Saturday, December 15, 2012

ပြည်တွင်း၌ အထည်ချုပ် စက်ရုံ ၇၀၀ နီးပါး တိုးမြင့် လာနိုင်

Friday 14th December 2012

Label ~ အောက်ခြေလူထုအတွက် အလုပ်မျှော်လင့်ချက်

လာမယ့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှာ ကမ္ဘာ့ဈေးကွက်ရဲ့ လိုအပ်ချက်အရ အထည်ချုပ်စက်ရုံ ၇၀၀ နီးပါး တိုးမြင့်လာနိုင်ဖွယ် ရှိတယ်လို့ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီလို တိုးမြှင့်လာနိုင်ခြင်းမှာ အမေရိကန်နဲ့ EU နိုင်ငံများရဲ့ စီးပွားရေး ပိတ်ဆို့မှုများကို ဖယ်ရှားပေးလိုက်တဲ့အတွက် ဈေးကွက်လိုအပ်ချက်များ အရ ပို့ကုန်များကို ယခင်ထက် ပိုမိုတင်ပို့လာနိုင်မှာ ဖြစ်ပြီး ပြည်တွင်းမှာ စက်ရုံများ ပိုမိုတည်ဆောက်လာနိုင်မှာ ဖြစ်ပါတယ်။

ယခု လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ Export တင်ပို့တဲ့ အထည်ချူပ် စက်ရုံပေါင်း ၁၀၀ နီးပါးရှိတာ ဖြစ်ပါတယ်။ လာမယ့် နှစ်မှာတိုးတက် လာနိုင်မယ့် အထည်ချုပ်စက်ရုံများဟာ ပြည်ပမှလုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံတွေ ပါဝင်သလို ပြည်တွင်းလုပ်ငန်းရှင်များမှလည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာနိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ တိုးတက်လာတဲ့ အရည်အတွက်မှာ CMP စနစ် အထည်ချုပ် စက်ရုံများလည်း ပါဝင်နိုင်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ အထည်ချုပ်လုပ်ငန်းဈေးကွက်မှာ အမေရိကန်နိုင်ငံဟာ ၀ယ်လိုအား အများဆုံးနိုင်ငံဖြစ်ပြီး ယခုလက်ရှိ မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံကိုပါ အထည်များ တင်ပို့ခွင့်ရတဲ့အတွက် အထည်ချုပ်စက်ရုံများကို တိုးချဲ့ တည်ဆောက်သင့်တယ်လို့လည်း အထည်ချုပ်အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းများမှ အထည်များကို ယခု လက်ရှိမှာ ဂျပန်နိုင်ငံသို့အများဆုံး တင်ပို့မှုရှိနေပြီး ၂၀၁၁ ခုနှစ်အတွင်း ဂျပန်နိုင်ငံကို အမေရိကန် ဒေါ်လာသန်း ၃၀၀ ကျော်ဖိုး တင်ပို့မှုရှိခဲ့ကာ တရုတ်၊ ကိုရီးယား၊ ဥရောပနိုင်ငံများနဲ့ အမေရိကန်နိုင်ငံစတဲ့ နိုင်ငံများကိုလည်း တင်ပို့မှုရှိနေတယ်လို့ သိရပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment