Thursday, May 15, 2014

ဆော့ဝဲ မလိုသော ဖိုင် ဖျောက်နည်း ( For Android Phone )....................








အသုံးဝင်မယ်လို့ ထင်ပါတယ်။ ပုံမှန် အတိုင်းဆို Android ဖုန်းတွေမှာ Gallery ကို ဖွင့်လိုက်တာနဲ့ ဓါတ်ပုံ
တွေ၊ ဗီဒီယို ဖိုင်တွေကို ထုတ်ပေး ပါလိမ့်မယ်...သင့်အနေနဲ့ မပေါ်စေချင်တဲ့ ဗီဒီယို ဖိုင်တွေ ရှိမယ်ထင်
ပါတယ်။

ပုံတွေ အပါအ၀င်ပေါ့...ဒီနည်းလမ်း အတွက် ဆော့ဝဲ မလိုပါဘူး ခင်ဗျာ...အောက်မှာ ပုံနှင့် တကွ ရှင်းပြ
ထားပါတယ်။ သတိ မထားမိလို့ပါ။ Viber မှာဆိုရင် user photo နဲ့ sharing photo တွေကို Gallery မှာ
မတွေ့ ရပါဘူး..File manager ကနေ viber ဖိုင်ထဲက user photo ဖိုဒါထဲ ၀င်ကြည့်ပါ။ .nomedia ဖိုင်
လေးရှိနေ ပါတယ်။ အဲဒါလေးကို ဖျက်ထုတ်လိုက်မယ်ဆိုရင် user photo ထဲက ပုံတွေ Gallery မှာတွေ့
ရပါမယ်...ဒါကြောင့်ဒီနည်းလေးမျှဝေလိုက်ပါတယ်။

ဘာမှလည်း လုပ်စရာ မယ်မယ်ရရ မရှိပါ။ မပေါ်စေချင်တဲ့ ဓါတ်ပုံ ဖိုဒါထဲဝင် ပြီး ဖိုင်လေး တစ်ဖိုင် တည်
ဆောက်ပေးလိုက် ရုံပဲဖြစ်ပါတယ်ခင်ညာ။

သင့် ဖုန်းထဲမှာ video ဆိုတဲ့ ဖိုဒါထဲမှာ ဗီဒီယိုဖိုင်တွေ ရှိပြီးတော့ သင့်က Gallery ကိုဖွင့်လိုက်ရင် ဒီ ဗွီဒီ
ယိုတွေ မပေါ်စေချင်ဘူး ဆိုပါစို့။ (ဓါတ်ပုံတွေရောပေါ့နော်)

1. ဖိုင်မန်နေဂျာ တစ်ခု ခုကနေ video ဖိုဒါထဲ ၀င်လိုက်ပါ။


2. ဖုန်းရဲ့ menu key ကိုနှိပ်ပြီး New ကနေ တစ်ဆင့် File ကို ရွေးပေး လိုက်ပါ။



ဒါဆိုရင် new file အတွက် နာမည်ပေးတဲ့ နေရာရောက် ပါလိမ့်မယ်။ ဖိုင်နာမည်ကို .nomedia လို့ ပေး
လိုက်ပါ။ စာလုံး မမှားနဲ့နော်။ .nomedia ပါ။

3. ပြီးရင် အိုကေ လိုက်ပါ။ .nomedia is created ဆိုတာလေး စောင့်ပေးပါ။



ဒါပါပဲ Gallery ကို restart ပြန်ဖွင့် လိုက်ပါ။ video file ပေါ် မလာတော့ပါ။ ဒီလို ပါပဲ ဓါတ်ပုံတွေ အတွက်
ဆိုလည်း ဓါတ်ပုံရှိနေတဲ့ ဖိုဒါထဲကို .nomedia ဆိုတဲ့ ဖိုင်လေးတစ်ခု တည်ဆောက်ပေးလိုက်ပါ။

ပုံတွေ Gallery မှာပြန်ပေါ် ချင်တယ် ဆိုရင် ဘာလုပ် ရမလဲဆိုတာ သိကြမှာပါနော်...

ဟုတ်ကဲ့ကျေးဇူးပါ

ပို့စ်ရေးသူ-HanWaiLinn(www.sayyoethe.blogspot.com)

https://www.facebook.com/hanwailinn.hanwailinn

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဆော့ဝဲ မလိုသော ဖိုင် ဖျောက်နည်း ( For Android Phone ) http://www.simon-vlog.com/2014/05/for-android-phone.html#ixzz31ibdbq4S
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment