မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရာမှာ အကျင့်ပျက် လာဘ်စားမှုတွေရှိတဲ့အတွက် မကြာခင်က ရာထူးကနေ နှုတ်ထွက်သွားတဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအဝင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အရာရှိ ၅၀ ကျော်ကို ပြည်ထောင်စုစာရင်းစစ်ချုပ် ခေါင်းဆောင်တဲ့အဖွဲ့က ခေါ်ယူ စစ်ဆေးနေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့မှာ ပြည်ထဲရေး ဝန်ကြီးဌာနအောက်က မှုခင်း စုံစမ်းရေးအဖွဲ့ CID ၊အထူး စုံစမ်း စစ်ဆေးရေးအဖွဲ့ BSI စတဲ့ အဖွဲ့တွေ ပါဝင်ပြီး၊ နေပြည်တော် ဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအတွင်း ရုံးထိုင်ကာ အကျင့်ပျက် လာဘ်စားမှုကို စုံစမ်း စစ်ဆေးနေတာလို့ သိရှိရပါတယ်။
ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းကိုတော့ နေပြည်တော် သူ့ရဲ့အိမ်မှာ အကျယ်ချုပ် ချထားပြီး၊ စစ်ဆေး မေးမြန်းနေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက အရာရှိတစ်ဦးက RFA ကိုအတည်ပြု ပြောပါတယ်။
ခေါ်ယူ စစ်ဆေးခံရသူတွေထဲမှာ ဆက်သွယ်ရေး ဝန်ကြီးဌာနက အထွေထွေ မန်နေဂျာ ဦးသိန်းဦး၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဦးဆောင်ညွှန်ကြားရေးမှုး ဦးက္ကိဒ္ဓိလှ တို့အပြင် ရန်ကုန်အခြေစိုက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အင်ဂျင်နီယာချုပ် ဦးဌေးဝင်းစတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အရာရှိ ၅၀ ကျော်ပါဝင်ပြီး သူတို့ကို နေပြည်တော်က ရဲတပ်ရင်းတွေထဲမှာ ထားရှိပြီး ပူးပေါင်းအဖွဲ့တွေက စုံစမ်း စစ်ဆေးမှုတွေလုပ်နတယ်လို့
တရုတ် ဆက်သွယ်ရေး ကုမ္မဏီတွေဖြစ်ကြတဲ့ ZTE နဲ့ Huawei ကုမ္မဏီတို့နဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ကြား အကျိုးတူလုပ်ကိုင်နေတဲ့ မိုဘိုင်းဖုန်းကွန်ရက် တည်ဆောက်ရေးကိစ္စတွေမှာ ဆက်စပ် လုပ်ကိုင် နေတဲ့ Elite ၊ Asia Mega Link ၊ တာမိုးညဲ စတဲ့ ကုမ္မဏီ ၁၃ ခုက တာဝန်ရှိသူတစ်ချို့ကိုပါ ဒီကနေ့ စတင်ပြီး ခေါ်ယူ စစ်ဆေးနေပါတယ်။














![(လုပ်သင့်တာဘယ်လောက် ကြာနေပြီလဲ)
ယာဉ်ထိန်းအင်အား ၂၀၀ ကျော်ဖြင့် မြို့နယ် ၄ မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးအရေးယူမှု ယနေ့စတင်
Tuesday, January 22, 2013
ယာဉ်စည်းကမ်းလိုက်နာမှု မရှိသော ယာဉ်များအား စစ်ဆေးအရေးယူရန် မရမ်းကုန်း၊ ဗဟန်း၊ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်ရှိ နေရာ ၇ ခုတွင်
ယာဉ်ထိန်းအင်အား ၂၀၀ ကျော်ဖြင့် ယနေ့စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း
ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ဦးသာဌေးက ပြောသည်။
မရမ်းကုန်းမြို့နယ်အတွင်းရှိ ဘုရင့်နောင်နှင့် ချော်တွင်းကုန်းလမ်းဆုံ၊ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်နှင့် ဦးထောင်ဘိုအ၀ိုင်း၊ ကမာရွတ်မြို့နယ်ရှိ
လှည်းတန်း၊ ဟံသာဝတီအ၀ိုင်းနှင့် စမ်းချောင်းမြို့နယ် မြေနီကုန်းတို့တွင်
နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ စစ်ဆေးဆောင်ရွက်နေပြီဖြစ်ကြောင်း ဦးသာဌေးက ပြောသည်။
ယာဉ်ကြောပိတ်ဆို့မှု ကာကွယ်ရန်အတွက် ထိုကဲ့သို့ စစ်ဆေး
ဆောင်ရွက်ခြင်းကို ပညာပေးကာလအဖြစ်သတ်မှတ်ထားပြီး ပညာပေး
ကာလပြီးပါက ထိထိရောက်ရောက် အရေးယူသွားမည်ဟု ရန်ကုန်မြို့တော်
အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး
ဦးလှအောင်က ပြောသည်။
ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန်အတွက် ရန်ကုန်မြို့တော်
စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ယာဉ်ရပ်နားရန် နေရာများ
ကိုလည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ရန်ကုန်မြို့အတွင်း အများပြည်သူသယ်ယူပို့ဆောင်ပေးနေသော လုပ်ငန်းများ အဆင်ပြေစေရန်အတွက် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူ
ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဇန်န၀ါရီ ၇ ရက်က နိုင်ငံတော်
သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပေးခဲ့ပြီးယခုလုပ်ဆောင်ချက်မှာ ထိုအဖွဲ့၏
ပထမဆုံးလုပ်ဆောင်ချက် ဖြစ်သည်။
credit >>7Day News Journal
@[148980878505812:274:ပလီပလာ ထွေကာလီကာ]](https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-ash3/s480x480/558292_447713795299184_820422906_n.jpg)






















တရုတ်
အစိုးရသည် တရုတ်-မြန်မာ နယ်စပ်တွင် တိုက်ပွဲများ ဖြစ်နေသောကြောင့်
သူ၏တပ်များကို နှစ်နိုင်ငံ နယ်စပ်သို့ ဇန်နဝါရီလ အစောပိုင်း၌
ပို့ဆောင်လိုက်သည်။ တရုတ်ပိုင်နက် အတွင်း ပဋိပက္ခများ ဖိတ်စဉ်လာပါက အခြေအနေ
ဆိုးရွားလာနိုင် သဖြင့် မြန်မာနိုင်ငံသည် ဒေသတွင်း တည်ငြိမ်မှု၏
ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေဆဲပင်။



