Saturday, December 15, 2012

တက္ကသိုလ် တက်ရောက် ရသူများ အတွက် မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခ လျော့ချပေး သွားရန်ရှိ

Thursday 13th December 2012

လာမယ့် ၂၀၁၃ ခုနှစ်မှာ ပြင်ဆင်ကောက်ခံသွားမယ့် မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခတွေအနေနဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ များအတွက် နှုန်းထားတွေ လျော့ချပေးဖို့ ရှိတာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလို တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ အတွက် နှုန်းထားလျော့ပေးရတာဟာလည်း သက်ဆိုင်ရာ ကျောင်း သင်ခန်းစာနဲ့ ပတ်သက်တာမျိုးတွေ Dowload ဆွဲတဲ့နေရာမှာ အဆင်ပြေစေရန်အတွက် ဖြစ်တယ်လို့ သိရပါတယ်။

ပညာရေးဆိုင်ရာ စာအုပ်တွေကို ဒေါင်းလော့လုပ်မယ်သူတွေအတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလို လျော့ချရာမှာလည်း 5GB ဒေါင်းလော့ လုပ်သူအတွက်ကို 5GB ထက်လျော့တဲ့ နှုန်းထားမျိုးသာ ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မိုဘိုင်းဖုန်းအင်တာနက်အသုံးပြုခ နှုန်းထားများကို Time rate နဲ့သာ ဆက်လက်ကောက်ခံလျက်ရှိပြီး Volume rate သို့ ပြောင်းလဲရန် အတွက်လည်း နှုန်းထားစတာတွေကို ထပ်မံစိစစ်လျက် ရှိတာ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီလို ပြင်ဆင် ကောက်ခံသွားမယ့် နှုန်းထားများနဲ့ ပတ်သက်လို့လည်း ဒီဇင်ဘာလအတွင်းမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ထပ်မံပြီး ညှိနှိုင်းသွားဖို့ရှိတာဖြစ်တယ်လို့ သိရပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment