This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Tuesday, September 4, 2012
ပါရမီ အဓိပတိ(အ၀ါ)ယာဉ်လိုင်းမှ ယာဉ်တစ်စီး အရှိန်ပြင်းမောင်းနှင်ကာ ကမ္ဘာအေးဘုရားရှေ့တွင် လမ်းဘေးရှိ ယာဉ်နှစ်စီး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးအား ၀င်တိုက်မိပြီး ကလေးမှာပွဲချင်းပြီး သေဆုံး
ပါရမီ အဓိပတိ(အ၀ါ)ယာဉ်လိုင်းမှ ယာဉ်တစ်စီး အရှိန်ပြင်းမောင်းနှင်ကာ ကမ္ဘာအေးဘုရားရှေ့ ဂမုန်းပွင့်ကုန်တိုက်အနီးတွင် လမ်းဘေးရှိ ယာဉ်နှစ်စီး၊ အမျိုးသမီးတစ်ဦးနှင့် အသက် ၅ နှစ်ခန့်အရွယ် ကလေးတစ်ဦးအား ၀င်တိုက်မိပြီး ကလေးမှ ပွဲချင်းပြီး သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာလ ၁ ရက် နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၅နာရီအချိန်ခန့်တွင် ကမ္ဘာအေးဘုရားလမ်းအတိုင်း ချော်တွင်းကုန်းဘက်မှ ကမ္ဘာအေးဘက်သို့ မောင်းနှင်လာသော အဓိပတိ (အ၀ါ)ယာဉ်အမှတ် ၉ခ/---သည် ဂမုန်းပွင့်ကုန်တိုက်အကျော်တွင် လမ်းဘေးတွင်ရပ်ထားသော အငှားယာဉ်တစ်စီးကို ၀င်တိုက်မိခဲ့ကြောင်း၊ ထို့နောက် လမ်းဘေးတွင် လမ်းလျှောက်နေသောအမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးကို ဆက်လက်တိုက်မိခဲ့ကြောင်းနှင့် ဆက်လက်၍ လမ်းဘေးတွင်ရပ်ထားသော NISSAN BLUEBIRD ကိုယ်ပိုင်ယာဉ်အား တိုက်မိပြီး အရှိန်သတ်သွားခဲ့ကြောင်း၊ ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း သိရသည်။ ယာဉ်တိုက်မှုကြောင့် အငှားယာဉ်၏ ဘယ်ဘက်အခြမ်း ကားကိုယ်ထည် ထိခိုက်သွားခဲ့ကြောင်း၊ အမျိုးသမီးမှာမူ ဒဏ်ရာများရရှိခဲ့ကာ မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းနှင့် ကလေးမှာ ယင်းနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ ကိုယ်ပိုင်ယာဉ်မှာမူ ယာဉ်တစ်စီးလုံးနီးပါး ပျက်စီးသွားခဲ့ရကြောင်း သိရသည်။
"ကားတိုက်တဲ့အချိန်က မိုးရွာနေပါတယ်။ အပြင်မှာ ၀ုန်းကနဲဆို အသံကြားလို့ထွက်ကြည့်လိုက်တော့ အဓိပတိကားက အမျိုးသမီးတစ်ဦး၊ ကလေးတစ်ဦး၊ အငှားယာဉ်နဲ့ ကျွန်မတို့အဘိုးကားကို ၀င်တိုက်ထားတာ တွေ့ရတယ်။ ကလေးနဲ့ အမျိုးသမီးက ကားအောက်ကို ရောက်သွားပြီး  ကလေးကတော့ ပွဲချင်းပြီးဆုံသွားတယ်။ အမျိုးသမီးကိုတော့ မြောက်ဥက္ကလာပဆေးရုံကို ပို့လိုက်တယ်။ ကျွန်မအဘိုးကားကတော့တစ်ခုလုံး ပျက်စီးပြီး ဘာမှလုပ်လို့မရတော့ဘူး။ ကားကို ကရိန်းနဲ့မသွားတယ်"ဟု ကမ္ဘာအေးဘုရားရှေ့ရှိ ၀င်းမြန်မာ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။  
"ကျွန်မက ကားတိုက်ခံရတဲ့ အမျိုးသမီးကို ဆေးရုံကိုလိုက်ပို့ပေးခဲ့တာပါ။ သူက ဒဏ်ရာ အနည်းလောက်ပဲရပြီး ကျွန်မတို့လိုက်ပေးခဲ့တဲ့ အချိန်အထိတော့ စိုးရိမ်စရာမရှိဘူး။ ဆေးရုံရောက်တော့ သူ့ကို ဓာတ်မှန်တွေ ဘာတွေရိုက်တယ်။ ဒါပေမဲ့သူက ယာဉ်တိုက်မှု ဖြစ်စဉ် ကို လုံးဝမမှတ်မိဘူးလို့ ပြောတယ်။ နောက်တော့ သူ့မိသားစုလာလို့ ကျွန်မတို့ပြန်လာခဲ့တယ်"ဟု ဆေးရုံပို့ဆောင်ပေးခဲ့သူတစ်ဦးက ပြောပြခဲ့သည်။
"ကျွန်တော်က ဂမုန်းပွင့်မှာ ခရီးသည်ချပေးပြီး ပြန်အထွက်မှာ ကားကိုလမ်းဘေးမှာ ခဏရပ်ထားတာပါ။ အဲဒီအချိန်မှာ အဓိပတိက ၀င်တိုက်သွားတာ။ အဓိပတိယာဉ်က အခြားကားတစ်စီးနဲ့ ခရီးသည် ရဖို့အတွက် ပြိုင်မောင်းလာပြီး ကားမှတ်တိုင်ကို ၀င်ရပ်တဲ့အချိန်မှာ အရှိန်မထိန်းနိုင်ဘဲ တိုက်မိသွားတာလို့ ထင်တယ်"ဟု အဓိပတိယာဉ် အတိုက်ခံရသည့် အငှားယာဉ်၏ ယာဉ်မောင်းကိုထွန်းနိုင်က စက်တင်ဘာ လ၂ရက်နေ့၊ နေ့လည်ပိုင်းတွင် ပြောပြခဲ့သည်။
By Eleven Media Group
Web Browsers ရဲ History တွေကိုဘယ်လို Clear လုပ်ရမလဲ။
Web browsers တွေရဲ History တွေကိုဘယ်လိုရှင်းရမလဲ။ ဘာလိုရှင်းဖို့လိုသလဲ့ ဆိုရင်
History တွေကိုဖြက်ပေးခြင်းအားဖြင့် Browsers တွေဟာအရင်ကလိုဘဲ မြန်ပါလိမ်မည်
မဖြက်ပေးရင်တော့ နှေကွေးနေပါလိမ်မည် ဒါကြောင့် History တွေကိုဖြက်ပေးဖို့လိုအပ်ပါ
တယ်။
Google Chrome
Google Chrome ရဲ History ကိုဘယ်လိုရှင်းရမလဲဆိုရင်တော့ ပလေယာ လေးလိုပုံ Click
လိုက်ပါပြီးရင်တော့ Tools ကိုသွားလိုက်ပါ ပြီးရင်တော့ Clear Browsing data ကိုသွားလိုက်
ပါ။
ပြီးရင်တော့ အောက်ကလိုမြင်ပါလိမ်မည် the beginning of time ကိုရွှေ History
အကုန်ဖြက်ခြင်ရင်တော့ ပြီတော့ Clear Browsing date .
Firefox
Firefox ရဲ History ဖြက်နည်း ပုံထဲမှာမြင်းတဲ့ အတိုင်းပါဘဲ Firefox ရေးတဲ့ဟာကို
Click လိုက်ပြီးတော့ History ပြီးတော့ Clear Recent History .
ကိုလိုရှင်တာကို Click လိုက်ပါ ကျွန်တော်ကတော့ အကုန်လုံးဖြက်ခြင်တယ် ဒါကြောင့်
Everything ကို Click လိုက်မယ်။
ကိုလိုခြင်တာကို Select လုပ်လိုက်ပါ ပြီးရင်တော့ Clear Now .
Internet Explorer
IE ရဲ History ကိုရှုင်းမယ် Wheel ကလေးကို Click လိုက်ပါပြီးရင်တော့ Safety ပြီးရင်
Delete Browsing History ကို Click လိုက်ပါ။
ပြီးရင်တော့ History ပြီးတော့ Delete !
မသိသေးတဲ့သူတွေအတွက်ပါ။
ဟာသပုံလေးတွေပါ(၂)
ဆီးရီးယားမှာ တပတ်အတွင်း လူပေါင်း ၁,၆၀၀ သေဆုံး
ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်တွေနဲ့
အတိုက်အခံတွေကြား တိုက်ပွဲတွေ
 ဖြစ်ပွားနေတဲ့ ၁၈ လကြာ ကာလအတွင်း
 ပြီးခဲ့တဲ့ ရက်သီတင်းပတ်မှာ သေဆုံးရသူ
 ၁,၆၀၀ ဖြစ်သွားတာမို့  အသေအပျောက် အများဆုံး သီတင်းပတ်ဖြစ်နေတယ်လို့
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့UNICEF က ပြောပါတယ်။
 သေဆုံးရသူတွေထဲမှာ ကလေးငယ်တွေ ပါဝင်နေတယ်လို့ UNICEF အဖွဲ့ ပြောခွင့်ရ ပက်ထရစ်
မက်ကော်မစ် (Patrick McCormick) က ပြောပေမဲ့ အတိအကျကိုတော့ ထုတ်မပြောပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သမ္မတ Bashar al-Assad အာဆတ်ရဲ့ တပ်တွေက သူ့ကို ဆန့်ကျင်သူတွေကို လေကြောင်းကပါ ချေမှုန်းတာတွေ လုပ်လာခဲ့တာမို့ သေဆုံးသူ အရေ
အတွက် ၁၀၀ ကနေ ၂၀၀ လောက် အထိ ရှိနိုင်တယ်လို့ ဆီးရီးယား အတိုက်အခံ
လှုပ်ရှားသူတွေက ပြောပါတယ်။
 ဒါပေမဲ့ အဲဒီဒေသထဲကို နိုင်ငံခြား သတင်းထောက်တွေ ၀င်ခွင့်မပေးတဲ့ အတွက်  အစိုးရဘက်
ကရော အတိုက်အခံ ဘက်ကပါ ပြောကြားနေတဲ့ နေ့စဉ်သေဆုံးရသူ အရေအတွက် နဲ့
ပတ်သက်ပြီး သီးခြား အတည်ပြုချက်ရဖို့ သိပ်ကို ခဲယဉ်းပါတယ်။
ဆီးရီးယား နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဘက် တိုက်ခိုက်မှုတွေ ထဲမှာ  သြဂုတ်လ တလထဲ အတွက် သေဆုံးရ သူပေါင်း ၅,၀၀၀ လောက် ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် မတ်လမှ လူထုအုံကြွမှု စတင်ခဲ့ချိန်ကစလို့ အသေအပျောက် အများဆုံးလ ဖြစ်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး
လှုပ်ရှားတဲ့ အဖွဲ့ အများအပြားက ပြောပါတယ်။
တနင်္ဂနွေနေ့ ကတော့  ဒမတ်စကတ် မြို့တော်ထဲက လုံခြုံရေး ၀င်းနားမှာ ဆီးရီးယား
လွတ်မြောက်ရေး အတိုက်အခံ သူပုန်အဖွဲ့ရဲ့ လက်ချက်နဲ့ ဗုံး ၂ လုံး ပေါက်ကွဲခဲ့တဲ့ အတွက်
 လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယား အစိုးရ သတင်းမှာ ဖော်ပြပါတယ်။
 ဒါ့အပြင် မြို့တော် ဆင်ခြေဖုံး ဒေသမှာ စနေနေ့ ညပိုင်း ကားဗုံး ပေါက်ကွဲမှုကနေ ၁၅ ဦး သေဆုံးခဲ့
ရတယ်လို့ ဆိုပါတယ်။
 ဆီးရီးယား မြို့တော် ဒမတ်စကတ် ၀န်းကျင်မှာ မကြာခင် လတွေအတွင်း သမ္မတ အာဆတ်
အစိုးရရဲ့ လုံခြုံရေး ချထားတဲ့ နေရာတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်လာတာ
 တွေ့ရပါတယ်။
VOA (မြန်မာပိုင်း)
ရွှေမြန်မာ
ဦးအောင်သိန်း လင်းတင် သွင်းေ သာ အဆိုကို ဒီချုပ် ၊တပ်မေ တ်ာသား၊တိုင်းရင်းသားပါတီများ ကန့်ကွက်
ယနေ့လွှတ်တော် အစည်းအဝေးတွင်
 ပြည်သူ့လွှတ်တော်၌ဦးအောင်သိန်းလင်း၏အ
ဆိုကို ဒီချုပ်မှလွှတ်တော်ကိုယ်စားလှယ်တစ်ဦး
ကန့်ကွက်ခဲ့သောကြောင့်ဆက်လက်
 ဆွေးနွေးသင့်မသင့်ကို ပြည်သူ့လွှတ်တော်
ဥက္ကဌ က မတ်တက်ရပ် ဆန္ဒမဲဖြင့် မဲခွဲခဲ့သည်။
ယင်းသို့ မဲခွဲရာတွင် ဒီချုပ် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီအချို့ နှင့်
တပ်မတော်သား ကိုယ်စားလှယ်များအားလုံးက မပ်တပ်မရပ်ပဲ ကန့်ကွက်
 ဆန္ဒမဲ ပြုခဲ့ကြသည်။
ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမတွင် လက်ရှိ အစည်း အဝေးတတ်ရောက်သူ
 ကိုယ်စားလှယ်ဦးရေ ၃၅၂ ဦးရှိ ပြီး ဦးအောင်သိန်းလင်း၏ အဆိုကို ထောက်ခံသူ ၁၇၇ ဦးရှိခဲ့ပြီး
 ထောက်ခံဆန္ဒမဲ အရေ အတွက်မှာ ကိုယ်စားလှယ်ဦးရေ၏ ၃ ပုံ တစ်ပုံ ထက် ကျော်လွန်
သောကြောင့် ကန့်ကွက် ခဲ့သော်လည်းလက်ခံဆွေးနွေးရန် ဥက္ကဌ က
ဆုံးဖြတ်ပေးလိုက်သည်။
” ဆွေးနွေးတဲ့ အခါ မှ ဥပဒေ နည်းဥပဒေ နဲ့ ညီမညီ ထပ်ပြီးသိရမှာပါ။အဲဒီ အခါမှ ထပ် ပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်”ဟု ဥက္ကဌ က ပြောကြားသည်။
အဆိုမှာ ” တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာန ဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ကုမ္မဏီ အမည်ဖောက်၍ ခွဲဝေချထားပြီးတောင်သူ
လယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများကုမ္မဏီများမှ သီးစားခ ရယူခြင်းများရှိနေပါသဖြင့် လယ်ယာမြေများကို အမှန်တကယ်လုပ်ကိုင်နေသူများကို
သာဦးပိုင် အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချထားပေးသင့်ကြောင်း” အဆိုဖြစ်သည်။
 Popular News
ရွှေမြန်မာ
Facebook ပေါ်က Friend များအတွက် Request Message
Friend တို့ရေ……..ကျမရေးချင်နေတာကြာပြီ
ပဲ။အကြောင်းတိုက်ဆိုင်မှုလေးတွေရှိမှပဲရေးဖြစ်တော့တယ်။
Facebook ပေါ်က Friend တို့ရဲ့ Commend လေးတွေအကြောင်းပေါ့။
********   ဇာတ်လမ်းက Facebook ကပဲစရမှာပဲ ***********
Facebook ဆိုတာကြီးစပေါ်လာတယ်…ဂလိုဘယ်လိုက်ဇေးရှင်း ဆိုလား ဘာလား…..
ကောင်းပါတယ်။ Facebook ပေါ်မှာပဲ ကဏ္ဍပေါင်းစုံကိုတစ်ထိုင်ထဲ
မြင်တွေ့လာရတယ်။သိလာတယ်၊ Up to date ဖြစ်လာတယ်၊ Use to ဖြစ်လာတယ်လေ။
Friend တို့ရဲ့ အားသန်ရာ ကဏ္ဍလေးတွေ၊ ဟာသတွေ၊ Up to သတင်းတွေ၊
အနုပညာရှင်တို့ရဲ့ သတင်းတွေ၊ နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်တွေ၊
နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍတွေ၊ ရသစာပေတွေ၊ ပညာပေးစာတမ်းတွေ၊
ရင်တွင်းခံစားချက်ဆိုင်ရာ ကဗျာတို စာတို လေးတွေ၊ဓါတ်ပုံပညာရှင်
ဝါသနာရှင်တို့ရဲ့  လက်စွမ်းပြရိုက်ချက်တွေ …….. ပြောရရင်တော်တော်လေး
စုံစုံလင်လင် နေ့စဉ်တွေ့မြင်နေရတာ Friend တို့ရဲ့ ကျေးဇူးကြောင့်ပေါ့။
Friend တို့တင်တဲ့ Post လေးတွေကြောင့် ကျမ စာမျက်နှာလေး ဝေဆာနေခဲ့ပါတယ်။
*********  နောက် Friend ဆိုတာ…***********
Facebook ထဲက Friend တွေဆိုတာ အပြင်မှာ မှာမဆုံဖူး မတွေ့ဖူးကြပေမယ့်
စိတ်တူ ခံစားချက်တူ ခံယူချက်တူ အကြိုက်ချင်းတူလို့
အခြားအကြောင်းအမျိုးမျိုးကြောင့်  Facebook စာမျက်နှာပေါ်မှာ စုမိကြတယ်၊
အွန်လိုင်းပေါ်မှာရေစက်ဆုံကြတယ်။ Friend တွေထဲမှာ ငယ်ငယ်က သူငယ်ချင်းပါမယ်
ကျောင်းကသူငယ်ချင်းပါမယ် နယ်ဝေးကသူငယ်ချင်းပါမယ် ရေခြားမြေခြားက
သူငယ်ချင်းတွေပါမယ်။
Facebook ကြောင့်ဆုံဆည်းရတဲ့ ကျမရဲ့ Friend တွေကို ကျမတန်ဖိုးထားပါတယ်။
တကယ်တန်း Friend ဆိုတဲ့ အနက်အဓိပါယ် ဟာလေးနက်သိမ်မွေ့ပါတယ်။
သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်က မေတ္တာတရားနဲ့ ၀တ္တရားဟာ
ဘယ်သူမှာတာဝန်မပေးပေမယ့် သူငယ်ချင်းရယ်လို့ဖြစ်လာရင်
တစ်ယောက်ရဲ့ကောင်းကျိုးကို တစ်ယောက်ရှာဖွေပေးနိုင်ရမယ်၊
မျှဝေပေးနိုင်ရမယ်၊ ပဲ့ပြင်ပေးနိုင်ရမယ်။
Facebook ပေါ်မှာ လက်၏စောင်မခြင်းငှာ မစွမ်းနိုင်သော်လည်း
နှုတ်၏စောင်မခြင်းငှာစွမ်းနိုင်ပါတယ်။
ရင်ထဲက ခံစားမှု စကားလုံးတွေဟာ Facebook ပေါ်မှာ Post တွေ Commend တွေ
Message တွေအဖြစ်နေရာယူလာခဲ့တယ်။
ဒီလို တစ်ယောက်ခံစားချက်ကို တစ်ယောက် ခံစားမိလာတယ်၊ တစ်ယောက်ရဲ့ ခံယူချက်
ယုံကြည်ချက်တွေကို တစ်ယောက်တွေ့မြင်လာရတယ်။
ဒီလိုသိမြင်ခံစားလာမိတဲ့အခါ တစ်ယောက်ရဲ့ လွဲမှားနေတဲ့ အသိတွေ
မှားယွင်းလက်ခံမိတဲ့ သတင်းမှားတွေ ခံစားနေရတဲ့ ရင်တွင်းဖြစ်တွေအပေါ်မှာ
သူငယ်ချင်းတွေရဲ့ တုန့်ပြန် နှစ်သိမ့်ပေးမှုတွေ ဝေဖန်မှုတွေ
ဆွေးနွေးမှုတွေဟာ Commend တွေဖြစ်လာတယ်။
Friend တို့ရဲ့   တန်ဖိုးရှိလှတဲ့ Commend တွေမှာ
တရားနည်းလမ်းကျတဲ့ဆွေးနွေးမှုတွေ မှန်ကန်တိကျတဲ့ အချက်အလက်တွေနဲ့
ကိုယ်ပိုင်အစွမ်းအစတွေ ဖေါ်ထုတ်ဆွေးနွေးရေးသားပေးမယ်ဆိုရင်
ဘယ်လောက်ကောင်းလိုက်မလဲနော်….
အခုမတော့ အများအားဖြင့်(အနည်းစုမပါ) ကျမမြင်တွေ့နေရတာတွေက တစ်ယောက်တင်တဲ့
Post ကို တစ်ယောက်က ကန့်လန်တိုက်တဲ့ Commend တွေရေးတယ်။ ဆိုလိုရင်း
အနှစ်သာရတွေ ပျက်ပြားစေမယ့် စကားတွေ ရေးတယ်။
တစ်ယောက်နဲ့တစ်ယောက်မခံချင်အောင်ရန်စတယ်။ ပြောလို့မနိုင်တော့ရင်
ဆဲဆိုတာတွေလုပ်လာတယ်၊ပုံစံမျိုးစုံသရုပ်ပေါ်လွင်အောင် အမေ မနေရ နှမ မနေရ
ဆဲဆိုကြပြီးတဲ့နောက်ဆုံးရလဒ်က ဘာဖြစ်လာလဲဆိုတော့ ကိုယ်တင်လိုက်တဲ့ Post
ရဲ့ အဓိပါယ်ပျောက်သွားသလို အကောင့်နှစ်ခု သို့မဟုတ် အုပ်စုလိုက်
အဆဲပြိုင်ပွဲကြီးဖြစ်သွားတော့တယ်။ အဲဒိတော့ ဆိုလိုရင်းပျက်သွားတဲ့ Post
ပိုင်ရှင်ကို အားမနာဘူးလား ၊ မမြင်ဖူးလို့ မျက်နှာမပူကြတာလား ၊ ကျမလည်း
မတွေးတတ်တော့ ပါဘူး။
******* အဲဒိတော့ Friend တွေကိုကျမ အကြံပေးပါရစေ *******
(၁) ကိုယ်စိတ်မ၀င်စားတဲ့ Post မှာ Commend ၀င်မရေးပါနဲ့။
(၂) အကောင်းဘက်ကို ဦးတည်လို့ မဆွေးနွေးမရေးသားနိုင်ရင်
ဘာမှဝင်မရေးတာအကောင်းဆုံးပါပဲ။
(၃) ကိုယ်ရေးလိုက်တဲ့ စကားလုံးရဲ့ အဆင့်အတန်းဟာ ကိုယ့်ရဲ့ အဆင့်အတန်းကို
ဖော်ပြနေတယ်ဆိုတာကိုမမေ့ပါနဲ့။ အခြားသူမသိပေနဲ့
     ကိုယ့်ကိုကိုယ် အသိဆုံး လိမ်လို့မရဆုံးဆိုတာ မမေ့ပါနဲ့။
(၄) စိတ်သဘောထားခြင်း မတိုက်ဆိုင်မှုတွေဘယ်လိုမှညှိမရတော့တဲ့ Friend
တစ်ယောက်ကို Friend List ထဲမှာဆက်မထားပါနဲ့။Unfriend လုပ်လိုက်ပါ။
ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ Post တွေကို မြင်တိုင်း ကိုယ့်စိတ်တွေက
ညစ်ညမ်းစေလို့ပါ။
(၅) ပျော်ရွှင်မှု၊ ရင်းနှီးမှု ရစေမဲ့ Commend တွေဟာ Friend
တစ်ယာက်နဲ့တစ်ယောက်ရဲ့  စိတ်ကိုနီးစပ်အခင်အမင်တိုးစေတယ်ဆိုတာကိုလည်း
သတိရပေးပါ။
အချုပ်အားဖြင့်ပြောရရင် Friend တစ်ယောက်ချင်းစီရဲ့  Post တွေ Commend တွေ
ဟာ အပြုသဘောဆောင်ပြီးအဆင့်အတန်းပိုလို့ တိုးတက်လာတဲ့အခါ
ကြီးကြီးကျယ်ကျယ်ပြောရရင် စတ္တုထ မဏ္ဍိုင်ကြီးရဲ့ Branch
ကောင်းတစ်ခုတောင်ဖြစ်လာနိုင်ပါတယ်။
ဒီလိုကျမရဲ့   စာကြောင့် ဆရာလုပ်သလို ကြီးကျယ်သလို မတူမတန်သလို
ခံစားမိရင်တော့ Friend တို့ရဲ့ သဘောပါပဲ ။ကျမကို စာဖတ်လို့ဆုံးတာနဲ့
Unfriend လုပ်သွားနိုင်ပါတယ်။ကျမလည်း ခံယူချက် တူတဲ့ Friend တွေနဲ့ပဲ
ကျမရဲ့ စာမျက်နှာကို တန်ဆာဆင်ပါရစေ လို့ Request လုပ်ရင်း ဒီ Message
လေးကို အမုန်းခံရေးသားလိုက်ပါတယ်။-----------------------
9:45 PM
29-8-2012
Facebook ပေါ်မှာတင်ခဲ့တာကို ပြန်လည် မျှဝေပါသည်။
--
----------------------
နတ်မိမယ် (SSH)
မြန်မာ့ လေကြောင်းမှ ဘရာဇီးလ် နိုင်ငံထုတ် လေယာဉ် ၂ စီးအား ၀ယ်ယူ
သဂုတ်လ၃၁ရက်နေ့က မြန်မာ့ဆိပ်
ကမ်းအာဏာပိုင်ရုံးမှာကျင်းပပြုလုပ်
ခဲ့တဲ့ မြန်မာ့ လေကြောင်းရဲ့ လေယာဉ်
များ ပြည်တွင်း ပြည်ပ တိုးချဲ့ပြေးဆွဲနိုင်
ရေး အတွက် ဈေးကွက် ဆိုင်ရာ ဆွေးနွေးပွဲမှာ မြန်မာ့ လေကြောင်းမှ ဦးဆောင်
 ညွှန်ကြားရေးမှူး ဦးသန်းထွန်းရဲ့ ပြောကြားချက် အရ ဘရာဇီးလ် နိုငံထုတ်
 လေယာဉ် အသစ် ၂ စီးကို မြန်မာ့ လေကြောင်းမှ ၀ယ်ယူ လိုက်ပြီ ဖြစ်တယ်လို့
သိရပါတယ်။
အဆိုပါ လေယာဉ် အသစ် ၂ စီးဟာ ဘရာဇီးလ် နိုင်ငံ SAO JOSE JOS မြို့ရှိ Embraer
 လေယာဉ်ကုမ္ပဏီမှ ထုတ်လုပ်တဲ့ E-190 လေယာဉ် အမျိုးအစား ဖြစ်ပါတယ်။
အဆိုပါ လေယာဉ် အသစ် ၂ စီးဟာ ပြည်တွင်းသို့ နိုဝင်ဘာလမှာ ရောက်ရှိမှာ ဖြစ်ပြီး
ဒီဇင်ဘာလ ပထမ အပတ်မှာ စတင် ပျံသန်း ပြေးဆွဲမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလို ပြေးဆွဲ သွားမယ့် ခရီးစဉ်တွေ ကတော့ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ ခရီးစဉ်များနှင့်
 ပြည်တွင်း ခရီးစဉ်များမှာ ပျံသန်း ပြေးဆွဲ သွားမှာ ဖြစ်ပါတယ်။
အဲ့ဒီလို အသစ်ဝယ်ယူ လိုက်တဲ့ လေယာဉ်သစ် ၂ စီးဟာ ခရီးသည် ၁၀၀ ၀န်းကျင် တင်ဆောင်
 နိုင်တယ်လို့ သိရပါတယ်။ အခုလက်ရှိ မှာတော့ မြန်မာ့ လေကြောင်းဟာ F-28, ATR, MA,
Beech 1900 စတဲ့ လေယာဉ် ၄ မျိုး ပျံသန်း ပြေးဆွဲ လျက်ရှိပြီး F-28 လေယာဉ် များဟာ
သက်တမ်း ကြာမြင့်စွာ အသုံးပြုပြီး ဖြစ်သဖြင့် လိုအပ်တဲ့ ပြင်ဆင်မှုများ ပြုလုပ်
သွားမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အဆိုပါ F-28 လေယာဉ်များ နေရာမှာ ဘရာဇီးလ် နိုင်ငံမှ ထုတ်ပြန်လုပ်တဲ့ Embraer E-
190 လေယာဉ် အသစ် ၂ စီးကို အစားထိုး ပြေးဆွဲ သွားမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အဆိုပါ လေယာဉ် အသစ် ၂ စီးရဲ့ ပြည်တွင်း ခရီးစဉ် ပျံသန်းရာတွင် F-28
 လေယာဉ်များ ဆင်းသက် လို့ရတဲ့ လေယာဉ်ကွင်းတိုင်း ဆင်းသက်ပြီး ပြည်တွင်း
ခရီးစဉ်များ ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိ ပါတယ်။
MRTV 4a
"" ရိုဟင်ဂျာအရေး ဒုတိယနေ့ ဆက်လက်ဆန္ဒထုတ်ဖေါ် နေ""
နိုင်ငံတော်သမ္မတအား ထောက်ခံပြီး၊
ကုလသမဂ္ဂအထူးကိုယ်စားလှယ်
ကင်တားနားအား ကန့်ကွက်သည့်
 ငြိမ်းချမ်းစွာဆန္ဒပြပွဲအဖြစ် မန္တလေးမြို့
တွင် ဒုတိယနေ့ ဆက်လက်ပြု
လုပ်မည့် ချမ်းအေးသာစံမြို့နယ် ဆန္ဒပြပွဲသည် အာဏာပိုင်များက တားဆီးမှုများ ပြု
လုပ်သော်လည်း ယခုစတင်၍ ဆန္ဒထုတ်ဖော်နေပြီဖြစ်ကြောင်း မန္တလေးမြို့ရှိ 7Day News
သတင်းထောက်က သတင်းပေးပို့သည်။
ယခင် ခွင့်ပြုခဲ့စဉ်က ဆန္ဒပြမည့်လမ်းကြောင်းအား ၇၉ လမ်း ၃၄ လမ်းထောင့်မှ
 မြောက်ဘက်
၂၇ လမ်းအထိ ဆန္ဒပြချီတက်ကြရန်ဖြစ်သော်လည်း ယနေ့တွင် ယင်း ၃၄ လမ်းထောင့်မှ
လမ်း ၈၀ ဘက် တောင်ဘက်သို့ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒထုတ်ဖော်လျက်
ရှိသည်။
ယခင် ခွင့်ပြုသည့် လမ်းကြောင်းမှာ လူသွားလူလာနည်းသည့် လမ်းကြောင်းဖြစ်ပြီး၊
ယခု ချီတက်ဆန္ဒထုတ်ဖော်လျက်ရှိသည့် လမ်းကြောင်းမှာ လူသွားလူလာများသည့်
လမ်းကြောင်းဖြစ်ကြောင်း သတင်းရရှိသည်။
Eleven Media Group
ဓါက်ပုံ ( အောင်နေမျိုး FaceBook မှကူးယူဖော်ပြသည်)
ရွှေမြန်မာ
ပြည်သူပိုင် သစ်များကို အစိုးရ ဋ္ဌာန လုပ်ပိုင်ခွင့် အာဏာဖြင့် အလွဲ သုံးစား ပြုလုပ်ကြသူများကို အရေးယူပေးစေလို (ပေးစာ)
ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ်တွင်
တာဝန်ကျနေသော အကျင့်ပျက် ဝန်ထမ်း
များ အကြောင်းကို ဒီစာဖြင့် အထက်လူကြီး
မင်းများ သိရန်နှင့်အများပြည်သူများသိ
အောင် ပြောပြတိုင်ကြားအပ်ပါသည်။
ကျွန်တော်တို့ဘူးသီးတောင်မြို့နယ်တွင်သစ်ပင်များ ပေါများစွာ ပေါက်ေ၇ာက်လျှက်
ရှိသောဖုံညိုလိပ် ကျေးရွာအုပ်စု၊ ကျောက်ရံ ကျေးရွာအုပ်စု၊ဖရုံချောင်း ကျေးရွာအုပ်စု၊
 တောင်ဘဇား ကျေးရွာအုပ်စု၊ ခထီးလှ ကျေးရွာအုပ်စုတို့တွင် ယခုအခါ အကျင့်ပျက်ဝန်ထမ်း
များရဲ့ လက်ချက်ကြောင့် သစ်များ ပြုန်းတီးလျှက် ရှိနေပါသည်။
အကျင့်ပျက်တစ်ကိုယ်ကောင်းဝန်ထမ်းများဖြစ်ကြသော မြို့နယ် စည်ပင်ဦးစီးအရာရှိ ဦးစောဝေ၊ သတင်း တပ်ဖွဲ့တာဝန်ခံ ဒုရဲအုပ် ကျော်လင်းသိန်းနှင့် သစ်မှောင်ခိုလုပ်ငန်းရှင် ဦးဥာဏ်လင်း၊ ဦးစောမောင်တို့
လေးဦးပူးပေါင်းပြီး တစ်မြို့နယ်လုံးရှိ သစ်များကို သူတို့လက်အောက်ခံ အခိုင်းအစေများအား တရားဝင် အထောက်အထား တစ်စုံတစ်ရာမှ မရှိဘဲ သစ်များကို ခုတ်လှဲ ထုတ်လုပ် ခိုင်းလျှက် ရရှိ လာသော သစ်အချောများကို စက်လှေများဖြင့် သယ်ဆောင်ယူလာကာ မြို့နယ်စည်ပင်ရုံးရှိ မြေကွက်လပ်တွင် စုံပုံထားရှိပါသည်။
ထိုသစ်များကို သတင်းတပ်ဖွဲ့ တာဝန်ခံဖြစ်သူ ကျော်လင်းသိန်းရုံးတွင် နေသော ကုလားလူမျိုး တပည့်များကို သယ်ဆောင်ခိုင်းခြင်း၊ ထို မူဆင်လင် ကုလား ကလေးများရဲ့ ပြောပြချက်အရ တစ်နေ့လျင် စက်လှေ ဆယ်စီးခန့် တစ်စီးလျှင် သစ် ၈တန်မှ ၁၀တန်ထိ ရှိမည်ဟု ပြောပါသည်။
သူတို့အနေဖြင့် တစ်နေ့လျှင် ငွေနှစ်သောင်း ကျပ်ခန့် ရရှိကြကြောင်း ထို့အပြင် ရသေ့တောင် မြို့နယ်မှ သစ်မှောင်ခိုလုပ်ငန်းရှင်များနှင့် သတင်း တပ်ဖွဲ့ တာဝန်ခံ ဒုရဲအုပ် အေးစန်း တို့ပူးပေါင်းကာ သစ်များကို
ရသေ့တောင်မြို့နယ်မှ တရားမဝင် သယ်ဆောင် ယူလာပြီး ဘူးသီးတောင်မြို့ သတင်းတပ်ဖွဲ့ တာဝန်ခံ ကျော်လင်းသိန်းထံတွင် ရောင်းချကြကြောင်း ၊ဘူးသီးတောင်မြို့နယ် သစ်တော ဦးစီးဋ္ဌာနမှ ဝန်ထမ်း ဇော်ထွန်း နဲ့ အဖွဲ့အား စက်လှေ တစ်စီးလျှင် ငွေငါးသောင်းကျပ် ပေးရကြောင်း၊ သူတို့ အဖွဲ့သည် သူတို့ ပြု လုပ်နေ သည်မှာ တစ်လကျော် ခန့်ရှိနေပြီ ဖြစ်ပါသည်။
ထိုကဲ့သို့ စည်းကမ်းမဲ့စွာဖြင် အစိုးရဋ္ဌာနရဲ့ လုပ်ပိုင်ခွင့် အာဏာကို လုပ်ချင်သလို အလွဲသုံးစား လုပ်နေကြလျှင် သစ်ပင်များ များမကြာမီ  ပြုန်းတီးသွားနိုင်ပြီး၊ သဘာဝ ဘေးရန်ဆိုးများ ကျရောက် လာနိုင်ပါသည်။ အထက်ပါ အကျင့်ပျက် တစ်ကိုယ် ကောင်း ဆန်သော ဝန်ထမ်းများကို ထိရောက်စွာ အရေး ယူပေးပါရန် ဒီစာဖြင့် တောင်းဆိုအပ်ပါသည်။
 ဖုံညိုလိပ်ကျေးရွာသူ\သားများ
 ဘူးသီးတောင်မြို့၊။
ရွှေမြန်မာမီဒီယာ
ကျန်းမာ ရေး အသိပညာ နှင့် ပတ်သက် ပြီး ပြည်သူများ ကို ကိုမိုးသီးဇွန် လက် တွေ့  ပြသ
ဘာသာ ရေး နှင့် သာသနိက အဆောက်အဦ များ လွဲ ပြီး နေရာ စုံ ဖိနပ် ချွတ်ခြင်း သည် ကျန်းမာရေး ကို ထိ ခိုက် နိုင်သည် ဆိုသည့် အချက် ကို
ရန်ကုန် မြို့  သို့ ရောက် ရှိ စဉ် ကိုမိုးသီးဇွန် က လက် တွေ့  ပြသခဲ့ သည်။
၎င်းသည် ယနေ့  ၈၈ မျိုး ဆက် ကျောင်းသား ရုံး ခန်း သို့  ရောက် ရှိစဉ်
အခြားသူ များ က ဖိနပ် ချွတ်ထား သော် လည်း သူက စီးမြဲ စီးထား ခြင်း
ဖြင့် ကျန်းမာ ရေး နှင့် အမှန် တကယ် သန့် ရှင်း ခြင်း ကို လိုလား ကြောင်း
လက် တွေ့  ပြ သခဲ့ သည်။
ဖိနပ် ချွတ် ၍ သွားလာ ခြင်းသည် ရောဂါ ပိုးများ ကို အမှန် တကယ် သယ်
ဆောင် ခြင်း ဖြစ်ကြောင်း အနောက် တိုင်း နှင့် ဂျပန် ၊ ကိုရီးယား ၊ တရုတ်
ဆေး ပညာရှင် များ က ယုံကြည် ကြသည်။ တရုတ် ကွန် မြူ နစ် ခေါင်း
ဆောင် ကြီး မော် စီ တုန်း ပင် လျှင် ခရီး ရှည် ချီ တက် ပွဲ ဉ် တစ်ခါ မှ ဖိနပ်
မ ချွတ် ဟု သိရသည်။
အမေရိကန် နိုင်ငံ ဂျော် ဂျီ ယာ ပြည်နယ် တွင် မြန်မာ နိုင်ငံမှ ရွှေ့ ပြောင်း
ဒုက္ခသည် များ ကို အကူ အညီ ပေး နေသည့် ဒေါက် တာ နစ် ခရေ့ က "
ဖိနပ် ချွတ် တာ ရောဂါ ပိုး  တွေ ကို ပို မို ကူးစက် နိုင်တယ်။ မလို အပ်ဘဲ
ဖိနပ် မချွတ် ပါ နဲ့  ကျွန်တော့် ရုံး ခန်း ထဲ ကို ဖိနပ် မချွတ် ဘဲ ၀င် နိုင် ထွက်
နိုင်တယ်။ ကျွန် တော့် အိမ် ထဲ လဲ ဖိနပ် စီး ၀င် နိုင်တယ်။ ကျွန်တော် အမြဲ
ပြောပါတယ်။ ဒါ ပေမယ့် မြန်မာ ပြည်က လာသူ တွေ ဖိနပ် ချွတ်ကြတာ ပါ
ပဲ ဗျာ ဟု FNG ကို ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ရန်ပုံငွေ စေတနာဝသန်တေးဂီတ ဖျော်ဖြေပွဲ
စက်တင်ဘာလ ၁ ရက်နေ့က စစ်ဘေးဒဏ် သင့်နေသော ကချင်ဒေသ နှင့် ရေဘေးသင့်နေသော ဧရာဝတီတိုင်းအတွက် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ရန်ပုံငွေ စေတနာဝသန် တေးဂီတ ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမဆောင်တွင်း ကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲးမှာ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နှင့် ကိုပြုံးချို တို့ ရေးဆွဲထားသော ပန်းချီကားပါ ဂစ်တာကို SKYNET မှ ၅၈၈ သိန်း ဖြင့် လေလံအောင်သွားပါတယ်။ သူငယ်ချင်းတွေ ကြည့်ဖို့ ပုံလေးတွေ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ...။
=== ရယ်စရာရွှင်စရာ ဟာသစုံလင် အပိုင်း ( ၆ ) ===
“ သူနဲ့မှ မတော်တာ ”
******************
မမာမကျန်းဖြစ်လျှက်ရှိသော ဇနီးသည်က ခင်ပွန်းဖြစ်သူကိုတိုးတိုးကလေး မှာနေရှာသည်.....။
ဇနီး...။ “ ကျွန်မတိမ်းပါးသွားရင် ရှင်တစ်ရောက်ထဲမနေပါနဲ့။
နောက်အိမ်ထောင်ပြုပါ။ ဒါပေမဲ့လေ ကျွန်မအဝတ်အစားတွေတော့
သူကိုပေးမဝတ်ပါနဲ့နော်...။”
ခင်ပွန်း...။ “ အေးပါကွာ ငါပေးမဝတ်ပါဘူး။ မင်းအဝတ်အစားတွေက
သူနဲ့လဲ တော်မှာမဟုတ်ပါဘူးကွာ.....။ ”
“ တစ်ခါတည်းမစားပါဘူး ”
************************
မိခင်...။ “ သားကို ကိတ်မုန့်စားရင် ပေါင်မုန့်မစားဖို့ မေမေမှာထားတယ်လေ။
ဘာလို့နှစ်မျိုးလုံး တစ်ခါတည်းကုန်အောင် စားပစ်ရတာလဲ။
သား...။ “ တစ်ခါတည်း ကုန်အောင်မစားပါဘူး မေမေ...။”
မိခင်...။ “ ဟင်.... ဒါဆို ဘာလို့ မရှိတော့တာလဲ...။ ”
သား...။ “ ပေါင်မုန့်ကိုအရင်စားပါတယ်မေမေ။ တအောင့်နားပြီးမှ ကိတ်မုန့်ကို
ထပ်စားလိုက်တာပါမေမေ... ။”
“ ဘယ်မှာစွဲလို့လဲ ”
******************
အရက်သောက်တက်သော ကိုရွှေအား သူငယ်ချင်းကိုဇော်က သတိပေးစကားပြောနေပါသည်...။
ကိုဇော်...။ “ သူငယ်ချင်းရေ အသောက်အစားလေးတော့ဆင်ခြင်ပါကွာ
ကောင်းကျိုးပေးတဲ့အရာတွေမဟုတ်ဘူး။ စွဲသွားပြန်ရင်လဲဒုက္ခ
မကောင်းပါဘူး သူငယ်ချင်းရာ မလုပ်ပါနဲ့...။ ”
ကိုရွှေ...။ “ ပူမနေပါနဲ့ဇော်ကြီးရာ ကိုယ်စိတ်ကိုယ်နိုင်ရင် မစွဲပါဘူးကွ။ မနိုင်တဲ့သူတွေသာ
အရက်စွဲတာပါ...၊ ငါ့ကြည့်ပါလား တစ်နေ့တစ်ပိုင်း သောက်နေတာတောင် ဘယ်မှာစွဲလို့လဲ...။ ”
“ နှိုက်ရဲရင် နှိုက်ကြည့် ”
*********************
တစ်ခါက ရွာတစ်ရွာမှာ မောင်မိုးဆိုတဲ့ လူငယ်တစ်ယောက် ရှိသတဲ့။
တစ်နေ့မောင်မိုးဟာ လယ်ကွင်းထဲမှာ ငါးနှိုက်လိုက် ငှက်ပစ်လိုက်နဲ့ လုပ်နေတာ
ထမင်းစားချိန် ရောက်လာပါရောတဲ့ဗျာ။
မောင်းမိုးဟာ ဗိုက်က ဆာလာတော့ ရွာပြန်လာတယ်။ ရွာနားရောက်တော့ သူ့ဦးလေးနဲ့
တွေ့တော့ “ ဟေ့မောင်မိုး မင်းဘယ်ကပြန်လာတာလဲ မင်းတို့အိမ်မှာ ဧည့်သည်ရောက်လို့
ကြက်သားချက်တယ်ကွ။ ငါလည်း လယ်တောကပြန်လာမှ ဝင်စားရဦးမယ် ” ပြောတော့
မောင်မိုးအားရဝမ်းသားနဲ့ အိမ်အရောက်ပြေးတော့တာပေါ့...။
မောင်မိုးအိမ်ရောက်တော့ ထမင်းပွဲက ပြင်နေပြီ
ထမင်းဝိုင်းမှာ ဧည့်သည်က ထိုင်နေပြီလေ။ မောင်မိုးလည်း အခြေအနေကြည့်နေတယ်။.
တအောင့်နေ သူအဖေလဲလစ်ရော ဧည့်သည်ကိုလေးခွနဲ့ ချိန်လိုက်ပြီးပြောလိုက်တယ်
“ ဒီမယ်ဦးလေးကြီး ကျွန်တော်ကကြက်အသည်း အရမ်းကြိုက်တယ်ဗျ။ ဒါကြောင့်
ထမင်းစားရင်ကြက်အသည်းကို လုံးဝမနှိုက်ပါနဲ့ နှိုက်လို့ကတော့ ကျွန်တော့လေးခွ
နဲ့အပစ်ပဲ ” လို့ကြိမ်းဝါးထားသတဲ့ ဧည့်သည်လဲ ထမင်းသားစားပြီးသွားတယ်
ကြက်အသည်းကို ထိတောင်မထိရဲဘူးတဲ့...။
“ ပိုကာဒေါင်းရုံဆို တော်ပါရဲ့တော် ”
*******************************
တစ်ခါက ရွာတစ်ရွာမှာ မောင်ထွန်းဝေဆိုတဲ့ လူငယ်လူလည်တစ်ရောက်ရှိတယ်...။
သူ့မိန်းမနာမည်က မဂျာဝိုင်းတဲ့ သူမိန်းမကတော့ခပ်အအရယ်လေ။ မောင်ထွန်းဝေ
ဟာ မိန်းမကွယ်ရာမှာ အသောက်အစား နဲ့ လောင်းကစား မကင်းဘူးတဲ့။ မဂျာဝိုင်းက
ရိုးပြီးအတော့ မောင်ထွန်းဝေပြောသမျှ ယုံတာပေါ့ဗျာ...။
တစ်နေ့တော့ မောင်ထွန်းဝေ ဖဲကစားနေတဲ့အချိန် မဂျာဝိုင်းအဖေ ဦးအောင်တင့်နဲ့
ပက်ပင်း တိုးပါလေရောဗျာ..။ ဦးအောင်တင်ကလဲ လူကြီးပီပီ သမက်ကို ဘာမှ မပြောဘဲ
ဖဲဝိုင်းက ရှောင်သွားလေရဲ့။ အိမ်ရောက်တော့ ဦးအောင်တင့်က မဂျာဝိုင်းကိုခေါ်ပြီး...
“ သမီး...... သမီးယောက်ျားဖဲရိုက်တယ်း။ အဲဒါ...သမီးကြည့်ပြောထားဦး ”လို့သတိပေး
သတဲ့။ ...မဂျာဝိုင်းလဲ ယောက်ျားကိုရှာတယ် တွေ့တော့.....
“ ကိုထွန်းဝေ ဖဲရိုက်တယ်ဆို။ ဖဲရိုက်တာ မကောင်းပါဘူးတော်။. စီးပွားပျက်တက်တယ်တော့
နောက်မလုပ်ပါနဲ့ ကိုထွန်းဝေရယ် ” လို့ပြောသတဲ့...။
မောင်ထွန်းဝေက မဂျာဝိုင်းကို ပြန်ပြောလိုက်ပုံကတော့....
“ ဟာမိန်းမကလဲကွာ .. မဟုတ်တာပြောရော့မယ်.။ ငါကဖဲမရိုက်ပါဘူးကွာ...
အပျင်းပြေ ပိုကာလေးတော့ ဒေါင်းမိပါတယ် မိန်းမရာ... ”
သည်တွင် မဂျာဝိုင်းပြန်ပြောလိုက်ပုံက...။
“ အင်းပါ.... ပိုကာဒေါင်းရုံဆို တော်ပါသေးရဲ့တော်။ ကျုပ်က ဖဲရိုက်တယ်ကြားလို့
ပြောတာပါ ”....တဲ့.....။
“ ထောက်ခံစာ ”
*****************
တစ်ခါက ကျင်းမကျေးရွာမှာ ဦးဖိုးဝဆိုတဲ့ လူတစ်ရောက်ရှိတယ်ဗျ။
ဦးဖိုးဝဟာ စာပေအခြေခံ နည်းပင်မယ့် ပေါင်းသင်းဆက်ဆံရေးကောင်းတော့ ကျေးရွာ
လူကြီး ဖြစ်လာတယ်လေ...။
ကျင်းမရွာက မောင်သန်းဟာ အောက်ပြည်အောက်ရွာကို သနပ်ခါးအရောင်းအဝယ် သွားလေ့
ရှိတယ်ဗျ။ တစ်နေ့ပေါ့ မောင်သန်းတစ်ရောက် သနပ်ခါးတွေ ကားပေါ်တင်ပြီးမှ သူရဲ့မှတ်ပုံတင်
ကပျောက်နေလေရော။ ဒါနဲ့ကားပေါ်က ခရီးသည်တွေက စောင့်ရတာကြာတော့ မောင်သန်းကို.
“ ဥက္ကဋ္ဌကြီးဆီက ထောက်ခံစာသာ တောင်းခဲ့ကွာ ” လို့ အကြံပေးကြတာပေါ့။
ဒါနဲ့ မောင်သန်းလဲ ဥက္ကဋ္ဌအိမ် ပြေရတာပေါ့ဗျာ။ ဥက္ကဋ္ဌအိမ်ရောက်တော့ ဥက္ကဋ္ဌကြီးကရှိနေတယ်
ဒါပင်မဲ့ စာရေးက အိမ်မှာ မရှိဖြစ်နေသတဲ့။ မောင်သန်းလည်း အမျိုးမျိုးတောင်းပန်ပြီး
ဥက္ကဋ္ဌကြီးရဲ့ထောက်ခံစာကို တောင်းတာပေါ့ဗျာ။ ဒါနဲ့ ဥက္ကဋ္ဌကြီးလဲမနေသာတော့ဘူးလေ
ကိုယ်တိုင်ပဲ ထောက်ခံစာကိုရေးပေးရတော့တာပေါ့။
ဥက္ကဋ္ဌကြီးရေးပေးလိုက်တဲ့ ထောက်ခံစာကတော့....
 ““ သက်ဆိုင်ရာသို့.........
  ကျင်းမရွာမှ အဘဦးဖြိုး၏ သား မောင်းသန်းသည်
အောက်ပြည်အောက်ရွာသို့ သေနတ် အရောင်းအဝယ်
သွားသည်မှာ မှန်ကန်ကြောင်း ထောက်ခံပါသည်..။
                            ဥက္ကဋ္ဌ
                                            ကျင်းမကျေးရွာ
                                          ............မြို့နယ်
“ ထဘီ ၁၂ ဖာ ဘယ်သူလာလို့ ဝတ်ပါ့မယ် ”
************************************
တစ်ခါက ဆင်သေရွာတွင် ဦးပြူးဆိုသည့် လူတစ်ရောက်ရှိတယ်ဗျ....
ဦးပြူးက ရိုးရိုးသားသား လုပ်ကိုင်စားသောက်သူတစ်ဦးပေါ့ဗျာ။ စီးပွားရေးကတော့ မချောင်
လည်လှဘူးလေ။ တစ်နေ့တော့ ဦးပြူးမိန်းမ ဒေါ်သိန်းဟာ ယာထဲအသွား မြွေကိုက်ပြီး
ဆုံးသွားရှာတယ်။
ဦးပြူးက ဒေါ်သိန်း အသုဘချသောနေ့တွင်...
“ အမလေး... မိသိန်းရဲ ...မိန်းမရဲ့။ မင်း နှမြောပြီး မဝတ်ဘဲထားခဲ့တဲ့ ထဘီ ၁၂ ဖာ ဘယ်သူ
လာလို့ ဝတ်ပါ့မလဲကွယ်...ဟီး..ဟီး....ဟီး.. ” လို့ငိုတယ်လေ။
ထိုအချိန်မှာ ဒေါင်းလှရွာက မိအေးက ဦးပြူးဖွဲ့နွဲ့ငိုပုံကို သတိထားမိတယ်လေ။
မိအေးက အဝတ်အစားသိပ်မက်တာတဲ့ဗျ။
ဒေါ်သိန်းဆုံးပြီး ခြောက်လမပြည့်ခင်မှာပဲ ဦးပြူးဟာ မိအေးတိုလပ်ထပ်ကြလေသတည်း
ပေါ့ဗျာ..။ လပ်ထပ်ပြီးတော့ မိအေးက ဦးပြူးအိမ်သို့ လိုက်နေတယ်လေ.။
ဦးပြူးအိမ်ရောက်တော့ ထဘီများကို အိပ်ခန်းထဲဝင်ပြီး ရှာဖွေကြည့်တယ် မတွေ့။
အခန်းရဲ့ဒေါင့်မှာတော့ ဖာစုတ်တစ်လုံးပဲ မိအေးတွေ့ရတယ်။
ဒါနဲ့ မိအေးက မနေနိုင်ဘူးလေ ဦးပြူးခေါ်ပြီး  ထဘီ ၁၂ ဖာမေးတော့တာပေါ့။
ဦးပြူးက အခန်းထောင့်က ဖာစုတ်ကလေးမထုပ်လာတယ်။. ပြီးတော့ဖာစုတ်လေး
ထဲက ထဘီစုတ်တစ်ထည်ကို ထုပ်လိုက်တယ် ပြီးတော့မိအေးကိုပြောလိုက်တယ်လေ...
“ မိအေးရေ.....မယုံရင် ရေကြည့်ကွာ။ ထဘီက အစုတ်များတော့ ဖားထေးထားရတာကွ
အဖာပေါင်း ၁၂ ဖာရှိတယ်လေ မင်းမယုံရေကြည့်ပါလား... ”ဟု
ပြောလိုက်လေတော့သတည်း...။
*****************************************************************
“ သင့်ရဲ့ကွန်မန့်တစ်ချက်ဟာ စာရေးသူတွေရဲ့အားကိုဖြစ်စေပါတယ် ”
                                     ခင်တက်တဲ့    လူကဲလေး :p
ကိုယ်ကျိုးစီးပွား ကာလွန်းလျှင် ရင်းနှီးမြှုပ်နှံမှု အလာနည်းမည်
 ·
ရင်းနှီးမြှုပ်နှံမှုဥပဒေ အပြောင်းအလဲကြောင့် နိုင်ငံခြားလုပ်ငန်းရှင်များ
စိတ်အနှောက်အယှက်ဖြစ်ရပြီး မြန်မာပြည်အပေါ် ယခင်က စိတ်လှုပ်ရှားခဲ့မှုများ
ယခုအခါ အေးစက်လာနေသည်
လွှတ်တော်တွင် ရေးဆွဲနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင်
ကိုယ်ကျိုးစီးပွား ကာကွယ်သည့် အပိုဒ်များ ထည့်သွင်းလာနေသောကြောင့်
အတည်ပြုပြဌာန်းမည့် ယင်းဥပဒေသည် မြန်မာ့စီးပွားရေးကို ချုပ်ကိုင်ထားသော
ထိပ်သီးစီးပွားရေးသမားများကိုသာ အကျိုးဖြစ်စေပြီး
နိုင်ငံခြားရင်းနှီးမြှုပ်သူမျာ
းကို ဆွဲဆောင်မှု နည်းစေမည်ဟု
ဝေဖန်နေကြသည်။
ယင်းဥပဒေကြမ်းကို လက်ခံရရှိထားသော ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်း အဆိုအရ
တိရစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ကုန်ခြောက်ထုတ်လုပ်ရေး၊
လယ်ယာစိုက်ပျိုးရေး အပါအဝင် ကဏ္ဍ ၁၃ ခုတို့တွင်
နိုင်ငံခြားသားပိုင်ဆိုင်မှုကို ၃၅ ရာခိုင်နှုန်းမှ အများဆုံး ၄၉
ရာခိုင်နှုန်း အထိသာ သတ်မှတ်ကြောင်း၊ စတင်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၅
သန်းမှ ၈ သန်း ရှိရမည်ဖြစ်ကြောင်းနှင့် နယ်စပ်ဒေသများတွင်
ရင်းနှီးမြှုပ်နှံမှုကိုလည်း ပိတ်ပင်ထားကြောင်းသိရသည်။
ဂျပန်စီးပွားရေးသမားများ အနေဖြင့် ယင်းကဏ္ဍများတွင် ရင်းနှီးမြုပ်နှံရန်
ရည်မှန်းထားရာ အဆိုပါဥပဒေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရပြီး
မြန်မာပြည်အပေါ် ယခင်က စိတ်လှုပ်ရှားခဲ့မှုများ ယခုအခါ အေးစက်လာနေကြောင်း
အဆာဟိရှင်ဘွန်းက ရေးသားထားသည်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် နိုင်ငံခြားကုမ္ပဏီများအတွက် ၅ နှစ်
အခွန်ကင်းလွတ်ခွင့်၊ ယင်းကာလအား အခွန် ၅၀ ရာခိုင်နှုန်းဖြင့် နောက်ထပ် ၅
နှစ် ထပ်တိုးခွင့်၊ အများဆုံး နှစ် ၆၀ အထိ မြေငှားပိုင်ခွင့်နှင့်
အကျိုးအမြတ်အား နိုင်ငံရင်းသို့ ပြန်လည်ပို့ဆောင်ခွင့် စသည်တို့
ပါဝင်ပြီး ယခင်က နိုင်ငံခြားသားပိုင်ဆိုင်ခွင့် ၁၀၀ ရာခိုင်နှုန်းထိ
အာမခံမည်ဟု ဆိုခဲ့သည်။
သို့သော် ဇွန်လနှင့် ဇူလိုင်လများအတွင်း ပြည်တွင်းလုပ်ငန်းရှင်များနှင့်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အကြား တွေ့ဆုံဆွေးနွေးခဲ့ရာ
ပြည်တွင်းလုပ်ငန်းရှင်များက နိုင်ငံခြား ကုမ္ပဏီများ ဝင်လာလျှင် မိမိတို့
မယှဉ်နိုင်ကြောင်း တင်ပြ၍ နိုင်ငံတော်အနေဖြင့် အကာအကွယ်ပေးရန်
တောင်းဆိုခဲ့ကြသည်။
ယခုအခါ ပြင်ဆင်မှု ၉၄ ခု ပြုလုပ်ထားသည့် ယင်းဥပဒေကို ပြည်သူ့လွှတ်တော်တွင်
အတည်ပြုခဲ့ပြီဖြစ်ကြောင်းနှင့် အမျိုးသားလွှတ်တော်မှ အတည်ပြုပြီးလျှင်
သမ္မတအနေဖြင့် အတည်ပြု လက်မှတ်ထိုးရမည်ဖြစ်သည်။
ယင်းဥပဒေအတိုင်းဆိုလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူထက်
ပြည်တွင်းလုပ်ငန်းရှင်က အရင်းအနှီး ပိုမိုထည့်ဝင်ရမည်ဖြစ်၍
ယင်းငွေကြေးပမာဏကို ပိုင်ဆိုင်သူများမှာ အမေရိကန်နှင့်
အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့ခံထားရသော
ထိပ်တန်းစီးပွားရေးသမားများသာ ဖြစ်နိုင်ကြောင်း ရိုက်တာသတင်းတပုဒ်က
ထောက်ပြဝေဖန်သည်။
မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ဩစတြေးလျ စီးပွားရေးပညာရှင်
ရှောင်တာနဲလ်က ဥပဒေကြမ်း ပြင်ဆင်မှုများသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း
နောက်ပြန်ဆွဲခြင်းဟု ဆိုသည်။
“ပိုပြီး လစ်ဘရယ်ကျတဲ့ စီးပွားရေးဝန်းကျင်ဆီ ရွေ့ရမယ့်အစား ပြည်တွင်းက
တချို့သော သူတွေဟာ မြန်မာ့စီးပွားရေးကို ထိထိရောက်ရောက်
လက်ဝါးကြီးအုပ်နိုင်မယ့် အနေအထားမျိုး ပေါ်ထွက်လာရအောင်
ဝိုင်းတွန်းနေပုံရတယ်” ဟု ရှောင်တာနယ်က ပြောဆိုကြောင်း ရိုက်တာသတင်းက
ရေးသည်။
သမ္မတရုံးအနေဖြင့် ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို
လွှတ်တော်အမတ်များထံတင်ပြပြီး ပိုမိုပျော့ပြောင်းရေး တိုက်တွန်းသော်လည်း
ဥပဒေပြုရေး အဓိက တာဝန်ရှိသည်မှာ သူရဦးရွှေမန်း ဦးစီးသော
ပြည်သူ့လွှတ်တော်သာဖြစ်ကြောင်း ရိုက်တာက ဆိုသည်။
ယခု သတင်းကြောင့် မြန်မာပြည်တွင်းလုပ်ငန်းများ ဝင်လုပ်ရန်
ဝေခွဲမရဖြစ်နေပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေကို စောင့်နေကြသော
နိုင်ငံခြား လုပ်ငန်းရှင်များကို နှင်ထုတ်သလို ဖြစ်နေကြောင်း လန်ဒန်ထုတ်
သတင်းစာ Financial Times ဝက်ဘ်ဆိုက်ပါ သတင်းတပုဒ်ကလည်း ဆိုသည်။
ရန်ကုန်အခြေစိုက် အိမ်ယာရောင်းဝယ်ရေး အနောက်နိုင်ငံသား
စီးပွားရေးလုပ်ငန်းရှင်တဦးက “ရှေ့နောက် မညီဘဲ ပြည်တွင်း လုပ်ငန်းတွေကို
ဗြောင်ကာကွယ်ပေးပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို မြှူဆွယ်မယ့်
ဥပဒေဟာ တကယ်တော့ ကျနော်တို့ကို မောင်းထုတ်လိမ့်မယ်” ဟု ပြောသည်။
ဇွန်လအတွင်းက မြန်မာနိုင်ငံကို နိုင်ငံခြားကုမ္ပဏီများ
လာရောက်စုံစမ်းမှုများ ရှိသော်လည်း လက်တွေ့တွင် ထင်သလောက်
ရင်းနှီးမြှုပ်နှံမှု မလုပ်ကြကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုခဲ့ဖူးသည်။
ဧရာဝတီ
September 1, 2012
http://burma.irrawaddy.org/archives/19180
ဘူသီးတောင်မြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦးအား ဓါးဖြင့် ခုတ်သူ အဘူကာဆိမ်းအား ရဲက ဖမ်းဆီး
မောင်အေး
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်
ဟင်းသီး ဟင်းရွက် ၀ယ်၍ ပြန်လာသူ ရခိုင်
အမျိုးသမီးငယ် တစ်ဦးအား ဓါဖြင့် ခုတ်သူဟု
 စွပ်စွဲခံထားရသူ အဘူကာဆိမ်းဆိုသူအား
ရဲကဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။
“ ဟုတ်ကဲ့။ အဲဒီအမှုနဲ့ ပတ်သတ်ပြီး အာဘူ ကာဆိမ်းကို ဖမ်းဆီး
အမှုဖွင့်ထားပါတယ်။
 အခု လောလောဆယ် ၅  ယောက် ဖမ်းဆီး ထားပါတယ်။ ဒါပေမဲ့ ခုတ်တာက
တယောက်တည်းဖြစ်တဲ့ အတွက် သူတစ်ယောက်တည်းကိုဘဲ ဖမ်းဆီး တရားစွဲ
ဆိုထားပြီး  တခြားသူတွေကိုတော့ သက်သေ အဖြစ် ခေါ်ထားတာ ဖြစ်ပါတယ်။
 ဖမ်းလာ တာမဟုတ်ပါဘူး” ဟု ဘူးသီးတောင်ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက
 ပြောသည်။
