Thursday, May 15, 2014

၄၂ လက်မမြင်ကွင်းထိ ရရှိနိုင်သော Projector ဖုန်းအမျိုးအစားသစ်တစ်မျိုး ဈေးကွက်ဝင်ရောက် ..............

Posted by: Ko Myo on Wednesday, May 14, 2014 Categories:


Projector အနေဖြင့် ကြည့်ရှုနိုင်သည့် ဟန်းဆက်ကို Samsung မှ ပထမဆုံးတင်သွင်းခဲ့ကြောင်း သိရသည်။ ယခုဝင်ရောက်လာသည့် ၄၂ လက်မ မြင်ကွင်းထိရရှိနိုင်သော Projector ဖုန်းအမျိုးအစား သစ်မှာ Brand အမှတ်တံဆိပ်အသစ်ဖြစ်သည့် Magic On မှ တင်သွင်းဖြန့်ချိတာဖြစ်ကြောင်း သိရသည်။

၎င်းဖုန်းမှာ Magic On အမှတ်တံဆိပ် Ayane QS4 မော်ဒယ် ဖုန်းအမျိုးအစားသစ်ဖြစ်ပြီး စကရင် အရွယ် အစား ၄ လက်မ WVGA IPS ရှိမှာဖြစ်သည်။ GSM, WCDMA ဆင်းကဒ်များ ထည့်သွင်းအသုံးပြုနိုင် မှာ ဖြစ်သည်။ Resolution အနေဖြင့် 480×640 အထိ အထောက်အပံ့ပေးထားမှာဖြစ်သလို RAM 1GB ပါဝင်မှာ ဖြစ်သည်။ Processor အနေဖြင့် 1.2 GHz Dual Core အမျိုးအစားကို အသုံးပြုထားမှာဖြစ်သည်။ ဖုန်းတွင် Tripod Stand တစ်ခုပါဝင်မှာဖြစ်သလို Air Remote တစ်ခုလည်း ပါဝင်မှာဖြစ်သည်။ Remote ကို Bluetooth ဖြင့် ချိတ်ဆက်အသုံးပြုရမှာဖြစ်ပြီး Remote ၏ နောက်ကျောဘက်တွင် စာရိုက်နိုင်သည့် ကီးဘုတ်တစ်ခုလည်း ပါဝင်မှာဖြစ်သည်။ ဖုန်းကို Bluetooth Device ချိတ်ဆက်နိုင်သည့် Speaker, Headset အပြင် Bluetooth အမျိုးအစား (၅) မျိုးကို ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်သည်။

၄၂ လက်မမြင်ကွင်းတွင် Full HD Resolution ကို အပြည့်အဝ ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်းကို တာဝန်ရှိသူမှ ပြောကြားခဲ့သည်။ အလင်းထုတ်လုပ်မှုအနေဖြင့် 35 Lumens အထိ ရရှိမှာဖြစ်သည်။ Android Version အနေဖြင့် 4.1.2 Jelly Bean ကို အထောက်အပံ့ထားနိုင်မှာ ဖြစ်သည်။ ကင်မရာ အနေဖြင့် Dual Camera ပါဝင်မှာ ဖြစ်သလို 5MP Rear Camera နှင့် VGA Front Camera တို့ ပါဝင်မှာ ဖြစ်သည်။ Sensors စနစ်အနေဖြင့် Gravity, Ambient & Proximity Sensor များ ပါဝင်မှာဖြစ် သည်။ Remote ကို အားသွင်းအသုံးပြုရမှာဖြစ်သလို Projector အသုံးပြုနေစဉ်အတွင်း မှာလည်း အားသွင်းထားနိုင်မှာဖြစ်သည်။ Projector အကွာအဝေးအနေဖြင့် ၁၀ ပေ ပတ်လည်အတွင်း အသုံးပြုနိုင်မှာဖြစ်သည်။ ဖုန်းကို အာမခံအနေဖြင့် ၁ နှစ်ပေးထား မှာဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ၂၆၀၀၀၀ ကျပ်ရှိမှာဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Global Mart Trading Co.,Ltd ဖုန်း- ၂၂၈၆၇၈ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။

ဝေဝေ
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

0 ကွန်မန့်ရေးရန်:

Post a Comment