အမေရိကန် သံအမတ် သတ်ဖြတ်ခံရခြင်းတွင် သူမ၏ လုပ်ဆောင်မှုများအတွက် မေးခွန်းထုတ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
သမ္မတ အိုဘားမားက သမ္မတ ဒုတိယ သက်တမ်းအတွက် ဆက်လက် ရွေးချယ်ခံရသည့်တိုင် ဟီလာရီက သူမသည် (၄)နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် အနားယူတော့မည်ဟု ကြိုတင် ပြောဆိုထားခဲ့သည်။ ရီပတ်ဘလစ်ကန်တို့က ရိုက်စ်သည် အဆိုပါ ဖြစ်ရပ်တွင် ပြည်သူများကို သတင်းထုတ်ပြန်ရာ၌ နားလည်မှု လွဲမှားအောင် ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။
"အထင်အမြင်မှားအောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲ တိုက်ခိုက်မှုတွေအတွက် ရိုက်စ်နဲ့ထပ်တူ ကျွန်တော် စိတ်မကောင်း ဖြစ်ရပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ဆုံးဖြတ်ချက်က သူ့ရဲ့ ရဲရင့်ပြတ်သားမှုကို မီးမောင်း ထိုးပြနေတာ ဖြစ်ပါတယ်။ အမေရိကန် ပြည်သူတွေက ရိုက်စ်လို နိုင်ငံရဲ့ အလုပ်အကျွေးပြုသူ တစ်ယောက်အတွက် ဂုဏ်ယူနေကြမှာ ဖြစ်ပါတယ်"ဟု အိုဘားမားက ပြောဆိုသွားခဲ့သည်။
Source: UPI
0 ကွန်မန့်ရေးရန်:
Post a Comment