This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, January 4, 2014

ဆီးဂိမ်းအမျိုးသားအသင်း ကျရှုံးမှုကြောင့် နေရှင်နယ်လိဂ် ပရိသတ်စိတ်ဝင်စားမှုလျော့နည်းနိုင် ..........................

သောကြာ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့ပြီး ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၂၃ အသင်း အုပ်စုအဆင့်က ထွက်ခဲ့ရ သဖြင့် လာမည့် ၂၀၁၄ နေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို ပရိသတ်စိတ်ဝင်စားမှု လျော့နည်းလာနိုင် ဖွယ်ရှိသည်ဟု သုံးသပ်မှုများ ပေါ်ထွက်လာခဲ့သည်။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာယူ-၂၃ အသင်းကို အောင်မြင်မှုရယူနိုင်လိမ့်မည်ဟု ပရိသတ်များက မျှော်လင့်ထားခဲ့ကြသော်လည်း အုပ်စုအဆင့်မှပင် ကျော်ဖြတ်နိုင်ခြင်းမရှိ သောကြောင့် ပရိသတ်များအနေဖြင့် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။ ဆီးဂိမ်းတွင် မအောင်မမြင်ဖြစ်ခဲ့ သည့် မြန်မာအသင်းကြောင့် နေရှင်နယ်လိဂ်ပြိုင်ပွဲကိုလည်း သက်ရောက်မှုရှိလိမ့်မည်ဟု ဧရာဝတီ ယူနိုက်တက်အသင်း စီမံမန်နေဂျာ ဦးဇော်မြင့်က သုံးသပ်သည်။

“အထိုက်အလျှောက်တော့ ထိခိုက်မှုရှိသွားလိမ့်မယ်။ နေရှင်နယ်လိဂ်ကို ပရိသတ် နည်းနည်းလျော့သွား နိုင်တယ်။ ဘာလို့လဲဆိုတော့ ပရိသတ်တွေက ဆီးဂိမ်းကို တအားဖြစ်ချင်ကြတယ်။ ကျွန်တော်တို့ အပါ အ၀င်ပေါ့နော်။ မဖြစ်လာဘူးဆိုတော့ နည်းနည်း ကရုဏာသက်သွားတာလေးတွေရှိတယ်” ဟု သုံးသပ် ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲသည် စတင်ကျင်း ပသည့်နှစ်တွင် ပရိသတ်အများအပြား လာရောက်အားပေးခဲ့သော်လည်း နောက်ပိုင်းရာသီများတွင် ပရိ သတ်အားပေးမှု ကျဆင်းခဲ့သည်။ နေရှင်နယ်လိဂ် ပရိသတ် အားပေးမှုကျဆင်းခြင်းနှင့် ပတ်သက်ပြီး မနောမြေအသင်း စီအီးအို ဦးဝင်းမြင့်သွင်ကလည်း “ပရိသတ်လျော့ကျတယ်ဆိုတာ ကစားသမားတွေ ပေါ်မူတည်ပါတယ်။ ကစားသမားတွေက ပရိသတ်ကို ဆွဲဆောင်မှုရှိအောင်ကစားနိုင်တဲ့ စွမ်းရည်မရှိဘူး။ အရင်က မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ၀င်းအောင်တို့ ကစားတဲ့ခေတ်မှာ သူတို့တစ်ဦးချင်းရဲ့စွမ်းရည်က ဘောလုံးကို ဘယ်လိုလိမ်တယ်။ ဘယ်လိုထွက်တယ်။ ၀င်းအောင်ဆိုဘယ်လိုခေါင်းတိုက်တယ်။ ဒါလေး တွေကို ပရိသတ်က ကြည့်ချင်လို့လာတာလေ။ အခုနေရှင်နယ်လိဂ်မှာ ဒါမျိုးတွေက မရှိသလောက် ရှားပါးသွားတယ်။ ပရိသတ်ကလည်း ဒါတွေမတွေ့တော့တဲ့အတွက် သိပ်စိတ်ဝင်စားမှုမရှိတော့ဘူး” ဟု ပြောခဲ့သည်။ ရန်ကုန်မြို့၌ပြုလုပ်သည့် နေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် ပရိသတ်အားပေးမှု နည်းသော် လည်း မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မုံရွာကွင်းများ၌ ပြုလုပ်သည့် နေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် ပရိသတ်ဝင်ရောက် အားပေးမှုမှာ များပြားနေဆဲပင်ဖြစ်သည်။

Friday, January 3, 2014

Daw Suu Urges Gov't to Take Responsibilities over MyitSone Dam










ြ​မစ်ဆုံ ​စီမံ​ကိ​န်း​နဲ့​​ ပတ်သက်တဲ့ ကတိ​က​ဝ​တ်ေ​တွ​ရဲ့​ အကျိုး​ဆ​က်ေ​တွ​ကို နိုင်ငံ​နဲ့​ ပြည်သူ​က ခံ​ရ​မှာေြ​ကာ​င့် စာချုပ်
ကို​လက်မှတ် ထိုး​သူ​ေ​တြ တာ​ဝန္သိ​ဖို​႔​ လို​တယ္လို​႔ ဒီ​မို​ကေ​ရ​စီ​ ေ​ခါ​င​္းေ​ဆာ​င​္ ေ​ဒ​ၚေ​အာင္ဆ​န်း​စုြ​ကည်က ဇန်န​ဝါ
ရီ ၂ ​ရ​က်ေ​န့​​မှာြေ​ပာ​ဆို​လိုက်ပါ​တ​ယ်။


၂၀၁၄ ဟောကိန်း ...................................

 
 
 ကုန်လွန်ခဲ့ပြီဖြစ်သည့် ၂၀၁၃ တွင် တိုင်းပြည်၏ကံကြမ္မာကို နက္ခတ်ပညာရှင်များက နိုင်ငံရေး၊ စီးပွားရေး အဓိကနှစ်ပိုင်းခွဲကာ ဟောကိန်းထုတ်ခဲ့ကြသည်။ ရာခိုင်နှုန်းအားဖြင့်ပြောရန် ခက်ခဲသော်လည်း ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဟောချက်အပါအ၀င် ဟောကိန်းအချို့က တစ်ထပ်တည်းကျခဲ့သည်ဟုဆိုရမည်။ ယခုလည်း ၂၀၁၄ အတွက် ပညာရှင်များက ဟောကိန်းထုတ်ကြပြန်သည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ မင်းပြောင်းမင်းလွဲဖြစ်မည့် နှစ်တစ်နှစ်ဖြစ်လာနိုင်သဖြင့် အစွမ်းထက်သောအစီအမံများဖြင့် တိုင်းပြည်၊ နိုင်ငံနှင့် အုပ်ချုပ်သူအစိုးရအဖွဲ့၏ ကံဇာတာကိုမြှင့်တင်ကာကွယ်ပေးရန်လိုကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ဟောကိန်းထုတ်လိုက်သည်။ ၂၀၁၄ ခုနှစ်တွင် အစိုးရအဖွဲ့က ဖောင်းပွနေသော ၀န်ကြီး၊ ဒုဝန်ကြီးများကိုဖယ်ရှားလိုက်ပြီး အစိုးရအဖွဲ့ကို ကျစ်လျစ်အောင်ဖွဲ့စည်းရန်ရှိနေသည်။ ယင်းကဲ့သို့လျှော့ချခြင်းဖြင့် အကြီးအကဲခေါင်းဆောင် ဖယ်ရှားရမည့်ဖြစ်စဉ်ကို လျော့နည်းသက်သာစေကြောင်း ဦးဇေယျာကိုကဆိုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ၂၀၁၄ ခုနှစ်တွင် အမှန်တကယ်ဖြစ်လာမည်ဟု နက္ခတ်ဗေဒပညာရှင်များကဆိုသည်။ “ပြင်တာမှာ န၀င်းဓာတ်ပေါ်တဲ့ နံပါတ် ၁၈ က စပြင်မှာပါ”ဟု နက္ခတ်ဗေဒပညာရှင် ဆရာစံဇာဏီဘိုကဆိုသည်။ နိုင်ငံရေးပါတီများလည်း ထပ်တိုးပြီး ဧပြီလနောက်ပိုင်းမှစ၍ ရှိရင်းစွဲပါတီများ၏ စုစည်းမှုမှာ ပိုမိုအားကောင်းလာမည်ဟု ၎င်းကဆိုသည်။ ဒီမိုကရေစီအဖွဲ့အစည်းများပါ စုစည်းပေါင်းစပ်ဆောင်ရွက်မှုများကြောင့် နိုင်ငံရေးမှာ ရှေ့သို့သွက်လက်စွာ တိုးတက်လာမည်ဟုပြောသည်။ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုမှာလည်း အောင်မြင်မှုရမည်ဟု နက္ခတ်ဗေဒပညာရှင်နှစ်ဦးကဆိုသည်။ သို့သော် ၂၀၁၄ နှစ်စပိုင်းမှာပင် မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှတွင် ငလျင်လှုပ်၍ ဆူနာမီကဲ့သို့ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နိုင်သည်။ ဘင်္ဂလားပင်လယ်မှလည်း လေဖိအားနည်းရပ်ဝန်းများနှင့် မုန်တိုင်းများ ကြုံတွေ့ရနိုင်သည်။ မြန်မာနိုင်ငံအတွက် အဓိကအားထားရသည့် မိုးဦးကာလ မိုးခေါင်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြောင့် ဆန်စပါးနှင့် ရေရှားပါးမှုများကြုံတွေ့နိုင်ကြောင်း ဦးဇေယျာကိုကပြောကြားသည်။ မန္တလေးသင်္ကြန်စာတွင်လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အပူချိန်မြင့်တက်လာပြီး မိုးဦးနောက်ကျခြင်း၊ မိုးရာသီကုန်ချိန်တွင် နောက်မိုးကောင်းပြီး အအေးပိုမိုပြင်းထန်မှုများ ကြုံတွေ့ရမည်ဖြစ်သည်။ ၂၀၁၄ နှစ်ဦးပိုင်းတွင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ထပ်မံပေါ်ပေါက်လာနိုင်သဖြင့် အထူးသတိထားရန် လိုအပ်ကြောင်း နက္ခတ်ဗေဒပညာရှင်များကဆိုသည်။ အလုပ်သမား၊ လယ်သမားဆန္ဒပြမှုများနှင့် ကြုံတွေ့နိုင်ပြီး ဆန္ဒပြမှုများမှာ မင်းမဲ့စရိုက်ဖြစ်လာနိုင်ကြောင်းလည်း ပြောဆိုသည်။ ဧပြီလသင်္ကြန်ပွဲ၌လည်း ခိုက်ရန်ဒေါသဖြစ်ပွားမှုများ ပေါ်ပေါက်ပြီး သွေးထွက်သံယိုမှုများရှိလာမည်။ သင်္ကြန်ရေကစားသူနှင့် လုံခြုံရေးတာဝန်ယူသူများကြား ပြဿနာများလည်း ကြီးထွားလာမည်ဟု ဦးဇေယျာကိုကပြောကြားသည်။ တိုင်းပြည်၏စီးပွားရေးမှာ ၂၀၁၄ ခုနှစ်တွင် ထူးခြားစွာကောင်းလာနိုင်စရာမရှိကြောင်း ပညာရှင်နှစ်ဦးကဆိုသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုက ထင်သလောက်ဝင်မလာချိန်တွင် နိုင်ငံတော်အစိုးရ၏ ဘတ်ဂျက်လွန်ကဲစွာသုံးစွဲမှုပြဿနာမျိုးကို ရင်ဆိုင်ရမည်။ စီးပွားရေး၌ စိုးရိမ်စရာများစွာရှိနေသည်။ စီးပွားရေး၌ ဖွံ့ဖြိုးမှုအားနည်းနေသော်လည်း ၂၀၁၄ နှစ်လယ်တွင် ကုန်ဈေးနှုန်းများ သိသိသာသာတက်လာမည်ဟု မန္တလေးမဟာသင်္ကြန်စာကဆိုသည်။ တွင်းထွက်ပစ္စည်းအမျိုးမျိုး၊ ဆန်စပါး၊ ပဲမျိုးစုံနှင့် သီးနှံများမှာ ယခုနှစ်တွင် ဈေးအနည်းငယ်သာ မြင့်တက်မည်ဟုပါရှိသည်။ သို့သော် ပြည်တွင်းစီးပွားရေးလုပ်ငန်းများတွင် အလေးထားသည့် ရွှေဈေးမှာ တဖြည်းဖြည်းမြင့်တက်လာမည်ဟု ပညာရှင်များကပြောကြားသည်။ သို့သော် ၂၀၁၄ နှစ်လယ်ပိုင်းတွင် အတက်အကျမငြိမ်ဘဲ နှစ်ကုန်ပိုင်းတွင် ပြန်မြင့်တက်နိုင်သဖြင့် ခန့်မှန်းရခက်ခဲနေကြသည်။ လာမည့်နှစ်တွင် တိုင်းပြည်၏ ထိပ်ပိုင်းခေါင်းဆောင်များ ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်း စံဇာဏီဘိုကပြောကြားသည်။ နိုင်ငံရေးနယ်ပယ်တွင် လုပ်ကြံသတ်ဖြတ်မှုကြောင့် နှမြောတသဖြစ်စရာ ကြွေလွင့်ခြင်းမျိုးမရှိနိုင်ပေ။ သို့သော် စာပေအနုပညာနယ်ပယ်၌ ဆုံးရှုံးမှုများရှိနိုင်သည်။ ။
 
 ရေးသားသူ- ပြည်သိမ်း 

အပျို စစ်စစ် များသာ ဖတ်ရန် ........................

