Saturday, December 15, 2012

မိုက်ခရိုဆော့ဖ်ရဲ့ ပိုအဆင့်မြင့်တဲ့ သင်ပုန်းကွန်ပြူတာတွေ လာတော့မယ်


ဆောင်ဦးလင်း ~ 

 (အရောင်စုံတဲ့ Microsoft Surface Tablets များပြသထားပုံ - ဓာတ်ပုံ CNET) 

မိုက်ခရိုဆော့ဖ် ကုမ္မဏီဟာ သင်ပုန်း ကွန်ပြူတာ လောကထဲသို့ (Microsoft Surface Tablets) မိုက် ခရိုဆော့ဗ် ဆာဖေ့စ် သင်ပုန်း ကွန်ပြူတာ ပစ္စည်းတွေနဲ့ စတင်ထိုးဖောက်ခဲ့ပြီး အခုအခါမှာတော့ လွန်ခဲ့တဲ့ လပိုင်းအနည်းငယ်က ထွက်ခဲ့တဲ့ ပစ္စည်းတွေ ထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်တဲ့ (Window Pro Tablets ) ၀င်းဒိုး ပရိုသင်ပုန်း ကွန်ပြူတာတွေ ထွက်ရှိ လာတော့မှာ ဖြစ်ကြောင်းကြေညာလိုက်ပါပြီ။ 

ဒါ့အပြင် မိုက်ခရိုဆော့ဗ် က အခု အသစ်ထွက်မယ့် ၀င်းဒိုး ပရိုသင်ပုန်း ကွန်ပြူတာ အတွက် ဈေးနှုန်းကို ပါ ကြေငြာသွားပြီး အမေရိကန် ၀င်းဒိုးပရို သင်ပုန်း ကွန်ပြူတာ တလုံးကို ၈၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါ တယ်။ 

ဒီ ၀င်းဒိုး ပရိုသင်ပုန်း ကွန်ပြူတာတွေကို ၂၀၁၃ ဇန်န၀ါရီလမှာ စတင်ဖြန့်ချိမှာ ဖြစ်ပြီး၊ အထဲမှာ ပါတဲ့ (Intel) အင်တယ် ပရော်ဆက်ဆာကြောင့် အခုနောက်ဆုံး ထွက်ရှိထားတဲ့ ၀င်းဒိုး ၈ မှာပါတဲ့ လုပ်ဆောင် ချက်တွေ အကုန်လုံးကို စွမ်းဆောင်နိုင် တယ်လို့ ဆိုပါတယ်။ အခု ထွက်ရှိလာမယ့် ၀င်းဒိုး ပရိုသင်ပုန်း ကွန်ပြူတာတွေဟာ ပထမဆုံး ထွက်ရှိခဲ့တဲ့ မိုက်ခရိုဆော့ဗ် ဆာဖေ့စ် ထက် ဒေါ်လာ ၄၀၀ ပိုများပါတယ်။ 

အရင်ထွက်ရှိခဲ့တဲ့ မိုက်ခရိုဆော့ဗ် ဆာဖေ့စ် တစ်လုံးဟာ (Photoshop) ဖိုတိုရှော့ စတဲ့ လုပ်ငန်း ဆောင် တာတွေ အကုန်လုံး မလုပ်နိုင်ဘဲ စွမ်းဆောင်ရည် ကန့်သတ်ချက်တွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

မိုက်ခရိုဆော့ဗ်ရဲ့ ထွက်ရှိလာတဲ့ သင်ပုန်း ကွန်ပြူတာတွေဟာ ဈေးကွက်မှာ နေရာယူပြီးသား ဖြစ်တဲ့ နာမည်ကြီး အိုင်ပက် နဲ့  (Android) အန့်ဒရိုက်သုံး သင်ပုန်း ကွန်ပြူတာတွေနဲ့ အပြိုင် ဈေးကွက် ယှဉ်ပြိုင် ရတော့မှာ ဖြစ်ပါတယ်။ 

မိုက်ခရိုဆော့ဗ်က ထွက်ရှိလာတဲ့ သင်ပုန်းကွန်ပြူတာ ၂ ခုစလုံးဟာ ၁၀.၆ လက်မ ဆိုဒ်ရှိပြီး ကွန်ပြူတာ တစ်လုံးလို အသုံးပြုချင်ပါက ဆာဖေ့စ် အတွက်သီးသန့်ရောင်းတဲ့ ကီးဘုတ်ကိုလည်း ၀ယ်ယူ တပ်ဆင် အသုံးပြု နိုင်ဖို့ မိုက်ခရိုဆောဗ့် က ဖန်တီးပေးထား ပါတယ်။ 

အခုထွက်ရှိမယ့် ၀င်းဒိုးပရို ဆာဖေစ့်ဟာ ဘက်ထရီကောင်းမွန်ပြီး ကြာရှည်အသုံးပြုနိုင်အောင် ပစ္စည်းတွေ ထည့်သွင်း ဖန်တီး ထားတာကြောင့် အခြား သင်ပုန်း ကွန်ပြူတာတွေထက် အနည်းငယ်တော့ ပိုလေးနေပါ တယ်။

ဈေးနှုန်းအနေနဲ့ ကတော့ 64 GB ပစ္စည်း အတွက် ၈၉၉ ဒေါ်လာ ၊ 128 GB အတွက် ၉၉၉ ဒေါ်လာကျ သင့်မှာဖြစ်ပြီး၊ သူနဲ့ အတူတွဲသုံးဖို့ မိုက်ခရိုဆော့ဗ် ဆာဖေ့ ကီးဘုတ် အတွက် ၉၉ ဒေါ်လာ ထပ်မံကျသင့် မှာဖြစ်ပါတယ်။ 

ကုမ္မဏီ အတော်များများဟာ ဈေးကွက်ရဖို့ နည်းပညာ အသစ်အဆန်းတွေနဲ့ သုံးစွဲသူများအား ဆွဲဆောင် 
နေကြပြီး Apple ကုမ္မဏီကလည်း မကြာမီ အိုင်ပက် မီနီ ၂ ထွက်မယ်ဆိုတဲ့ သတင်းတွေကြောင့် မိုက်ခရိုဆော့ဗ်ရဲ့ သင်ပုန်း ကွန်ပြူတာတွေဟာ လူတွေကြားထဲ ဘယ်လောက်ထိ တိုးပေါက်နိုင်မယ် ဆို တာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ 

The Surface with Windows 8 Pro specs: 
• 10.6-inch display running at 1920x1080 full HD resolution 
• 4GB of RAM 
• Bluetooth 4.0 
• Wi-Fi 
• Two 720p cameras, front and rear 
• Includes a full-size USB 3.0 port 
• Supports Mini DisplayPort to power an external display with a resolution of 2560x1440 (which means you can use an Apple Thunderbolt Display with it) 
• It will pen input and come with a special Surface pen

  


0 ကွန်မန့်ရေးရန်:

Post a Comment