Tuesday, January 22, 2013

'' သူသည်----------------''

Yezar Ni shared Oppositeyes's photo.
'' သူသည်----------------''
-
-
သူသည် ရာဇူးနဲ့ မာဇူးလည်း မတက်ဖူးပါဘူး၊ ဒါပေမယ့် '' ငါ့နိုင်ငံတော် ၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော် အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန် ပြုပါ၏'' လို့ ပီပီသသ ရှင်းရှင်း လင်းလင်းနဲ့ တစ်ရက်ကို ၂ ကြိမ် သစ္စာဆို နိုင်တယ်။

သူသည် Rule of Law ၊ Constitution၊ နဲ့ Democracy Practice ဆိုတဲ့ အင်္ဂလိပ် စာလုံးတွေနဲ့ အကျွမ်း တဝင် မဖြစ်ပေမယ့် လူ့ကျင့်ဝတ်၊ အရပ်ဘက် ဥပဒေနဲ့ စစ်ဘက် ဥပဒေတွေကို အကောင်းဆုံး လိုက်နာခဲ့တယ်။

သူသည် Globalization၊ Internet ၊ Face book၊ e-mail ၊ wikipedia ၊ world wide web တို့ကို မရင်းနှီး သလို နိုင်ငံတကာနဲ့ ယှဉ်ပြီး မြန်မာနိုင်ငံ အကြောင်း မပြောနိုင်ပေမယ့် သူ့ရင်ထဲမှာ '' ဒို့တာဝန် အရေး (၃)ပါး နဲ့ ပြည်ထောင်စု စိတ်ဓာတ်'' ဆိုတဲ့အသံ ပဲ့တင်လျက် ရှိတယ်။

သူသည် နိုင်ငံခြားဆိုတာ မသွားဖူးဘူး၊ ဥရောပနဲ့ အမေရိကား ဆိုတာ ဝေးလာဝေး၊ ဒါပေမယ့် နိုင်ငံတော် ကာကွယ်ရေးနဲ့ ပြည်သူ့ လုံခြုံရေး အတွက် မိုင်းခင်းတဲ့ လမ်းကို အကြိမ်ကြိမ် သွားခဲ့တယ်။

သူသည် အိုဘားမားနဲ့ ချားလ်မင်းသားလည်း မတွေ့ဖူးဘူး၊ George Soros နဲ့လည်း မတွေ့ဖူးဘူး၊ ဒါပေမယ့် ရောက်ရာ ဒေသက တိုင်းရင်းသားတွေနဲ့ သာတွေ့ဖူးပြီး စိတ်ရော ကိုယ်ပါနှစ်ပြီး ရင်းနှီးဖူးတယ်။

သူသည် ငါတို့တတွေ နိုင်ငံတော် အတွက် ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း စွန့်လွှတ်ခဲ့ရရင် ထောက်ပံ့ေ ပး ဖို့ ဖွဲ့စည်းထားတဲ့ ဦးပိုင် လီမိတက်နဲ့ MEC တို့ အခက်ကြုံအောင် လုပ်နေသူတွေလို ကန့်ကွက် ဆန္ဒပြခြင်း မလုပ်ဖူးဘူး၊ ဒါပေမယ့် ငါဒုက္ခိတ ဖြစ်ရင် ငါ့သားသမီး စားဝတ်နေရေးနဲ့ နောင်ရေး အတွက် ပူနေရတယ်။

သူသည် Eleven media တို့ The Voice တို့ပြောသလို KIA ကို ထိုးစစ်ဆင်တာ မလုပ်ခဲ့ပေမယ့် လစာပေးနဲ့ ရိက္ခာပို့ သွားရင်း KIA ရဲ့ ဝိုင်းဝန်း တိုက်ခိုက်မှုကြောင့် ၁၄ ရက်စာ ရိက္ခာကို တစ် လကြာေ အာင် ဆန့်စားခဲ့ဖူးပြီး ရဲဘော်ရဲဘက် တစ်ချို့ကို ကိုယ်တိုင် မြေမြှုပ်ခဲ့ ဖူးတယ်။

သူသည် ငြိမ်းချမ်းရေး နိုဘယ်ဆု အကြောင်း ကောင်းကောင်း မသိသလို ၊ အရှေ့အလယ်ပိုင်း၊ လစ် ဗျား၊ အာရပ်နွေဦးကို မသိဘူး၊ ဆီးရီးယား ငြိမ်းချမ်းရေး အတွက် မတွေးမိဘူး၊ ဒါပေမယ့် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ပြီး တည်ငြိမ်အေးချမ်းရင် ကောင်းမှာဘဲလို့ အကြိမ်ကြိမ် ဆုတောင်းဖူးတယ်။

သူသည် ငြိမ်းချမ်းရေး၊ စစ်ပွဲရပ်စဲရေး၊ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် ဆိုပြီး လမ်းပေါ်ထွက် ဆန္ဒပြ သူတွေလို ထောက်ပံ့ကြေး မရဖူးဘူး၊ ဒါပေမယ့် ကျောပိုးအိတ်ကိုလွယ် သေနတ်ကိုပိုက်ပြီး အသက်နဲ့ ရင်း ကာ နိုင်ငံ့တာဝန် ထမ်းဆောင်တဲ့ အတွက် တစ်လ သုံးသောင်းကျပ် တော့ရတယ်။

သူသည် ငြိမ်းချမ်းရေး အတွက်ဆိုပြီး ဂမ်ရှောင်တို့ ဂွမ်မော်တို့နဲ့ မတွေ့ဖူးသလို ငြိမ်းချမ်းရေး အတွက် ဆန္ဒ မပြ ဖူးပေမယ့် ငြိမ်းချမ်းရေး အတွက် ခြေတစ်ဖက် စွန့်လွှတ်ခဲ့ ရပြီးပြီ။

သူသည် ထောင်ထဲက နိုင်ငံရေး အကျဉ်းသား ဆိုသူတွေလို ပေါင်မုန့်ထောပတ်သုတ်၊ ဆီပြန် အသားဟင်းနဲ့ ထမင်းဖြူဖြူကို မစားဖူးပေမယ့် ငှက်ပျောအူနဲ့ ရောကျိုထားတဲ့ ဆန်ပြုတ်ကို စကေးနဲ့ မျှသောက် ဖူးတယ်။

သူသည်---------------------
သူသည်---------------------

'' အညာသား ရဲဘော်''
‎'' သူသည်----------------''

0 ကွန်မန့်ရေးရန်:

Post a Comment