by ပလီပလာ ထွေကာလီကာ on Thursday, December 6, 2012 at 11:32pm ·
တိုက်ဆိုင်လိုက်တာ . . . .
လူတစ်ယောက်က စားသောက်ဆိုင် တစ်ခုရဲ့ဘားမှာထိုင်ပြီး ဝိုင်နီ တစ်ခွက် မှာပါတယ်။
သူ့နံဘေးကမိန်းမက ကျွန်မလည်း အဲဒါပဲမှာလိုက်တာလို့ ပြောတော့ သူက
"ကျွန်တော် ကတော့ ပျော်စရာကြုံလို့ ဂုဏ်ပြုတဲ့အနေနဲ့သောက်မှာ"လို့ ဆိုပါတယ်။
အမျိုးသမီးကလည်း"တိုက်ဆိုင်လိုက်တာရှင်။ကျွန်မလည်း ပျော်စရာရှိနေလို့ ဝိုင်နီမှာ သောက်တာ "လို့ဆိုတော့
အမျိုးသားက ဘာများလဲလို့ မေးတော့"ကျွန်မတို့လင်မယားက အိမ်ထောင်ကျတာကြာပြီ။
ဒါပေမယ့် ကလေးမရဘူး။ ဒီနေ့ ဆရာဝန်က ကျွန်မမှာ ကိုယ်ဝန် ရှိနေပြီလို့ ပြောလိုက်တာနဲ့ ပျော်နေတာ"လို့ ဆိုပါတယ်။
အဲဒီအခါမှာအမျိုးသားက "တိုက်ဆိုင်လိုက်တာဗျာ။
ကျွန်တော်က ကြက်မွေးမြူရေး လုပ်တာ ပါ။
ကျွန်တော့ကြက်မတွေ ဥမဥတာကြာပြီ။
ဒီနေ့ ကြက်မတွေ ဥပြန်ဥလို့ ပျော်နေတာ" လို့ဆိုတော့
အမျိုးသမီးက"ရှင်က ဘယ်လိုနည်းလမ်း သုံးလိုက်လို့တုံး"လို့ မေးပါတယ်။
ဒီတော့သူက "ကျွန်တော်လား၊ ကြက်ဖတွေလဲလိုက်တယ်လေ။
ခင်ဗျားရော"လို့ မေးလိုက် တော့ အမျိုးသမီးက "အို၊ တိုက်ဆိုင်လွန်း လိုက်တာရှင်"တဲ့။
==========================
ဖောက်သည်တွေ
အမေရိကန်တစ်ဦးသည် ၎င်း၏ မိတ်ဆွေများအား ၎င်းအကြိုက်ဆုံးဟာသတစ်ပုဒ်ကို ပြောပြရင်း . . .
“ငရဲပြည်ဆိုတာကွာ ဗြိတိသျှတွေက ထမင်းချက်လုပ်၊
ပြင်သစ်တွေက စားပွဲထိုးလုပ်၊ ဂျာမန်တွေက ရဲတပ်ဖွဲ့တာဝန်ယူပြီး
အီတလီတွေက ရထားမောင်းတဲ့နေရာပါကွာ”ဟု ဆိုလိုက်သည်။
အမေရိကန်၏ မိတ်ဆွေများထဲမှ တစ်ဦးတည်းသော ဥရောပတိုက်သားက ခဏစဉ်းစား လိုက်ပြီး
“အင်း ရဲတပ်ဖွဲ့တွေ၊ ရထားမောင်းတဲ့ လူတွေကတော့ မသိဘူးကွာ။
ငရဲမှာ ဗြိတိသျှတွေ ထမင်းချက်လုပ်ပြီး ပြင်သစ်တွေ စားပွဲထိုးတဲ့ စားသောက်ဆိုင်မှာ
အမြဲတမ်း လာစားတဲ့ ဖောက်သည်တွေကတော့ ဖောက်သည်တွေကတော့ အမေရိကန်တွေပဲကွ”ဟု ပြန်ပြောလိုက်ပါ၏။
================================
လျှို့ဝှက်ချက် ...
လူတစ်ယောက် ရဲဌာနကိုသွားပြီး သူ့အိမ်ကို ဖောက်ထွင်းသွားတဲ့သူနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားပါတယ်။
ဌာနမှူးကတရားခွင်မှာ တွေ့နိုင်ပါတယ် လို့ ပြောပေမယ့် အဲဒီလူက တရားခံနဲ့တွေ့ပေးဖို့ကိုပဲ ပြောနေပါတယ်။
ဒါနဲ့ ဌာနမှူးက "ခင်ဗျားက ဘာမေးမှာမို့လို့ ဒီလောက်အရေးတကြီးတွေ့ ချင်နေရတာလဲ" လို့မေးတော့
အဲဒီလူ ပြန်ပြောတာက "ကျုပ်က ဒီလူ ကျုပ်အိမ်ထဲကို ကျုပ်မိန်းမအိပ်ပျော် နေတာ မနိုးအောင်ဘယ်လိုဝင်နိုင်ခဲ့လဲဆိုတာသိချင်လို့ဗျ။
အဲဒီလိုဖြစ်နိုင်အောင် ကျုပ်ကြိုးစားနေတာ နှစ်ပေါင်းတော်တော်ကြာပြီ" တဲ့။
======================
မှားပြီ . . .
ပီတာက အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းကြီးမှာကော်ဇောခင်းပေးနေပါတယ်။
အားလုံးပြီးစီးတဲ့ အချိန်မှာဆေးလိပ်သောက်မယ်ဆိုပြီး ကြည့်တော့သူ့ ဆေးလိပ်ဘူးကို ရှာမတွေ့တော့ပါဘူး။
ဒါနဲ့ လိုက်ရှာ ကြည့်တဲ့အခါ ကော်ဇောရဲ့ အလယ်လောက်မှာ ဖုနေတာ ကို တွေ့လိုက်ရ ပါတယ်။
ကော်ဇောကို အစအဆုံးပြန်မပြီးယူဖို့ မဖြစ်နိုင်တာနဲ့ ဖုနေတာကို ပြား သွားအောင် ပီတာက တူနဲ့ ထုလိုက်ပါတယ်။
သူအလုပ်ပြီးသွားချိန်မှာ အိမ်ရှင်ကထွက်လာပြီး ပြောတာက
"ပီတာရေ ...မင်းစီးကရက်ဘူး ဒီမှာ ကျန်ခဲ့တယ်။ ဒါနဲ့ ငါမွေးထားတဲ့ ဟမ်းစတားလေးများ တွေ့မိသေးလားကွယ်"တဲ့။
============================
တော်လိုက်တာ ...
နစ်ခ်တစ်ယောက် သူ့သူငယ်ချင်းကို စက်ဘီးအသစ် စီးလာတာမြင်တော့ တအံ့တဩနဲ့
"မင်းဘယ်တုန်းကများ ဒီလောက်ကောင်းတဲ့ စက်ဘီးဝယ် လိုက်တာလဲကွာ"လို့ မေးလိုက် ပါတယ်။
ဒီတော့ သူငယ်ချင်းဖြစ်သူက စက်ဘီးကိုဘယ်လို ရခဲ့သလဲဆိုတာ ပြော ပြပါတယ်။
"မနေ့က ငါလမ်းလျှောက်နေတုန်း စက်ဘီးစီးလာတဲ့ မိန်းမတစ်ယောက် က ငါ့ရှေ့ရောက်
တော့ စက်ဘီးကိုရပ်၊ အဝတ်တွေဆွဲချွတ်ရင်းရှင်ကြိုက် တာယူပါတဲ့။
ဒါနဲ့ ငါလည်းစက်ဘီး ယူခဲ့လိုက်တာ"လို့ပြောတော့ နစ်ခ် ပြန်ပြောတာက"မင်းတော်တယ်ကွာ... အဝတ်တွေဆို မင်းနဲ့ တော်ချင်မှ တော်မှာကွ"တဲ့။
===================================
အကျိုးရှိအောင် ...
လေကြောင်း ခရီးစဉ်တစ်ခုမှာပါ။ လေယာဉ်မောင်က လေယာဉ်ပေါ်က ခရီးသည်တွေကို
မိမိရဲ့ပစ္စည်းတွေကို လေယာဉ်ပေါ်က မဆင်းခင်မှာ သေချာစစ်ဆေးပြီးယူသွားကြဖို့နဲ့ ပစ္စည်းတွေ မေ့မကျန်အောင်ဂရုစိုက် ဖို့မှာကြားနေပါတယ်။
သူမှာကြားပုံကဒီလိုပါ။ "ခင်ဗျားတို့ပိုင်ပစ္စည်းတွေအကုန်မကျန်ခဲ့အောင်
သတိပြုကြ ပါခင်ဗျာ။ တကယ်လို့ ခင်ဗျားတို့ တစ်ခုခုကျန်ခဲ့မယ်ဆိုလည်း
ကျွန်တော်တို့လိုချင်တာ၊
ကျွန်တော်တို့အတွက် အသုံးတည့်မှာမျိုးပဲ ချန်ထားခဲ့ပါ"တဲ့။
================================
မီးမီးကြောက်တယ် ...
