Thursday, August 16, 2012

Nexus 7 တက်ဘလက်ကို ကားနည်းပညာအဖြစ် ချိတ်ဆက်အသုံးပြုလာ




By The IT Times Originally posted 10/08/2012 13:17PM

Application အနည်းငယ်၏ အကူအညီဖြင့် Google ၏ တန်ဖိုးနည်း အရည်အသွေးကောင်း တက်ဘလက် အမျိုးအစား Nexus 7 ကို အသုံးပြုကာ ယာဉ်မောင်းသူများ အနေဖြင့် အချက်အလက်ရယူရေးနှင့် ကားအတွင်း အခြေအနေများကို သိရှိရန် အသုံးပြုလာကြကြောင်း သိရသည်။

ကားအတွင်း ဖျော်ဖြေရေး အပိုင်းကိုပါ ချိတ်ဆက် အသုံးပြုနိုင်သည့် Nexus 7 သည် ကားနှင့် ပတ်သက်သည့် နည်းပညာကို စိတ်ဝင်စားသူများအတွက် ဝယ်ယူရန် သင့်လျော်သည့် တက်ဘလက်ဖြစ်လာခဲ့ပြီး ကားဖြင့် ပတ်သက်သည့် နည်းပညာကို စိတ်ဝင်စားသူများအတွက် ဝယ်ယူရန် သင့်လျော်သည့် တက်ဘလက်ဖြစ်လာခဲ့ပြီး ယခင်ကား၏ လမ်းညွှန်စနစ်များကို ထောက်ပံ့ပေးသည့် GPS များကဲ့သို့ အသုံးပြုနိုင်မည်လည်း ဖြစ်သည်။

ထို့ပြင် ကားမှရရှိသည့် စွမ်းအင်ကို တက်ဘလက်အတွင်း ထည့်သွင်း အသုံးပြုနိုင်ခြင်းကြောင့် အားကုန်မည့် အခြေအနေနှင့် မည်သည့်အခါမှ ကြုံတွေ့ရမည် မဟုတ်ကြောင်း သိရသည်။

Nexus 7 ကို အဆင့်မြင့် Processor အသုံးပြုထားသော်လည်း ဒေါ်လာ ၂၀၀ သာ သတ်မှတ်ထားသည်။

KZZ

0 ကွန်မန့်ရေးရန်:

Post a Comment