Monday, December 10, 2012

အိမ်ထောင်ဖက်ကောင်း ရွေးချယ်လျှင် သန့်ရှင်းမှုအတွက် လိုအပ်ချက် (၅) ချက်


By Shade The Mandalay Hill
၁။ ရည်ရွယ်ချက် သန့်ရှင်းရမည်။
ရည်ရွယ်ချက် ရှင်းလင်းရမည်။ အိမ်ထောင်တစ်ခု ထူထောင်မည် ဆိုရာတွင် မိမိထူထောင်မည့် အိမ်ထောင်ဖက်၏ ရည်ရွယ်ချက်ကို သိရှိနားလည်အောင် မေးမြန်း စုံစမ်းရန်လိုသည်။ ထိုကဲ့သို့ သိရှိရသော ရည်ရွယ်ချက်သည် ကောင်းမွန်၊ သန့်ရှင်း၊ မှန်ကန်ရဲ့လားဟု ထပ်မံ၍ လေ့လာဆန်းစစ် မေးမြန်းရန် လိုအပ်သည်။
၂။ ပတ်ဝန်းကျင် သန့်ရှင်းမှု။
မိမိအိမ်ထောင်ဖက်သည် ပတ်ဝန်းကျင် ကောင်းရဲ့လား၊ ပတ်ဝန်းကျင်ပေါ်မှာ သန့်သန့်ရှင်းရှင်း ကောင်းကောင်းမွန်မွန် မြင်တတ်၊ ရှုတတ်၊ ကြည့်တတ်၊ နားလည်တတ်သလားဟု သိရှိရန် ကြိုတင်နားလည်ရန် လိုသည်။
၃။ မိမိအိမ်ထောင်ဖက်၏ စိတ်ဓာတ် သန့်ရှင်းမှု။
မိမိအိမ်ထောင်ဖက်က စိတ်သန့်ရှင်းရဲ့လား ဖြူစင်ရဲ့လား မှန်ကန်ရဲ့လားဟု သိရှိနားလည်ရန် လိုသည်။
၎။ ကိုယ်ခန္ဓာသန့်ရှင်းမှု။
ကိုယ်ခန္ဓာသန့်ရှင်းမှု ဆိုသည်မှာ အနံ့အသက် မကောင်းခြင်း၊ အနေအထိုင်၊ အစားအသောက် မဆင်မခြင်ခြင်း၊ ကိုယ်ခန္ဓာတွင် အနံ့ဆိုးများ ထွက်ခြင်း စသည်များကို လေ့လာ သတိပြုရန်လိုသည်။
၅။ အဝတ်အစား သန့်ရှင်းစွာ ဆင်ယင်တတ်မှု။
အဝတ်အစား သန့်ရှင်းခြင်း၊ အဝတ်အစားကို သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ် ဝတ်ဆင်မှု ရှိမရှိ သိရှိရန် လိုသည်။

0 ကွန်မန့်ရေးရန်:

Post a Comment