အမှုနှင့်ပတ်သတ်ပြီး ဖမ်းဆီးထားသည့် အာဘူကာဆိမ်းမှာ အသက် ၁၉ နှစ်ဖြစ်ပြီး
သူနှင့်  တစ်ခြား အပေါင်းအပါ ၅ ဦးတို့အား  ယမန်နေ့က  ကျေးရွာသားများက
ဓါးခုတ်ခံရသူ အမျိုးသမီးငယ်မှာ ရီရီသန်း ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှ
အဘ ဦး စံကျော်လှသမီး ဖြစ်သည်။ ဓါးခုတ်ခံရသဖြင့် ဘယ်ဘက်ခြေဖနှောင့် အထက်တွင်
 ဒဏ်ရာရရှိသွားပြီး ယခုအ ခါ ဘူသီးတောင် ဆေးရုံတွင် ဆေးကုမှု ခံယူနေရ ကြောင်း
သိရသည်။
မရီရီသန်းမှာ အစ်ကိုဖြစ်သူ ကျော်သန်းလှိုင်၊ မောင်ဖြစ်သူ ကျော်သန်းဌေးတို့နှင့်အတူ
စက်တင်္ဘာလ (၁) ရက်နေ့က အေရာချာ (ခမီး အမျိုးသားကျေးရွာမှ) အပြန်တွင် ယခုကဲ့သို့ ဓါးခုတ်ခံရခြင်းဖြစ် ကြောင်း ဖြစ်ပျက် ခဲ့ပုံနှင့်ပတ်သတ်ပြီး ဘူးသီးတောင်မြို့ခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။
“ သူတို့က အေရာချ ဆိုတဲ့ ခမီးရွာမှာ ယာတောင်ကထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကို
ဝယ်ဖို့သွား တယ်။
အဲဒီရွာမှာ တညအိပ်ပြီး မနက်ပိုင်းမှာ ဟင်းသီးဟင်းရွက်တွေနဲ့ဆင်းလာတယ်။ အုတ်တောင် ရွာ တောင်ဘက်က ဘုန်းကြီးကျောင်းဟောင်း နေရာကို နေ့လည် ၁ နာရီ မိနစ် ၂၀ ခန့်မှာ
 ရောက်ပါ တယ်။
အဲဒီ နေရာကို ရောက်တဲ့အခါ ဘင်္ဂလီ ၂၀ ခန့်နဲ့တွေ့ပါတယ်။ အဲဒီမှာ ဘင်္ဂလီ
လူငယ်တဦးက ရီရီသန်း နောက်က လိုက်လာပါတယ်။ ရှေ့ကသွားနေတဲ့ မောင်ဖြစ်သူနဲ့
 နည်းနည်း အလှမ်းဝေးနေ တဲ့အတွက် မောင်ဖြစ်သူကို မှီအောင် အော်ပြီး ပြေးလိုက်
 တဲ့အခါ လဲကျသွားတယ်။
အဲဒီနေရာမှာ မရီရီသန်းကို ဘင်္ဂလီလူငယ်က ဓါးနဲ့ ခုတ်တာ ဖြစ်ပါတယ်”
ဟု ပြောသည်။
မရီရီသန်းမှာ စိုးရိမ်ရသော အခြေအနေတွင် မရှိသော်လည်း ခြေထောက်တွင်
ဓါးခုတ်ခံရသဖြင့် အချိန်ယူ ဆေးကုသရမည်ဟု သိရသည်။
နိရဉ္စရာ
ရွှေမြန်မာ
''ဦးခေါင်းတစ်ခုစာ အသား ပိုပါလာသော ကလေးငယ် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပြီ "
မွေးရာပါ ဦးနှောက်ကျွံရော ဂါဖြင့်
 ဦးခေါင်းတစ်ခုစာ အသား ပိုပါလာ
သော ကလေးငယ်အား ယနေ့
စက်တင်ဘာလ ၃ တွင် အောင်မြင်
စွာ ခွဲစိတ်ကုသနိုင်ခဲ့ ကြောင်းသိရသည်။
အသက် ၁ လနှင့် ရက် ၂ဝ ရှိ အဆိုပါ ကလေးငယ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး
 ဦးနှောက် နှင့် အာရုံကြောခွဲစိတ်ဌာနတွင် တက်ရောက်ကုသပြီး ခြောက်ရက်
အကြာတွင် ခွဲစိတ်ဆရာဝန် ဦးမြတ် သူ၊ ဒေါက်တာကျော်စွာအောင်နှင့် မေ့ဆေး
ဆရာဝန် ဦးအောင်ကြည်တို့ပါဝင်သော အဖွဲ့က ခွဲစိတ်ပေးခြဲ့ခင်း ဖြစ်ကြောင်း
သိရသည်။
နံနက် ၉ နာရီမှ စ၍ ခွဲခန်းသို့ ဝင်ရောက်ခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် ပြီးစီးကြောင်း
 ဆေးရုံဆင်း ရမည့် ရက်ကိုမူမသိရှိရသေးကြောင်း ကလေး၏
မိဘများကပြောသည်။
မေ့ဆေးဆရာဝန် ဦးအောင် ကြည်က 'ကလေးကခေါင်းကကြီး တော့ အသက်ရူပိုက်
ထည့်ရတာ တခြားကလေးထက်ပို ခက်တယ်။ ကလေးကနုတော့ လူကြီးထက်ပို
ဂရုစိုက်ရတယ်။
 တခြားပြဿနာ က ဘာမှမရှိပါဘူး' ဟု ခွဲစိတ်မှုနှင့် ပတ် သက်၍ ပြောကြားသည်။
အဆိုပါ ကလေး၏ အသားပိုမှာ လုံးပတ် ၉ လက်မ၊ အမြင့် ၆ လက်မခန့်ရှိသည်ဟု
ခန့် မှန်းရပြီး ခွဲစိတ်ရန်ငွေအခက်အခဲရှိ နေသောကြောင့် စေတနာရှင်များ က
လည်းလာရောက် လှူဒါန်းကြ ကြောင့် ထို့သို့လာရောက်လှူဒါန်း သော
အလှူရှင်းများနှင့် ခွဲစိတ်ပေး သော ဆရာဝန်များ ဆရာမများကို ကျေးဇူးတင်ကြောင်း
ကလေးမိဘ များက ပြောကြားသည်။
PopularNews
ရွှေမြန်မာ
မြန်မာပြည်ရောက် ချယ်ရီ မီနီမှာ ကျောက်ဂွမ်းပါမပါ နှင့် ကာကွယ်ရန်
https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-snc6/200458_340016162756685_586630143_n.jpg
လက်တလော ချယ်ရီရဲ့ သတင်းဆိုးကြောင့် မြန်မာပြည် ချယ်ရီကားဈေး ကွက်ကို ထိခိုက်သွားပါတယ်။
နဂိုကတည်းက လူပြောများတဲ့ ချယ်ရီမီနီ ပြန်လည်သိမ်းဆည်းရတဲ့ သတင်းကြောင့် ချယ်ရီဆို သတိထားနေကြပါပြီ။ ဘရာဇီး၊ ဥရုဂွေး၊ ချီလီ၊ အာဂျင်တီးနား၊ စင်ကာပူ စတဲ့ နိုင်ငံများကို တင်သွင်းတဲ့ Chery ရဲ့  ကား brand တစ်မျိုးကို ပြန်လည် ခေါ်ယူစေတာဖြစ်ပါတယ်။ အမျိုးအစားကတော့ Chery Tiggo ဖြစ်ပါတယ်။ ပါဂျဲရိုးတို့လို SUV ကားကြီးအမျိုးအစား ဖြစ်ပါ တယ်။ ချယ်ရီမီနီမဟုတ်ပါဘူး။ အစီးရေကတော့ ၁၈၈၇၅ စီး ဖြစ်ပါတယ်။
ဂရိတ်ဝေါတို့လို တရုတ်နာမည်ကြီးကားကုမ္မဏီက သြစတေးလျမှာ နာမည်ပျက်ပြီးနောက် ချယ်ရီက နောက်ဆက်တွဲ ဖြစ်ပါတယ်။ သိမ်းဆည်း ရတဲ့အကြောင်းအရင်းက ကားအစိတ်အပိုင်းများမှာ ကျောက်ဂွမ်း ပါဝင် မှုကြောင့် ဖြစ်ပါတယ်။
ကျောက်ဂွမ်း (Asbestos) ကို အကြမ်းဖျင်း အရင်သိအောင်မိတ်ဆက်ရပါအုံးမယ်။ Asbestos ကတော်တော်ကို အသုံးများတဲ့ ကျောက်တစ်မျိုး ဖြစ်ပါတယ်။ ကျောက်ဆိုလို့ တန်ဖိုးတဲ့ ကျောက်များကိုပဲ ကျောက်လို့ခေါ်ဆိုခြင်းမဟုတ်ပါ။ လမ်းပေါ်မှာ ခင်းတာ ကျောက်တုံးလို့ ခေါ်သလို သတ္တု Asbestos ကိုလည်း ကျောက်ဂွမ်းလို့ပဲ ခေါ်ပါတယ်။ အိမ်သုံး-ဖာနစ်ရှာတွေများ ပိုများပါတယ်။ ပိုက်တွေမှာလည်း သုံးပါတယ်။ List အတိုင်းသာဆိုရင် - လျှပ်စစ်ပစ္စည်း၊ သံပစ္စည်း၊ မော်တော်ယာဉ်အစိတ်အပိုင်း၊ မီးငြိမ်းသတ် ပစ္စည်း အစရှိသဖြင့် အပူဒဏ်ခံရမယ့် နေရာတွေမှာ အသုံးများပါတယ်။
အဓိက ရည်ရွယ်ချက်ကိုက အပူဒဏ်ခံစေဖို့ဖြစ်ပါတယ်။ ဒီတော့ မော်တော် ယာဉ်တွေလည်း မဖြစ်မနေသုံးခဲ့ကြပါတယ်။ အဓိကအသုံးပြု တဲ့နေရာ ကတော့ ပုံမှာပြထားတဲ့အတိုင်း တကယ့် အပူဒဏ်အကြီး ကြီးခံရမယ့် အစိတ်အပိုင်းမှာ အသုံးပြုထားပါတယ်။ ဘရိတ်၊ Gasket လို့ခေါ်တဲ့ လေ လုံပိတ်၊ မီးမကူး ကြားခံ ပစ္စည်း၊ အပူကာ၊ ဗားကွင်း၊ အပိတ်၊ ကလပ်၊ လိုင်နာ အပူခံ၊ အစရှိသဖြင့် နေရာစုံအသုံးပြုပါတယ်။
ဒီတော့ ဖြစ်လာတဲ့အကျိုးဆက်က ဒီလိုပါ အပူဒဏ်ဆက်တိုက်ခံရတဲ့ ယင်းကျောက်ဂွမ်းများက မီးလောင်ပြီးတော့ အငွေ့ထွက်ပါတယ်။ ယင်းထွက် လာတဲ့အငွေ့ကို ရှုရှိုက်နေရတဲ့အခါ ရေရှည်ဟာ အဆုပ်ကင်ဆာ တစ်မျိုးဖြစ် ပါတယ်။ တကယ်ကြားရခဲတဲ့ အဆုပ်ကင်ဆာ တစ်မျိုးဖြစ်တဲ့ mesothelioma အမျိုးအစား ဖြစ်ပါတယ်။ ဒီထက်မက အခြား ကျန်းမာရေး ပြဿနာ များစွာလည်း ရှိနေပါသေးတယ်။ ရောဂါက အချိန်ခဏတာ ရှုရှိုက်သူများအတွက်တော့ မသိသာပါဘူး။ သို့ပေမယ့် နှစ်လရှည်ကြာ ရှုရှိုက်မိရင်တော့ ကြိမ်းသေ ရောဂါလဏ္ခနာ ပြမှာ ဖြစ်ပါတယ်။
ဒါကြောင့် ၁၉၈၀ နောင်းပိုင်း ကမ္ဘာတစ်လွှားမှာ မော်တော်ယာဉ် အစိတ်အပိုင်းများတွင် ကျောက်ဂွမ်းအသုံးပြုခြင်းအား နည်းဥပဒေအမျိုးမျိုးနဲ့ တားဆီးခဲ့ပါတယ်။ သေချာတာကတော့ အမေရိကန်မှာ မသုံးတော့ပါ ဘူး။ ပြီးတော့ ဖွံ့ဖြိုးပြီးနိုင်ငံများရှိ စက်ရုံအများစုမှာ အသုံးမပြုတော့ပါဘူး။ သို့ပေမယ့် အကန့်အသတ်နဲ့ ခွင့်ပြုပြီး အသုံးပြုခြင်းကိုတော့ တရုတ်ပြည်မှာ ပြုလုပ်ဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အခုတော့ ချယ်ရီ ပြဿနာတက်ပါပြီ။ ဒီတော့ ချယ်ရီ မီနီမှာ ကျောက်ဂွမ်း သုံးမသုံး စဉ်းစားစရာ တွေဖြစ်လာပါတယ်။ မီနီကို အဓိက ပို့တဲ့နိုင်ငံများ ကတော့ အီရန်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ တောင်အာဖရိက၊ ထိုင်း၊ ချီလီ၊ ဗီယက်နမ်၊ ပါကစ္စတန်၊ သီရိလင်္ကာ တို့ ဖြစ်ပါတယ်။ မြန်မာပြည်ပို့ တယ်ဆိုတာ ယင်းနိုင်ငံများကို ပို့တာထက် အစီးရေ နည်းနေ ပါသေးတယ်။ ဒီတော့ အဲဒီမှာ စင်္ကာပူတို့လို နိုင်ငံကြီးပါဝင်နေပါတယ်။ Gitto SUV တုန်းက စင်္ကာပူ၊ ချီလီ တို့ recall ပြန်လုပ်ခိုင်းပါတယ်။ ချယ်ရီ မီနီလည်း သူတို့ဆီမှာ ရှိနေပါတယ်။ ဒီတော့ ချယ်ရီ မီနီမှာ ကျောက်ဂွမ်းမပါဘူးလားလို့ စိတ်ဖြေချင်စရာ ဖြစ်လာပါတယ်။
သို့ပေမယ့် ကျောက်ဂွမ်းပါမပါဆိုတာကတော့ သက်ဆိုင်ရာ အစိုးရက တာဝန်ယူ စစ်ဆေးပေးသင့်ပါတယ်။ တကယ်ပါမပါကတော့ မြန်မာပြည် ဆိပ်ကမ်းကပ်လာတဲ့ မီနီတိုင်းကို လိုက်ကြည့်မှ သိမယ်ထင်ပါတယ်။ လက်ရှိလည်း မီနီနဲ့ တက္ကစီဆွဲနေသူပေါင်း မြောက်များစွာ ရှိပါတယ်။ သူတို့အားလုံးရဲ့ ကျန်းမာရေး အသက်အန္တရာယ်အပြင် လိုက်ပါစီးနင်းသူများ ရဲ့  အသက်အန္တရာယ်နဲ့လည်း နီးစပ်နေလို့ ဖြစ်ပါတယ်။ နိုင်ငံခြားမှာဆိုရင် အခွန်အခကြီးလို့ ကားတစ်စီးကို ကြာကြာမစီးပါဘူး။ မြန်မာပြည်မှာတော့ ကားတစ်စီးဆိုရင် နှစ်အတော်ကြာ ခိုင်းစားမှ တွက်ချေကိုက်တဲ့ အနေအထားမှာ ရှိပါတယ်။ ယခုလို နေ့စဉ် လုပ်ကိုင်စားသောက်နေ တဲ့ နိုင်ငံသားတွေရဲ့ ကျန်းမာရေးအတွက် ချယ်ရီမှာ ကျောက်ဂွမ်းပါမပါဟာ စိုးရိမ်စရာ ဂရက်တစ်ခုဖြစ် ရိုက်ခတ်နေပါတယ်။
ဒီတော့ ပါမပါ ကိုယ်တိုင် စစ်ဆေးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ပုံမှာ ပြထားတဲ့ အစိတ်အပိုင်းများကိုပဲ အဓိက စစ်ဆေးပေးရပါ မယ်။ ကျောက်ဂွမ်းအသုံးပြုထားတဲ့ အစိတ်ပိုင်းများကို ဝပ်ရှော့မှာ သွားရောက်စစ်ဆေး နိုင်ပါတယ်။
ကျောက်ဂွမ်းဟာ အဖြူတစ်မျိုးတည်းမဟုတ်ပါဘူး။ ကားမှာအသုံးများတာက အညိုရောင်ကျောက်ဂွမ်း ဖြစ်ပါတယ်။ Gasket မှာဆိုရင်လည်း သေချာ ထွင်းထားတဲ့ ကျောက်ဂွမ်းအဝိုင်းကို မြင်တွေ့ရပါမယ်။ သို့ပေမယ့် တကယ် ကျောက်ဂွမ်းဟုတ်မဟုတ် စစ်ဆေးမှုကိုတော့ စာရေးသူလည်း ဝပ်ရှော့မှာ လုပ်ကိုင်သူ၊ သတ္တုအမျိုးအစား အသေးစိတ်နားလည်သူ မဟုတ်တဲ့အတွက် တပ်အပ်မပြောရဲပါဘူး။ သေချာလည်း မလေ့လာရသေး ပါဘူး။ တကယ် သိတတ် နားလည်သူများရဲ့ အကူအညီ ကို တောင်းပြီး ကျောက်ဂွမ်းပါတဲ့အစိတ်အပိုင်းများကို အစားထိုးတပ်ဆင်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ငွေအကုန် အကျ နှစ်ခုထဲက တစ်ခုတော့ ရွေးရ မှာ ဖြစ်ပါတယ်။ ငွေအကုန်မခံနိုင် ရင်တော့ ကျောက်ဂွမ်း နဲ့နဲ့ ဆက်လက် လုပ်ကိုင်နေရပါမယ်။
ဒီတော့ စာဖတ်သူများလည်း မိမိစီးတဲ့ ကားမှာ ကျောက်ဂွမ်းပါမပါ စစ်ဆေးပြီး ကျောက်ဂွမ်းမသုံးတဲ့ စပယ်ယာ အစိတ်အပိုင်းများအား အစားထိုးအသုံးပြုရန် တိုက်တွန်းလိုက်ရပါတယ်။
----
အောင်ခမ်း (TSJ Tech Team)
http://techspacejournal.blogspot.com/2012/09/blog-post_8518.html
♣♣♣ မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ ဇီးတောရွာ ၊ မြသီတာကျောင်းတိုက်၌ ခန္ဓာဝန်ချသွားတော်မူသော ဓာတ်တော်ကျဆရာတော် ဦးသာဂရ၏ ပြောင်မြောက်သော အဆိုအမိန့် များ♣♣♣
***********************************************
♣ ဘိုးဘွားမိဘ သြ၀ါဒ လုံးဝပယ်တဲ့ခေတ်၊
♣ အပြောချိုသာ သဘောမှာ တမာခါးတဲ့ခေတ်၊
♣ တစ်အူတုံဆင်း ကိုယ်မွေးချင်း မာန်သွင်းကြတဲ့ခေတ်၊
♣ ကိုယ်ရှိကိုယ်စား မငှားငြား တရားပျက်တဲ့ခေတ်၊
♣ အကုသိုလ်၌ လွန်ပျော်ပိုက် စရိုက်ဆိုးတဲ့ခေတ်၊
♣ မာနရှေ့ထား ပြောစကား ခေါင်ဖျားရောက်တဲ့ခေတ်၊
♣ လူနေချုံကြား စိတ်ဘုံဖျှား ၀ါကြွားကြတဲ့ခေတ်၊
♣ အမှန်လုပ်လျှင် မကြိုက်ချင် ပြင်ပြင်မုန်းတဲ့ခေတ်၊
♣ အမှားလုပ်မှ သဘောကျ ကြုံရဤသည့်ခေတ်၊
♣ လက်နက်အားကိုး လူမိုက်မျိုး ကြီးစိုးကြတဲ့ခေတ်၊
♣ လက်နက်ချင်းဆိုင် အားချင်းပြိုင် အနိုင်လုတဲ့ခေတ်၊
♣ သတ္တဝါသေကြောင်း လက်နက်ရောင်း မကောင်းမှူ့ ပွားတဲ့ခေတ်၊
♣ ပေါက်လွတ်ပဲစား ဝင့်ဝါကြွား စကားဖောတဲ့ခေတ်၊
♣ ကိုယ့်ဂုဏ်ကိုဖော် မသူတော် လူဆော်လုပ်တဲ့ခေတ်၊
♣ ပြည်သူပိုင်မျိုး ရတိုင်းခိုး ကံဆိုးမွှေတဲ့ခေတ်၊
♣ တစ်ဝမ်းသာဝ တစ်ခါးလှ ဤမျှမြင်တဲ့ခေတ်၊
♣ သူကလည်းဗိုလ် ငါလည်းဗိုလ် ဗိုလ်တွေများတဲ့ခေတ်၊
♣ သူတစ်လူခင်း ငါတစ်မင်း လူချင်းပြိုင်တဲ့ခေတ်၊
♣ ကိုယ့်လူထင်ငြား သူဘက်သား ယုံမှားရတဲ့ခေတ်၊
♣ ယနေ့ ကိုယ့်လူ နက်ဖြန်မူ သူလူဖြစ်တဲ့ခေတ်၊
♣ အားကိုးရာမှ ဘေးဖြစ်ရ ဆိုးစွဤသည့်ခေတ်၊
♣ လူနဲ့ လူချင်း မေတ္တာကင်း မုန်းသွင်းပြောတဲ့ခေတ်၊
♣ တစ်လုပ်စားဖူး သူကျေးဇူး ထင်မြူးဖျက်တဲ့ခေတ်၊
♣ အကျိုးလိုရောင် ဟန်ပန်ဆောင် အချောင်လုတဲ့ခေတ်၊
♣ တိုက်ကြခိုက်ကြ လုယက်ကြ ဓားမြသူခိုးခေတ်၊
♣ မရှက်ကြောက်ပဲ မယ်ရွေးပွဲ ဆင်နွှဲကြတဲ့ခေတ်၊
♣ သုံးရဲဖြုံးရဲ အကြိုက်လွဲ မြင်းပွဲသွားတဲ့ခေတ်၊
♣ ကြက်တိုက်ဖဲရိုက် အမဲလိုက် မဲမိုက်ဤသည့်ခေတ်၊
♣ သုံးဆယ့်ခြောက်ကောင် အမည်ထောင် ပြောင်ပြောင်ထိုးတဲ့ခေတ်၊
♣ အံဝင်ဂွင်ကျ ပြောဆိုကျ လုပ်ကလွဲသည့်ခေတ်၊
♣ လိပ်ကြောကြောင်ကော် ပြောင်ချော်ချော် နိုင်းလျှော်ယခုခေတ်၊
♣ ဟေးလာဝါးလား လူမိုက်များ ရမ်းကားကြသည့်ခေတ်၊
♣ မေတ္တာ မေတ္တာ ပြောဆိုကာ တဏှာပွားတဲ့ခေတ်၊
♣ သစ္စာ သစ္စာပြောဆိုကာ လိမ်ညာများတဲ့ခေတ် ၊
♣ ပွဲလမ်းသဘင် လူစည်ခင် ပျော်ရွှင်များတဲ့ခေတ်၊
♣ ဘုရားကိုသွား ချောင်ခိုများ ရည်းစားမျှော်တဲ့ခေတ်၊
♣ တစ်လင်မကောင်း တစ်လင်ပြောင်း ၁ သောင်း ခြောက်ထောင်ခေတ်၊
♣ လက်သည်းရှည်ကြီး ကြားပိုမီး ကြက်သီးထဖွယ်ခေတ်၊
♣ ဆံပင်ဂုတ်ထောက် လူရုပ်ပျောက် ကြောက်မက်ဖွယ်ရာခေတ်၊
♣ ယောက်ျားမိန်းမ ခွဲမရ လောကနှစ်ပုံးခေတ်၊
♣ တင်တု ရင်တု လင်အတု ဂြိုလ်တု ပေါ်တဲ့ခေတ် ၊
♣ လင်ငုတ်တုတ်ထား ကျင့်ဖောက်ပြား မယားလိမ်တဲ့ခေတ်၊
♣ လောဘဒေါသ မိုက်မောဟ မာနကြမ်းတဲ့ခေတ်၊
♣ ဒူးထောင်ပေါင်ကား လူရွယ်များ ဝပ်သွားကင်းတဲ့ခေတ်၊
♣ ဆုံးမရန်ခက် မိုက်တွင်းနက် ငရဲသွားမယ့်ခေတ်၊
♣ ပါးစပ်ဘုရား လက်ကားရား အမှားလုပ်တဲ့ခေတ်၊
♣ အသံလုပ်ကာ ဆွဲငင်ကာ ဒေသနာစမ်းတဲ့ခေတ်၊
♣ တရားတရား တဟားဟား ပျော်ပါးကြတဲ့ခေတ်၊
♣ တရားဟောကာ စီးပွားရှာ မိစ္ဆာလောဘခေတ်။
http://buddhismworld.ning.com/မှ ( မျိုးမင်း )၏ ပို့စ်ကို ပြန်လည်ဝေငှပါသည်၊
♣♣♣ မည်သူ့ကိုမျှ ရည်ရွယ်၍ တင်ပြသည်မဟုတ်ပါ၊ ဗဟုသုတအလို့ငှာသာ တင်ပြခြင်း ဖြစ်ပါသည်။