ခေါင်းစဉ်ကြည့်ပြီး တမျိုး မထင်ပါနဲ့ နော်
အအိုတွေဖတ်မိရင် စိတ်ဓါတ်ကျမှာစိုးလို့ ပါ။

အပျိုစစ်စစ်ဆိုတာက ခုခေတ်က ၁၆ နှစ်၁၇နှစ်ဆိုရင်ကို ရည်းစားက ရှိနေကြတာ ။ ရည်းစားဖြစ်တာ ၁ ရက်မကြားဘူး living together က နေနေကြပြီလေ။



တကယ်တော့ လက်မထပ်ရသေးပဲနဲ့ အတူတူနေကြတာ မိန်းခလေးတစ်ယောက်အတွက် လုံးဝတန်ဖိုးကျသွားပါပြီ

အပျိုစင် ဘဝဆိုတာ ယောင်္ကျားတိုင်းရဲ့  တန်ဖိုးထားခြင်းကို ခံထားရသူလို့ တောင် တင်စားထားကြပါတယ်

အပျိုစင်ကနေ အအို ဖြစ်ဖို့ က ၅မိနစ်မကြာပါဘူး ။ ဒါပေမယ့် အအိုကနေ အပျို ပြန်ဖြစ်ဖို့ က ရှိသမျှ စည်းစိမ်း ပုံပေးမယ်ဆိုရင်တော့ ဒီ ဘဝအတွက်ပြန်မရနိုင်တော့ပါဘူး

ချစ်သူရှိခဲ့ရင်လည်း ဒီအပျိုစင်ဘဝကို ထိန်းသိမ်းပါ။ ချစ်သူကို နားလည်အောင် သူသဘောပေါက်အောင် ပြောပြထားပါ။ ဒါမှ သူဘက်က လက်မခံဘူး ။စိတ်ခုသွားတယ်ဆိုရင်တော့

ရဲရဲကြီးသာ လမ်းခွဲလိုက်ပါ။ သူ တကယ်ချစ်တာမဟုတ်တာသေချာနေပါပြီ။သေလောက်အောင်ချစ်နေပါစေ အပျိုစင် ဘဝကိုထိန်းသိမ်းထားပါ။

ဘဝမှာ ရည်းစားဦးနဲ့ လွဲကျတာ ၁၀၀မှာ ၉၀ အထိ ရှိထားတာပါ။ ရည်းစားဦးကတည်းက အပျိုစင်ဘဝကို ပေးထားခဲ့လို့ ။ အကြောင်းတစ်ခုခုကြောင့် သူနဲ့ များ လွဲသွားခဲ့ရင်

နောင်တွင် ကိုယ်နဲ့ တကယ်လက်တွဲရမယ့် ယောင်္ကျားနဲ့ တွေ့ မှာ အကြီးကြီးနောင်တရပါလိမ့်မယ် ။ အဲကျမှတော့ နောင်တရပါတယ်လို့ သိသွားလည်းနောက်ကျသွားပါပြီ။အခန့် မသင့်ရင် အိမ်ထောင်ရေပြသာနာတွေတောသ်ဖြစ်လာနိုင်ပါတယ်။

ထိုင်ဝမ်မှာ အိမ်ထာင်ကျပြီးလို့ ကလေးတောင် ၃ယောက် ရပြီးမှ အပျိုဘဝတုန်းက ရည်းစားဟောင်းနဲ့ အတူတူနေခဲ့တဲ့ video ဖိုင်တွေ laptopကနေတဆင့်ပြန့် ပြီး အိမ်ထောင်ရေးကွဲသွားခဲ့တာ တကယ်လက်တွေ့ ပါ။

အတုမယူသင့်တာတော့ အတုမယူပါနဲ့ ညီမတို့ ။

(နောက်တစ်တစ်ခု အွန်လိုင်းမှာ statusတင်ရင်လည်း စောက်ဘာဖြစ် စောက်ညာဖြစ်တယ် ။ အဲလို စောက်တွေထည့်ထည့်ပြီး ရိုင်းတာတွေ မတင်ကျဖို့ လည်း တောင်းဆိုပါတယ်။

ကိုယ်ဟာကိုယ် ဘာထင်နေလဲတော့မသိပါ။ အများအမြင်မှာ အရမ်းရိုင်းတဲ့မိန်းမဆိုတာတော့ လူတိုင်းအထင်သေးသွားတတ်ကြပါတယ်။ )

မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ လှတာ ချမ်းသာတာကို ပြောတာ မဟူတ်ပါဘူး ။ အပျိုစင် ဘဝကိုပြောထားတာပါ ။ သေလောက်အောင်လှနေပါစေ လက်မထပ်သေးပဲ အအိုဖြစ်သွားရင် မိန်းမတန်ဖိုးက ကျသွားပြီဆိုတာ သတိရှိကြပါ ညီမငယ်တို့ 

living together ( လက်မထပ်သေးပဲ အတူတူနေခြင်း) ဘဝမှာ ဆင်ချင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင် ခင်မင်လျက်

Credit to Online Chitthu

ရှင်ဥာဏ ပြောတဲ့ ကာမေသုဆိုတာ... ....................


By Ko Navana
 
 မြန်မာ့ထုံးတမ်းစဉ်လာမှာ ကာမပိုင်ယောက်ျား၊ ကာမပိုင်မိန်းမ ဆိုတဲ့ ယဉ်ကျေးမှု ရှိတယ်..။ ဘူးကောင်းရင် စင်ခံ၊ လင်ကောင်းရင် စံ ဆိုတဲ့ ဆိုရိုးလည်း ရှိတယ်..။ လင်ဆိုးမယားတဖားဖား ဆိုတဲ့ စကားလည်းရှိတယ်..။


ကာမပိုင်ဆိုတာ.. လင်က မယားရဲ့  ကာမကို သူပိုင်တယ်လို့ သတ်မှတ်တာဖြစ်သလို.. မယားကလည်း လင်ရဲ့  ကာမကို သူပဲပိုင်တယ်လို့ မူပိုင်ပြုလိုက်တာပဲ..။

အဲ့ဒါကို ရှင်ဥာဏ (အများအခေါ်မိုးပြာဆရာတော်) က..
'' ကိုယ့်ကာမ ကိုယ်သာပိုင်တယ်.. လင်က မယားရဲ့  ကာမကို မပိုင်သလို.. မယားကလည်း လင်ရဲ့ ကာမကို မပိုင်ဘူး '' လို့ ဂရုဓမ္မသီလဆိုင်ရာ ကာမေသုဖွင့်ဆိုချက်အဖြစ် ပြောလိုက်တယ်..။



အဲ့ဒီမှာ.. '' ကိုယ့်ကာမကိုယ်ပိုင်လို့ လင်ရှိမယားဖြစ်ပစေ.. ကိုယ့်လင်မဟုတ်တဲ့ တခြားယောကျာ်းကိုလည်း ကိုယ့်ကာမကို ပေးခွင့်ရှိတယ် လို့ ရှင်ဥာဏက ပြောသတဲ့ '' ဆိုတဲ့ စွပ်စွဲချက်က ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တယ်..။

အဲ့ဒီစွပ်စွဲချက်ဟာ တကယ်တော့.. ရှင်ဥာဏရဲ့  ကာမေသုဖွင့်ဆိုချက်ကို နားလည်မှု လွဲတာ (သို့) အပုပ်ချချင်တာကနေ ထွက်ပေါ်လာတာပဲ..။

တကယ့်လက်တွေ့မှာ ကာမပိုင်ယောက်ျား ဆိုတဲ့သူက.. '' ငါ့မိန်းမ ကာမကို ငါပိုင်တယ်ကွ.. ငါကြိုက်တဲ့အချိန် ငါပိုင်ပစ္စည်းငါကြိုက်သလို လုပ်ခွင့်ရှိတယ်.. ငါ့မိန်းမသဘောတူတူ၊မတူတူ ငါကြိုက်သလိုလုပ်မယ်'' ဆိုပြီး လုပ်ခွင့်မှ မရှိဘဲ..။

ကိုယ့်မိန်းမ ဖြစ်ပစေ ကာမကို ကာယကံရှင်သဘောမတူဘဲ ဇွတ်အတင်းရယူရင်
" မုဒိန်းမှု'' မြောက်တယ်ဆိုမှတော့.. သူ့ကာမကိုယ်မပိုင်ဘဲ.. သူ့ကာမသူပဲပိုင်တယ်ဆိုတာ.. ထင်ရှားပါတယ်..။

အဲ့ဒီမှာ ကိုယ့်ကာမကိုယ်ပိုင်တယ်ဆိုရင် ကိုယ်ကြိုက်တဲ့သူကို ပေးခွင့်ရော ရှိကုန်မှာပေါ့ ဆိုတဲ့ တွေးစရာ ရှိလာတယ်..။

အိမ်ထောင်ရေးဆိုတာ.. လင်နဲ့မယားကြား အပြန်အလှန် ကတိထားတာပဲ..။
ဘယ်လိုကတိထားတာလည်း ဆိုတော့..
'' ကိုယ့်ကာမကို ပေးချင်ရင် ကိုယ့်မိန်းမ/ကိုယ့်ယောက်ျားကလွဲလို့ တခြားလူမပေးပါဘူး'' လို့ ကတိသစ္စာပြုထားတာပဲ..။

ဒါကြောင့်.. ကိုယ့်ကာမကိုယ်သာပိုင်ပေမယ့်.. ကိုယ့်ကာမကို ပေးချင်ရင်.. ကိုယ့်အိမ်ထောင်ဖက်ကလွဲလို့ တခြားလူ ပေးခွင့်မရှိပါဘူး..။ ပေးရင် အိမ်ထောင်ရေးကတိသစ္စာပျက်ယွင်းသူ၊ ဖောက်ပြန်သူ၊ ကာမေသုကို ချိုးဖောက်သူပါပဲ..။

ဒီလောက်ဆိုရင်.. ရှင်ဥာဏ ပြောတဲ့ '' ကိုယ့်ကာမကိုယ်သာပိုင်တယ်'' ဆိုတဲ့ ဖွင့်ဆိုချက်ကို အများသူငါ ဟိုးလေးတကြော် နားလည်မှု လွဲနေတာတွေ ရှင်းသွားမယ်လို့ ထင်ပါတယ်..။

တဆက်တည်း ကာမ နဲ့ ဆိုင်တာလေး နည်းနည်းလောက် ကြုံတုံး ထပ်ရှင်းပါ့မယ်..။ ကာမဂုဏ်အာရုံဆိုတာ အများသူငါ သိပ်ထင်သာမြင်သာဖြစ်လွန်းနေတဲ့ လိင်ကိစ္စတစ်ခုထဲ မဟုတ်ပါဘူး..။ မျက်စိနားနှာလျှာကိုယ်စိတ် စတဲ့ အာရုံခံအင်္ဂါတွေနဲ့ ဆက်စပ်နေတဲ့ အဆင်း၊အသံ၊အနံ့၊အရသာ၊အထိအတွေ့၊သဘောတရား အစစ တွေကို ဆိုလိုတာပါ..။

ဒါကြောင့်..
သူနားမထောင်ချင်တာကို ဇွတ်ပြောတာ
သူမကြည့်ချင်တာကို ဇွတ်ပြတာ
သူမစားချင်တာကို ဇွတ်ကျွေးတာ
သူမကြိုက်တဲ့ရနံ့ကို ဇွတ်ရှုခိုင်းတာ
သူမကြိုက်တဲ့အထိအတွေ့ကို ဇွတ်ပေးတာ
သူမနှစ်သက်တဲ့သဘောတရားကို ဇွတ်ရိုက်သွင်းတာ.. အစစတွေဟာ နားမုဒိန်းကျင့်တာ၊ မျက်စိမုဒိန်းကျင့်တာ၊ နှာခေါင်းမုဒိန်းကျင့်တာ၊ သဘောတရားမုဒိန်းကျင့်တာ တွေဖြစ်ပြီး သူ့ကာမကို ကိုယ့်ကာမလို သဘောထား၊ ကိုယ်ပိုင်လို့ပြုမှု တာမို့ ကာမေသု သီလချိုးဖောက်ရာ ရောက်ပါတယ်..။

အဲ့ဒီသီလပျက်တော့ ဘာဖြစ်တုံးဆိုတော့.. လင်မယားကြား ငြိမ်းချမ်းရေးပျက်တာပဲ..။ ဓလေ့ထုံးတမ်းသင်ကြားချက်တွေကြောင့်သာ ကြိတ်မှိတ်မျိုသိပ် အောင့်အီးသည်းခံ၊ ၀ဋ်လို့ပုံချမှတ်ယူ နေကြပေမယ့်.. '' လင်ဆိုးမယား တဖားဖား '' ဆိုတာ ကောင်းမွန်တဲ့အိမ်ထောင်ရေး ပုံစံမှ မဟုတ်ဘဲ..။

ကဲ.. ကာမေသုနဲ့ပတ်သက်ပြီး ရှင်ဥာဏ ဘယ်နေရာမှာ ဘယ်လိုပြောခဲ့တယ်ဆိုတာလေးပါ... သက်သေအဖြစ်နဲ့ မျှဝေလိုက်ပါရစေ..။ ဖတ်ရှုလေ့လာ ဝေဖန်ဆင်ခြင်နိုင်ကြပါစေ..။
................

မန္တလေး ပုသိမ်ကြီး ပုဏ္ဏားကုန်းရွာ မိုးပြာကျောင်း၌ မင်္ဂလာဆွမ်းကပ်လာသော တပည့်ဇနီးမောင်နှံအား ရှင်ဥာဏပြောသော ရန်မဖြစ်နည်းစကား........

''မင်းတို့နှစ်ယောက် ယူလိုက်ကြပြီလား''
''တင်ပါ ဘုရား''
''ဘယ်တုန်းကလဲ''
''၀ါဆိုဦးကပါ''
''လက်ထပ်ပွဲရော ကျင်းပပြီးပြီလား''
''ပြေးလာနေကြတာပါ''
''အခု ဘယ်နေကြလဲ''
''မြို့သစ် ဘကြီးအိမ်မှာပါ''
''အခု ဘာလာလုပ်ကြတာလဲ''
''မင်္ဂလာဆွမ်း လာကပ်ကြတာပါ''
''အေးဦသည်လိုဆို ဆွမ်းစားပြီးမှ ငါက မင်္ဂလာစကား ပြောပေးရ
မယ်။ နားထောင်ကြမလား''
''နားထောင်မှာပေါ့ ဘုရား''
''ငါ့အတွက် ဆွမ်းပြင်ကြ''
''အသင့်ပါ ဘုရား''
''ငါပြီးတော့ မင်းတို့စားကြ။ ငါ့ကျောင်းမှာ ဘယ်သူမှမရှိဘူး။
မင်းတို့စားပြီး ဆေးကြောသုတ်သင်တာလည်း မင်းတို့ပဲလုပ်ကြ။ ပြီးလျင်
တရားနာကြမယ်''
''ကောင်းပါပြီ ဘုရား''

(အားလုံးပြီးသောအခါ)
''တပည့်တော်တို့ကို မင်္ဂလာဦးအဆုံးအမစကား ပေးနိုင်ပါပြီ
ဘုရား''
''အေး''
''တပည့်တော်တို့က ဘာလုပ်ရမလဲ ဘုရား''
''ဘာမှမလုပ်ရဘူး။ သက်သာသလို အဲသည်ထိုင်ခုံတွေပေါ်မှာပဲ
ထိုင်ပြီး နားထောင်ကြ''
''ကောင်းပါပြီ ဘုရား''
''မင်းတို့ကို ငါ-သြ၀ါဒမပြောခင်မှာ မေးရဦးမယ်''
''မေးပါ ဘုရား''
''မင်းတို့ လင်မယားအဖြစ် ပေါင်းသင်းဖို့ မိဘအိမ်က သဘောတူ
ထွက်လာပြီး နေကြတာ ဘယ်လောက်ကြာသွားပြီလဲ''
''နှစ်လနဲ့ ငါးရက်ပါ ဘုရား''
''ရုံးမှာ လက်မှတ်ထိုးပြီးရောပေါ့နော်''
''ဟုတ်ပါတယ် ဘုရား''
''ရုံးမှာ လင်မယားအဖြစ် လက်မှတ်ထိုးပြီးတာဟာ လင်မယား
အဖြစ်နေတာ မြောက်တာပါပဲ၊ မင်္ဂလာဆောင်ပွဲရော ကျင်းပဦးမှာလား''
''သီတင်းကျွတ်မှ မိဘအိမ်ပြန်ပြီး ကျင်းပမှာပါ ဘုရား''

''ဘယ်မိဘကမှ မကန့်ကွက်ဘူး မဟုတ်လား''
''မကန့်ကွက်ပါဘူး ဘုရား''
''နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးရဦးမယ်''
''မေးပါ ဘုရား''
''မင်းတို့နှစ်ဦး လင်မယားအဖြစ်ရောက်ပြီးမှ ရန်ဖြစ်ဖူးကြပြီလား''
''ဖြစ်ဖူးပါပြီ ဘုရား''
''ဘယ်နှစ်ကြိမ် ဖြစ်ပြီးပြီလဲ''
''နှစ်ကြိမ်ပါ ဘုရား''
''ရယူပြီးကြတာက ဘယ်လောက်ကြာပြီလဲ''
''နှစ်လကျော်ပါ ဘုရား''
''နှစ်လကျော်မှာ နှစ်ခါရန်ဖြစ်ပြီးနေပြီနော် ဟုတ်လား''
''ဟုတ်ပါတယ် ဘုရား''
''နှစ်လကျော်မှာ နှစ်ခါဆိုတော့ တစ်ဆအချိန်ဖြစ်တဲ့ လေးလ
ကျော်မှာ လေးခါဖြစ်မယ်နော်''
''ဟုတ်ပါတယ်''
''ဒါ ရိုးရိုးတွက်နဲ့ တွက်တာ''
''ဟုတ်ပါတယ်''
''သည်ထက် စေ့စေ့ကလေးတွက်လျင် သည်လိုဖြစ်မှာ မဟုတ်
ဘူး''
''ဘယ်လိုဖြစ်မှာလဲ ဘုရား''
''ပဌမနှစ်လမှာ နှစ်ကြိမ်ဆိုလျင် နောက်နှစ်လထပ်ပေါင်းလို့ လေး
လဖြစ်လျင် လေးခါမလာတော့ဘူး။ ခြောက်ခါဆိုတာမျိုး တိုးလာလိမ့်
မယ်''

''ဘာဖြစ်လို့လဲ ဘုရား''
''အကြောင်းအမျိုးမျိုးကြောင့်ပဲ။ အကြောင်းတွေထားတော့''
''တင်ပါ ဘုရား''
''နောက်ဆိုလျင် တစ်ရက်ခြား နှစ်ရက်ခြား လေးငါးရက်ခြားတွေ
ရန်ဖြစ်စရာရှိတယ်''
''တင်ပါ ဘုရား''
''လင်မယားဘ၀မှာ ရန်ဖြစ်လျင်တော့ လင်မယားဘ၀ တည်
ဆောက်ရတဲ့ ရည်ရွယ်ချက် အောင်မြင်မှာ မဟုတ်ဘူး''
''တင်ပါ ဘုရား''
''လင်မယားဟာ ပျော်ရွှင်ချမ်းမြေ့ချင်လို့ တည်ဆောက်တာ မ
ဟုတ်လား''
''ဟုတ်ပါတယ် ဘုရား''

''ရန်ဖြစ်နေလျင် လင်မယားဘ၀ဟာ ဆင်းရဲတွင်းထဲ လက်တွဲခုန်
ချသလို ဖြစ်မှာပဲ''
''ဘာဖြစ်လို့ ဆင်းရဲမှာလဲ ဘုရား''
''လူဟာ ရန်ဖြစ်လျင် တစ်ဦးရဲ့ဂုဏ်သိက္ခာကို တစ်ဦးက လျော့
ကြည့်တတ်တယ် မဟုတ်လား''
''ဟုတ်ပါတယ်''
''ကိုယ့်ချစ်သူက ဂုဏ်သိက္ခာမဲ့လာလျင် အပြစ်တွေ ပိုမြင်လာတာ
ဟာ ဓမ္မတာပဲ''
''ဟုတ်ပါတယ်''
''နောက်ဆုံးမှာ အတူနေဖို့ ရည်ရွယ်ချက်တွေ မှေးမှိန်လာမယ်''
''ဟုတ်ပါတယ်''
''သည်လိုဖြစ်လျင် အဲသည်လင်မယားဟာ စီးပွားမဖြစ်နိုင်တော့
ဘူး''
''ဘာပြုလို့လဲ ဘုရား''
''စီးပွားဖြစ်တယ်ဆိုတာ တစ်ဦးကိုတစ်ဦး သိပ်ချစ်ကြမှ''
''ဘယ်လို ပတ်သက်သလဲ ဘုရား''
''ချစ်တာနဲ့ စီးပွားဖြစ်တာ ပတ်သက်တယ်''
''ဘယ်လိုလဲ ဘုရား''
''ယောက်ျားလုပ်သူဟာ သူ့မှာ ချစ်သူရှိထားလျင် သူ့အတွက်သာ
မကဘဲ သူ့ချစ်သူအတွက်ပါ အလုပ်တွေ ပိုလုပ်လာတယ်''
''တင်ပါ ဘုရား''
''မိန်းမလုပ်သူကလည်း သည်လိုပဲ။ ကိုယ့်ချစ်သူ ယောက်ျားသက်
သာစေချင်လို့ ကိုယ်က အလုပ်တွေ ကျုံးလုပ်လာတယ်''
''တင်ပါ ဘုရား''
''ချစ်မှ စေတနာတွေ ပေါ်တာ''
''ဟုတ်ပါတယ် ဘုရား''
''မချစ်လျင် စေတနာမပေါ်ဘူး''
''ဟုတ်ပါတယ် ဘုရား''
''စေတနာပေါ်မှ အလုပ်တွေကို တစ်ဆတိုးလုပ်ကြတာ''
''ဟုတ်ပါတယ် ဘုရား''
''တစ်ဆတိုးပြီး နှစ်ဦးလုံးဟာ လုပ်ကြတော့ လုပ်အားက လေး
ယောက်စာ။ သည်လိုမဖြစ်ဘူးလား''
''ဖြစ်ပါတယ် ဘုရား''
''အသုံးမှာက နှစ်ယောက်ထဲ မဟုတ်လား''
''ဟုတ်ပါတယ် ဘုရား''
''သည်တော့ နှစ်ယောက်လုပ်အား မပိုဘူးလား''
''ပိုပါတယ် ဘုရား''
''သည်ပိုတာတွေ စုလိုက်တော့ လင်မယားဘ၀ လိုအပ်သမျှတွေ
အောင်မြင်ပြီး ချမ်းသာကြမှာပေါ့''
''ဟုတ်ပါတယ်''
''တစ်ယောက်နဲ့တစ်ယောက် မချစ်လျင် ဒါတွေရဲ့ပြောင်းပြန် အ
ဖြစ်တွေ ဖြစ်လာမယ်''
''ဘယ်လိုဖြစ်မှာလဲ ဘုရား''
''သူ့ကို ကိုယ်ကမချစ်တော့ သူ့တာဝန် မယူချင်ရုံမကဘူး ကိုယ့်
တာဝန်ကို သူ့အပေါ် ပုံထားချင်လာတယ်''
''ဟုတ်မှာပါ ဘုရား''
''တစ်ဘက်သူကလည်း သည်လိုပဲဖြစ်လာမယ်''
''ဟုတ်မှာပါ ဘုရား''
''သည်တော့ နှစ်ယောက်လုပ်အားဟာ တစ်ယောက်စာလောက်
ပဲ ဖြစ်လာမယ် မဟုတ်လား''
''ဟုတ်ပါတယ်''
''ဒါဆိုလျင် တစ်ယောက်လုပ်အား နှစ်ယောက်စားသုံးသလို ဖြစ်
ပြီပေါ့''
''ဟုတ်ပါတယ်''
''စီးပွားရေး ဖြစ်ပါတော့မလား''
''မဖြစ်တော့ပါဘူး''
''အချစ်ရေးပျက်လို့ စီးပွားမဖြစ်၊ စီးပွားကြပ်တည်းလို့ အချစ်ရေး
မသာယာ သည်လိုမဖြစ်ပေဘူးလား''
''ဖြစ်မှာပါ ဘုရား''
''ဒါဆို ဒုက္ခတွင်းထဲ လက်တွဲပြီးဆင်းတာ မဖြစ်ဘူးလား''
''ဖြစ်ပါတယ်''

''ဒါ-ဘယ်ကစတာလဲ''
''ရန်ဖြစ်တာက စပါတယ်''
''သည်တော့ လင်မယားဘ၀မှာ အောင်မြင်ချင်တယ်ဆိုလျင် ရန်
ဖြစ်တာ ရှောင်ရမယ် မဟုတ်လား''
''ဟုတ်ပါတယ်''
''သည်တော့ မင်းတို့ သိပြီးသားဖြစ်မှာပါ။ ရန်ဖြစ်တာ မကောင်း
ဘူးလို့ မသိဘူးလား''
''သိပါတယ် ဘုရား''
''သည်တော့ ရန်မဖြစ်ကြနဲ့လို့ ငါပြောလျင် အပိုပဲဖြစ်မှာပေါ့''
''မပိုပါဘူး ဘုရား''
''သိပြီးသားထပ်ပြောတာပဲ။ ဘာထူးမှာလဲပေါ့''
''ဟုတ်ပါတယ်''
''သည်တော့ ရန်မဖြစ်ကြနဲ့လို့ ငါ-မပြောတော့ဘူး''
''တင်ပါ ဘုရား''

''ရန်မဖြစ်ရအောင် နေနည်းကားကို ငါပြောရမယ်''
''ပြောပါ ဘုရား''
''ဒါပြောဖို့အတွက် မင်းတို့ကို ငါဦမေးခွန်းနည်းနည်း မေးရမယ်''
''မေးပါ ဘုရား''
''မင်းတို့နှစ်ယောက် အခုလို လင်မယားဘ၀ မဖြစ်ခင်က တစ်
ယောက်ကိုတစ်ယောက် ချစ်ခင်ပြီး နေထိုင်ဆက်ဆံခဲ့ကြတာ ဘယ်
လောက်ကြာပြီလဲ''
''နှစ်နှစ်လောက်ပါဘုရား''
''ဟုတ်ပြီဦနောက်ထပ်တစ်ခု မေးဦးမယ်''
''မေးပါ ဘုရား''
''အဲသည် နှစ်နှစ်အချိန်အတွင်းမှာ မင်းတို့နှစ်ယောက်ဟာ ဘယ်
နှစ်ကြိမ်လောက် ရန်ဖြစ်ခဲ့ဖူးကြသလဲ''
''ရန်မဖြစ်ဖူးပါဘူး ဘုရား''
''အေး-ဟုတ်ရဲ့လား''
''ဟုတ်ပါတယ် ဘုရား''
''နှစ်နှစ် ဆက်ဆံလာတာ တစ်ခါမှ ရန်မဖြစ်ဖူးဘူး''
''ဟုတ်ပါတယ် ဘုရား''
''အခု လင်မယားဖြစ်တော့ နှစ်လကျော်လေးရှိသေးတယ်။ နှစ်ခါ
ရန်ဖြစ်ပြီးကြပြီ ဟုတ်လား''
''ဟုတ်ပါတယ်''
''အဲဒါဘာလဲ စဉ်းစားရမယ်''
''တင်ပါ ဘုရား''
''ရန်ဖြစ်တာဟာ ဆင်းရဲသလား၊ ချမ်းသာသလား၊ ဘယ်လိုထင်
ကြလဲ''
''ဆင်းရဲပါတယ် ဘုရား''
''ဆင်းရဲတာကို ဘာဖြစ်လို့ လုပ်ကြတာလဲ''
''မသိပါဘူး ဘုရား''
''အဲဒါ ငါပြောမယ်''
''ပြောပါ ဘုရား''
''ဆင်းရဲမှန်းသိလျက်နဲ့လုပ်တာဟာ သည်ထက်ဆင်းရဲတစ်ခုကို
ကျော်လွှားချင်လို့ပဲ ဖြစ်ရမယ် မဟုတ်ဘူးလား''
''ဟုတ်မှာပါ ဘုရား''

''သည်တော့ ရန်ဖြစ်တာရဲ့ အကြောင်းဟာ ဆင်းရဲတာပဲ ဖြစ်ရ
မယ်''
''ဟုတ်မှာပါ ဘုရား''
''လင်မယားဖြစ်တာဟာ ဆင်းရဲတယ်ဆိုတဲ့အဓိပ္ပါယ် မရောက်
ဘူးလား''
''ရောက်ပါတယ် ဘုရား''
''ရည်ရွယ်တာက ချမ်းသာဖို့လား၊ ဆင်းရဲဖို့လား''
''ချမ်းသာဖို့ပါ ဘုရား''
''တကယ်တော့ ဆင်းရဲသလား၊ ချမ်းသာသလားဆိုတာ ရန်ဖြစ်
တာက သက်သေခံ မနေဘူးလား''
''ဟုတ်ပါတယ် ဘုရား''
''လင်မယားဖြစ်ရတာ ဆင်းရဲတယ်လို့ရော ထင်ရဲ့လား''
''မထင်ပါဘူး ဘုရား''
''အေး-မထင်ရဘူးပဲ ဖြစ်ရမယ်''
''ဟုတ်ပါတယ် ဘုရား''
''အကြောင်း အခိုက်မသင့်တာလေး တစ်ခုတစ်လေရှိလို့ မတော်
တဆဖြစ်တာလို့ပဲ အောက်မေ့မယ် မဟုတ်လား''
''ဟုတ်ပါတယ်''
''သည်လိုထင်တာ မှန်-မမှန် စဉ်းစားရမယ်''
''ဘယ်လို စဉ်းစားရမှာလဲ ဘုရား''

''လင်မယားလုပ်ကြတယ်ဆိုတာ ဘယ်လိုလဲလို့ စဉ်းစားရမှာပဲ''
''ဘယ်လိုလဲ ဘုရား''
''လင်မယားလုပ်တယ်ဆိုတာ ယောက်ျား-မိန်းမနှစ်ဦးဟာ ကိုယ့်
ဆီမှာရှိတဲ့ တက်မက်စရာ အာရုံငါးပါးကို ကိုယ်ပိုင်အဖြစ်က စွန့်လွှတ်ပြီး
ကိုယ့်ချစ်သူကို ပေးကြတယ် ဟုတ်လား''
''ဟုတ်ပါတယ်''
''ကိုယ့်ချစ်သူဆိုတဲ့ သူ့ရဲ့တပ်မက်စရာဖြစ်တဲ့ အဆင်းတွေ-အသံ
တွေ-အနံ့တွေ-အရသာတွေကိုလည်း ကိုယ်ပိုင်အဖြစ် သိမ်းပိုက်လိုက်တယ်
မဟုတ်လား''
''ဟုတ်ပါတယ်''

''ယောက်ျားကလည်း သူ့ဆီက လူမက်စရာအာရုံတွေကို မိန်းမကို
ပဲ တစ်ဦးတည်း အပိုင်ပေးလိုက်ပြီး မိန်းမရဲ့မက်မောစရာ အာရုံတွေကို
လည်း ကိုယ်တစ်ဦးတည်း အပိုင်အရယူ လိုက်တာပဲ မဟုတ်လား''
''ဟုတ်ပါတယ်''
''လင်မယားလို လုပ်ကြပြီဆိုလျင် သည်အဓိပ္ပါယ်သက်ရောက်တဲ့
ပဋိညာဉ် ခံဝန်တွေ ကျင့်ကြတော့တာပဲ မဟုတ်လား''
''ဟုတ်ပါတယ်''
''သည်လိုဆိုလျင် သည်သူနှစ်ဦးဟာ လွတ်လပ်သူတွေ ဖြစ်နေကြ
မလား၊ မလွတ်လပ်သူတွေ ဖြစ်နေကြမလား''
''မလွတ်လပ်ဘူးပေါ့ ဘုရား''

''နွားနှစ်ကောင်ကို ကြိုးတစ်ချောင်းနဲ့ တွဲထားလျင် သည်နွားတွေ
ဘယ်လွတ်လပ်တော့မလဲ''
''ဟုတ်ပါတယ်''
''လင်မယားဘ၀ဟာ မလွတ်လပ်သူဆိုတော့ မလွတ်လပ်သူဟာ
ဆင်းရဲတာပဲ''
''ဟုတ်ပါတယ်''
''သည်တော့ ရန်ဖြစ်ရတာပေါ့''
''ဟုတ်ပါတယ်''
''သမီးရည်းစား ချစ်သူဘ၀ဟာ တစ်ဦးရဲ့ ကာမဂုဏ်ကို တစ်ဦး
က ပိုင်ပြီလား''
''မပိုင်ပါဘူး''
''သည်တော့ သူတို့ဟာ လွတ်လပ်သူလား၊ မလွတ်လပ်သူလား''
''လွတ်လပ်သူပါ ဘုရား''
''လွတ်လပ်တာက ချမ်းသာတယ်၊ ငြိမ်းအေးတယ်၊ လှပတယ်၊
သည်လိုတွေ မဟုတ်လား''
''ဟုတ်ပါတယ်''

''သည်တော့ သည်သူတွေ ရန်ဖြစ်မလား''
''မဖြစ်ပါဘူး''
''သမီးရည်းစားတွေ ရန်မဖြစ်တာ ဒါကြောင့်ပဲ''
''ဟုတ်မှာပါ''
''သည်တော့''
''ဆုံးမပါ ဘုရား''
''လင်မယားဆိုပြီး နေကြပေမဲ့ လူတိုင်းလိုမလုပ်ကြနဲ့''
''ဘယ်လိုနေရမှာလဲ ဘုရား''
''ယောက်ျားလုပ်သူကလည်း မိန်းမရဲ့အာရုံငါးပါး ကာမဂုဏ်တ
ရားတွေဟာ ငါပိုင်ဖြစ်တယ်လို့ မသိမ်းလိုက်နဲ့''
''တင်ပါ့''

''မိန်းမလုပ်သူကလည်း ယောက်ျားဆီမှာရှိတဲ့ အာရုံငါးပါး ကာမ
ဂုဏ်တရားတွေကို ငါပိုင်ဖြစ်တယ်လို့ မသိမ်းပိုက်နဲ့''
''တင်ပါ့''
''ယောက်ျားလုပ်သူက ကိုယ့်မှာရှိတဲ့ အာရုံငါးပါး ကာမဂုဏ်တ
ရားကိုလည်း ဘယ်သူမှမပေးနဲ့။ ကိုယ်ပိုင်အဖြစ်ပဲ ထားရမယ်''
''တင်ပါ့''
''မိန်းမလုပ်သူကလည်း ကိုယ့်မှာရှိတဲ့ အာရုံငါးပါး ကာမဂုဏ်
တရားတွေဟာ ကိုယ်ပဲပိုင်တယ်ဆိုပြီး ကိုယ့်ဟာ ကိုယ်ပိုင်ရမယ်''
''တင်ပါ့''
''ဆိုလိုတာက''
''တင်ပါ့''
''ကိုယ့်အာရုံ ကာမဂုဏ်တွေကို ကိုယ်ပဲပိုင်ရမယ်''
''တင်ပါ့''

''သူများအာရုံ ကာမဂုဏ်တွေလည်း ကိုယ်ကမသိမ်းပိုက်ဘူး''
''တင်ပါ့''
''အဲဒါဆိုလျင် သည်လင်မယားဟာ လွတ်လပ်လိမ့်မယ်''
''ဟုတ်ပါတယ်''
''လွတ်လပ်သူဟာ ပျော်ရွှင်ချမ်းမြေ့နေလိမ့်မယ်''
''ဟုတ်ပါတယ်''
''သည်သူတွေ ရန်မဖြစ်တော့ဘူး''
''ဟုတ်ပါတယ်''
''သည်သူတွေ တိုးတက်လိမ့်မယ်''
''ဟုတ်မှာပါပဲ''

''ဒါ-သဘောကျရဲ့လား''
''တပည့်တော်တို့ လင်မယား ကွဲနေရမှာလား''
''မဟုတ်ပါဘူး''
''ဘယ်လိုပေါင်းရမှာလဲ''
''အချင်းချင်းအပေါ် သူများတွေလို စိတ်ထားမျိုးမရှိတာကလွဲလို့
သူများတွေလိုပဲ နေရမှာပေါ့''
''ဖိုမကိစ္စတွေ ဘယ်လိုဖြစ်မလဲ''
''လင်မယားမဖြစ်ခင် ချစ်သူရည်းစားဘ၀တွေ ဖြစ်စဉ်က ဖိုမကိစ္စ
တွေ ရှိခဲ့ကောင်း ရှိခဲ့နိုင်ပါတယ်''
''ထားပါတော့ ဘုရား''
''အဲသည်အချိန်က ဖိုမကိစ္စတွေ ဘယ်လိုရှိခဲ့ကြသလဲ မေးရမယ်''
''ပြောပါဦး ဘုရား''
''တစ်ဦးကိုတစ်ဦး မပိုင်ဘူးမဟုတ်လား''
''မပိုင်ပါဘူး''
''မပိုင်ပေမဲ့ လိုချင်တာရကြတာ မဟုတ်လား''
''ရကြပါတယ်''

''လိုချင်သူက ပေးမည့်သူကို ပေးချင်အောင် ချူယူတာပဲမဟုတ်
လား''
''ဟုတ်ပါတယ်''
''အခုလည်း လင်မယားဘ၀မှာ ဖိုမကိစ္စအတွက် လိုချင်သူက
ပေးမည့်သူဆီက ချူယူပေါ့''
''ကောင်းပါ့မလား''
''ချူလို့မရတာ ရှိနိုင်တယ်။ ဒါပေမဲ့ ချူလို့မရတာက မပေးချင်ပဲ
ရတာထက်တော့ ကောင်းမှာပါ''
''ဟုတ်ပါတယ်''
''ကဲ-မင်းတို့ ပျင်းပြီ၊ ငိုက်တာ ငါတွေ့တယ်။ တော်ကြတော့''

*** အပူကန်လည်ချောင်းနာအတွက် ဆေးတစ်ခွက် *** .............



ဆောင်းရာသီကဲ့သို့ အေးမြတဲ့ရာသီရောက်လာတဲ့အခါတိုင်း၊ ခန္ဒာကိုယ်တွင်း အပူ ဓာတ်များ သူတွေမှာ အပူကန်ထွက်လာပြီး လည်ချောင်းနာလေ့ရှိကြပါတယ်။ အဲဒီလို အပူဓာတ်များသူတွေ အဖို့ ခါတိုင်း ထက်ရေပိုသောက်ပေးရမှာဖြစ်ပြီး၊ ပုံမှန်ရေချိုးနေကျ အတိုင်း တစ်နေ့  ၂-ကြိမ်(သို့ မဟုတ်)အနည်းဆုံး ၁-ကြိမ် နေ့ စဉ်ရေချိုးပေးဖို့ လိုပါတယ်။
ကိုယ်လက်လှုပ်ရှား များများလုပ်ကာ၊ ကောက်ညှင်းပေါင်းလို ၀မ်းချုပ် စာတွေမ စားဘဲ၊ သင်္ဘောသီး၊ ဌက်ပျောသီးတို့ လိုဝမ်းနူးစာတွေကိုစားပေးသင့်ပါတယ်။


အပူကန်၍ လည်ချောင်းနာတဲ့ဝေဒနာဟာ လည်ချောင်းထဲကို မီးစနဲ့ ထိုးခံရသလို
ပူစပ်ပူလောင်ခံစားရပြီး၊ အာသီးရောင်သကဲ့ သို့ တံတွေးမြိုချတဲ့အခါ တိုင်းနာ တဲ့အပြင်၊ လည်ချောင်းထဲက ယား၍ချောင်းဆိုးတတ်ပြန်တာကြောင့် အင်မတန် ခက်ရခက်တဲ့ ဝေဒနာတစ်မျိုးပါဘဲ။ဒိအတွက် စိတ်ညစ်မနေပါနဲ့ ။ ဟောဒီ မှာ ဆေးကောင်းတစ်လက်ရှိပါတယ်။ဒီဆေးဖော်စပ်နည်းက လုပ်ရ တာလွယ်ကူ လို့ အထင်မသေးလိုက်ပါနဲ့ .ဘေးထွက်ဆိုးကျိုးမရှိဘဲ ပျောက်ကင်းသက်သာသွားစေမယ့် ဆေးကောင်းတစ်ခွက်ဖြစ် လို့ ပါ။

သဘာဝပျားရည်စစ်စစ်၊ သံပုရာသီး၊ ဂျင်း စတဲ့ ပစ္စည်း ၃-မယ်ရှိရင် ဆေးဖော်စပ် ဖို့  ရပါပြီ။ (၁၀၀% သဘာဝပျားရည်စစ်စစ် ကို City Mart ဆိုင်များနဲ့ ဆေးဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။ သံပုရာသီး ၁-လုံး ကို အစေ့ဖယ် အရည်မညှစ် ဘဲ ခပ်ပါးပါး အချပ်လေးတွေ လှီးပေးရပါမယ်။ ဂျင်း လက် ၂-ဆစ်ခန့် ကို အ ခွံနွှာပြီးနောက် ခပ်ပါးပါး အချောင်းမျှင်မျှင်လေးတွေရ အောင်လှီးဖြတ်ပါ) စောစော က လှီးဖြတ်ထားတဲ့ သံပုရာသီးအလွှာချပ်လေးတွေနဲ့  ဂျင်းအချောင်းလေးတွေ ကို ခြောက်သွေ့  သန့် ရှင်းတဲ့ ဖန်ပုလင်း လွတ် ၁-လုံး ထဲမှာထဲ့ပြီး၊ ၄င်း တို့ မြုပ်ရုံ ပျားရည်စစ်စစ်ကို အပေါ်ကလောင်းချပေးပါ။ ပြီးရင် ဖန်ပုလင်းလေလုံအောင် အဖုံးကို ကျပ်ကျပ်ပိတ်၍ ထိုအရောအနှော ၃-မျိုး ဂျယ်လီပုံစံပြောင်းသွားတဲ့ အထိ ရေခဲသေတ္တာ ထဲမှာ သိမ်းထားရပါမယ်။ ဂျယ်လီဖြစ်လာ တဲ့အခါ ၄င်းကိုဇွန်းနဲ့ ခပ်ကာ မတ်ခွက် တစ်ခွက်ထဲပြောင်းထဲ့ပြီး ရေနွေးဆူဆူလောင်းချ၍ ခပ်နွေးနွေးအနေ အထားမှာ စားလို့ ရ ပါပြီ။ ပျားရည်နဲ့ ဓာတ်ပြုထားတာကြောင့် သံပုရာခွံကိုဝါးစား လို့ ရပါတယ်။ အဲဒီအချိုးအစားအတိုင်း တစ်နေ့ တစ်ကြိမ်ကျ သောက်ပေးခြင်းဖြင့် ၃-ရက်မျှကြာ တဲ့အခါ အပူကန်လည်ချောင်းနာများ ပျောက်ကင်းသွားပါ လိမ့်မယ်။(ပုလင်းဖုံး လုံလုံပိတ်ပြီး ရေခဲသေတ္တာထဲ မှာ ၂-လ ၃- လ ကြာတဲ့အထိ သိမ်းထား လည်း ဆေးဓာတ်မပြယ်နိုင်ပါဘူး)

(ပေါက်ပေါက်….မျှဝေသည်)
(ကိုးကား…..BeautyTips4Her.com)

ဒို့မြို့ကိုဒို့ကယ်မယ်...............................

ဆူနာမီ
မာလာ
နာဂစ်နဲ့
ပြာဖြစ်ဖူးတဲ့မြို့။

ဘေးဒုက္ခအစုံစုံ
မယုံနိုင် အောင် ကြုံလည်း
ယိုင် လဲမသွားတဲ့မြို့။

ကယ်ဆယ်ရေး ကယ်ဆယ်ရေး
ဘယ်သူကယ်ကယ်မကယ်ကယ်
ဒို့မြို့ကိုဒို့ကယ်မယ်
အဲ့ဒီ မာန်တင်းသံတွေနဲ့
အံတင်းတင်းကြိတ်ထားတဲ့မြို့။

(လင်းဝေမိုးကို အားကျလို့ရေးကြည့်တာ)

ဒုက္ခသည်.........................

ဒုက္ခသည်

တရုတ်ကလှူ
ကုလားကကူ
ကရင် က ပေး
ဗမာက ကျွေးနဲ့
အ ရောင် စုံ ကာလာဆန်း
ကယ်ဆယ်ရေးစခန်းမှာလေ။

လှူသူအဝင်
ယူသူအထွက်
ပြည့်လုလုလမ်းမှာ
စေတနာခိုးတွေ
မှိုင်းဝေ နေတယ်လေ။

ဆုံးရုံးသမျှ မကာမိပါဘူး
သဒ္ဓါရှိစွာလှူသမျှကိုတော့
ယူပါရ စေတဲ့လေ။
Like · ·

Wednesday, January 1, 2014

ရန်ကုန်တွင် ကျူးကျော်အလုံးအရင်း တိုးပွားမှု အရေးယူတော့မည် ..................................


Tuesday, December 31, 2013

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်နှင့် တွံတေးမြို့နယ် တို့တွင် ကျူးကျော် အိမ်ခြေများ အလုံးအရင်း တိုးပွားနေမှုကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကျူးကျော်အိမ်ခြေ တည်ဆောက်မှု ပြဿနာများကို သေချာစွာ စိစစ်နေသောကြောင့် အရေးယူမည့် အချိန်ကာလ ကိုမူ လတ်တလောတွင် ပြောကြားနိုင်ခြင်း မရှိကြောင်း အဆိုပါ အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
"သူတို့ (ကျူးကျော်နေထိုင်သူများ) ကို မြေကွက်တွေ ချထားပေးမယ် ဆိုတဲ့ သတင်းတွေက လျှောက်ပြောနေတာပါ၊ သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူမှာပါ" ဟု ၄င်းကဆိုသည်။

ပန်းလှိုင်မြစ်ကမ်း ပေါ်တွင် နေထိုင်သူများမှာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူများ ဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက ၄င်းတို့၏ နေအိမ်များကို ဒီဇင်ဘာလ ၂ ရက်နေ့ နောက်ဆုံးထားကာ ဖျက်သိမ်း ပြောင်းရွှေ့ပေးရန် စာဖြင့် ညွှန်ကြားထားသဖြင့် နေစရာမြေ မရှိခြင်းကြောင့် ယခုကဲ့သို့ ဝင်ရောက်ကာ တောများခုတ်ထွင် ရှင်းလင်း၍ နေထိုင်ရန် တဲများဆောက်လုပ်ခြင်း ဖြစ်ကြောင်း အိုးအိမ်မဲ့ တည်ဆောက်ရေး ခေါင်းဆောင် ဦးကျော်ထက်နိုင်က ပြော ကြားသည်။

လှိုင်သာယာ-တွံတေး ကားလမ်း ဝဲယာ တစ်လျှောက်တွင် အစိုးရက မြေကွက်များ ချထားပေးမည် ဆိုသော သတင်းများ ဒီဇင်ဘာ လဆန်းပိုင်းက ထွက်ပေါ်လာ ပြီးနောက် ယင်းနေရာများတွင် မြေကွက်များကို ဦးယူ နေကြပြီး ပန်းလှိုင်မြစ်ကူး တံတားအနီး ပန်းလှိုင်မြစ်ကမ်း တစ်လျှောက်ရှိ မြေနုကျွန်းများ၊ ဥယျာဉ်ခြံများ တွင်လည်း “ဆင်းရဲဒုက္ခ ရောက်နေသည့် အိုးမဲ့အိမ်မဲ့ ပြည်သူများ သောင်ထွန်းမြေနုကျွန်း ပေါ်တွင် ခေတ္တယာယီ တဲထိုး နေထိုင်ရာဒေသ” ဟူ၍ ဗီနိုင်းပိုစတာများ စိုက်ထူကာ အဆောက်အအုံများ ထောင်နှင့်ချီကာ ဆောက်လုပ်လျက်ပြီး ယင်းတို့အထဲတွင် သာသနာ့ အဆောက်အအုံ တစ်ခုလည်း ပါဝင်သည်။

"သူတို့က ဒီမှာ မင်းမဲ့စရိုက် ဆန်ဆန်ပဲ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေလည်း ဒီအတိုင်း ကြည့်နေရတယ်။ ဒီမှာရှိတဲ့မြေကွက် လပ်မှန်သမျှ သူတို့ကလွဲပြီး တခြားလူ မဦးရဘူး။ တဲထိုးပြီးရင် တခြားလူကို ပြန်ရောင်း စားတယ်" ဟု တွံတေးမြို့နယ် ခလောက်ချိုက် ကျေးရွာအုပ်စုတွင် နေထိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။

ယင်းအပြင် လှိုင်သာမြို့နယ်၊ စက်မှုဇုန် အချို့ရှိ ပိုင်ရှင်ရှိ မြေကွက်များ ပေါ်တွင်လည်း လူအုပ်စု အလုံးအရင်းဖြင့် နေအိမ်၊ အဆောက် အအုံများ ဝင်ရောက်ဆောက်လုပ်ခြင်းများ ရှိနေပြီး ဒေသခံ ကျေးရွာသားများနှင့်လည်း မကြာခဏ ပဋိပက္ခများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပန်းလှိုင် မြစ်ကူးတံတား အနီးတွင် ခလောက်ချိုက် ကျေးရွာအုပ်စု၊ ပဒံရေကျော် ကျေးရွာတွင် ဒီဇင်ဘာလ ၄ ရက်နေ့နှင့် ဒီဇင်ဘာ ၂၈ ရက်နေ့များက လည်းကောင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းကျေးရွာတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့ များတွင်လည်းကောင်း ကျူးကျော် ဝင်ရောက်သူတို့နှင့် ဒေသခံကျေးရွာသား များအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

The Voice Weekly

Thit Htoo Lwin - News

သီလရှင်ကို ခြိမ်းချောက်၍ သားမယား ပြုကျင့် ခဲ့သူ နှစ်ဦး ဖမ်းဆီး ရမိ.........................









သီလရှင် တစ်ပါးကို ဓါးထောက် ခြိမ်းချောက်၍ လူနှစ်ဦး တို့က သားမယား ပြုကျင့်မှု ဖြစ်ပွားပြီး ဒီဇင်ဘာ
(၉) ရက်နေ့က မကွေးမြို့မ ရဲစခန်း (ပ) ၂၄၂/ ၂၀၁၃၊ ပြစ်မှု ပုဒ်မ-၃၇၆/ ၅၀၆/ ၁၁၄ အမှုမှ ထွက်ပြေး
တိမ်းရှောင်နေသူ တရားခံ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါတရားခံများအား ဖမ်းဆီးရမိရန် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ ဒုရဲအုပ်နိုင်လင်းနှင့်အဖွဲ့၊ ခ
ရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်ကြီး သန်းမြင့်ဇော်နှင့်အဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်မြင့်စိုးဦး မြို့မရဲစခန်း
မှ နယ်ထိန်းခေါင်းဆောင် သက်အောင်စိုးနှင့်အဖွဲ့၊ ညောင်ကန်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်
ဒုရဲအုပ် ကျော်ငြိမ်းထွန်း အဖွဲ့တို့က ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာ(၂၈)ရက်၊ နေ့(၂)နာရီအချိန်တွင်
မကွေးမြို့နယ်၊ ညောင်ပင်သာကျေးရွာအနောက်ဘက် နဘူးခြုံအတွင်း၌ ပြစ်မူကျူးလွန်ခဲ့စဉ်က ကိုင်ဆိုင်ခဲ့
သော အရိုးငါးလက်မ၊ အသွားသုံးလက်မခွဲရှိ မောင်းပြန်ဓါးချွန် တစ်ချောင်းအား ကိုင်ဆောင်ထားသူ ခင်
မောင်ကြည် (၅၄)နှစ်၊ (ဖ) ဦးဘဟိန်း ၊ဗုဒ္ဓဘာသာ/ ဗမာ တည်ပင်ကံပေါက်ကျေးရွာ မကွေးမြို့နယ် အား
ဝိုင်းဝန်းဖမ်းဆီး ရမိကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ(၁၅)နေ့က တရားခံ ၀င်းနိုင် (၄၁)နှစ်၊ (ဖ) ဦးခင်မောင်ထွေး၊ ဗုဒ္ဓဘာသာ/ဗမာ၊ တည်
ပင်ကံပေါက်ကျေးရွာ မကွေးမြိုနယ်နေသူထိုင်အား ၎င်းရွာ၌ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းတရားခံနှစ်ဦးကို ပြစ်
မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းအရ
သတင်းရရှိသည်။

ဝိုင်းကြည်အောင်

BY THIT HTOO LWIN

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: သီလရှင်ကို ခြိမ်းချောက်၍ သားမယား ပြုကျင့် ခဲ့သူ နှစ်ဦး ဖမ်းဆီး ရမိ http://www.simon-vlog.com/2013/12/blog-post_8981.html#ixzz2p5TOtiyO
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

အခြေခံ ဥပဒေ ပြင်ဆင်ချက် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရန် ခက်ခဲဆဲ.........................









(ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသည့် ပုဒ်မ ၅၉(စ) အပါအ၀င် အချက် ၅၀ ကျော်ကို ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ)က ပြင်ဆင်ရန် စီစဉ်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်
သမ္မတ ဖြစ်လာရေးအတွက် ခက်ခဲနေဆဲ ဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၇ ရက် မှ ၃၀ ရက် အထိ ကျင်းပခဲ့သော ကြံ့ခိုင်ရေး ပါတီ ဗဟို ကော်မတီ အဆင့် အစည်းအ
ဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အချက် ၇၃ ချက် တင်ပြရာ၌ ၂၂ ချက်ကို ပယ်ဖျက်
၍ ၅၁ ချက် ကို ပြင်ဆင်ရန် အတည်ပြုခဲ့ကြောင်း ကြံ့ခိုင်ရေး ပါတီက ပြောသည်။

ပြင်ဆင်ချက်များ ထဲတွင် သမ္မတ အရည်အချင်း ပြင်ဆင် သတ်မှတ်ခြင်း အပါအ၀င် တိုင်း ဒေသကြီးနှင့် ပြည်
နယ် ၀န်ကြီးချုပ်များကို သမ္မတက တိုက်ရိုက် ခန့်အပ်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်
နယ် လွှတ်တော်များက ရွေးချယ်ခွင့် ရရှိ စေရန်၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများကို ဥပဒေ ပြဋ္ဌာန်း၍ တာ
ဝန်ပေး ဆောင်ရွက်ရန် ဆိုသော အချက်များ ပါဝင်ကြောင်း လည်း ကြံ့ခိုင်ရေး ပါတီ ဗဟိုကော်မတီဝင် ဦးလှ
ဆွေက ပြော ပြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့် အရည်အချင်း သတ်မှတ်ချက်တွင် ပါဝင်သည့် ပုဒ်မ ၅၉(စ)တွင်
တရားဝင် သားသမီး တဦးဦး၏ ဇနီးနှင့် ခင်ပွန်းသည် နိုင်ငံခြားသား မဖြစ်စေရ ဆိုသော အချက်ကို ကြံ့ခိုင်
ရေး ပါတီက ပြင်ဆင်ပေးရန် လွှတ်တော်သို့ တင်သွင်းမည်ဟု သဘောတူ ခဲ့သော်လည်း အမျိုးသား ဒီမိုက
ရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်လာရန် အတား အဆီး များစွာ ရှိနေသေး
ကြောင်း မြန်မာ့ နိုင်ငံရေး လေ့လာသူများက ပြောဆိုကြသည်။

NLD နေပြည်တော် ခရိုင် ဥက္ကဋ္ဌ ဦးမင်းသူက ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ သားနှစ်ဦးကို မွေးဖွားခဲ့
သည့် အချိန်တွင် မြန်မာ သံရုံးသို့ သွားရောက်ပြီး နိုင်ငံသား မှတ်ပုံတင် ခဲ့ကြောင်းကို ၁၉၈၉ ခုနှစ်က ပြု
လုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး သတင်းစာဆရာများနှင့် တွေ့ဆုံပွဲတွင် ထုတ်ဖော် ပြော
ဆိုထားကြောင်း၊ သားနှစ်ဦးလုံးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်းကို ရှင်း လင်း ခဲ့ကြောင်း ဧရာဝတီသို့
ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးသည် ယခုအခါ ဗြိတိန်နိုင်ငံသားများ ဖြစ်ကြပြီး မွေးဖွားချိန်မှ ၁၉၈၉
ခုနှစ် အထိ မြန်မာနိုင်ငံ သားများ ဖြစ်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် နိုင်ငံရေးအရ တပ်မတော် အစိုး
ရက မြန်မာနိုင်ငံသား အဖြစ် ရုပ်သိမ်းခဲ့သည့် အတွက် ၎င်းတို့နှစ်ဦးကို (Stateless) နိုင်ငံမဲ့ ဖြစ်မသွားစေ
ရန် ဗြိတိန်နိုင်ငံက နိုင်ငံသား ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော့် အမြင်အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်က သေသွားပြီ ဆိုတော့ ပြသနာ
မရှိတော့ဘူး။ ဒါပေမယ့် သူ့ရဲ့သားနှစ်ယောက် မြန်မာနိုင်ငံသား ခံလိုက်ရင် ရပြီ။ ဒါဆို သူ သမ္မတအဖြစ်
အရွေးခံခွင့် ရှိပြီ”ဟု ဦးလှဆွေက ဧရာဝတီသို့ ပြော သည်။

မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းကမူ လက်ရှိ အာဏာရ ပါတီဖြစ်သော ကြံ့ခိုင်ရေး ပါတီ
၏ သဘောထား တခု တည်းနှင့်သာ ဒေါ်ဆောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘဲ ဖြတ်ကျော်ရမည့် အဆင့်
များစွာ ရှိနေသေးကြောင်း၊ လွှတ်တော်ထဲတွင် ယင်းအချက်ကို ပြင်ဆင်ရန် မဲခွဲဆုံးဖြတ်မှု အပါအ၀င် ပြည်
လုံးကျွတ် ဆန္ဒခံယူပွဲများ ပြုလုပ်ရမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြော သည်။

နိုင်ငံရေး သဘောအရ ကြံ့ခိုင်ရေး ပါတီ အနေဖြင့် သမ္မတ အရည်အချင်း ကန့်သတ်ချက်ကို ပြင်ဆင်ပေး
လိုကြောင်း သဘောထား ရှိသည်ဟု ထုတ်ပြရုံသာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သမ္မတ ဖြစ်ခွင့် ပုဒ်မကို ပြင်ဆင်နိုင်ရန် လွှတ်တော်ထဲတွင် အမတ်ဦးရေ ၇၅ ရာခိုင်နှုန်းကျော် ရှိရန် လိုအပ်
သည့် အတွက် တပ်မတော်၏ သဘောထားမှာ အရေးကြီး လာကြောင်း ဒေါက်တာ ရန်မျိုးသိမ်းက ပြော
ဆိုသည်။

“ကြံခိုင်ရေး ပါတီက ပြင်ပေးဖို့ သဘောတူရုံလောက်နဲ့ ဒေါ်စု သမ္မတ မဖြစ်နိုင်သေးဘူး။ လွှတ်တော်ထဲမှာ
ဒီကိစ္စကို ပြန်ဆွေးနွေးရင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ ရှိတယ်။ ကြံ့ခိုင်ရေး အပါအ
ဝင် တခြားပါတီတွေနဲ့ တိုင်းရင်းသားတွေ ထောက် ခံဦး။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တ
ယောက် မထောက်ခံရင် ဘာမှလုပ်လို့ မရဘူး။ လွှတ်တော်က သဘောတူ သွားရင်တောင် ဖွဲ့စည်းပုံမှာပါတဲ့
အချက် ၇၄ ချက်လောက်က တနိုင်ငံလုံးမှာ လူထု ဆန္ဒခံယူပွဲ လုပ်ပြီး ပြင်မှရမယ်” ဟု ဒေါက်တာ ရန်မျိုး
သိမ်းက ဆိုသည်။

တနိုင်ငံလုံးတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်၍ မဲပေးပိုင်ခွင့် ရှိသည့် လူဦးရေ အားလုံးထောက်ခံမှ
သာလျှင် ပြင်ဆင်နိုင်မည် ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတ ဖြစ်နိုင်ခြေ နည်းပါးသည်
ဟုလည်း ၎င်းက ပြောသည်။

တပ်မတော် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပြီး ဖြစ်သော်လည်း အသေး
စိတ် မထုတ်ပြန်နိုင် သေး ကြောင်း ၊ သို့သော် မကြာမီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်း
ပုံ ပြင်ဆင်ရေး တပ်မတော်သား ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဝေလင်းက ဧရာဝတီသို့
ပြောကြားသည်။

NLD ပါတီကလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို စီစဉ်နေကြောင်း၊ ဖွဲ့စည်းပုံ အခန်း(၁၂)၌ ပြင်ဆင်ခွင့်
ပေးထားရာ ထိုအခန်း (၁၂) ကိုပင် ပြင်ဆင်ရန် လိုအပ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက
လည်း ပြောသည်။

“အခန်း(၁၂)ကိုလည်း ပြင်ဖို့လုပ်မှာပါ။ ဟို ၇၅ ရာခိုင်နှုန်းကျော် ဆိုတာလည်း ပြင်ရမယ်။ ကျနော်တို့ ၅၉(စ)
ကိစ္စအပါအ၀င် ပြင် ရမယ့် အကြောင်းတွေ အားလုံးကို မကြာခင်ထုတ်ပြန်ပေးဖို့ ရှိပါတယ်”ဟု ဦးဉာဏ်ဝင်း
က ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း(၁၂)တွင် ပုဒ်မ ၇၀ ကျော်ကို ပြင်ဆင်လိုပါက ပြည်ထောင်စု
လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်
ပြထားသည်။

ဒီဇင်ဘာလ ၂၉ ရက်တွင် NLD ပါတီ၏ ၂၀၁၃ ခုနှစ် အတွက် ဒုတိယအကြိမ် ဗဟို ကော်မတီ အစည်းဝေး
ကျင်းပခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည် ဖြစ်စေ၊ မပြင်သည် ဖြစ်စေ NLD ပါတီ အနေ
ဖြင့်၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက အစည်းဝေး အပြီးတွင်
ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုသည်။

“ဒီလို အခြေအနေမှာ မပြင်ဘဲနဲ့ ရွေးကောက်ပွဲ မ၀င်သင့်ဘူးဆိုတာ သဘောတရားရေး အရ ပြောတာ။ ဒေါ်
စုက NLD အတွက် ပြောခဲ့တာ မဟုတ်ဘူး။ သဘောတရားရေးအရ ပြောခဲ့တာ။ ဒီနေ့အစည်းဝေးက NLD
ရွေးကောက်ပွဲဝင်မ၀င် ဆုံးဖြတ်တဲ့ အစည်းဝေး မဟုတ်ဘူး။ ရွေးကောက်ပွဲ ၀င်ဖို့ အရင်ကတည်းက ဆုံးဖြတ်
ပြီးသား။ ဒါကြောင့် ၀င်ဖြစ်အောင် ၀င်မယ်လို့ ကျနော် ပြောတာ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

NLD ပါတီသည် ယင်း၏ ပြိုင်ဖက်ပါတီ ကြံ့ခိုင်ရေး ပါတီနှင့် နှလုံးရည်အရ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တိုက်ပွဲ
များ ဆက်လက် ပြင်း ထန်မည် ဖြစ်ကြောင်း၊ NLD အနေဖြင့် ပုဒ်မ ၅၉(စ) အပါအ၀င် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေတွင် ပြင်ဆင် လိုသော အချက် ၁၆၈ ချက် ရှိကြောင်း ထုတ်ပြန် ပြောဆိုသည်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်
ပတ်သက်ပြီး အကြံပြုချက် များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီသို့ ဒီဇင်ဘာ
လ ၂၄ ရက်က ပေးပို့ခဲ့သည်ဟု ထုတ်ပြန်သည်။

အကြံပြုချက်များတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် အရွေးခံနိုင်မည့် ပုဒ်မကို ပြင်ဆင်ပေးရန်
တောင်းဆိုမှု မပါဝင်ဘဲ တိုင်းရင်းသား နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးမှု ၊ ပြည်ထောင်စု
လွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ဖြစ်စဉ် ၊ ရှစ်လေးလုံး ဒီမိုကရေစီ အရေး
တော်ပုံ ငွေရတု အခမ်းအနားမှ ဆုံးဖြတ်ထားသော အမျိုးသား အင်အားစု အားလုံး ပါဝင်သည့် ညီလာခံ
တရပ် ဖြစ်ပေါ်လာရေး ကြိုးပမ်းနေမှု ဖြစ်စဉ်များ အားလုံးကို ဆက်စပ် ညှိနှိုင်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပေ
ဒေ ပြင်ဆင် ပြောင်းလဲမှုများကို ဥပဒေကြောင်းအရ ခိုင်မာစွာ အတည်ပြုနိုင်ရန် အကြံပြုထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ခက်ခဲ တင်းကျပ်လွန်းပါက ဥပဒေအရ ဖြေရှင်းနိုင်မှု မရှိဘဲ သွေးထွက်
သံယိုမူများ၊ အုံကြွမှုများဖြင့် ပြောင်းလဲရသည့် အခါ နိုင်ငံ အတွက် များစွာသော နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်
စေနိုင်သည်ဟု ယင်း အကြံပြုစာတွင် ပါရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထောက်ခံ ဆန္ဒ ခံယူပွဲကို ၂၀၀၈ ခုနှစ် မေလ ၁၅ ရက်တွင် တပ်မတော်
အစိုးရက မြို့နယ်ပေါင်း ၂၇၈ မြို့နယ်တွင် ပြုလုပ်ခဲ့ရာ လူဦးရေ ၉၉.၀၇ ရာခိုင်နှုန်း တက်ရောက်ခဲ့ပြီး ယင်း
တို့အနက်မှ ၉၂.၄ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြောင်း ထိုအချိန်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး
ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်တိုး က ကြေညာခဲ့သည်။

ဧရာဝတီ-သတင်းဋ္ဌာန by Heavyrain

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: အခြေခံ ဥပဒေ ပြင်ဆင်ချက် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရန် ခက်ခဲဆဲ http://www.simon-vlog.com/2013/12/blog-post_6007.html#ixzz2p5Scn8ex
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

မလေးရှားတွင် မြန်မာအလုပ်သမား အမျိုးသမီး ၂ ဦး အသတ်ခံရ

Tuesday, December 31, 2013

ကိုဈာန်

မလေးရှားနိုင်ငံ ပီနန်ပြည်နယ် ဂျာလမ်ဘာရူးဒေသ ကမ်ပွန်ဆီတိုးလ်က မီးရထားလမ်း တခုဘေးမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ၂ ဦး အသတ်ခံခဲ့ရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက မလေးရှားနိုင်ငံ နဂါစာရီ စက်မှုဇုန်နားမှာ အသတ်ခံရတာလို့ အလုပ်သမား ၂ ဦးရဲ့ နာရေးကို လိုက်လံ ကူညီပေးနေတဲ့ ပီနန် နာရေးကူညီမှု အသင်းမှ ဦးပုညက ပြောဆိုပါတယ်။

“စက်မှုဇုန်နားမှာပါ။ ငွေကြေးအရှုပ်အရှင်းကြောင့် ဖြစ်နိုင်ခြေ ရှိပါတယ်။ မုဒိန်းမှုလုံးဝ မပါပါဘူး။ နှစ်ယောက်လုံးက အသတ်ခံရတာ။ နောက်ပြီးတော့ ပစ္စည်းလုတာတွေ ဘာတွေလည်း မပါဘူး။ ရဲက မသင်္ကာသူတွေကို ဖမ်းထားတယ်။”
အသတ်ခံရသူ ၂ ဦးဟာ အသက် ၁၉ နှစ်အရွယ် မဌေးဌေးသန်းနဲ့ အသက် ၄၁ အရွယ် မငယ်တို့ ဖြစ်ကြပြီး မသင်္ကာဖွယ်ရာ မြန်မာ ၂ ဦးကို ခေါ်ယူ စစ်ဆေးနေတယ်လို့ ပြည်နယ်မှုခင်း စုံစမ်းရေးဌာနရဲ့ လက်ထောက်အကြီးအကဲ မာဇလန်ကီဇာက ပြောကြောင်း သည်စတား အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်တဲ့နေရာအနီးက ဘတ်စကားမှတ်တိုင်မှာ ပြစ်မှုကျူးလွန်တယ်လို့ ယူဆရသူတွေ အသက် ၃၀ အရွယ် မြန်မာအမျိုးသား ၂ ယောက်ကို မျက်မြင် သက်သေတဦးရဲ့ ပြောပြချက်တွေအပေါ် မူတည်ကာ အခင်းဖြစ်ပြီး မိနစ် ၃၀ အတွင်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူ အမျိုးသမီး ၂ ဦးဟာ စက်ရုံအလုပ်သမားဟောင်းတွေ ဖြစ်ကြပြီး လမ်းလျှောက်လာတုန်း တိုက်ခိုက်ခံရတာလို့ စုံစမ်းစစ်ဆေးရေးအရာရှိ ကီဆာက ပြောပါတယ်။

လူသတ်မှုမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေကို ရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်ပြီး ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစုံတရာ ရှိရင် အနီးဆုံး ရဲစခန်းကို ဆက်သွယ်သတင်းပေးကြဖို့လည်း မက်ဇလန်ကီဆာက တိုက်တွန်းထားပါတယ်။

မြန်မာအလုပ်သမား အမျိုးသမီး ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမားရေးရာ တာဝန်ရှိသူကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရ ဖြစ်နေပါတယ်။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်ကလည်း မြန်မာအလုပ်သမားတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့အတွက် မြန်မာအလုပ်သမား ၅ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

မလေးရှားမှာ မြန်မာအလုပ်သမားဦးရေဟာ တရားဝင် ၃ သိန်းနဲ့ တရားမဝင် ၄ သောင်း ရှိတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးရဲ့ စာရင်းအရ သိရပါတယ်။

Tuesday, December 31, 2013

Mobile Guide Issue Vol-2 ၊ Issue-35 (30.12.13) ........................

Mobile Guide ဂျာနယ်ကို အပတ်စဉ် တနင်္လာ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Mobile Guide ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Mobile Guide ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Mobile Guide Journal Vol(2), Issue (35)ကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီနေ့ 30 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

ကမ္ဘာ့ အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား .................................









သမိုင်းတစ်လျှောက် ကမ္ဘာ့ အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သားLyudmila Pavlichenko လို့
အမည်ရတဲ့ ဆိုဗီယက် ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်
သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါ
တယ်။

ပထမ ၂ လခွဲကာလ အတွင်း တပ်စခန်းတစ်ခုမှာ ရန်သူ ၁၈၇ ယောက် သတ်နိုင်ပြီး နောက်ထပ် တပ်
စခန်း တစ်ခုကမှာ ၈ လတာ ကာလအတွင်း ဂျာမန် စစ်သား ၂၅၇ ယောက် သတ်နိုင်ပါတယ်။ စနိုက်ပါ
က ရန်သူ စနိုက်ပါ ကို တိုက်ခိုက်ပစ်သတ်တယ်ဆိုတာ ခက်ခဲတဲ့ စစ်ဆင်ရေး ဖြစ် ပါတယ်။ သို့ပေမယ့်
ဂျာမန် စနိုက်ပါ ၃၆ ယောက်ကိုတောင် ပစ်သတ်နိုင်ခဲ့ပါတယ်။ အမှန်တကယ်သတ်နိုင်တာက လေးရာ
ကျော်ရှိပြီး စနိုက်ပါ သေနတ်နဲ့ ပစ်သတ်တာကတော့ ၃၀၉ ယောက်ရှိတယ်ဆိုတာ တရားဝင်မှတ်တမ်း
ရှိခဲ့ပါတယ်။ သူမရဲ့  သမိုင်းအကျဉ်းက ဒီလို ဖြစ်ပါတယ်။

၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားအင်ပါယာ, Bila Tserkva မှာ မွေးဖွားပါတယ်။ သမိုင်းဘာ
သာရပ်နဲ့ တက္ကသိုလ်မှာ ကျောင်းတက်နေ စဉ်ပဲ ဒုတိယက ကမ္ဘာစစ် ဖြစ်တာကြောင့် ဆိုဗီယက် တပ်
မတော်ထဲကို အသက် ၂၄ နှစ်ကစတင် ဝင်ရောက်ခဲ့ပါတယ်။ ၁၉၄၁ နောင်းပိုင်း ကာလ ဖြစ်ပြီး စစ်သူ
နာပြုလုပ်ဖို့ အားလုံး ဝိုင်းဖိအား ပေးပေမယ့် စစ်တိုက်ဖို့ ပဲ ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။

ရုရှား ရိုင်ဖယ်တပ် ၂၇ ကို ဝင်ခွင့်ရရှိခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများ ရရှိခဲ့ ပါတယ်။ သူ့လိုပဲ ရုရှားမှာ အမျိုး
သမီး စနိုက်ပါ အယောက် ၂၀၀၀ မွေးဖွားခဲ့ ပြီး စစ်ပြီးတော့ အယောက် ၅၀၀ ပဲ အသက်ရှင်ကျန်ခဲ့ ပါ
တယ်။ တပ်ထဲစဝင်ပြီး နာရီပိုင်းပဲကြာတဲ့ တိုက်ပွဲမှာ ဂျာမန် ၂ ယောက် သတ်နိုင် ပါတယ်။ အသုံးပြုတဲ့
သေနတ်ကတော့ SVT-40 semi-automatic ရိုင်ဖယ်ဖြစ်ပြီး တယ်လီစကုတ်က ၃.၅ ဖြစ်ပါတယ်။

နောက်ပိုင်း တိုက်ပွဲတွေ မှာလည်း ယင်းသေနတ်ကိုသာ အများစု အသုံးပြုရပြီး ရန်သူပေါင်း ၃၀၉ ဦး
ကို စံချိန်တင် သတ်နိုင်ခဲ့ပါတယ်။ စစ်ပြီးတဲ့အခါကျတော့ ဆီုဗီယက်ပြည်ထောင်စုကပေးတဲ့ ထူးချွန်စု၊
ဂုဏ်ပြု ဆုများရရှိပါတယ်။ ကနေဒါ၊ အမေရိကန်တို့မှ အစိုးရများကလည်း ဖိတ်ကြားတဲ့အတွက် သွား
ရောက်တွေ့ဆုံပြီး ဟောပြောပွဲတွေ မှာလည်း ဟောပြောဖို့ အဖိတ်ကြားခံရပါတယ်။

အောက်တိုဘာ ၁၀ ရက်၊ ၁၉၇၄ ခုနှစ် (အသက် ၅၈ နှစ်) အရွယ်ရောက်တော့ မော်စကိုမြို့ မှာပဲ ကွယ်
လွန်ခဲ့ပါတယ်။ သို့ပေမယ့် သူမရဲ့  စွမ်းဆောင်ရည်ကြောင့် ယနေ့တိုင် ရုရှားနဲ့ ယခင် ဆိုဗီယက်ပြည်
ထောင်စု နိုင်ငံများမှ စံထားရတဲ့ အမျိုးသမီး သူရဲကောင်းအဖြစ် သမိုင်းကျန်ရှိလျက် ရှိကြောင်း သိရပါ
တယ်။

အောင်ခမ်း ( ရိုးရာလေး )

By ရိုးရာလေး

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ကမ္ဘာ့ အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား http://www.simon-vlog.com/2013/12/blog-post_3511.html#ixzz2ozCWHX48
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Monday, December 30, 2013

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့.....................................

Myawady News · 214,482 like this
12 hours ago ·


လပ္ပတ္တာ ဒီဇင်ဘာ ၃၀

 
 
 

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာတွင် ယနေ့ နံနက် (၁)နာရီ (၁၅)မိနစ်အချိန်၌ ကန်ဘက် (၂) ရပ်ကွက်၊ ကမ်းနားဈေးတွင် မီးကြွင်း၊ မီးကျန်မှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ မီးလောင်ကျွမ်းမှု ကြောင့် အိမ်ခြေ (၃၅၀)ခန့် ဆုံးရှုံးပြီး အမှတ် (၃)ရပ်ကွက်ဆီသို့ပါ ကူးစက်လောင်ကျွမ်းလျက် ရှိကြောင်း သိရသည်။ မီးလောင်ကျွမ်းရာသို့ လပွတ္တာမြို့နယ် မီးသတ်မှ မီးသတ် တပ်ဖွဲ့ဝင်ပေါင်း အင်အား (၃၀)ခန့်၊ ရေစုပ်စက် (၂) လုံးဖြင့် ကန်ဘက်ကျေးရွားသို့ သွားရောက်ပြီး မီးငြိမ်းသတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မီးလောင်ကျွမ်းရာသို့ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာမှ ကယ်ဆယ် ရေးလုပ်ငန်းများသွား သွားရောက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဦးခေါင်းအခွံ ၃ပိုင်းခန့် ကွဲသွား၍ ထုတ်လိုက်၇တဲ့ မနှင်းနှင်းခိုင်အတွက် အလှူငွေထက် အနီးကပ်ပြုစုသော အမျိုးသမီးစောင့်ရှောက်သူ လိုအပ်............................

 



အမည် =မနှင်းနှင်းခိုင်
အသက် =၂၂ နှစ်။
နေရပ်=လပွတ္တာ မြို့၊ချောင်းကြီးရွာ။
မနှင်းနှင်းခိုင်သူငယ်ချင်းများဟာ၂၀ ရက်နေ့ လစာငွေထုတ်ပြီး ညအခါ သူငယ်ချင်းမ များနှင့်ဈေးဝယ်သွားစဉ် ဆူစဝပ် ဆွိုင် ၇၀ ပတ်ဝန်းကျင် (တလာ ခုနိုင်း)မျာယာဉ်တိုက်မိပါတယ်။မှောင်နေတဲ့အတွက် ကားလမ်းကိုလူကျော်တံတားက မဖြတ်ကြဘဲ အလွယ်လမ်းကူးကြပါတယ်။ကားမောင်းသူက လူများတော့ ရှောင်မရဘဲ မိန်းခလေးတစ်ဦးကို တိုက်မိတာလို့ပြောပါတယ်။သူ့ကိုဆေးရုံတင်ဖို့ ဖုန်းဆက်ပြီး ရဲစခန်းတွင်သွားရောက်အမှု့ဖွင့်ခဲ့ကြောင်း ပြောပြပါတယ်။ဆေးရုံကို တရက်ခြား လာကြည့်တော့ လူမမာ သတိမလည်သေးတာမတွေ့ရကြောင်း။ဆွေမျိုးမရှိဘူးသိရသည့် အတွက် သနားနေမိကြောင်း။ဒါနဲ့ ဘဲ တရက်ခြားမှန်မှန် ဆရာဝန်တွေ နဲ့လူမမာ အခြေအနေမေး ခဲ့ကြောင်း ကားနှင့် တိုက်သူထိုင်းအမျိုးသမီးက ပြောပြပါတယ်။မနှင်းနှင်းခိုင်ဟာ လမ်းပေါ်ကို လွင့်စင်ကျသောအရှိန်နှငိ့် ဦးခေါင်းအခွံ ၃ပိုင်းခန့် ကွဲသွား၍ ထုတ်လိုက်ပါတယ်။ဆရာဝန်က န၈ိုမူလ ဦးဏှောက်ပြန်ဖြစ် မဖြစ်စောင့်ကြည့်နေပါတယ်။ဒီကနေ့တွေ့ရတဲ့ အခြေအနေအရ မနှင်းနှင်းခိုင် ဂဏှာမငြိမ်ဖြစ်နေပုံအရ စိတ်အစိုးမရပါဘူး။သတိရှိတယ်။သူ့ကိုညောင်းညာနေလို့ဖြစ်မယ်လို့ယူဆပြီးနှိပ်ပေးချင်တော့ ပေါင်၊ခြေသလုံးမှာ ဒဏ်ရာ ရှိမလား ရှာတော့ သူက ရှက်ပြီးဆွဲဖုံးပါတယ်။အိပ်မောကျအိပ်ချင်တော့ စောင်ကို ခေါင်းမြှီးခြုံပါတယ်။မျက်စေ့အမြင်နဲ့ အသိ တပြိုင်ထဲတထပ်ထဲမကျခြင်း.။စကားပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။လက်တဖက်က သတိလက်လွတ်ဆွဲဖြုတ်မျာစိုး၍ အိပ်စွတ်ကြိုးချည် ထားရပါတယ်။
အထက်ပါအခြေအနေအရ ။မနှင်းနှင်းခိုင်အတွက် အလှူငွေထက် အနီးကပ်ပြုစုသော အမျိုးသမီးစောင့်ရှောက်သူ လိုပါတယ်။ဆီးအိပ်ပြည့်လျှင်သွန်ရန်။တကိုယ်ရည်သွားတိုက်ရန်၊တ ကိုယ်သန့်ရှင်းရေး လုပ်ပေးရန်။သူမ၏ သတိလက်လွတ်လှုပ်ရှားမှု့ကို ထိန်းသိမ်းပေးရန် လိုအပ်နေပါတယ်။ကူညီမည့်သူများဆက်သွယ်ပါ။

မဦး(0859101184)https://www.facebook.com/maungsssk/posts/410569712407451

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့
— feeling special.

ကမ္ဘာ့အသန်မာဆုံး တိရစ္ဆာန် ရေဝက်ဝံ (Water Bear) ............................................



အရွယ်အစားကတော့ မီလီမီတာ အတိုင်းအတာသာရှိပြီး အလွန်သေး ငယ်ပါတယ်။ ထူးခြားချက်ကတော့
သေပြီးရင် ပြန် ရှင်နိုင်ပါတယ်။ အသက်ရှင်ရန် ခက်ခဲ ကြမ်းတမ်းပါတယ် ဆိုတဲ့ နေရာဒေသတွေမှာတောင် အသက်ရှင် နေထိုင်နိုင်ပါတယ်။
အပူချိန် သုည ဒီဂရီမှာလည်း နေထိုင်နိုင်သလို ရေနွေးပွက်ပွက်ဆူ ထဲမှာလည်း အသက်ရှင်နိုင်ပါတယ်။ လူသားတွေထက်လည်း ဓာတ်ရောင်ခြည် အဆ ၁ထောင်မက ခံနိုင်ရည်ရှိ ပါတယ်။ ရေမသောက် ပဲနဲ့လည်း ဆယ်စုနှစ် တစ်ခုမက နေနိုင်ပါတယ်။ အနက်ဆုံး သမုဒ္ဒရာ ကြမ်းပြင်အောက်က ဖိအား ထက် ၆ ဆ များနဲ့ Pressure တောင် ခံနိုင်ရည် ရှိပါတယ်။ အာကာသမှာလည်း အသက်ရှင်နိုင်ပါတယ်။
ပတ်ဝန်းကျင်အခြေအနေဆိုးတစ်ခုကြောင့် သေသွားတယ်ဆိုရင်တောင် တကယ်သေတာမဟုတ်ပါဘူး။ ကိုယ်တွင်းက လုပ်ဆောင်ချက်များ ယာယီ ရပ်တန့်သွားခြင်း မျှသာ ဖြစ်ပြီး နှစ်ပေါင်း ၁၂၀ ကြာတဲ့အခါ ပြန်လည် ရှင်သန် ပြီး ယခင် အတိုင်း နေထိုင်နိုင်ပါတယ်။ water bear ဟာ အသေးစား သတ္တဝါမျှ ဖြစ်ပြီး ခြေထောက်၊ ခြေသည်း၊ မျက်လုံး၊ ပါးစပ်၊ အစာအိမ်၊ သွေးကြော အစရှိသဖြင့်တို့ဟာ တကယ်ပဲ သေးငယ်ပါတယ်။ပုံမှန်အတိုင်းဆိုရင် သေစရာ အကြောင်းမရှိပဲ အမြဲ စွမ်းအင် ပြန် လည် ပြည့်ဖြိုးနေတဲ့အတွက် ကမ္ဘာ့အသန်မာဆုံး တိရစ္ဆာန်တို့ ကမ္ဘာက အသိမှတ်ပြုထားကြပါတယ်။

Sunday, December 29, 2013

ဦးလေးဖြစ်သူက အသက် ခုနစ်နှစ်နှင့်လေးနှစ် အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့်................................









ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အသက် ခုနစ်နှစ်နှင့် လေးနှစ်အရွယ် သာရှိကြသည့် ကလေးငယ်နှစ်ဦးကို ဦးလေး
တော်စပ်သူက သားမယားဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီခွဲက အမှုဖွင့်
တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို ဒဂုံဆိပ်ကမ်းမြို့နယ် ရပ်ကွက်တစခုတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မိခင်က အမှု
ဖွင့်တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။

၎င်းကို အသိမိတ်ဆွေ အမျိုးသမီးတစ်ဦးက သမီးငယ်လေး၏ မိန်းမကိုယ်တွင် ဖူးရောင် စုတ်ပြဲကာ ပြည် ပုပ်
များဖြစ်နေကြောင်း ပြောပြရာမှ စတင်သိရှိခဲ့ရသည်ဟုလည်း ရဲအားထွက်ဆိုထားသည်။

ထို့ကြောင့် နေအိမ်သို့ ပြန်ပြီးခုနစ်နှစ်ရှစ်လရှိ နှစ်တန်းကျောင်းသူသမီးနှင့် အသက်လေးနှစ်ခြောက်လရှိ သ
မီးငယ်တို့ကို ချော့မော့မေးမြန်းခဲ့ရသည်ဟုလည်း ဆိုထားသည်။

ထို့ကြောင့် ၎င်းတို့ နှစ်ဦးအား လွန်ခဲ့သော တစ်လကျော်ခန့် (ရက်မမှတ်မိ)က တစ်အိမ်တည်းအတူနေ ဦး
လေးတော်စပ်သူ ၁၆ နှစ်က ရက်ခြား၍ သားမယားအဖြစ် တစ်ကြိမ်စီပြုကျင့်ခဲ့သည်ကို ပြောပြကြ သည်
ဟုလည်း မိခင်ဖြစ်သူက အမှုဖွင့်ရာတွင် ထည့်သွင်းပြောကြားထားသည်။

ထို့ကြောင့် သမီးငယ်နှစ်ဦးအား သားမယားပြုကျင့်သည့် မောင်တော်စပ်သူကို အရေးယူပေးရန် ကလေး
မိခင်က အမှုဖွင့်တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ထို့အတွက် ဒဂုံဆိပ်ကမ်း ရဲစခန်းက (ပ)၄၃၆/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အရေးယူရန် တိုင်
တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။

ထို့ပြင် အသက်သုံးနှစ်သာ ရှိသေးသော ကလေးငယ်ကို ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးက သားမယား ပြု
ကျင့်ရန်ကြံစည်သည်ဟု ဒီဇင်ဘာ ၂၅ ရက်တွင် အမှုဖွင့်တိုင်ကြားထားသည်။

ယင်းတိုင်ကြားမှုကို လည်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နယ်မြေ ရဲစခန်းက (ပ)၄၆၀/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး
ပြစ်မှုကျူးလွန် သူအဖြစ် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်
ပြန်ထား သည်။

ယင်းသို့သော အရွယ်မရောက်သေးသည့် ကလေးငယ်လေးများ အဓမ္မပြုကျင့်ခံနေရခြင်းများမှ ကာ ကွယ်နိုင်
ရန် ထိရောက်ဟန့်တားနိုင်သည့် ပြစ်ဒဏ်များ ပြင်ဆင်ဖြည့်စွက်ပေးရန် လွှတ်တော်တွင် နှစ် ကြိမ်တိုင်တိုင်
အဆိုတင်သွင်းမှုများ ရှိခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

ထို့ပြင် မြန်မာပြည်တွင် အမျိုးသမီးများနှင့်ပတ်သက်၍ ပြဋ္ဌာန်းပေးထားသည့် ဥပဒေများမှာလည်း နိုင်ငံ တ
ကာစံနှုန်းဖြစ်သည့် အမျိုးသမီးများ အကြမ်းဖက်ခံရပါက လုံးဝသီးခံစရာမလိုဟုဆိုသော(ZeroTalerance)
ပေါ်လစီဖြင့် ကိုက်ညီမှုမရှိသည့်အတွက် ပြင်ဆင်ရန် လိုအပ်နေသေးသည်ဟု သုံးသပ်မှု များရှိနေသည်။

From: Mizzima

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဦးလေးဖြစ်သူက အသက် ခုနစ်နှစ်နှင့်လေးနှစ် အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့် http://www.simon-vlog.com/2013/12/blog-post_1146.html#ixzz2ood1KoJ5
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

တရုတ် အလုပ်ကြမ်းစခန်းနဲ့ တစ်အိမ်ထောင်ကလေးတစ်ဦးစနစ် တရားဝင် ဖျက်သိမ်း .............................

တရုတ်နိုင်ငံမှာ အငြင်းပွားဖွယ် ပြန်လည်ပညာပေး ရဲဘက်စခန်းတွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရှိလာခဲ့တဲ့ တအိမ်ထောင် ကလေးတစ်ယောက်စနစ် တို့ကို ဖျက်သိမ်းဖို့ အမျိုးသားလွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

အထက်အလိုကျ လိုက်နာဆောင်ရွက်နေရတဲ့ အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီရဲ့ စနေနေ့က ဒီ ဆုံးဖြတ်ချက်ဟာ နိုဝင်ဘာလက တရုတ် ကွန်မြူနစ်ပါတီရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်တယ်လို့ ရှင်ဟွာသတင်းဌာနက ရေးသားပါတယ်။

အလုပ်ကြမ်းစခန်းကလူတွေအားလုံးဟာ စနေနေ့ကစပြီး လွတ်မြောက် လာကြတော့မှာ ဖြစ်ပေမယ့် ဒီစနစ်ကိုဖျက်သိမ်းလိုက်တာဟာ သူတို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ရုပ်သိမ်းလိုက်တာ မဟုတ်ဘူးလို့လည်း ဖော်ပြပါတယ်။ ဒါဟာ ထိန်းသိမ်းခံခဲ့ရသူတွေက နစ်နာမှုနဲ့ ပြန်လည် တရားစွဲလာမှာကို ကာကွယ်ထားတာဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။

နာမည်ဆိုးတဲ့ ဒီပညာပေးစခန်းတွေမှာ ပြစ်မှုကျူးလွန်တယ်လို့ ဆိုသူတွေကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ရဲက (၄) နှစ်အထိ ချုပ်ထားနိုင်ခဲ့ပါတယ်။ လူပေါင်း (၁) သိန်း၊ (၉) သောင်းလောက်ကို ထိန်းသိမ်းထားခဲ့တဲ့ ဒီ ရဲဘက်စခန်းတွေကို ဘာနဲ့အစားထိုးလာမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တခါ မိဘတစ်ပါးပါးဟာ သူကိုယ်တိုင် တစ်ဦးတည်းသောကလေး ဖြစ်ခဲ့တယ်ဆိုရင် သူ့အိမ်ထောင်မှာ ကလေး နှစ်ဦး ယူခွင့်ရှိတယ်လို့လည်း အမြဲတမ်းကော်မတီက ပြဌာန်းလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Thit Htoo Lwin - World News

မည်သို့ပင်ဆိုစေ NLD ၂ဝ၁၅ ရွေးကောက်ပွဲဝင်မည် ...................

Saturday, December 28, 2013
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း NLD မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ယနေ့ မွန်းလွဲ တော်ဝင်နှင်းဆီတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ ပြောဆိုသည်။ 


NLD သည် ပြိုင်ဖက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နှလုံးရည် အရ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်မည်ဖြစ်ကြောင်း၊ NLD အနေနှင့် ပုဒ်မ ၅၉ စ လုံးအပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပြင်ဆင်လိုသော အချက် ၁၆၈ ချက်ရှိကြောင်း ယနေ့ ထုတ်ပြန်ပြောဆိုသည်။ 





Samsung Galaxy Note 3 အတွက် ကြိုးမလိုဘဲအားသွင်းနိုင်မဲ့ S-View Flip Cover တစ်မျိုးကို Samsung ကရောင်းချ....................




Galaxy Note 3 အတွက်ကြိုးမလိုဘဲအားသွင်းလို့ရတဲ့ S-View Flip Cover တစ်မျိုးကို Samsung က အမေရိကန်ဒေါ်လာ ၆၉.၉၉ နဲ့စတင်ရောင်းချနေ ပြီဖြစ်ကြောင်း Cnet ကသတင်းအရသိရသည်။

S View ဆိုတာကအခြားမဟုတ်ဘူး။Cover ဖြစ်ပြီးအဖုံးဖွင့်လိုက်ရင် Home Screen တန်းကျလာ မှာဖြစ်လို့တကူးတကသွားဖွင့်စရာမလိုပါဘူး။

အဆိုပါ S-View Flip Cover ကို Polyurethane Leather နဲ့ပြုလုပ်ထားပြီး Samsung ရဲ့ Wireless Charging Pad နဲ့အသုံးပြုနိုင်ရုံသာမက အခြားသော Qi အဆင့်မှီပြီး အရည်အသွေးပြည့်ဝတဲ့ Wireless Charging Pad တွေနဲ့တွဲပြီးအား သွင်းလို့ရပါတယ်။

အဖြူနဲ့အနက်နှစ်မျိုး ထုတ်ထားပြီးဝယ်ယူချင်တဲ့ဆိုရင် Smasung Online Store (US) မှာစတင်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

Ref: Cnet

ဦးခင်ညွှန့်ကို နိုင်ငံရေး မလုပ်ဖို့ အလိုတော်ပြည့် ဆရာတော်က သတိပေး ဟုဆို.....................................









စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်ကို နိုင်ငံရေးမလုပ်ဖို့ အလိုတော်ပြည့်ဆရာတော်
က ပြင်းပြင်းထန်ထန်သတိပေးစကား မိန့်ကြားခဲ့တယ်လို့ သံတော်ဆင့် သတင်းတပုဒ်က ဆိုပါတယ်။


အလိုတော်ပြည့်ဆရာတော်က ဦးခင်ညွှန့်ကို ဘာသာရေး လုပ်မယ်ဆို ဘာသာရေးကိုပဲ လုပ်ဖို့ အခု
နိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်ပတ်သက်မယ်ဆိုရင် အားမပေးဘူးလို့ မိန့်ကြားခဲ့တယ်လို့ မြန်မာ
သံတော်ဆင့်က ဖော်ပြထားပါတယ်။

ဧရာဝတီနဲ့ ဦးခင်ညွှန့် မေးမြန်းခန်း မှာလည်း နိုင်ငံရေး မလုပ်ဘူး ဆိုတဲ့ အကြောင်း ၃ ကြိမ်တောင်
ပြောခဲ့ပါ တယ်။ ဒါပေမယ့် တိုင်းပြည် ငြိမ်းချမ်းသာယာရေးအတွက် ဦးခင်ညွှန့်အမျိုးသား နိုင်ငံရေး
လုပ်မှာဖြစ်တယ် လို့ ပြောခဲ့ဖူးပါတယ်။

အလိုတော်ပြည့်ဆရာတော်ဟာ စစ်အစိုးရလက်ထက်တွေတုန်းက ဦးခင်ညွှန့်နဲ့ ဆရာတပည့်ရယ်လို့
လူတွေ က ပြောခဲ့ကြတာပါ။ ဒီအပြင် အခြား စစ်အစိုးရ ခေါင်းဆောင်တွေကလည်း ဆရာတော်ကို
မကြာခဏ ဖူးမျှော်ပူဇော်တာတွေ ရှိခဲ့တာပါ။


ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မကြာခဏဆိုသလို အလိုတော်ပြည့် ဆရာတော်ဆီ
သွားရောက် ဖူးမျော်တာတွေလည်း ရှိခဲ့ပါတယ်။

ဦးခင်ညွှန့်အနေနဲ့ နေအိမ်အကျယ်ချုပ်ကလွတ်လာပြီးနောက်ပိုင်း တကြော့ပြန် ရုပ်/သံ လူမြင်ကွင်း
မှာတော့ သူရ ဦးရွှေမန်းနဲ့အတူ ပထမ ပြန်လည် ပေါ်ထွက်လာခဲ့ပြီးနောက်ပိုင်း မီဒီယာတွေနဲ့ ထိ
တွေ့မှုတွေကိုတော့ အတော်သတိထားခဲ့တာပါ။

လူပြောအများဆုံး ဖြစ်ခဲ့တာကတော့ ဦးမြတ်ခိုင် ရေးသားထုတ်ဝေတဲ့ ဦးခင်ညွန့်နဲ့ အင်တာဗျူး စာ
အုပ် မိတ်ဆက်ပွဲတုန်းကတော့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်အကျဉ်း
သားတွေ သာ ဖြစ်တယ်လို့ ပြောဆိုခဲ့မှုဟာ အတော်ပွဲဆူသွားစေခဲ့တာပါ။

အဲဒီလိုတွေ ပြောဆိုခဲ့ပြီးနောက်ပိုင်းမှ အခုလို အလိုတော်ပြည့်ဆရာတော်က ဦးခင်ညွှန့်ကို မြန်မာ့
နိုင်ငံရေး အခင်းအကျင်းမှာ မပါဖို့ သတိပေး ဟန့်တားတာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

အခုလို အလိုတော်ပြည့်ဆရာတော်ရဲ့ သတိပေး ဟန့်တားမှုရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်း
တွေ ရှိ နေတယ်ဆိုတာတော့ သိသူ အတော်နည်းမယ်လို့ ထင်ပါတယ်။

လင်းသန့် ~

The Irrawaddy's Blog by အိမ့်သံစဉ်

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဦးခင်ညွှန့်ကို နိုင်ငံရေး မလုပ်ဖို့ အလိုတော်ပြည့် ဆရာတော်က သတိပေး ဟုဆို http://www.simon-vlog.com/2013/12/blog-post_6420.html#ixzz2ooVYvWdn
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ရှဥ့်နီတို့ရဲ့  မွေးစားခြင်းဓလေ့.......................

ရှဥ့်နီတို့ရဲ့  မွေးစားခြင်းဓလေ့ အာရှနဲ့ ဥရောပမှာ အများဆုံး တွေ့ရတတ်တဲ့ ရှဥ့်တွေထဲမှာ ရှဥ့်နီက အထူးခြားဆုံးပဲ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ သူတို့ဟာ အစွန့်ပစ်ခံထားရတဲ့ ရှဥ့်ကလေးငယ် များ ကို ပြန်လည်မွေးစားတတ်ခြင်း ဖြစ်ပါတယ်။ မိခင်သေဆုံးလို့ ဖြစ်စေ၊ အကြောင်း အမျိုးမျိုးကြောင့် ပြုစုစောင့်ရှောင့်မယ့် ရှဥ့်အဖေ၊အမေ မရှိတော့ ရင် ယင်း အရွယ်ရောကပြီး ရှဥ့်နီ အမနဲ့ အထီးများဟာ ပြန် လည် မွေးစားလေ့ ရှိပါတယ်။ ယခုလို ပြန်လည်မွေးစားတဲ့ အလေ့အထဟာ ရှဥ့်နီတိုင်းမှာ ရှိနေပြီး လူတွေလိုပဲ ရင်းရင်းနှီးနှီး နွေးထွေးစွာ နေထိုင်တတ်တဲ့ တိရစ္ဆာန် များ ဖြစ်ပါတယ်။ -- Ref: dknowfacts အောင်ခမ်း ( ရိုးရာလေး ) http://www.yoyarlay.com/entertainment/123-discovery/39460-red-big-mouse .