်မှုလည်း မညှိဘူး။ အမုန်းတရားလည်း မထား ဘူး။ သူငယ်ချင်းလိုပဲ ပြောဆိုတယ်။ သို့ပေမယ့် စိတ်ထဲမှာ အရင်ကလောက်တော့ မယုံကြည်သလို မခင်တော့ဘူး” လို့ ကချင် အရာရှိလူငယ်က ဆိုပါတယ်။
ငယ်စဉ်ကလို အေးချမ်းစွာအတူတကွနေဖို့ စိတ် အား ထက်သန်နေကြပေမယ့် တကယ့်လက်တွေ့မှာ ငြိမ်းချမ်းရေးအတွက် အသက်တွေ ပေးနေရဆဲပါ။ ပစ်ဆိုတဲ့အမိန့်နဲ့ သူတို့ပစ်နေရတာကြောင့် တဖက် က ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ရပ်တန့် စေနိုင် တာ၊ တော်တော်လေး ခရီးရောက်ကာမှ နောက် ကြောင်းလှည့်နေတာတွေကို သူတို့ သိနေပေမယ့် မတတ် နိုင်ပါဘူး။
အခုချိန်မှာ ခေါင်းစဉ်အမျိုးမျိုးအောက်မှာ ဖြစ်နေရတဲ့ တိုက်ပွဲတွေကြောင့် တဖက်နဲ့တဖက်က ယုံကြည်မှု ပိုဝေးဝါး လာနေတာ သူတို့ နှစ်ဦးစလုံး သိနေကြပါတယ်။ ဘယ်လို ပြန်တည်ဆောက်မလဲ ဆိုတာ သူတို့ ကိုယ်တိုင်လည်း မသိတော့ဘူး လို့ ဆိုပါ တယ်။ အမိန့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရပ်နေရတဲ့ သူတို့နှစ်ဦးအနေနဲ့ အမိန့်ကို မလွန်ဆန်နိုင်လို့ ထားရာနေ၊ စေရာသွား၊ ကျွေးတာစား၊ ခိုင်းတာလုပ် ဘဝနဲ့သာ တနှစ်ပြီးတနှစ် တိုးလာခဲ့ပါတယ်။
“စစ်သားဆိုတာ အထက်အမိန့်ကို နာခံရမှာပဲ။ ဒီအတွက်ကို သင်ပြီးသားပါ။ ကျနော်တို့ စစ်သား တွေက အကြောင်းမဲ့ တိုက်နေရတာ၊ ရက်စက်နေတာ မဟုတ်ဘူး။ စစ်ပွဲတွေ ဘာကြောင့်ဖြစ်လဲ။ တဖက် တပ်တွေ နီးကပ်နေတော့ နားလည်မှု မရတာကြောင့် ဖြစ်တာတွေ၊ နောက် အောက်ခြေအထိကို အမိန့်က မရောက် တာတွေကြောင့် ဖြစ်နေရတာတွေပါ။ နောက် သစ်ခိုးတာ ဖမ်းတယ်။ ထိုးစစ်ဆင်ဖို့လည်း မရှိသလို သတ်ရမှ၊ တိုက်ရမှ နေပျော်နေသူတွေ မဟုတ်ပါဘူး” လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခုမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အထူးအာဏာကုန် လွှဲ အပ်ခြင်း ခံထားသူ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုပါတယ်။
တဖက်က တန်းတူညီရေးအတွက် တိုက်ပွဲဝင် နေတယ်လို့ ခံယူပေမယ့် တဖက်ကလည်းနိုင်ငံအချုပ် အခြာ အာဏာအရ တိုင်းပြည်ထဲက ခွဲထွက်ဖို့ ကြိုးစားသူကို ဟန့်တားတယ်ဆိုပြီး ခံယူချက်တွေနဲ့ တိုက်ပွဲဝင်နေကြပါ တယ်။
ကချင် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က “ကျနော်တို့ ပြောဖူးပါတယ်၊ အကြိမ်ကြိမ်။ တိုင်းပြည် ကနေ ခွဲထွက်ဖို့ ဆန္ဒမရှိဘူး။ ကျနော်တို့က တန်းတူ ညီမျှရေးဆိုတဲ့ အရာကြောင့် တိုက်ပွဲဝင်နေရတာ။ အပစ်အခတ်တွေ ရပ်စဲ တာတောင် စစ်ပွဲတွေ ဖြစ်နေ တယ်။ တဖက်နဲ့တဖက် ကတိတွေ သေချာထိန်းသိမ်း မယ်ဆိုရင် ဒါတွေဖြစ်လာ စရာ မလိုပါဘူး။ ယုံကြည်မှု တည်ဆောက်တာမှာ ခြိမ်းခြောက်တာတွေ ရှိရင် တော့ ခက်တယ်။ စစ်ရေးနဲ့ Pressure  ပေးရင်တော့ မရဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
အစိုးရအဆက်ဆက်က ကချင်ပြည်နယ်အပေါ် နိုင်ငံရေးအရ ဖိနှိပ်ခြင်း၊ စီးပွားရေးအရ လက်ဝါးကြီး အုပ်ခြင်း၊ လူမှုရေးအရ ဥပေက္ခာပြုခြင်း၊ တိုင်းရင်းသား များကို ခွဲခြားဆက်ဆံခြင်း၊ တန်းတူအခွင့်အရေး မပေးခြင်းနဲ့ တိုင်းရင်းသားတို့ရဲ့ စာပေနဲ့ ယဉ်ကျေးမှု များကို လွတ်လွတ်လပ်လပ် ထိန်းသိမ်းမြှင့်တင်ခွင့် မရရှိခြင်း စတာ တွေကြောင့် ကချင် အမျိုးသားတော် လှန်ရေး ပေါ်ပေါက်လာအောင် အဓိက မီးမွှေးပေး လိုက်တာဖြစ်တယ်လို့ ဗိုလ်ချုပ် ဂွန်မော်က အခိုင် အမာဆိုပါတယ်။
တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကချင်လူ ငယ်တဦးဖြစ်တဲ့ ကိုလမိုင်ပီဆက အခုလိုဆိုပါတယ်။
“ကျနော်မြင်တာတော့ ဒီလိုပဲ၊ သူတို့တွေက ကျနော်တို့ကို တန်းတူပေးရင် အာဏာပျောက်မယ်။ နောက် ကျနော်တို့ ကချင်မှာက နာမည်ကျော် တွင်း ထွက်တွေရှိတော့ ဒါကို လက်ဝါးကြီးအုပ်ချင်ကြတယ်။ ကျနော် တို့ဆို အမျိုးမျိုး ဖိနှိပ်တယ်။ စစ်ပွဲတွေနဲ့ ဖိနှိပ်သလို သွေးအေး တိုက်ပွဲတွေနဲ့လည်း တိုက် တယ်။ ဒါမှ သူတို့ လိုရာ လုပ်လို့ရမှာ” သူဆိုလိုတဲ့ သွေးအေးတိုက်ပွဲ ဆိုတာကတော့ ကချင်ဒေသတွင်း ကြီးထွားနေတဲ့ ဘိန်းသုံးစွဲမှုကို ရည်ညွှန်းတာပါ။ ကျောင်းသားလူငယ်ထု အကြားမှာ အဟန့်အတား မရှိ ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကြောင့် လူညွန့်တုံးစေမယ့် နည်းဗျူဟာတရပ်လို့ သူကဆိုပါ တယ်။ လက်ရှိ ပြည်နယ်အစိုးရဟာလည်း အစိုးရရဲ့ နယ်ရုပ်တွေပဲဖြစ်တယ်လို့ ဝေဖန်ပါသေးတယ်။
“အယုံအကြည် မရှိဘူး။ သူတို့တွေက ယုံကြည် မှုနဲ့ မထိုက်တန်တော့ဘူး။ အခုချိန်မှာ ငြိမ်းချမ်းရေး လို့ အော်တယ်။ နောက်စစ်ဖြစ်တယ်။ ဒါကို ဘယ်သူ ယုံမှာလဲ။ ကျနော်ကတော့ ကျနော်တို့ရဲ့ KIA ဘက် မှာပဲ ရှိတယ်။ အသက်ဆုံးတဲ့အထိ တိုက်ပွဲဝင်မယ်”လို့ သူက ဆိုပါတယ်။
စစ်ပွဲတွေကြောင့် ဒုက္ခသည်ဦးရေ တိုးလာမှု တွေက အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မေးခွန်း ထုတ်စရာတွေ ရှိနေခဲ့တယ်လို့ ဂျေယန့် ကချင်ဒုက္ခသည်စခန်းက အသက် ၆၀ ကျော် ကချင် အဖိုးအို ဦးဆမ်ဆွန်က ဆိုပါတယ်။
“ပညာရေးကလူတယောက်အတွက် အဓိကပဲ။ စဉ်းစား ဆင်ခြင်တုံတရားတွေကို ပညာနဲ့ပဲရတယ်။ အဘ စာမတတ်ဘူး။ ဒီတော့ တောင်းဆိုတာလဲ မသိဘူး။ အစိုးရ ဘာတွေလုပ်နေလဲ ကိုယ်တွေ မသိဘူး။ အခုသိ တာတခုက အဘတို့ ငတ်တယ်။ အိမ် ပစ်ရတယ်။ ကလေးတွေ စာမသင်ရဘူး။ အဘမြေး လေးက ၇ တန်းနဲ့ ကျောင်းထွက်ရတယ်။ နောက်မျိုး ဆက်တွေ စာမတတ်တော့ဘူး။ စာမတတ်တော့ ခိုင်းသမျှခံရမယ်။ နောက်ပိုင်း အဘတို့ ကချင်တွေကို စာမတတ်အောင် အစိုးရတွေ လုပ်နေကြတယ်လို့ပဲ သိတယ်” လို့ ဆိုပါတယ်။
ကချင်တိုင်းရင်းသား ရှေ့နေတဦးကလည်း “စစ်မှန်တဲ့ နိုင်ငံရေးလုပ်ဆောင်မှုကို လိုချင်တယ်။ အခုက လူမျိုးရေးအသွင်ပါ ဖန်တီးလာတယ်။ နောက်ပိုင်း မုန်းလာမှာ စိုးတယ်။ ကျနော်တို့ အခုဆို စစ်သားဆို ဗမာလို့ထင်တယ်။ ဒီတော့ ဗမာဆို မုန်း လာတယ်။ ကျနော်တို့တွေ နောက်ပိုင်း အာဏာရှင် စနစ်တခုကြောင့် စစ်သားဆို မုန်းလာကြတယ်။ တချိန်က စစ်သားဆို ချစ်တယ်။ အခု ရွံ့ကြောက် ဖြစ်လာတယ်။ နောက်ပိုင်း ဗမာလူမျိုး ဆိုတာနဲ့ မုန်း တယ် ဖြစ်လာမှာစိုးတယ်” လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းရေးရဖို့အကြိမ် ကြိမ် ပြောနေပေမယ့် ကာကွယ်ရေး ဦးစီးချုပ် လက်အောက်က တပ်မတော် ကတော့ တိုက်ပွဲတွေ ဆင်နွှဲ နေဆဲဖြစ်တဲ့အပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိပါတယ်။
ကချင်စစ်သူနာပြု စစ်သမီးတဦးဖြစ်တဲ့ ဆိုင်း လူဆမ်းက “စစ်တပ်က သမ္မတစကား နားမထောင် တာလား၊ သမ္မတကပဲ ညာနေတာလား ဆိုတာမပြော တတ်တော့ဘူး။ သူတို့တွေက အရင်ကတည်းက စစ်တပ်က လူတွေ ပဲ၊ ကိုကြီး၊ ညီလေး တွေပဲ။ အမှန် ဆို ကာချုပ်က ဂျူနီယာပဲလေ။ ဒီလိုမှမဟုတ် သူတို့အထက်မှာ သူတို့ ကြောက်ရတဲ့ ညွှန်ကြားသူ ရှိနေလား တော့ မသိဘူး” လို့ ဆိုပါတယ်။
“ကျမတို့ တောင်းတာ ဟန်ဆောင်မှု မပါတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တန်းတူရရေးပါ။ အခု နောက်ပိုင်း တပ်ဘက်က တော်တော်လေး ငြိမ်းချမ်း ရေး ဆွေးနွေးလာလို့ သူတို့ပြောင်းလဲလာပြီထင်တာ။ အခုတော့ သူတို့က ဟန်ဆောင်နေတယ်။ ဗိုလ်ချုပ် က ငြိမ်းချမ်းရေး ဆွေးနွေးပွဲသွားတယ်။ သူတို့က စစ်တိုက်တယ်။ ဒါက မရိုးသားတာ။ ကျမကတော့ ရှေ့တန်းက ရဲဘော်တွေအတွက် ရိက္ခာတွေ ပို့ပေး နေဦးမယ်။ ဆေးကုပေးနေဦး မယ်။ အမျိုးသားတွေနဲ့ အတူ ကျမနိုင်သလောက် လုပ်သွားမယ်” လို့ သူက ဆက်ပြောပါတယ်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) အဖွဲ့နဲ့ ပြည် ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွေ ရန်ကုန်မှာ ဆွေးနွေးပွဲတွေ လုပ်နေချိန် မြန်မာ့တပ်မ တော်ဘက်က အင်တိုက်အားတိုက် ပါဝင်လာတဲ့ အပေါ် တိုင်းရင်းသားခေါင်းဆောင်များက အမှတ် တွေ ပေးလာနေချိန်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာ က ယုံကြည်မှုကို အကြီးအကျယ် ပျက်ပြားစေတယ်လို့ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါ တယ်။
“ဘာပဲ ပြောပြော သူတို့က ဆေးပေးလိုက်၊ ဒဏ်ရာပေးလိုက်ပဲ။ နောက် တင်းလိုက်လျှော့လိုက်နဲ့ တော်တော် မာယာ များတယ် ပြောရမယ်။ သူတို့တွေ က ကာချုပ်ရဲ့ လမ်းညွှန်ချက်ကို အသေကိုင်ဆွဲနေရင်တော့ အလုပ် ဖြစ်မယ် မထင်ဘူး။ အခုက သူတို့ပြော တာထဲမှာကတော့ လက်ရှိ တည်ဆဲဥပဒေတွေကို အန်ကယ်တို့ဘက်က လက်ခံရမယ်လို့ ဆိုထားတယ်။ ဒီတော့ အခုချိန်အထိ တိုင်းရင်းသားတွေကို လွတ် ငြိမ်းချမ်းသာခွင့် မပေးသေး ဘူး။ ဒီတော့ သူတို့ချတာ ကို ကိုယ်တွေက ဖောက်ဖျက်နေပြီ။ ဒီလို လိုက်နာရ မယ်ဆို ဖွဲ့စည်းပုံကို လက်ခံခိုင်း တဲ့သဘော။ ဒီဟာ လက်ခံရင်တောင် သူတို့က ကိုယ်တွေကို ဘာအာမခံ ချက်မှ မပေးဘူး။ ဝင်လာတာနဲ့ ဒီမှာ ကိုယ် တွေကို ပြစ်မှုထင်ရှား ရှိမရှိကို စစ်ဆေးလို့ရှိရင် အရေးယူ ဦးမယ့်သဘော။ ဒီတော့ သူတို့သဘောက ရိုးသားမှု ကို မရှိတာ” လို့ ပြောပါတယ်။
တပ်မတော်နဲ့ပတ်သက်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “တပ်က လူတိုင်း မကောင်းတာ မဟုတ်ဘူး။ ဦးအောင်မင်းတို့က (ငြိမ်းချမ်းရေး) လိုချင်တယ်။ ဒီမှာ လာဆွေးနွေးတဲ့ တပ်ကလူတွေဆို ကိုယ်တွေနဲ့ ရင်းနှီးနေပြီ။ ပွင့်လင်းပါတယ်။ သူတို့က ဒီမှာညှိ၊ အိုကေ။ ဟိုမှာ ကာကွယ်ရေးဦးစီးချုပ်ကပြောဆို၊ သူတို့က တင်းလာရော။ ဦးအောင်မင်းတို့က သူတို့ သက်တမ်းမှာ မှတ်တိုင်တခုရစေချင်တယ်။ အခု ဟာက အစိုးရလည်းတပ်ကို မနိုင်တဲ့သဘော” လို့ ဝေဖန်ပါတယ်။
ဖားကန့်ဒေသခံ ကိုထွန်းလူက “အခုက တိုင်း ရင်းသားတွေက ယုံကြည်မှု နည်းလာပြီ။ စစ်တပ်မှာ မကောင်းတဲ့ လူတွေလို့ မပြောပါဘူး။ တပ်မှာ ကောင်းတဲ့သူတွေ ရှိပါတယ်။ အခုက အာဏာရှင် ဆန်ဆန် လုပ်တဲ့သူတွေ ကြောင့် စစ်တပ်က နာမည် ကောင်း မရှိတော့ဘူးပေါ့။ တကယ် လက်အောက်က စစ်သားလေးတွေက သနားဖို့ ကောင်းတယ်။ တချို့ က အမိန့် ကြောင့်သာ လုပ်ရတာ။ ကောင်းတဲ့လူ ရှိပါတယ်။ အာဏာရှိသူကတော့ အာဏာအရ ဟောက်စားမှာပဲ။ စစ်တပ် တခုပဲ လုပ်နေတာတော့ မဟုတ်ပါဘူး။ လက်နက်ကိုင် ဆိုတာတွေက လုပ်နေ တာပါပဲ။ စစ်တပ်က ပိုဆိုးတာက သူတို့က အင်အား ကကြီးတော့ ပိုလုပ်တယ် “ လို့ ဆိုပါတယ်။
KIA ဟာ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ဆွေးနွေး ပွဲ အကြိမ်ရေအများဆုံး လုပ်ဆောင်နေတဲ့ အဖွဲ့တခု လည်း ဖြစ်သလို အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးသေးတဲ့ အင်အားကြီး လက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ်။ ကချင်နဲ့ အစိုးရ တပ်မတော်တို့အကြား တင်းမာမှုဟာ အတိမ်းအစောင်းမခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လမ်းကြောင်းလွှဲနေနိုင်သလို ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့လည်း ခက်လိမ့်မယ်လို့ ဝေဖန်သုံးသပ်မှုတွေ ရှိနေကြပါတယ်။
မေခ
 
