Saturday, December 15, 2012

တရုတ်ပြည်မတွင် ချမ်းသာသူတို့က လူငှား၍ ပြစ်ဒဏ်ကျခံစေနိုင်

International news for myanmar

ယနေ့တိုင် တရုတ်ပြည်မှာ ထွန်းကားနေတဲ့ ယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။ တကယ်ပဲ ချမ်းသာသူတို့ လူစားထိုး ပြစ်ဒဏ်ကျခံစေတဲ့စနစ် ဖြစ်ပါတယ်။ ၎င်းကို Ding zui လို့ ခေါ်ပါတယ်။

ကွန်မြူနစ်စနစ် ထွန်းကားတဲ့တရုတ်ပြည်မှာ ယင်း အစားထိုးထောင်ကျစေ၊ အပြစ်ဒဏ်ကျခံစေတဲ့ ဖြစ်ရပ်ပေါင်းများစွာ ရှိပါတယ်။

၂၀၁၂ ခုနှစ်မှာတောင် နိုင်ငံခြားသားကို သတ်လိုက်တဲ့ အမျိုးသမီး နိုင်ငံရေးသမား Gu Kailai ဟာ သူ့အစား အခြားလူကို ပြစ်ဒဏ် ကျခံစေထားတယ်ဆိုတာ တစ်မ္ဘာလုံးက သိနေပါတယ်။

ယင်း ယဉ်ကျေးမှုပျောက်ကွယ်အောင် ကမ္ဘာ့ နိုင်ငံခေါင်းဆောင်များ၊ မီဒီယာများက တိုက်ခိုက်ပေမယ့် ယနေ့ချိန်ထိ ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

ငွေချမ်းသာသူတို့က ရုပ်ဆင်တူယိုးမှား အခြားလူတစ်ယောက် ဆင်းရဲသားကို ငှားပါတယ်။ မတူလည်း ခွဲစိတ်ဆရာန်များနဲ့ ပြန်လည် ပြုပြင်ပေးပါတယ်။ ပြီးတော့ ထောင်ဒဏ် ၁၀ နှစ်ဆိုလည်း ၁၀ နှစ် အနှစ် ၃၀ ဆိုလည်း ၃၀ ငွေကြး အလုံအလောက်ပေးပြီး လူစားထိုးပါတယ်။ အချို့ဆို သေဒဏ်ကျခံပေးတဲ့ အထိတောင် စတေးကြပါတယ်။

ဒါကြောင့် ခေတ်မှီစက်ကိရိယာများနဲ့ တကယ့် တရားခံဟုတ်မဟုတ် စစ်ဆေးတဲ့ နည်းပညာများအသုံးပြုဖို့ နိုင်ငံတကာက ဖိအားပေးပါတယ်။ လုပ်လည်း လုပ်နေပါတယ်။

သို့ပေမယ့် Ding zui လို့ခေါ်တဲ့ လူစားထိုး ပြစ်ဒဏ်ကျခံစေတဲ့စနစ်ဟာ ကွန်မြူနစ်စနစ် ရှိနေသမျှ ဆက်လက်တည်ရှိနေအုံးမယ်လို့ နိုင်ငံတကာက သုံးသပ်ထားကြောင်း သိရပါတယ်။

Ref: wiki

0 ကွန်မန့်ရေးရန်:

Post a Comment