Saturday, December 15, 2012

လီဖန်းအမျိုးအစားသုံးဘီးဆိုင်ကယ်..ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက် ယာဉ်ပေါ်ပါခရီးသည် ၆ ဦးဒဏ်ရာများရရှိ


မကွေးတိုင်းဒေသကြီးမကွေး ခရိုင်
 တောင်တွင်းကြီးမြို့နယ် တောင်တွင်း-မကွေးလမ်းကွမ်းခြံ စုလမ်းခွဲတွင်ယာဉ်တိမ်းမှောက် မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိ သည်။ဖြစ်စဉ်မှာ ဒီဇင်ဘာ (၁၂) ရက်နေ့ (၁၂း၀၀)နာရီအချိန်ခန့် တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား နေကြောင်း သတင်းအရရဲတပ်ဖွဲ့ ၀င်များသွားရောက်စစ်ဆေးရာ ကုက်္ကိုခွအရှေ့စုကျေးရွာနေ၀င်းလှိုင်သည်နံပါတ်မပါလီဖန်းအနီရောင်သုံးဘီးဆိုင်ကယ်အား တောင်တွင်းကြီး
မကွေးလမ်းမကြီး အတိုင်းအရှေ့မှအနောက်သို့ မောင်းနှင်လာရာ၊မိုင်တိုင်အမှတ်၂၈၂/၇ နှင့်ကွမ်းခြံစုလမ်းခွဲသို့အရောက်
လမ်း၏တောင်ဘက်ဘေးရှိ
 ရေမြောင်းအတွင်းသို့ယာဉ်ထိုးကျ တိမ်းမှောက်၍ယာဉ်ပေါ်လိုက်ပါသူ မစိုးသက်မွန်၏၀ဲဘက်မျက်လုံး
အထက်နှုတ်ခမ်းတို့တွင် ပေါက်ပြဲ ဒဏ်ရာတစ်ချက်စီယာလက် တံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာ တစ်ချက်စီ၊
ဝဲလက်မောင်းနာကျင် ဒဏ်ရာရရှိပြီး မအိသက်၏ မေးစေ့ဝဲဘက်ခြမ်းညိုမဲဒဏ်ရာ တစ်ချက်၊ ၀ဲလက်မောင်းနာကျင် ဒဏ်ရာတစ်ချက်၊ ဒေါ်ဝိုင်းကြည် ၏ ယာနားရွက်ပေါက်ပြဲဒဏ်ရာ၊ ယာလက်မောင်းနာကျင်ဒဏ်ရာ၊

 ဒေါ်စိန်လှ၏ ယာပါးရိုးပေါ် ပေါက်ပြဲဒဏ်ရာတစ်ချက်၊၀ဲလက် မောင်းညိုမဲဒဏ်ရာတစ်ချက်၊ မကြူကြူ၏ ကျောပြင်နှင့် ၀ဲဘက် လက်ကောက်ဝတ်တွင် နာကျင် ဒဏ်ရာတစ်ချက်စီ၊ မသန်းဌေး၏ ဦးခေါင်းထိပ်တွင်ဖုယောင်နာကျင် ဒဏ်ရာတစ်ချက်၊ ညာခြေကျင်း ၀တ်အထက်ပွန်းခြစ်ဒဏ်ရာ တစ်ချက်စီ၊ ဒဏ်ရာအသီးသီး ရရှိကြောင်း စစ်ဆေးတွေ့ရှိရ သည်ဆို၏။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ၀င်းလှိုင်အားဥပဒေ နှင့် အညီအရေးယူပေးပါရန် ဒုရဲအုပ်အောင်ခိုင်စိုးမှ တရားလို ပြုလုပ်တိုင်တန်းသဖြင့်တောင်တွင်း ကြီး ရဲစခန်းမှ (ပ)၃၀၀/၂၀၁၂ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ အရအမှု ဖွင့်အရေးယူထားပြီး၊ အမှုစစ် ဒုရဲအုပ်အောင်ခိုင်စိုးကဆက်လက် စစ်ဆေးနေကြောင်းသတင်း ရရှိသည်။

Hot News weekly

0 ကွန်မန့်ရေးရန်:

Post a Comment