သတင်းရင်းမြစ် - ဧရာဝတီ

ပလေးဘွိုင်းမော်ဒယ်လ်ဘ၀ကနေ လမ်းဘေးတောင်းစားတဲ့ ဘ၀ကို ရောက်လာတဲ့ Krista McKenna .........

Posted by: Ko Myo on Wednesday, May 14, 2014 Categories:


တချိန်တုန်းက ပလေးဘွိုင်းမော်ဒယ်လ် တဦးလည်းဖြစ်၊ TV Show တွေမှာလည်း မကြာခဏ ပါဝင်ခဲ့ ဖူးတဲ့ အသက် ၆၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Krista McKenna ဟာ အခုဆိုရင် လမ်းဘေးမှာ တောင်းရမ်း စားသောက်ပြီး ဘ၀ကို ရပ်တည်နေရတယ်လို့ ဆိုပါတယ်... သူမရဲ့ တချိန်တုန်းက ကျော်ကြားခဲ့တဲ့ ပျော့ပြောင်းတဲ့ ကိုယ်စွမ်းအလှနဲ့ ငယ်ရွယ် နုနယ်စဉ်က ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို ပြပြီး အခုလို တောင်းရမ်း စားသောက်နေတာပါ... "Lady Spider" လို့ တင်စားပြီး ခေါ်ရလောက်အောင် သူမရဲ့ ခန္ဒာကိုယ်က အတော်လေး နူးညံ့ပျော့ပြောင်းပါတယ်...

ဒီဘ၀ကို ဘယ်လိုဘယ်ပုံ ရောက်လာတယ်ဆိုတာ သူမကိုယ်တိုင်ကတောင် မသိဘူးလို့ ဆိုတဲ့ Krista McKenna ဟာ တရက်ကို ဒေါ်လာအနည်းငယ်သာ ရရှိပြီး.. အအောင်မြင်ဆုံး နေ့တွေမှာဆိုရင် ရရှိတဲ့ ငွေဟာ တရက်ကို $7 ဒေါ်လာသာ ဖြစ်တယ်လို့ ဆိုပါတယ်...

လမ်းသွား လမ်းလာတွေကတော့ သူမကို ပုံမှန်ဘ၀ကို ပြန်ရောက်ဖို့ ဆုတောင်းပေးနေကြပါတယ်....


















