Tuesday, January 22, 2013

မျက်ဝန်းလှလှတွေ လိုချင်ပါသလား LED နဲ့ အလှဆင်မယ်



မိန်းကလေးတွေက ဘာလို့ ပိုကြီးပြီး ပိုကျယ်တဲ့ မျက်ဝန်းတွေကို လိုချင်ကြတာလဲ.. အာရှက မိန်းကလေးတွေအတွက် ကြီးမားတဲ့ မျက်လုံးတွေက ဆွဲဆောင်မှုရှိတယ်လို့ ယူဆကြတယ်နဲ့တူ ပါတယ်။ သို့ပေမဲ့လည်း မျက်ဝန်းကျယ်ကျယ်နဲ့ အားကောင်းတဲ့ မျက်လုံးတွေကို မိန်းကလေးတွေ တိုင်းတော့ မပိုင်ဆိုင်ကြပါဘူး။ အဲ့လို မျက်လုံးဝိုင်းဝိုင်း ခပ်မာမာနဲ့ ဆွဲဆောင်ချင်တဲ့သူတွေက မျက်လုံးတွေကို ပိုကြီးအောင် ပိုလှအောင် ပြုလုပ်ကြရတယ် မဟုတ်ပါလား။ မိက်ကပ်တွေ၊ မျက်
လုံးအရောင် ချယ်တာတွေ၊ Big eyes မျက်ကပ်မှန်တွေတပ်ပြီး ဆွဲဆောင်မှုရှိအောင် လုပ်ယူကြတာ နေစဉ်နှင့်အမျှ မြင်တွေ့နေကြရပါတယ် အဲ့ဒီလိုမျိုး ချယ်သပြင်ဆင်ကြတဲ့နေရာမှာ နည်းပညာနဲ့ရော ဘယ်လို မျက်လုံးကြီးကြီးတွေ ဖြစ်အောင် လုပ်ယူကြပါမလဲ..

ကိုရီးယားက multimedia artist Soomi Park က LED Eyelash တွေကို ဖန်တီးပေးခဲ့ပါတယ်။ LED Eyelash တွေကတော့ မိန်းကလေးတွှေ လိုချင်တဲ့ bigger eyes တွေရအောင် လူအများကိုဆွဲဆောင်နိုင်အောင် လုပ်ဆောင်ပေးမှာ အမှန်ပါပဲ.. မာကျူရီနဲ့ sensor ကို အဖွင့်အပိတ် ပြုလုပ်နိုင်မှာ ဖြစ်ပြီး မျက်ခွံ အဖွင့်အပိတ်မှာ sensor က အလင်းအဖွင့်အပိတ် ထိန်းပေးမှာ ဖြစ်ပါတယ်။ မိမိရဲ့ လှုပ်ရှားမှုနဲ့ လိုက်ပြီး မီးကလည်း လိုက်ပါပြောင်းလဲနေမှာ ဖြစ်ပါတယ်။ အလွယ်တကူပဲ ဖြုတ်နိုင်တက်နိုင်ပြီး လူများစွာရဲ့ ဂရုစိုက်မှုကို ရရှိစေမှာတော့ သေချာပါတယ်။

http://youtu.be/N5484m-tCeA

Reference: http://soomipark.com/main/?portfolio=led-eyelash

0 ကွန်မန့်ရေးရန်:

Post a Comment