Sa Maung shared Lun Swe's photo.
“ဓာတုအဆိပ်သင့် မီးလောင်ဒဏ်ရာရ သံဃာတော်များနိုင်ငံခြားတွင် ဆေးကုသမှု ဆက်လက်ခံယူနိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းပေးကြပါ”
တာဝန်သိ မန္တလေးသားတဦး ရေးသားပေးပို့သည်။
လက်ပန်းတောင်းတောင်ကြေးနီစီမံကိ
ဒီအနာတွေရဲ့ အခြေအနေတွေကို တိတိကျကျ ဓာတ်ခွဲစစ်ဆေးဖို့နဲ့ အခြေအနေ ပိုပြီးမဆိုးဝါးအောင် ဆေးကုသမှုခံယူဖို့အတွက် နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ကုသမယ်ဆိုရင် ပိုပြီး သင့်တော်ဖွယ်ရှိတယ်လို့ အမည်မဖော်လိုသူ မန္တလေးမြို့နေ ဆရာဝန်တချို့က အကြံပြုကြပါတယ်။ အနည်းဆုံး အိမ်နီးနားချင်းနိုင်ငံတွေမှာ ကုသမယ်ဆိုရင်တောင် အဆင်ပြေနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
သံဃာတော်တွေကို ဒီအတိုင်းထားမယ်ဆိုရင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ဖွယ်ရှိနေပါတယ်။ မန္တလေးဆေးရုံကနေ ဆေးဝါးကုသမှု လုံလောက်ပြီဆိုပြီး ဆေးရုံက ဆင်းခိုင်းတဲ့အတွက် သံဃာအပါး ၃၀ ကျော်ဟာ ဒီဇင်ဘာလ ၄ ရက်နေ့က ဆေးရုံက ဆင်းခဲ့ရပါတယ်။ ဒီထဲက သံဃာ ၃ ပုံတပုံခန့်ဟာ ဆေးကုသမှု လိုအပ်နေဆဲ ဖြစ်ပါတယ်။ ဆေးရုံအုပ်အနေနဲ့ မန္တလေးဆေးရုံက ကုသမှုနဲ့ လုံလောက်တယ်လို့ ပြောဆိုနေခြင်းဟာ အစိုးရကို ကာကွယ်ပေးနေခြင်းသာဖြစ်ပြီး ဆေးရုံအုပ်ဟာ ပြန်ကြားရေးဝန်ကြီးဟောင်း လက်ရှိသမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းရဲ့ ညီတ၀မ်းကွဲဖြစ်ကြောင်း သိရပါတယ်။ အစိုးရကို ကျောထောက်နောက်ခံပြုထားတဲ့ ဆေးရုံအုပ်အနေနဲ့ သံဃာတော်တွေကို သက်သာပြီဆိုပြီး ဆေးရုံက ဆင်းခိုင်းခြင်း၊ အခြေအနေ ဆိုးဝါးနေတဲ့ သံဃာတော်တွေကို အခြေအနေမှန်ကို မပြောခြင်းတွေကလည်း သံသယရှိဖွယ် အခြေအနေတွေ ဖြစ်နေပါတယ်။
ဒီအတွက် ဒဏ်ရာအခြေအနေ စိုးရိမ်ရတဲ့ သံဃာတော်တွေ နိုင်ငံခြားမှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ အမြန်ဆေးဝါးကုသခွင့်ရဖို့ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ
မန္တလေးသားတဦး
0 ကွန်မန့်ရေးရန်:
Post a Comment