တချိန်တုန်းက ကျော်ကြားခဲ့တဲ့ ပလေးဘွိုင်းမော်ဒယ်လ် Krista McKenna
ref;oddstuffmagazine

By ကိုမျိုး (lwanmapyay.blogspot.com)

ဘီလျံနာသူဌေး အများပြားဆုံး မြို့တော်အဖြစ် ရပ်တည်နေသည့် လန်ဒန် ..................

Posted by: Ko Myo on Wednesday, May 14, 2014 Categories:


ကမ္ဘာပေါ်တွင် အချမ်းသာ အကြွယ်ဝဆုံး လူပုဂ္ဂိုလ်များ စုစည်းနေထိုင်သည့် မြို့တော်ကြီးများ၌ လန်ဒန်မြို့ က ထိပ်ဆုံးနေရာမှ ရပ်တည်နေကြောင်း သိရှိရသည်။ ဗြိတိန်နိုင်ငံ၏ မြို့တော်သည် အခြားသော ကမ္ဘာ့နိုင်ငံ မြို့တော်ကြီးများထက် ပြည်တွင်း ဘီလျံနာ သူဌေးကြီးများ အရေအတွက် ပိုမိုများပြားသလို လူဦးရေ အချိုးအစားနှင့် ဘီလျံနာသူဌေးများ နှိုင်းယှဉ်ချက်တွင်လည်း ထိပ်ဆုံးနေရာမှ ရှိနေကြောင်း Sunday Times သတင်းစာ၏ သုတေသန စစ်တမ်းက ဖော်ပြထားခဲ့သည်။ လန်ဒန်သည် ကမ္ဘာကျော် မြို့ကြီးများအနက် စူပါအဆင့် အချမ်းသာဆုံး ဘူမိနက်သန် နေရာတစ်ခုဟု သတင်းစာက ညွှန်းဆိုခဲ့ သည်။ ဘဏ္ဍာရေးအရ ရုန်းကန်နေရသူ အများအပြား ရှိနေဆဲဖြစ်သည့် လန်ဒန်သည် ဒူဘိုင်းကဲ့သို့ ကျိကျိတက် ကြွယ်ဝသူ အများအပြား ရှိနေသည့် မြို့ကြီးများကို ကျော်ဖြတ်ကာ ထိပ်ဆုံးနေရာ ရောက်နေခြင်း အတွက်မူ မေးခွန်းထုတ်မှုများ ရှိနေခဲ့သည်။



ဗြိတိန်နိုင်ငံတွင် ဘီလျံနာ (၁၀၄)ဦးထိရှိပြီး (၇၂)ဦးက လန်ဒန်တွင် နေထိုင်ကြောင်း သိရသည်။ ဒုတိယနေရာတွင် ရုရှားနိုင်ငံ၏မြို့တော် မော်စကိုက ရပ်တည်နေပြီး ဒေါ်လာ(၁)ဘီလျံအထက် ကြွယ်ဝသူ (၄၈)ဦးထိ နေထိုင်သည်။ အမေရိကန်၏ စီးပွားရေး အချက်အခြာ မြို့တော်များဖြစ်သည့် နယူးယော့ခ်နှင့် ဆန်ဖရန်ဆစ္စကိုတို့ကမူ တတိယ၊ စတုတ္ထနှင့် ပဉ္စမ နေရာများ၌ ဘီလျံနာ အရေအတွက် (၄၃)ဦး၊ (၄၂)၊ (၃၈)ဦးစီဖြင့် အသီးသီး ရပ်တည်လျှက် ရှိသည်။ အာရှတိုက်မှ ဟောင်ကောင်ကမူ ဘီလျံနာ အရေအတွက် (၃၄)ဦး မှီခိုနေထိုင်ရာ မြို့တော်အဖြစ် ရှိနေသည်။



လန်ဒန်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် ဘဏ်လုပ်ငန်း၊ ရေနံလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်းများဖြင့် အကြီးအကျယ် စီးပွားဖြစ် အောင်မြင်လျှက်ရှိသည့် အိန္ဒိယဖွား ဟင်ဒူဂျား ညီအစ်ကိုများက ပေါက်စတာလင် (၁၁.၉)ဘီလျံ ပိုင်ဆိုင်မှု ပမာဏဖြင့် ဦးဆောင်နေသည်။ ယူကရိန်းနိုင်ငံသား အေလီရှာ အူစမာနော့ဗ်မှာမူ ယူကရိန်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ရှယ်ယာတန်ဖိုး ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည့်နောက် လန်ဒန်၏ အချမ်းသာဆုံး စာရင်းတွင် ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည်။ ဗြိတိန်တစ်နိုင်ငံလုံးမှ ဘီလျံနာသူဌေး (၁၀၄)ဦးလုံး၏ စုစုပေါင်း ပိုင်ဆိုင်မှုသည် ပေါင်စတာလင် (၃၀၁.၁၃)ဘီလျံထိ ရှိနေကြောင်းလည်း သိရသည်။
Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

၁၆ ရာစုနှစ်က သွေးစုပ်ဖုတ်ကောင်ဟု ယူဆရသူ ကိုမြှပ်နှံထားတဲ့ အခေါင်းကို တူးဖော်တွေ့ ရှိ .............

Posted by: Ko Myo on Wednesday, May 14, 2014 Categories:

Angel on 2014-05-14 14:49

အလယ်ခေတ်က လူတော်တော်များများဟာ သူတို့ ရဲ့နေ့ စဉ်ဘ၀တွေမှာ သွေးစုပ် ဖုတ်ကောင်တွေ ကို ကြောက်လန့် မှုနဲ့ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ ဒီ ဒဏ္ဍာရီလာသတ္တ၀ါ သွေးစုပ်ဖုတ်ကောင်လို့ ယူဆရတဲ့ အလောင်းတစ်ခုကို ပိုလန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ တူးဖော်တွေ့ ရှိခဲ့ရပါတယ်။ သံသယဖြစ်ဖွယ်ရာအလောင်းကို ပိုလန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ တည်ရှိတဲ့ Kamien Pomorski မြို့ မှာ တွေ့ ရှိခဲ့ရပြီး သွေးစုပ် ဖုတ်ကောင်မြှပ်နှံမှု နဲ့  ပတ်သတ်တဲ့ အချက်အလက်အကုန်ပြည့်စုံနေတာကို တွေ့ ရှိရပါတယ်။

အလောင်းဟာ ၁၆ ရာစုနှစ်လောက်က ဖြစ်မယ်လို့ ခန့် မှန်းထားပြီး အလောင်းနဲ့ ပက်သတ်တဲ့ ပုဂ္ဂိုလ်ရေး အထောက်အထားတွေ ကင်းမဲ့နေမှုကြောင့် ရက်စွဲအတိအကျခန့် မှန်းဖို့ ခက်နေပါတယ်။

ဒီအလောင်းကို မြို့ နယ်ဘုရားကျောင်းဘေးက သုသာန်ကို တူးဖော်ရင်း တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။

သွေးစုပ်ဖုတ်ကောင်လို့ ယူဆရတဲ့ အထင်အရှားဆုံးအမှတ်အသားကတော့ အလောင်းရဲ့ ခြေထောက်မှာ ငုတ်ရိုက်သွင်းထားတဲ့ လက္ခဏာတွေ့ ရှိရခြင်းပါ။ အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင်လို့ ယူဆရတဲ့ လူတွေကို အပြစ်ပေးသတ်ဖြတ်ရာမှာ နောက်တစ်ကြိမ်ပြန်လည်နိုးထခြင်းမရှိအောင်လို့ အလောင်းရဲ့ ခန္ဓာကိုယ်နဲ့ မြေကြီး နဲ့  တွဲကပ်ပြီး ငုတ်ရိုက်သွင်းလေ့ရှိပါတယ်။

တူးဖော်မှုကိုဦးဆောင်သူ Slawomir Gorka က “ ပထမတော့ ကျွန်တော်တို့ သူ့ ခြေထောက်မှာ ဒဏ်ရာ ရခဲ့တယ်လို့ ထင်ခဲ့တာပေါ့။ နောက်မြေကြီးကနေ တူးဖော်ပြီးတော့မှ ငုတ်ချွန်တစ်ခုခု ထိုးစိုက်ခဲ့တဲ့ အပေါက်မှန်း သိခဲ့ရပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အလောင်းမှာ အပေါ်သွားတွေ မရှိဘဲ အုတ်ခဲတစ်ခဲကို ပါးစပ်ထဲ ကိုက်ထားတာကို တွေ့ ရှိခဲ့ရပါတယ်။ ဒါဟာ အလောင်းကို တူးဖော်တဲ့ လူတွေကို သွေးစုပ်ဖုတ်ကောင်က သွေးစုပ်မယ့်ရန်မှ ကာကွယ်ထား တယ်လို့  ယူဆရပါတယ်။

အခုလို သွေးစုပ်ဖုတ်ကောင်မြှပ်နှံမှုမျိုး တွေ့ ရှိရတာက သမားရိုးကျတော့မဟုတ်ပါဘူး။ ပိုလန်နိုင်ငံမှာတင် နှစ်အနည်းငယ်အတွင်း အခုလို သွေးစုပ်ဖုတ်ကောင်အလောင်းတွေ့ ရှိမှုမျိုး အများအပြားရှိခဲ့ပါတယ်။

အခုလိုပုံစံနဲ့ မြှပ်နှံမှုမျိုးဟာ Kamien Pomorski ဒေသတစ်ဝိုက် ၁၃ ရာစုကနေ ၁၇ ရာစုအတွင်း ကျက်စားခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်တွေကို မြှပ်နှံတဲ့ပုံစံလို့ ယူဆထားကြပါတယ်။

သွေးစုပ်ဖုတ်ကောင်လို့ ယူဆရသူအများစုဟာ မင်းမျိုးမင်းနွယ်၊ပညာရှိတွေနဲ့  ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေ ဖြစ်နေတတ်ပါတယ်။


Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ကိုယ်ဝန်ဆောင်စဉ် ယာဉ်မောင်းနှင်နေသူများ အထူးသတိပြုဖို့လို ...........

Posted by: Ko Myo on Wednesday, May 14, 2014 Categories:

သီဟနိုင် on 2014-05-14 12:57

ကိုယ်ဝန်ဆောင်ကာလ ဒုတိယ သုံးလပတ်အတွင်း ယာဉ်မတော်တဆမှုမှာ အပြင်းအထန်ဒဏ်ရာရခြင်း အန္တရာယ်ဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ မြင့်တက်နေတယ်လို့ ကနေဒါနိုင်ငံရဲ့ လေ့လာမှုသစ် တစ်ရပ်အရ သိရပါတယ်။

အရေးပေါ်ခန်းကိုပို့လိုက်ရတဲ့ ယာဉ်မတော်တဆမှုတစ်ခုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ပါဝင် ပတ်သက်နိုင်နှုန်းဟာ သာမန်အမျိုးသမီးတွေနဲ့ယှဉ်ရင် ၄၂ရာခိုင်နှုန်း ပိုများကြောင်း သုတေသီတွေက ရှာတွေ့ခဲ့ပါတယ်။

“ပုံမှန်ကိုယ်ဝန်ဆောင်မှု တစ်ခုမှာ ပင်ပန်းနွယ်နယ်မှုတွေ၊ မအီမသာဖြစ်တာတွေ၊ စိတ်အခြေအနေ မတည်ငြိမ်တာတွေ၊ စိုးရိမ်ကြောင့်ကျမှုတွေ နဲ့ အနှောင့်အယှက်အာရုံတွေ အများကြီးဖြစ်နေနိုင်ပါတယ်။ ဒါတွေအားလုံးဟာ အာရုံပျက်ပြားတဲ့ ယာဉ်မောင်းနှင်မှုကို ဖြစ်လာစေနိုင်ပါတယ်။” လို့ Toronto တက္ကသိုလ်က ဦးဆောင်စာတမ်းပြုသူ ဒေါက်တာ Donald Redelmeier က ပြောပြခဲ့ပါတယ်။

Ref:uk.reuters.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Wednesday, May 14, 2014

ဆန္ဒပြလယ်သမားများကို ရဲက အင်အားသုံး ရိုက်နှက် ....................

နော်နိုရင်း

ပဲခူးတိုင်း သဲကုန်းမြို့မှာ ဆန္ဒပြကြတဲ့ လယ်သမားတွေကို ရဲတပ်ဖွဲ့က အင်အားသုံး ရိုက်နှက်ခဲ့တဲ့အတွက် ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။

ပဲခူးတိုင်း သဲကုန်းမြို့ အောင်ကုန်းကျေးရွာက လယ်သိမ်းခံ လယ်သမားတွေဟာ သဲကုန်းမြို့ပေါ် ဆန္ဒပြပြီး အပြန်မှာ ရိုက်နှက်ခံရတာလို့ တရားလွတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောပါတယ်။

သဲကုန်းမြို့ အောင်ကုန်းရွာက လယ်သမားတွေဟာ အသိမ်းခံရတဲ့ မြေတွေပြန်ရရှိရေး ဖေဖော်ဝါရီလက သဲကုန်းမြို့မှာ သပိတ်စခန်းဖွင့်လှစ်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့မှာ သူတိုရဲ့ သပိတ်စခန်းဖြိုးခွင်းခဲ့ခြင်း ၃ လပြည်အနေနဲ့ ဆန္ဒပြကြသလို သူတိုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဦးပေါက်စကို မေလ ၆ ရက်နေ့က အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့အတွက် ပြန်လွှတ်ပေးဖို့ သဲကုန်းမြို့မှာ စီတန်းလှည့်လည် တောင်းဆိုဆန္ဒပြကြတာဖြစ်ပါတယ်။

ဒီလိုဆန္ဒပြအပြီး အောင်ကုန်းရွာကို အပြန်လမ်းမှာ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ လောက်က စောင့်ပြီး ရိုက်နှက်တာလို့ ဦးပေါက်စရဲ့ ရှေ့နေ ဦးမြင့်အေးက ပြောပါတယ်။

“သဲကုန်းမြို့ကအထွက် အောင်ကုန်းရွာကို သွားတဲ့လမ်းပေါ်မှာ တပ်ရွာဆိုတဲ့ ရွာနားရောက်ရော ရဲ ၃၀က လယ်သမားတချို့ကို ၀င်ရိုက်တယ်။ ရိုက်တော့ ကောင်းထက်ကျော်ဆိုတဲ့ လယ်သမားအရေးဆောင်ရွက်တဲ့ လူငယ်က တော်တော်လေး ပြင်းပြင်းထန်ထန် အရိုက်ခံရတယ်။ အရိုက်ခံရပြီး ရဲတွေက အဲဒီကောင်လေးကို လက်ထိတ်ခတ်ပြီး ဘုန်းကြီးကျောင်းမှာ ထည့်ပြီးဖမ်းလိုက်တယ်။ ဒါ့အပြင် ဒေါ်ညိုဆိုတဲ့ လယ်သူမလည်း အရိုက်ခံပြီးတော့ သူ့ကိုရဲကားပေါ်တင်ပြီး ပေါင်းတည်ကိုပို့တယ်။ ထောင်ကိုပို့လား ဘယ်ကိုပို့လဲတော့ မသိ့ဘူး။ နောက်တခါ ကိုဝင်းဆိုတဲ့ လယ်သမားကိုလည်း ဖမ်းသွားတယ်။”


ဒါ့အပြင် ဒီရိုက်နှက်မှုဟာ ဆန္ဒပြပွဲကို သတင်းလိုက်ပါယူတဲ့ သတင်းထောက်တွေ ပြန်သွားတဲ့အချိန်မှာ ဖြစ်တယ်လို့လည်း ဦးမြင့်အေးက ပြောပါတယ်။

ဒီဖမ်းဆီးရိုက်နှက်မှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ သဲကုန်းရဲစခန်းကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

လက်ရှိမှာတော့ အရိုက်ခံရတဲ့ လယ်သမားအရေးလှုပ်ရှားသူ ကိုကောင်းထက်ကျော်ကို တပ်ရွာက ဘုန်းကြီးရဲ့တောင်းဆိုမှုကြောင့် လွှတ်ပေးလိုက်ပြီး ဒေါ်ညိုနဲ့ ကိုဝင်းကိုတော့ ဖမ်းဆီးသွားတယ်လို့ ဦးမြင့်အေးက ပြောပါတယ်။

အောင်ကုန်းရွာက လယ်သမားတွေရဲ့ လယ်မြေတွေ ဧက ၁၁၀၀ ကျော်ကို ၂၀၀၀ ပြည့်နှစ်ကတည်းက စစ်တပ်က သိမ်းထားတယ်လို့ သိရပါတယ်။

ဒီနောက်မှာတော့ လယ်ယာ လက်ကား သမဝါယမ အသင်း အမှတ်(၃) လီမိတက်က လွှဲပြောင်း ရယူခဲ့ကြောင်း လယ်သမားတွေက ပြောပါတယ်။

ဒီလယ်သိမ်းခံရမှုနဲ့ပတ်သက်ပြီး လယ်ယာမြေ ပြန်ရရှိရေး အာဏာပိုင်တွေဆီ အကြိမ်ကြိမ် စာတင်တောင်းဆိုခဲ့ပေမယ့် အရေးယူဆောင်ရွက်ပေးမှု မရှိတဲ့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သပိတ်စခန်းဖွင့် တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက် သပိတ်စခန်းဖြိုခွင်းခံရပြီးနောက် လယ်သမားတွေဟာ အောင်ကုန်းရွာကို ပြောင်းပြီး သပိတ်စခန်းဖွင့်ခဲ့တာ အခုချိန်ထိဖြစ်တယ်လို့ ပြောပါတယ်။

Facebook 11.0.0.0.4 (For Android)................




Facebook update version အသစ်ထွက်လို့ တင်ပေးလိုက်ပြန်ပါပြီခဗျာ …
UnOfficial version ပါ ….
အမတစ်ယောက်တောင်းထားလို့တင်ပေးလိုက်တာပါ
Download Herehttp://download738.mediafire.com/h0ofh2dv2xmg/d5muw4auepcd5q4/Facebook+v11.0.0.0.4.apk.....Download Here

 Admin....ရေနီသားဖြိုးလေး
Gmail.....yenihackerlay@gmail.com
 phone number....09428175198

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

အမှားမပြင် နောင်မကြဉ်သည့် မြန်မာလက်နက်ဘုရင်.................


စက်ရုံနေရာကို ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံ
 
သူ့ကို ဘယ်ဘက်ကကြည့်ကြည့် မကောင်းသူတစ်ဦးဟု သတ်မှတ် နိုင်သည်။ သူက ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး ဖြစ်သည်။ သူ့မိခင်ကတော့ သူ့ကို ချစ်ခင်မည်မှာ သေချာသည်။ သို့သော် အမေရိကန် ဘဏ္ဍာရေးဌာနက သူ့ကို ပိတ်ဆို့အရေးယူထားသည်။
ဘားရက်အိုဘားမားအစိုးရ အဖွဲ့က မြန်မာဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံပြီး မြန်မာနိုင်ငံကို အရပ်သားအစိုးရ အုပ်ချုပ်မှုသို့ ပြောင်းလဲရေးအတွက် ပါဝင်ဆောင်ရွက်ပေးနေသော်လည်း မြောက်ကိုရီးယားနှင့် ဆက်ဆံနေသော ဤပုဂ္ဂိုလ်ကိုမူ ခြွင်းချက်ထားလေ၏။
ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး က မြန်မာနိုင်ငံမှ ကာကွယ်ရေး စစ်လက်နက် ပစ္စည်းညွှန်ကြားရေးမှူးချုပ်ဖြစ်သည်။ အစိုးရပိုင် စစ်လက်နက် စက်ရုံပေါင်းနှစ်ဒါဇင်ကျော်၊ နိုင်ငံခြားမှ လျှို့ဝှက်ဘဏ် စာရင်းများ၊ မြောက်ကိုရီးယား နှင့် ဒုံးကျည်အပါအဝင် အခြား ပစ္စည်းများ ကုန်သွယ်နေသည့် အစိုးရပိုင်လုပ်ငန်းဟု ဆိုသည်။ မြန်မာက အကယ်၍သာ ဒီမိုက ရေစီ အသွင်ကူးပြောင်းရေး လုပ် မည်ဆိုပါလျှင် ဤပုဂ္ဂိုလ်လိုလူမျိုး ကို ဖယ်ရှားရမည်ဖြစ်သည်။ သို့ ရာတွင် ဤဖြစ်ရပ်နှင့် ပတ်သက် ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ကတော့ အမေရိကန်က ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးကို ပိတ်ဆို့အရေးယူနေသော်လည်း၊ မြန်မာ အစိုးရက မြောက်ကိုရီးယားနှင့် ပူးပေါင်းမှုကို အဆုံးသတ်မည်ဟု ကတိပြုထားသော်လည်း သူ၏ အင်ပါယာက ပို၍ပို၍ ကြီးမားလာနေသည်။
သို့သော် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက လူဆိုးတစ်ဦး ဟုတ်၊ မဟုတ်ဆိုသည်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန  ပြောစကားနှင့် အတည်ယူလို့တော့ မရပါ။ ပေါက်မြို့အနီး လေးပင်နိုင်ရွာလေးတွင် နေထိုင်ကြသူများကို မေးကြည့်ကြပါ။ တစ်နေ့တွင် စစ်တပ်က ရောက်လာပြီး သူတို့၏လယ်များကိုသိမ်း၊ ရွာလှန်ပြီး စက်ရုံကြီးတစ်ခုကို တည်ပါသည်။ ယင်းမှာ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၏ နှစ်ဒါဇင်ကျော်သော စစ်လက်နက် စက်ရုံအင်ပါယာကြီးထဲမှ တစ်ခုဖြစ်သည်။
ယင်းအကြောင်းအရာအား လုံးကို ယူနတီဂျာနယ်တွင် ဖတ် ရှုနိုင်သည်။ ၎င်းသတင်းထောက် များက ၂၀၁၄ ခုနှစ် ဇန်နဝါရီတွင် ရွာသားများကိုမေးမြန်း၊ စက်ရုံ အဆောက်အအုံများကို ဓာတ်ပုံ ရိုက်ယူခဲ့သည်။ စာဖတ်သူများ ယင်းအကြောင်းအရာများကို ဖတ်ရှုပြီးဖြစ်ချင်ဖြစ်ပါလိမ့်မည်။ သို့ သော် ဒုတိယဗိုလ်ချုပ်ကြီးသိန်း ဌေးက ယင်းသို့ စပ်စပ်စုစု စိစစ် ခြင်းကို နှစ်သက်ပုံမရပါ။ မြန်မာ အစိုးရက သတင်းထောက်လေး ဦးနှင့် ဂျာနယ်တိုက်ပိုင်ရှင်ကို အစိုးရလျှို့ဝှက်ချက်ဆိုင်ရာ ဥပဒေနှင့် အလျင်အမြန်ဖမ်းဆီးလိုက်သည်။ ဂျာနယ်အားလုံးကိုလည်းသိမ်းဆည်းလိုက်သည်။ သတင်းသမားငါးဦးတို့  ထောင်တွင်းမှာ ရှိနေကြဆဲဖြစ်သည်။
အမေရိကန်အစိုးရက မြန် မာနိုင်ငံတွင် ပွင့်လင်းသော လူ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ် ပြောင်းလဲလာမည်ဟူသည့် မျှော် လင့်ချက်နှင့် မြန်မာနိုင်ငံကို ဆက် ဆံခဲ့သည်။
စစ်တပ်အုပ်ချုပ်ရေး လျှော့ ချရန်အတွက် ပြုပြင်ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဆင်ဆာ ဖြတ်ခြင်းကို လျှော့ပေါ့ရန်နှင့် အ တိုက်အခံများကို လွှတ်ပေးရန်တို့ ပါဝင်သလို မြန်မာဗိုလ်ချုပ်ကြီး များက မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ဖြတ်တောက်ရမည် လည်းဖြစ်သည်။ အိုဘားမားအစိုးရက မြောက်ကိုရီးယားနှင့် ဆက် ဆံရေးနှင့် တရားမ၀င်လက်နက် စီမံချက်များကို ဖြတ်တောက်မည် ဆိုပါက ကတိက၀တ်များကို လိုလိုလားလား လက်ခံချင်ကြသည်။ မြောက်ကိုရီးယားနှင့်  ဒုံးကျည် ရောင်းဝယ်ရေးဖြစ်စေ (သို့မ ဟုတ်) အနုမြူနည်းပညာကို မြန် မာက စိတ်ဝင်စားနေသည်ဆို သည့် အဖြေမသိသည့် မေးခွန်း များနှင့် ပတ်သက်၍ဖြစ်စေ၊မည် သို့သော အဏုမြူနှင့် လူများကိုအ စုလိုက်အပြုံလိုက် သေစေသော လက်နက်မပြန့်ပွားရေးဆိုင်ရာ ပြဿနာများကိုမဆို ဒီမိုကရေစီ ဖော်ဆောင်ခြင်းအားဖြင့် ဖြေရှင်း နိုင်မည်ဟု အမေရိကန်အရာရှိ များက ယုံကြည်ခဲ့ကြ၍ဖြစ်သည်။
ပေါက်မြို့အနီးတွင်ဖြစ်ပွား ခဲ့သည့် အဖြစ်အပျက်က အိမ်ဖြူ တော် မှားယွင်းနေကြောင်း ညွှန် ပြနေသည်။  ကာကွယ်ရေးစစ် လက်နက်စက်ရုံက ပြည်သူများ၏ လယ်မြေများကို သူတို့စက်ရုံအ တွက် သိမ်းယူနေသ၍ အစိုးရက စစ်စစ်ပေါက်ပေါက် လေ့လာစိစစ် မှုများကို ရှောင်လွှဲနိုင်ရေးအတွက် သတင်းထောက်များကို ဖမ်းဆီး နေသမျှ ကာလပတ်လုံး မြန်မာနိုင် ငံတွင် ပွင့်လင်းနေသည့် လူ့အဖွဲ့ အစည်းတစ်ခု အမြစ်မတွယ်နိုင် ပါ။
ပေါက်မြို့အနီးတွင် ဖြစ်ပွား သွားသော ဇာတ်လမ်းက  စိတ်ဝင် စားစရာကောင်းလှသည်။  ဖေ ဖော်ဝါရီလက ယူနတီက ပေါက် မြို့အနီးရှိသူများကို မေးမြန်းပြီး သတင်းဆောင်းပါးတစ်ပုဒ် ရေး သားခဲ့သည်။ သူတို့က ယင်းနေ ရာက ထူးခြားနေကြောင်း ပြောဆို သည်။ လုံခြုံရေးတင်းကျပ်စွာချ ထားသည်။ စစ်တပ်အထက်ပိုင်း ပုဂ္ဂိုလ်ကြီးများ လာရောက်ကြည့် ရှုကြသည်။ နိုင်ငံခြားသားများကို ခန့်ထားလုပ်ကိုင်သည်။ သူတို့၏ လယ်ယာမြေများကို သိမ်းဆည်း သွားခြင်းကြောင့် သူတို့မကျေမ နပ်ဖြစ်သည်ကတော့ မှန်ပါသည်။ ယူနတီသတင်းသမားများကို ဖမ်း ဆီးလိုက်ခြင်း၊ ယင်းဆောင်းပါးပါ ဂျာနယ်များကို သိမ်းဆည်းလိုက် ခြင်းတို့နှင့်  စပ်လျဉ်းပြီးဓာတ်ပုံ များနှင့်တကွ  ဖော်ပြထားသော ယင်းသတင်းဆောင်းပါးကို နိုင်ငံတကာက  စိတ်ဝင်စားလာကြသည်။ အစိုးရကလည်း ယင်းနေရာသည် ကာကွယ်ရေးလုပ်ငန်းနှင့်  ပတ်သက်သော နေရာအဖြစ်ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင်မူအတိအကျ ဖော်ပြခြင်းမပြုဘဲ သာမန်စက်ရုံတစ်ခုအဖြစ် ဆိုပြန်သည်။
Foreign Policy က ၀ယ်ယူ ခဲ့သည့် ဂြိုဟ်တုပုံတစ်ပုံအရ ယင်းစက်ရုံကို ရှာဖွေပြီး လေ့လာနိုင်ခဲ့သည်။ အရွယ်အစားက အံသြဖွယ်ရာပင်ဖြစ်သည်။ သေချာ တာကတော့ သာမန်စက်ရုံတစ်ခု မဟုတ်ပါ။ (အဏုမြူလက်နက်မပြန့်ပွားရေးစင်တာက ယင်းဓာတ်ပုံကို အခြေပြုပြီး လေ့လာသုံးသပ်ချက်အပြည့်အစုံကို ထုတ်ပြန်ထားပါသည်။)
ဓာတ်ပုံက ရွာသားများပြော ပြသည့် အသေးစိတ်အချက်အ လက်များ မှန်ကန်နေကြောင်း ပြ ဆိုနေသည်။ အဓိက၀င်ပေါက်အ ပါအ၀င်  လုံခြုံရေးဆောင်ရွက် ချက်များက ကြောက်စရာလန့်စ ရာပင်ဖြစ်သည်။ VIP ပုဂ္ဂိုလ်များ ကို လက်ခံရန်အတွက် ရည်ရွယ် သော နေရာများတွင်သာ တွေ့ရ သည့် ရဟတ်ယာဉ်ရပ်ရန်နေရာ ကို တွေ့ရသည်။ မြန်မာအလုပ်  သမားများအတွက် နေထိုင်ရန် နေ အိမ်များအပြင် အခြားကာကွယ် ရေး စစ်လက်နက်စက်ရုံများတွင် တွေ့ရသည့် နိုင်ငံခြားသားများအ တွက် ဆောက်လုပ်ပြင်ဆင်ထား သည့် တန်းလျားပုံစံအဆောက်အ အုံများကိုလည်း ပုံတွင်တွေ့ရ သည်။ လေးပင်နိုင်ရွာကို  ယင်းစက်ရုံအနီးဝန်းကျင်နှင့် မကင်းလွတ်သည့်အတွက် ဖယ်ရှားပစ်ခဲ့ခြင်းဖြစ်သည်။