ဆူဆီလေးက သူ့အမေကိုသူတို့ အိမ်သစ်မှာမနေချင်ဘူးလို့ပြောပါတယ်။ ဒါနဲ့အမေက ဘာကြောင့်မနေချင်တာလဲမေးတော့
"ဘေးအိမ်က အဘွား ကြီးက တစ်နေကုန်အော်ငိုနေတယ်။ မျက်နှာချင်းဆိုင်တိုက်က အန်တီကလည်း တစ်ချိန်လုံး ကြမ်းပြင်မှာကပ်ပြီး ညည်းနေတယ်။
သူ့သားဆိုရင် နံရံကို ခေါင်းနဲ့ဆောင့်နေတာ အကြိမ်ကြိမ်ပဲ။ လူထူးလူဆန်းတွေ မေမေရယ် ... မီးမီးကြောက်တယ်" တဲ့။
ဒါနဲ့ဆူဆီ့မေမေက သူတို့တစ်တွေကို သွားမကြည့်ဖို့ပြောတော့ ဆူဆီပြန် ပြောတာက "မီးမီးက သူတို့ကို အမြဲကြည့်နေတာမဟုတ်ပါဘူး။
မီးမီး ဘာသာတစ်နေကုန် လင်းကွင်း တီးပြီး ဗုံပဲတီးနေတာပါ မေမေရဲ့"တဲ့။
==================================
ပြောတတ်ပါပေ့
နိုင်ငံမတူတဲ့သူနှစ်ယောက် ဆုံကြတဲ့အခါ ပထမတစ်ယောက်က သူ့နိုင်ငံက လူတွေက လကမ္ဘာကို အရောက်သွားနိုင်တယ်လို့ပြောလိုက်သတဲ့။
ကျန်တဲ့တစ်ယောက်ကလည်း "ကျုပ်တို့ဆီက လူတွေကတော့ နေပေါ်မှာ ကို ခြေချခဲ့တာဗျား"လို့ ဆိုပါတယ်။
ဒါနဲ့ ပထမလူက မဖြစ်နိုင်ဘူး၊ နေက ဒီလောက်ပူတာ ခြေချဖို့ မပြောနဲ့
ကပ်တောင်ကပ်လို့ မရဘူးလို့ပြောတော့ ဒုတိယလူက ဂုဏ်ယူဝင့်ကြွား
ဟန်နဲ့ဆိုတာက"ဟုတ်တယ်လေ။
ကျုပ်တို့က နေ့ဘက်သွားတာ မဟုတ်ဘူး။ ညဘက်သွားတာ"တဲ့။
================================
ကိုယ်တွေ့ဗျာ ကိုယ်တွေ့ ...
ဂျွန်နဲ့ ပီတာတို့ မြင်းစီးထွက်ကြတဲ့အခါ တစ်နေရာ ရောက်တော့ လူတစ် ယောက်က မြေကြီးပေါ်မှာ ဝပ်ပြီးနားနဲ့ ကပ်နားထောင်နေရင်း
"လူသုံးယောက်၊ လက်နက်ကြီး နှစ်ခုနဲ့ မြင်းလေးကောင်"လို့ အော်တာကြောင့် သူတို့ နှစ်ယောက်လည်း အင်မတန်ကိုအံ့အားသင့်သွားပါတယ်။
ဒါနဲ့ပီတာက"ခင်ဗျားကအဝေးကလာနေတဲ့လူတွေကို မြေကြီးမှာကပ်ပြီး နားထောင်ရုံနဲ့ သိတယ်ပေါ့"လို့အထင်တကြီးနဲ့မေးလိုက်တော့
အဲဒီလူပြန် ပြောတာက" သိဆို... သူတို့က ကျုပ်ကျောပေါ်ကဖြတ်သွားတာကိုး" တဲ့။
======================
အကြံကောင်း
အရမ်းချမ်းသာတဲ့ အမျိုးသမီးတစ်ယောက် တစ်နေ့မှာ ပန်းချီဆရာဆီ လာပြီး သူ့ရဲ့ပုံတူကို ဆွဲခိုင်းပါတယ်။
သူ့ခင်ပွန်းအတွက် လက်ဆောင်ပေါ့။ ပန်းချီဆရာက ပန်းချီဆွဲဖို့ သူ့ကို ထိုင်ခိုင်းလိုက်ပါ တယ်။
အဲဒီမှာ အမျိုးသမီးက "ဆရာရေ ...ကျွန်မကို ခုအနေအထားအတိုင်း တစ်ပုံစံတည်း တူအောင်ဆွဲပေးပါနော်။
ကျွန်မ မျက်နှာက အရေးအကြောင်းတွေရော၊ ဟော့ဒီပါးထက်က မှဲ့လေးရော၊ တစ်ခုပဲ...။
ကျွန်မရဲ့ လည်ပင်းနဲ့ လက်တွေမှာ စိန်လည်ဆွဲတွေ၊ ဘယက်တွေ၊
လက်ကောက်ကြီးတွေနဲ့ စိန်လက်စွပ်ကြီးတွေ များများသာ ထည့်ပေးပါနော်"လို့ ပြောပါ တယ်။
ဒါနဲ့ ပန်းချီဆရာလည်း နားမလည် နိုင်အောင်ဖြစ်ပြီး ဘာကြောင့်လဲလို့ မေးတော့ အမျိုးသမီး ပြန်ဖြေတာက
"တကယ်လို့ ကျွန်မသေပြီး ကျွန်မ ယောက်ျားနောက် အိမ်ထောင်ပြုခဲ့ရင် အဲဒီမိန်းမက ဒီလက်ဝတ်ရတနာတွေ လိုက်ရှာရင်းနဲ့ ရူးမှာလေ"တဲ့။
Fwd:(မူရင်းရေးသားသူနာမည် သိရှိပါက အောက်တွင်ဖော်ပြသွားနိုင်ပါသည်)
0 ကွန်မန့်ရေးရန်:
Post a Comment