ဒေသခံများ ပြောကြားချက် အချို့ကိုတော့ အကဲဖြတ်နိုင်ခြင်း မရှိပါ။
သူတို့က ယင်းစက်ရုံမှ ဓာ တုလက်နက်များ ထုတ်လုပ်သည် ဟု ဆိုကြသည်။ ယူနတီကလည်း ယင်းစက်ရုံဝင်းအတွင်း ဒုံးကျည် တွေ့ရှိရသည်ဆိုသည့် ဒေသခံ ၀န်ထမ်းတစ်ဦး ပြောဆိုသည့်အ တိုင်း ပြန်လည်ဖော်ပြခဲ့သည်။ ဂြိုဟ်တုပုံကို ကြည့်ရုံနှင့် ဓာတု လက်နက်စက်ရုံဖြစ်ကြောင်း တပ် အပ်သေချာပြောရန် အလွန်ခက်ခဲ ပါသည်။ သို့သော် စက်ရုံဝင်းအရွယ်အစားနှင့် နေရာအနေအထား ကို ကြည့်ခြင်းအားဖြင့် တခြားနေ ရာများတွင် မြင်ရသကဲ့သို့ သာမန် စစ်လက်နက်ပစ္စည်းစက်ရုံ ဖြစ် ဟန်မတူပါ။ ယင်းဝင်းအတွင်း တွင် ကြီးမားလှသော ဂိုဒေါင်ကြီး ငါးခုရှိပြီး အကျယ်အ၀န်းမှာ စတု ရန်းမီတာ နှစ်သိန်းကျော် ရှိပါ သည်။
ဓာတုလက်နက် ထုတ်လုပ် သည်ဟူသော စွပ်စွဲချက်က မြန် မာသည် ဓာတုလက်နက်ဆိုင်ရာ ပဋိညာဉ်စာတမ်း သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးရန် က တိပြုချက်အပေါ် ဆွေးနွေးပြော ဆိုရန် လုံလောက်နေပါသည်။ မြန်မာက ၁၉၉၃ခုနှစ်တွင် သ ဘောတူညီချက် လက်မှတ်ရေး ထိုးခဲ့သော်လည်း ဆယ်စုနှစ်နှစ်ခု ကျော်လာသည့်တိုင်အောင် အ တည်ပြုလုပ်ဆောင်ရန် နှောင့်နှေး နေဆဲဖြစ်ပါသည်။ မြန်မာက က တိက၀တ်များကို ဆက်လက်ပေး နေပါသည်။ ဓာတုလက်နက်ဆိုင် ရာ သဘောတူညီချက် CWC ၏ နည်းပညာဆိုင်ရာကိုယ်စားလှယ် အဖွဲ့ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင် လက်ခံဖိတ်ကြားပြီး ပြီးခဲ့ သည့် ဒီဇင်ဘာလတွင် မြန်မာအ စိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ယင်းသ ဘောတူညီချက်ကို လက်မှတ်ရေး ထိုးရန် ဆက်လက်ပြင်ဆင်နေပါ ကြောင်း ပြောဆိုခဲ့သည်။
ယခုစွပ်စွဲချက်များ ထွက်ပေါ်လာသည့် ဖေဖော်ဝါရီလတွင် သူကပင် ဆက်လက်၍ အဆိုပါ ကတိက၀တ်ကို ထပ်ပေးပြန်သည်။
CWC ဓာတုလက်နက်ဆိုင် ရာ သဘောတူညီချက်များကို လိုက်နာရန်အတွက် ကြေညာ ချက်များ၊ လိုအပ်သည့် ဥပဒေ ရေးရာ ပြင်ဆင်ချက်များကို ပြု လုပ်ရန် အချိန်ယူရသည်မှာ မှန်ပါ သည်။ သို့သော်မြန်မာက ယင်းသို့ ပြုလုပ်ရန် အချိန်ဆွဲနေပုံရသည်။ သဘောတူညီချက်ကို လက်မှတ် ရေးထိုးလိုက်ပြီဆိုလျှင် အစိုးရအ နေနှင့် CWC ဓာတုလက်နက်ဆိုင် ရာ သတ်မှတ်ချက်များအရ ၎င်း တို့၏ ပစ္စည်းများ၊ လုပ်ဆောင် ချက်များကို ရက် ၃၀ အတွင်း အားလုံးကို ထုတ်ပြန်ကြေညာရ မည်ဖြစ်သည်။ ယင်းထုတ်ပြန် ကြေညာချက်များအားလုံးကို စစ် ဆေးမည်ဖြစ်ပြီး ယင်းတို့ကို ပြန် လည် စိစစ်ရန် တောင်းဆိုချက် များကို လက်ခံရမည်ဖြစ်သည်။
ဒေသခံများက ယင်းနေရာ မှ နိုင်ငံခြားအလုပ်သမားများ သည် တရုတ်နိုင်ငံသားများဖြစ် ကြောင်း ပြောဆိုကြသည်။ ယင်း အချက်ကို ဂြိုဟ်တုဓာတ်ပုံဖြင့် အတည်မပြုနိုင်ပါ။ သို့ရာတွင် ယင်းနေရာသည် မင်းဘူးအနီးရှိ အခြားကာကွယ်ရေးပစ္စည်း စက်ရုံများနှင့် အတော်တူညီနေသည်။ ယင်းစက်ရုံကို မြောက်ကိုရီးယားက ထောက်ပံ့ကူညီထားသည်ဟု အမေရိကန်က ယူဆထားပြီး အမျိုးအစားမသိရသည့် ဒုံးကျည်များကို ထုတ်လုပ်သည်ဟုဆို သည်။ အဆိုပါစက်ရုံဝင်းနှစ်ခုလုံး၏ အသွင်ပြင်လက္ခဏာများက ထပ်တူဖြစ်နေရာတွင် လုံခြုံရေးဂိတ်များနှင့် ရဟတ်ယာဉ်ဆင်းသည့်နေရာသာမက မြန်မာနိုင်ငံသား အလုပ်သမားများအတွက် မဟုတ်သည့် တန်းလျားများ၏ ပုံကလည်း တူညီနေပြန်သည်။
ဤအချက်က မြောက်ကိုရီး ယားနှင့် ကာကွယ်ရေးစက်မှုဌာန တို့အကြား ဆက်ဆံရေးတည်ရှိ နေကြောင်း အတည်ပြုပေးနေသည်။ ဒုတိယဗိုလ်ချုပ်ကြီးသိန်း ဌေးက မြန်မာစစ်တပ်ခေါင်းဆောင်နှင့်အတူ ၂၀၀၈ ခုနှစ်က ပြုံယမ်းကို သွားရောက်ခဲ့သည်။  သူ၏ ကိုရီးယားဘာသာစကားက ဘာသာပြန်ပေးနိုင်သည့် အဆင့်ရှိသည်ဟု ဆိုသည်။ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက နောက်ပိုင်းတွင် မြောက်ကိုရီးယားအရာရှိများနှင့် ဘေဂျင်းတွင် တွေ့ဆုံသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။ မြောက်ကိုရီးယားနှင့် ကုန်သွယ်သည့် လျှို့ဝှက်ဘဏ်စာရင်းကိုလည်း စင်ကာပူတွင် သူက ဆက်လက်ဖွင့်လှစ်ထားရှိသည်ဟုဆိုသည်။ ထို့ကြောင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အဘယ်ကြောင့် သူ့ကို သီးခြားခွဲထုတ်ပြီး ပိတ်ဆို့အရေးယူထားသည်ဆိုသည်ကို နားလည်ရန်မခက်ခဲပါ။
အံ့သြစရာကောင်းသည့် အချက်ကမူ ကာကွယ်ရေးစစ်လက်နက်စက်ရုံဌာနက တိုးချဲ့လာနေခြင်းဖြစ်သည်။ ပေါက်မြို့အနီးက စက်ရုံဝင်းက အတော်ကြီးမားပြီး အသစ်စက်စက်ဖြစ်သည်။ ကပစက စက်ရုံသစ်အများအပြားကို ဆောက်လုပ်နေပြီး လက်ရှိ တည်ရှိနေသော စစ်လက်နက်စက်ရုံများကိုလည်း ပြန်လည်မွမ်းမံခြင်း၊ချဲ့ထွင်ခြင်းများပြုလုပ်နေသည်။ ပေါက်အနီးမှ စက်ရုံသည် ပင်လယ်အောက်ရေခဲတောင်ကြီး၏ ရေပေါ်တွင်ပေါ်ထွက်သည့် ထိပ်ဖျားပိုင်းလေးမျှသာဖြစ်သည်။
ဤအဖြစ်သည် အိုဘားမား အစိုးရက မျှော်လင့်ထားသည့် မြောက်ကိုရီးယားနှင့် တရားမဝင် စီမံချက်များ ရပ်တန့်ပါမည်ဆို သည့် မြန်မာက သဘောတူညီ ထားချက် မဟုတ်ပါ။ ယင်းသို့ လျှော့ချရမည့်အစား ကပစက ပို ၍ပို၍ ကြီးမားလာ၊ ချမ်းသာလာ၊ အင်အားကြီးမားလာနေသည်။ စပ်စုသော သတင်းထောက်များ က လိုက်လံစုံစမ်းသတင်းရယူ ခြင်းများ၊ နေအိမ်ဆုံးရှုံးခဲ့ရသော လယ်သမားများကို မေးမြန်းခြင်း များ လုပ်လာသည့်အခါ ယင်းသို့ စပ်စုမှုများကို ရပ်တန့်ရန်အတွက် ဖိနှိပ်သည့် စနစ်ကြီးတစ်ခုလုံးက အသက်ဝင် လှုပ်ရှားလာတော့ သည်။ ဤလုပ်ရပ်သည် ဒီမိုက ရက်တစ် ပွင့်လင်းသည့် လူ့အဖွဲ့ အစည်းနှင့် ဆန့်ကျင်ဘက်ဖြစ် သည်။
အဏုမြူလက်နက် ပြန့်ပွားမှု ထိန်းချုပ်ရန်အတွက် စိုးရိမ်ပြီး မြန်မာနိုင်ငံတွင် အရပ်သားတစ် ပိုင်း အစိုးရ အသွင်ပြောင်းလဲရေး အတွက် အိုဘားမားအစိုးရက မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ပူးတွဲ လုပ်ဆောင်နေသည်မှာ မှန် ကောင်းမှန်ပေလိမ့်မည်။ သို့သော် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရ သည့် အချက်ကတော့ နောက် ထပ်လှမ်းမည့် ခြေလှမ်းရပ်များနှင့် မြန်မာကို နိုင်ငံတကာ အဏုမြူလက်နက်မပြန့်ပွားရေး ဆုံးဖြတ်လုပ်ဆောင်မှုနှင့် အဆင့်များကို လိုက်နာဆောင်ရွက်ရေး လုပ်ဆောင်မှုမရှိလျှင် ယခုလုပ်ဆောင်နေသည့် လုပ်ငန်းများက ဆက်လက်တည်တံ့နိုင်စရာ အကြောင်းမရှိပါ။ ဒီမိုကရေစီကျသည့် လူမှုအသိုင်းအဝိုင်းတစ်ရပ်သည် နာမည်ထုတ်ဖော်ပြောဖို့ လိုပါမည်ဆိုလျှင် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးလို လူမျိုးနှင့် ကပစကဲ့သို့သော အဖွဲ့အစည်းကို တာဝန်ခံမှု ရှိစေရမည်ဖြစ်ပေသည်။
 
Copy from - 7daydaily.com
(Foreign Policy Magazine ပါ Jeffrey Lewis နှင့် Catherine Dill တို့၏ Myanmar---
ဆောင်းပါးကို ခင်မေဇော် ဘာသာပြန်ဆိုသည်)

ထမင်းမချက်သည့်ကိစ္စ စကားများရာမှ ယောက်ျားက တုတ်ဖြင့်ရိုက် ဇနီးသေဆုံး .............

Wednesday, May 14, 2014

ဖြိုးဝေလင်း၊ ကျော်စိုးမိုး
အရက်မူးပြီးပြန်လာသည့် ခင်ပွန်းသည်က ညနေစာ ထမင်းမချက်ထားသော ဇနီးနှင့် စကားများရန်ဖြစ်ရာမှ ၀ါးတုတ်ဖြင့် ရိုက်နှက်မှုကြောင့် ဇနီးသည်သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု တိုက်ကြီးမြို့နယ်အတွင်း မေ ၆ ရက်၊ ည ၁၀ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သတင်းထုတ်ပြန်ထားသည်။

တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုရပ်ကွက်အတွင်း နေထိုင်သည့် ဦးယဉ်ထွေး(ခ)တင်ထွေး (၄၅)နှစ်သည် အရက်မူး ပြီးပြန်လာရာ နေအိမ်၌ရှိသော ဇနီးသည် မခန်းဌေး(၄၈)နှစ်သည် ညနေစာ ထမင်းမချက်ထားသည့် အတွက် ဇနီးသည်နှင့် စကားများ ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းနောက် ဦးယဉ်ထွေး(ခ)တင်ထွေးသည် ဇနီးဖြစ်သူအား ၀ါးတုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်း အနောက် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ယာချိုစောင်းပေါက်ပြဲ ဒဏ်ရာတစ်ချက်ရရှိကာ၏ သေဆုံးခဲ့ခြင်းဖြစ် ပြီး ဦးယဉ်ထွေး(ခ)တင်ထွေးသည် ထွက်ပြေး တိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ယင်းအမှုနှင့်စပ်လျဉ်း၍ ဇနီးသည်အား သေသည်အထိရိုက်နှက်ခဲ့သည့် တရားခံ ဦးယဉ်ထွေး(ခ)တင်ထွေး အား အရေးယူပေးရန် တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုရပ်ကွက်ရှိ ဆယ်အိမ်မှူးဖြစ်သူ ဦးမြင့်ကျော်၏ တရားလိုပြု တိုင်တန်းမှုအား တိုက်ကြီးမြို့မရဲစခန်းက(ပ) ၁၆၀/၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး တရားခံကို ဖမ်း ဆီးစစ်ဆေးလျက် ရှိသည်။

ရာဇာမင်း ယာဉ်တိုက်မှုတချို့နဲ့ ဓါးပြတိုက်မှု....................

Posted by: Ko Myo on Tuesday, May 13, 2014 Categories:

Author အေးလပြည့်

###ရာဇာမင်းယာဉ်လိုင်းဟာ ဧပြီ ၁၉ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၅၈/၂-၃)ကြားမှာ ရှေ့ကားကို ကျော်တက်ဖို့ကြိုးစားရင်း ယာဉ်တိုက် မှု ဖြစ်ပွါးခဲ့ပြီး သာဂရအမြန်လမ်း ရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ နဲ့အမှုဖွင့် အရေးယူခဲ့တယ်။

***၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၀ နေ့လည် ၁း၀၀ နာရီအချိန်တွင် မြ၀တီ -ကော့ကရိတ်ကားလမ်း၊ တောင်ပေါ် လမ်းတွင် ရာဇာမင်းခရီးသည် တင်မှန်လုံယာဉ်(၁)စီး တိမ်းမှောက်ပြီး ခရီးသည် ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရတယ်။

###၈-၆-၂ဝ၁၃ ရက်နေ့ ၂၁ဝဝ အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်း ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅၄/၄-၅)အကြား ဘုရားကုန်းကွေ့ ၌ ကျိုက္ခမီ-ရန်ကုန် ‘‘ရာဇာမင်း’’ ခရီးသည် တင်မှန်လုံယာဉ်အမှတ် ၈ဇ/×××× အား ဘုရားကုန်းကွေ့ အရောက် ယာဉ်ပေါ် တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် သေနတ်အတိုများ ကိုင်ဆောင်ထားသည့် အမည်မသိ လူ(၅)ဦး တို့မှ ယာဉ်အား အနီးရှိတောထဲသို့ ခေါ်ဆောင်မောင်းနှင်သွားပြီး သေနတ်ပစ်ဖောက်ကာ ယာဉ်ပေါ်ပါ ခရီးသည်များထံမှ ရွေ၊ ငွေ ပစ္စည်းများ စုစုပေါင်းတန်ဘိုး (၄၈၈၇ဝဝဝိ/-)ခန့်အား ယူဆောင် သွားပြီး ယာဉ်နောက်လိုက် နိုင်လင်းထွန်း၊ ယာဉ်မောင်း ဇော်လင်းထူးတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ ရာ သေဆုံးသွားခဲ့သဖြင့် သထုံမြို့မရဲစခန်း (ပ)၉ဝ/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

The Modern News Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆော်ဒီအာရေးဘီးယားတွင် ချစ်သူများနေ့ဆင်နွှဲသည့် အမျိုးသားများ ကြိမ်ဒဏ်အချက် ၂၀၀၀ ချမှတ်အပြစ်ပေးခံရ ...........

Posted by: Ko Myo on Tuesday, May 13, 2014 Categories:

(ပုံ- ဘာသာရေးပုလိပ်များ)

ချစ်သူများနေ့တွင် အရက်သောက်ပြီး အမျိုးသမီးများနှင့် အတူ ကခုန်ပြီး ပါတီပွဲဆင်နွှဲခဲ့သည့် အမျိုးသား ၅ ဦးအား ကြိမ်ဒဏ်အချက် ထောင်ချီချမှတ်အပြစ်ပေးခဲ့သည်။

Okaz Daily ၏ သတင်းဖော်ပြချက်အရ အမျိုးသား ၂ ဦးအား ထောင်ဒဏ် ၁၀ နှစ်နှင့် ကြိမ်ဒဏ်အချက် ၂၀၀၀ အား Al Nafoora ဈေးအရှေ့ ၌ အကြိမ် ၂၀ ခွဲရိုတ်ခံရမည်ဖြစ်ပြီး အခြား ၂ ဦးအား ထောင်ဒဏ် ၇ နှစ်နှင့် ကြိမ်ဒဏ် ၁၅၀၀ ချက်အား ၁၅ ကြိမ်ခွဲ၍ ရိုတ်ခံရမည်ဟု သိရသည်။

ကျန်တစ်ဦးသည် ထောင်ဒဏ် ၅နှစ်နှင့် ကြိမ်ဒဏ်အချက် ၁၀၀၀ ကျခံရမည်ဖြစ်သည်။

ဆော်ဒီတွင် အစ္စလမ်ဘာသာရေးဥပဒေဖြစ်သည့် ရှာရီယာဥပဒေအား လိုက်နာမှုရှိစေရေးအတွက် “ဘာ သာရေးပုလိပ်”အဖြစ် လူသိများသော “သီလစင်ကြယ်ရေးနှင့် ဒုစရိုတ်တားဆီးရေး ကော်မရှင်” က ချစ်သူ များနေ့ ကျင်းပပြုလုပ်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။

ဖော်ပြပါအမျိုးသား ၅ ဦးသည် ဘူရာယာမြို့ရှိ ၎င်းတို့ အပန်းဖြေရန်အတွက် ငှားရမ်းထားသော အိမ်တစ်လုံး အတွင်းတွင် အမျိုးသမီး ၆ ဦးးနှင့် အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ကော်မရှင်အဖွဲ့ဝင်များက ၎င်းတို့နှင့်အတူ နှင်းဆီနီများ၊ ဖယောင်းတိုင်များနှင့် အသဲပုံသဏ္ဍာန်ရှိ အခြားပစ္စည် များကိုလည်း သိမ်းဆီးရမိခဲ့သည်။

အဆိုပါ ပြစ်မှုအတွက် ၎င်းတို့ ၅ ဦးသည် ထောင်ဒဏ်ကျခံပြီးနောက် ပြည်နှင်ဒဏ် ၅ နှစ်လည်း အပေးခံရ မည် ဖြစ်ကြောင်း Okaz Daily သတင်းစာက ရေးသားထားသည်။

Ref ; Yahoo
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Facebook နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်အလက် (၈) ချက် .................

Posted by: Ko Myo on Tuesday, May 13, 2014 Categories:

Angel on 2014-05-12 18:17

၂၀၁၃ ခုနှစ်အကုန်မှာ ကမ္ဘာတစ်ဝှမ်း လစဉ်အသုံးပြုသူ ၁.၂၃ ဘီလီယံ ရှိခဲ့တဲ့ Facebook ဟာ ကမ္ဘာပေါ် မှာ လူသုံးအများဆုံး လူထုဆက်သွယ်ရေးကွန်ယက်တစ်ခုဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၁၃ ခုနှစ်က ကောက်ယူခဲ့တဲ့ စာရင်းအချက်အလက်အရ နေ့ စဉ်ဝင်ရောက်အသုံးပြုသူ လူဦးရေပေါင်း ၇၅၇ သန်း ရှိတယ်လို့  သိရပါတယ်။ Facebook နဲ့ ပက်သတ်ပြီး သင်မသိသေးလောက်တဲ့ စိတ်ဝင်စားစရာ အချက်အလက် (၈) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နေ့ စဉ်နေ့ တိုင်း Facebook accounts တွေကို ဖောက်ထွင်းဖို့ ကြိုးစားမှုပေါင်း ခြောက်သိန်း ကျော် ရှိပါတယ်။

၂။ သင့် Facebook အကောင့်ရဲ့ ဘာသာစကားကို ‘ ပင်လယ်ဓားပြ ဘာသာစကား’ အဖြစ် ပြောင်းလဲ အသုံးပြု နိုင်ပါတယ်။





၃။ မင်းသားကြီး Al Pacino ဟာ Facebook ပင်မစာမျက်နှာမှာ ပထမဦးဆုံးဖော်ပြခံခဲ့ရပါတယ်။ Facebook ဟာ ဒါကို ၂၀၀၇ ခုနှစ်မှာ ဖယ်ရှားခဲ့တာဖြစ်ပြီး ဒီဂျစ်တယ်သင်္ကေတ 0 , 1 တွေနဲ့ Al Pacino ပုံ ဖော်ထား တာဖြစ်ပါတယ်။



၎။ သင် ဘယ် နေရာတွေကို ၀င်ရောက်ကြည့်ရှုသလဲ ဆိုတာကို Facebook က ခြေရာခံလိုက်ပါတယ်။ တကယ်လို့ သင့် အကောင့်ကို Sign Out လုပ်ထားပြီးရင်တောင် Facebook က ခြေရာခံလိုက်နိုင်ပါတယ်။



၅။ လေ့လာမှုတစ်ခုအရ Facebook ကို ၀င်ရောက်ကြည့်ရှုပြီးနောက် လူ သုံးပုံတစ်ပုံဟာ သူတို့ ရဲ့ ဘ၀ကို ပိုပြီး စိတ်မကျေမနပ် ဖြစ်ကြတယ်လို့ ဆိုပါတယ်။



၆။ Facebook ပေါ်မှာ သေဆုံးပြီးသူ users ပေါင်း သန်း ၃၀ ခန့် ရှိပါတယ်။



၇။ ၂၀၀၉ ခုနှစ်စပြီး Facebook အပါအ၀င် Twitter နဲ့ The New York Times တို့ ကို တရုတ်နိုင်ငံမှာ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။



၈။ သန်းတစ်ထောင်ကျော် အသုံးပြုသူတွေ ဘယ်သူကိုမဆို Block နိုင်ပေမယ့် Mark Zuckerberg ကိုတော့ သင် Block လုပ်လို့ မရပါဘူး။



Ref: factslides.com
Trend Myanamr
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ထိုင်းနှင့် မလေးရှားရောက် မြန်မာလုပ်သားများ စာရင်းကောက်မည်...................

Posted by: Ko Myo on Tuesday, May 13, 2014 Categories:

photo:www.asianews.it

ယနေ့အချိန်အထိ စာရင်းအတိအကျ မရှိသေးသော ထိုင်းနှင့် မလေးရှား နိုင်ငံတွင် ရောက်ရှိနေ သည့် မြန်မာအလုပ်သမားဦးရေ စာရင်းကို အဆိုပါ နိုင်ငံများရှိ လူမှု အဖွဲ့အစည်းများမှတစ်ဆင့် ကောက် ယူသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

လူမှုအဖွဲ့အစည်းများ ကောက်ယူ ရရှိသည့် အချက်အလက်များကို စုစည်းရန် သက်ဆိုင်ရာ နိုင်ငံရှိ မြန်မာ အလုပ်သမား သံအရာရှိကိုလည်း ညွှန်ကြားထားပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အမြန်ဆုံး သိရအောင် လုပ်မယ်။ အတိအကျတော့ မဟုတ်ဘူး၊ အနီးစပ်ဆုံးရအောင် ကြိုးစားမယ်” ဟု ဦးထင်အောင်က ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းထားသော်လည်း ထိုင်းနိုင်ငံရောက် မြန် မာများက ငါးသန်းခန့် ရှိသည်ဟု ပြောဆိုကြကြောင်း၊ မလေးရှား နိုင်ငံတွင်လည်း မြန်မာလုပ်သား နှစ်သိန်း ငါးသောင်း ရှိသည်ဟု ခန့်မှန်းသော်လည်း ယင်းဦးရေထက် ပိုများနိုင်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ထိုင်းနိုင်ငံတွင် တရားဝင် အထောက်အထားဖြင့် လုပ်ကိုင်သည့် မြန်မာဦးရေ ၂ ဒသမ ၃ သန်း ရှိကြောင်း ချူလာလောင်ကွန်း တက္ကသိုလ်နှင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) တို့၏ စစ်တမ်းအရ သိရှိရသည်။

The Voice Journal
ရန်ကုန်၊ မေ ၁၁
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အစား အရမ်းစားပြီး အ၀လွန်လာလို့ အစာအိမ် ခွဲစိတ်ရမယ့် လေးနှစ်သား ...................

Posted by: Ko Myo on Tuesday, May 13, 2014 Categories:
အိန္ဒိယနိုင်ငံမှာ အသက် ၄နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ အလွန်ဝလာတာကြောင့် ကိုယ်အလေးချိန် ကျစေဖို့ သူ့ရဲ့ အစာအိမ်ကို ၇၀ရာခိုင်နှုန်းလောက် ဖြတ်ထုတ်ပေးဖို့ မိဘတွေက ခွဲစိတ်ဆရာဝန်တွေ ထံမှာ အကူအညီတောင်းခဲ့ပါတယ်။


လေးနှစ်သားလေး Rishi Khatau

လွန်ခဲ့တဲ့ စက်တင်ဘာမှာ သူဟာ ကိုယ်အလေးချိန် ၉၈ပေါင်ရှိခဲ့ပြီး သူ့ရဲ့မိဘတွေကတော့ သူ့ကို ဘယ်လိုမှ အစားရပ်အောင် လုပ်လို့မရဘူးလို့ ဆိုပါတယ်။

အဲဒီကလေးရဲ့ ခန္ဓာကိုယ်ဟာ အလွန်ကြီးတာကြောင့် လူကြီးအရွယ်ဝတ်တွေ ၀တ်ဆင်နေရပြီး သူ့ရဲ့ဘောင်းဘီ ခါးဆိုဒ်က ၃၆ လက်မ ရှိတယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ မိဘများအတွက် သူ့ရဲ့ အစာအိမ်ကို သေးငယ်အောင် ခွဲစိတ်ဖို့ကလွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး။ အဆိုပါ ကလေးငယ်ဟာ ယင်းကဲ့သို့ ခွဲစိတ်ကုသမှုခံရသူများထဲမှာ ကမ္ဘာ့အသက်ငယ်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။



သူ့ကို မွေးဖွားစဉ်က သုံးပေါင် ကိုးအောင်စသာ ရှိခဲ့ပြီး တစ်နှစ်အတွင်းမှာ ကလေးကို ကိုယ်ခန္ဓာကြီး ထွားစေဖို့ အစာတွေ အလွန်အမင်းကျွေးခဲ့ပါတယ်။ ဒါ့ကြောင့် အသက် တစ်နှစ်ပြည့်ချိန်မှာ သူဟာ ကျန်းမာပြီး ကြံ့ခိုင်တဲ့ ကလေးတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက် ၆လအတွင်း သူဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာခဲ့ရာ အသက် ၂နှစ်ပြည့်တဲ့ အချိန်မှာတော့ သူဟာ ၄၂ပေါင် ရှိနေပါပြီ။ ဒါ့ကြောင့် မိဘတွေက စိုးရိမ်ပြီး ကလေးကို ကျွေးတဲ့ အစာပမာဏ တစ်ဝက်ကို လျော့ခဲ့ပေမယ့် ကလေးဟာ အစာမ၀တဲ့ အတွက် အော်ဟစ် ငိုကြွေးခဲ့ပါတယ်။

ကလေးရဲ့ ဖခင် Mr Khatau က အခုလို ပြောပါတယ်။ သားဟာ အလွန်ဝတဲ့အတွက် ၁၀မိနစ်လောက်ပဲ အိပ်ပြီး ညဘက်လဲ နိုးနေတယ်။ နောက်ပြီး အသက်ရှူမရတဲ့ ဆိုးရွားတဲ့ ဒဏ်တွေကိုလည်း ခံရပြီး အမြဲ အသက်ရှူကျပ်လေ့ရှိတယ်။ ဒါ့ကြောင့် နောက်နှစ်အထိတောင် သူအသက်ရှင်ပါ့မလား ဆိုပြီး တွေးပူနေ ရတယ်လို့ ဆိုပါတယ်။

ကလေးငယ်ဟာ ဆရာဝန်နဲ့ အမြဲလိုလို တွေ့နေရပြီး ဆေးကုသခံနေရပါတယ်။ သူ့ရောဂါရဲ့ လက္ခဏာ ကတော့ Rishi with Prader Willi ဖြစ်ပြီး ဆိုလိုတာက ကယ်လိုရီကို ကောင်းကောင်း လောင်ကျွမ်း မပေးနိုင်တဲ့အတွက် ဖြစ်တယ်လို့ ဆရာဝန်က ပြောပါတယ်။ သူ့ကို နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ပြောပေမယ့် မလုပ်နိုင်ဘူး။ သူ့ကို အမြဲအရိပ်တကြည့်ကြည့်နဲ့ လိုချင်တာ အကုန်လုပ်ပေးနေ ရတယ်လို့ ပြောပါတယ်။ သူဟာ ဘယ်တော့မှ သူစားရမယ့် စားစရာကို စိတ်တိုင်းမကျဘူးလို့ သိရပါတယ်။


Rishi Khatau တို့ မိသားစု

ဒီအတွက်ကြောင့် သားဖြစ်သူကို အပြစ်မတင်ဘဲ ဒါဟာ သူတို့ရဲ့ စိုးရိမ်စိတ်၊ ချစ်စိတ်တွေနဲ့ ကလေးကို အစာ အလွန်အကျွံကျွေးမိရာက ဖြစ်ခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်နေကြပါတယ်။ နောက်ဆုံး မှာတော့ ရွေးစရာ လမ်းမရှိဘဲ အစာအိမ်ချုံပစ်ဖို့ဘဲ ရှိတော့တာကြောင့် အဲဒါဟာ သူတို့ရဲ့ နောက်ဆုံးမျှော် လင့်ချက် ဖြစ်တယ်လို့ သိရပါတယ်။ ကလေးငယ်ရဲ့ ခွဲစိတ်ကုသမှု အောင်မြင်ပါစေလို့ World-Myanmar News (world-myanmar.com) မှ ဆုတောင်းပေးပါတယ်။

ref: dailymail.co.uk
World-Myanmar News

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)